Suu Kyi arrives in Thandwe for election campaign speech Aung San Suu Kyi, the chairperson of National League for Democracy, has arrived in Thandwe, Rakhine State, at 12:30 pm today. She is on her way to Toungup to rally.
ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုဆိုင်းဘုတ်တစ်ခုအား အများက စိတ်ဝင်စား ရန်ကုန်၊ အောက်တိုဘာ ၁၆ သံတွဲလေဆိပ်တွင် လူငယ်အချို့ ကိုင်ဆောင်ထားသော ဆိုင်းဘုတ်တစ်ခုမှာ အများက စိတ်ဝင်တစားရှိနေပြီး ဓာတ်ပုံရိုက်သူ များပြားနေကြောင်း သိရှိရသည်။ ၎င်းဆိုင်ဘုတ်တွင် ရေးသားထားသော စာမှာ “ကမ္ဘာကျော် လူထု ခေါင်းဆောင်အား လှိုက်လှဲစွာကြိုဆိုပါ၏” ဟု ပါရှိပြီးအောက်တွင် ရခိုင်ပြည်မှာ ANP ၊ တန်းတူညီမျှရမယ့် Federal ဆီ၊ အားလုံးဖြစ်စေချင်တဲ့ အစိုးရက NLD ဟု ရေးသားထားသည်ဟု သိရသည်။ ( ဓာတ်ပုံ- နိရဉ္စရာ) Arakan National Network (ရခိုင်အမျိုးသားကွန်ုရက်) ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ်နှင့်ပတ်သက်သော သဘောထားထုတ်ပြန်ချက် @@@@@@@@@@@@@@@@@@@@@@@@@ ရက်စွဲ။ ။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက် စာအမှတ်။ ။ ၂/ ၂၀၁၅ ကွဲပြားစရာ အကြောင်းအရာများ မည်သို့ပင်ရှိစေကာမူ ကျွန်ုပ်တို့အနေဖြင့် သမိုင်းကြောင်းအစဉ်အလာဂုဏ်သိက္ခာအရ အိမ်ရှင်မှဧည့်သည်အပေါ် ဧည့်ဝတ်တရားကျေပွန်ရမည်ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ရခိုင်ပြည်ခရီးစဉ်အား ကျန်တိုင်းရင်းသားပြည်သူတစ်ရပ်လုံး နှင့်အတူ ဂုဏ်ယူဝမ်းမြောက် ကြိုဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း အဆိုပါခရီးစဉ်အတွင်း NLDပါတီစည်းရုံးရေးကိစ္စများအပြင် ရခိုင်ပြည်သူတို့လက်ရှိခံစားနေရသော လူမှုဒုက္ခအဖုံဖုံကို လက်တွေ့ခံစားသိမြင်လာပြီး နောင်အနာဂတ်ကာလ၌ ရခိုင်တိုင်းရင်းသားတို့ဘက်မှ ပိုမိုရပ် တည်ရုန်းကန်လာမည်ဟု ကျွန်ုပ်တို့အနေဖြင့် မျှော်လင့်မိပါသည်။ ကျွန်ုပ်တို့၏ အဆိုပါမျှော်လင့်မှုသည် ပိုမိုခိုင်မာလာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLDပါတီ၏ ရိုးသားပြီးရှင်းလင်းတိကျသော သဘောထားများ၊ နိုင်ငံရေးအရတည်ကြည်မှုနှင့် အ ပြန်အလှန်ယုံကြည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကသာ ကျွန်ုပ် တို့အားလုံး၏အနာဂတ်ကို ပိုမိုလှပစေမည်ဖြစ်ပါသည်။ သို့ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်ခရီးစဉ် အောင်မြင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။ ။ ရခိုင်အမျိုးသားကွန်ရက်(ANN)။
You must be logged in to post a comment.