NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်တွေမှာ မိန့်ခွန်းတွေ ချွေနေပါတယ်။ မိန့်ခွန်းတွေကို သုံးသပ်ကြည့်တဲ့အခါမှာ အကြောင်းအရာ ၃ ခု ကိုပဲ ဦးတည်ပြောနေတာကို သုံးသပ်မိပါတယ်။

Myo Min Thant

1234278_159361674262340_1919980817_n

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်တွေမှာ မိန့်ခွန်းတွေ ချွေနေပါတယ်။ မိန့်ခွန်းတွေကို သုံးသပ်ကြည့်တဲ့အခါမှာ အကြောင်းအရာ ၃ ခု ကိုပဲ ဦးတည်ပြောနေတာကို သုံးသပ်မိပါတယ်။

၁။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေးမှာ တိုးတက်မှု မရှိဘူးဆိုတဲ့ အကြောင်းဖြစ်ပါတယ်။

၂။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးတိုးတက်ဖွံ့ဖြိုးမှုတွေအတွက် ပြည်ပနိုင်ငံတွေမှ နိုင်ငံတော်အစိုးရကို ဝိုင်းဝန်းဖိအားပေးကြဖို့ ဖြစ်ပါတယ်။

၃။ အထူးသဖြင့် သူမ သမ္မတဖြစ်နိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ (အတိအကျအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)) ကို ပြင်ဖို့ရာ ဖိအားပေးဖို့ ဖြစ်ပါတယ်။

ဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှု မရှိဘူးဆိုတဲ့အချက်ကို ပြည်သူတစ်ယောက်အနေနှင့် ကျွန်တော် ထောက်ခံခြင်းမရှိသလို ကန့်ကွက်ခြင်းလည်း မရှိပါဘူး။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး တိုးတက်တာတွေ ရှိခဲ့သလို ထောက်ပြစရာတွေလည်း အများကြီးရှိပါတယ်။ စစ်အစိုးရ အငွေ့အသက်မကင်းတဲ့ ပုဂ္ဂိုလ်တွေ လွှတ်တော်ထဲ၊ အစိုးရ အဖွဲ့တွင်းမှာ သြဇာကြီးမားလျက်ရှိနေသေးတာဟာ အကြီးမားဆုံး အားနည်းချက်ဖြစ်ပါတယ်။ အစိုးရဖက်က ကြည့်လျှင်လည်း နှစ်ပေါင်း ၆၀ လောက် စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီကို ကူးပြောင်းရာမှာ ဒီလောက်အထိ အဆင်ပြေပြေ ကူးပြောင်းနိုင်တာကိုက နိုင်ငံရေးအရ အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။ စီးပွားရေးအရ ကြည့်လျှင်လည်း စစ်အစိုးရ အဖွဲ့ဝင်များကသူတို့ရဲ့ ခရိုနီတွေနှင့် နိုင်ငံစီးပွားရေးကို ခြယ်လှယ်ခဲ့ကြတာဆိုတော့ ခုလို ဆန့်ကျင်ဘက် ဒီမိုကရေစီကို ကူးပြောင်းချိန်မှာ အရာရာတိုင်းကိုတော့ ဒီမိုကရေစီအတိုင်း ဖြစ်မယ်လို့တော့ မမျှော်လင့်နိုင်ပါဘူး။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးအတွက် ပြည်ပမှ ဖိအားပေးဖို့ တောင်းဆိုတဲ့ကိစ္စကိုတော့ ဘဝင်မကျပေမယ့် ထောက်ခံပါတယ်။ ဘဝင်မကျဘူးဆိုတာက ဖိအားပေးဖို့ တောင်းဆိုမယ့်အစား အကူအညီပေးဖို့တောင်းဆိုတာက ပိုပြီးသင့်မြတ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံတစ်ယောက်သာ ဖြစ်တာကြောင့် အစိုးရကို ဖိအားပေးခိုင်းတာကို ကျွန်တော်ထောက်ခံပါတယ်။ ပြည်ပဖိအားရှိလာလျှင် အစိုးရအနေနှင့်လည်း ၎င်းရဲ့ လုပ်ငန်းစဉ်များကို ပို၍ အာရုံစိုက် သတိနှင့်လုပ်ကိုင်မှာ ဖြစ်ပါတယ်။

နံပါတ် ၃ ဖြစ်တဲ့ ၅၉ (စ) ကို ပြင်ဆင်ဖို့ဆိုတဲ့ အချက်ကိုတော့ ကျွန်တော် မထောက်ခံပါဘူး။ ကျွန်တော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မှာကို မကန့်ကွက်ပါဘူး။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်ပုံ အခြေခံဥပဒေထဲက ၅၉ (စ) ကို ပြင်ဆင် သို့မဟုတ် ပယ်ဖျက်မှာကိုသာ ကန့်ကွက်တာပါ။

ဒီလို သဘောမတူတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေချင်လို့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ရေရှည်အကျိုးအတွက် လက်မခံလိုတာပါ။ ၅၉ (စ) ကို ပြင်ဆင်လိုက်လျှင် အကြီးမားဆုံး အကျိုးဆက်က မြန်မာနိုင်ငံ လွှတ်တော်အတွင်း၊ အစိုးရအဖွဲ့အတွင်း မြန်မာတိုင်းရင်းသား
မဟုတ်သူများ နေရာယူခွင့် ရှိသွားတာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် လွှတ်တော်တွင်း၊ အစိုးရအဖွဲ့တွင်း ကုလားများ၊ တရုတ်များ နေရာယူလာနိုင်တာ ဖြစ်ပါတယ်။

မူဆလင်ကုလားဟာ မြန်မာနိုင်ငံမှာ ဒုတိယအများဆုံး မျိုးနွယ်စုအဖြစ် ရပ်တည်နေပါတယ်။ ဗမာပြီးလျှင် မူဆလင်ကုလား အများဆုံးပါ။ အကယ်၍သာ မူဆလင်ကုလားများ ပါတီထောင်၍ လွှတ်တော်အတွင်း ဝင်ရောက်ခွင့် ရှိပြီဆိုလျှင် မူဆလင်ကုလားများအနေနှင့် ၎င်းတို့လူမျိုး မူဆလင်ကုလားပါတီကိုသာ တခဲနက် မဲပေးကြမှာ မြေကြီးလက်ခတ် မလွဲပါဘူး။ လွှတ်တော်တွင်းမှာလည်း မူဆလင်ကုလားများက ကြီးမားသော အင်အားစုတစ်ရပ်အနေနှင့် တည်ရှိနေပါလိမ့်မယ်။ အစိုးရအဖွဲ့အတွင်းမှာလည်း သေချာပေါက် မူဆလင်ကုလားများ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ တရုတ်တွေဟာ ကြီးမားသော စီးပွားရေးနှင့် ငွေကြေးအင်အားများ ပိုင်ဆိုင်နေကြတာ အများအသိပါ။ တရုတ်တွေအနေနှင့် သာမာန်ဆိုလျှင် မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဖို့ မလိုပါဘူး။ သို့ပေမယ့် ၅၉ (စ) ကို ပြင်ဆင်လိုက်လို့ တိုင်းရင်းသားမဟုတ်သူတွေပါ ပါဝင်ခွင့် ရှိလာလျှင် ပြည်ပမှ ပုဂ္ဂိုလ်များက မြန်မာနိုင်ငံရေးမှာ ပါဝင်ပြီး ၎င်းတို့၏ စီးပွားရေးတွေကို မချုပ်ကိုင်နိုင်အောင် ကြိုတင်ကာကွယ်တဲ့အနေနှင့် လွှတ်တော်တွင်း၊ အစိုးရဖွဲ့တွင်းပါနိုင်အောင် ကြိုးစားပါလိမ့်မယ်။ ၎င်းတို့၏ ဓနအင်အားကို အသုံးချပြီး မဲဆန္ဒနယ်တွေမှာ အနိုင်ရအောင် ကြိုးပမ်းပါလိမ့်မယ်။

၅၉ (စ) ကို ပြင်ဆင်ခဲ့ရင်တောင်မှ အချိန်သိပ်မကျန်တော့လို့ ၂၀၁၅ မှာတော့ ဒီလိုအခြေအနေတွေ ဖြစ်ပေါ်ဦးမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ၅၉ (စ) ကို ပြင်ဆင်ခဲ့ရင်တော့ ၂၀၁၅ နောက်ပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ဒီလိုအခြေအနေတွေကို မြေကြီးလက်ခတ်မလွဲ ကြုံတွေ့ရပါလိမ့်မယ်။

အထက်ပါအကြောင်းတွေကြောင့် မျက်မွှေးတစ်ဆုံးကို မကြည့်ပဲ မျက်စိတစ်ဆုံးကို ကြည့်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ၅၉ (စ) အား ပြင်ဆင်မည့်အပေါ် လုံးဝ သဘောမတူပါ။

Leave a comment