28/1/ https://democracyforburma.wordpress.com/2015/01/28/နောက်ဆုံးရသတင်း-သပိတ်ေ/
ကျနော်တို့တောင်သာမှာလူထုတရပ်လုံးရဲ့ထောက်ခံမှုရရှိခဲ့ပါတယ်
တောင်သာတမြို့လုံးလား CITY SUPPORT cr. Nandar Sitt Aung
တာင်သာမြို.အ၀င်လမ်းအား ရာနှင့် ချီသော လုံထိန်းရဲတပ်ဖွဲ့များက ပိတ်ဆို့ထားရာမှ ယခုအခါ ဖွင့်ပေးလိုက်ပြီဖြစ်သည်။ ကျောင်းသားများ တောင်သာမြို.ကို ချီတက်ကာ ညအိပ်မည်။
———
ပိတ်ဆို့ ကာဆီးထားသော အန္တ၇ာယ်တောင်ကြား
စည်း ၃စည်းကို ဒေသခံ ၇ပ်သူ၇ွာသား
အကာအကွယ် လုံခြုံမှု့ နဲ့ အတူကျော်ခဲ့ကြပြီ cr. Maung Maung Oo
Pakokku Student’s Boycott movement Photo – Pho Thar
လမ်းလျှောက် ဆန္ဒဖော်ထုတ်သည့်အဖွဲ့နှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
တောင်သာ ဇန်နဝါရီ ၂၇ MOI
အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ လမ်းလျှောက် ဆန္ဒ ဖော်ထုတ်လျက် ရှိသော ကျောင်းသား အဖွဲ့သည် မြင်းခြံမြို့တွင် အခြေပြုလျက်ရှိရာမှ မြင်းခြံမြို့မှ ကျောင်းသား ကျောင်းသူများ၊ ဒေသခံအချို့နှင့် ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့မှ တောင်သာမြို့သို့ ဆက်လက် ထွက်ခွာခဲ့သည်။
အဆိုပါအဖွဲ့အား အဆင့်မြင့် ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဝင်း၊ မြန်မာနိုင်ငံ ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲ၊ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်သင်းနှင့် မြင်းခြံဒီဂရီ ကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာ ကိုကိုမြင့်တို့ ပါဝင်သော အဖွဲ့က မွန်းလွဲပိုင်းတွင် မြင်းခြံ- တောင်သာ ကားလမ်းရှိ မိုင်တိုင် (၄၄၈/၇)၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံစဉ် အဆိုပါအဖွဲ့မှ နန္ဒာစစ်အောင်နှင့် အောင်မှိုင်းဆန်းတို့ နှစ်ဦးက နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ၄င်းတို့နှစ်ဦး တွေ့ဆုံမည် ဖြစ်ကြောင်း၊ လမ်းလျှောက် ဆန္ဒပြခြင်းကို တောင်သာမြို့ အထိ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဆက်လက် ထွက်ခွာသွားခဲ့ရာ ည ၈နာရီခန့်တွင် တောင်သာမြို့ မုန်ပင် ဘုန်းကြီးကျောင်းသို့ ရောက်ရှိ ညအိပ် ရပ်နားခဲ့ကြောင်း သိရသည်။
##########
နာက်ဆုံးရသတင်း
တောင်သာမြို့နယ် အစပ် မိုင်တိုင် ၄၄၈ မှာ ရဲလုံခြုံရေး အင်အား ၁၅၀ လောက်က လက်နက်အပြည့်အစုံ နဲ့ တားဆီးဖို့ အသင့်စောင့်ဆိုင်းနေပါတယ်။
ပခုက္ကူသွားတဲ့လမ်း ဆင်တဲဝတံတား မှာလည်း အလားတူ စောင့်နေကြပါတယ်။
ကျောင်းသားတွေ နောက်ကိုပြန်လှည့်ပြီး မြင်းခြံဘက်ကို ပြန်သွားမယ် ဆိုရင်တောင် လှည့်ပြန်လို့ မရအောင် လမ်းမှာ ပိတ်ထားတယ် လို့ သိရပါတယ်။
နန်းမြင့်တောင်တွင်ပိတ်ဆို့ထားမူ
————-
နိုင်ငံတော်အလံအား ဖြုတ်ချ၍ ကျောင်းသားသမဂ္ဂအလံအား လွှင့်ထူခဲ့သည့် ကိစ္စ နှင့်ပတ်သက်၍ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
မြင်းခြံ ဇန်န၀ါရီ ၂၆
အမျိုးသားပညာရေး ဥပဒေနှင့်ပတ်သက်ပြီး လမ်းလျှောက် ဆန္ဒပြ လျက် ရှိသော ကျောင်းသား အဖွဲ့သည် ဇန်န၀ါရီ(၂၅)ရက် နံနက်(၈)နာရီ မိနစ်(၄၀)တွင် ညအိပ် ရပ်နား ခဲ့သည့် နွားထိုးကြီးမြို့ သိမ်တော်ကျောင်းတိုက်မှ ထွက်ခွာ၍ မြင်းခြံမြို့သို့ ဆက်လက် လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။
အဆိုပါ လမ်းလျှောက်ဆန္ဒပြသည့်အဖွဲ့တွင် (၆၅)ဦး ရှိလာခဲ့ပြီး ၄င်းတွင် ချောက် မြို့ ရဟန်းပျိုသမဂ္ဂအဖွဲ့မှ ဦးဝိသုဒ္ဓနှင့် သံဃာငါးပါး၊ ပခုက္ကူမြို့မှ သံဃာတစ်ပါး စုစုပေါင်း သံဃာခြောက်ပါးမှာ နွားထိုးကြီးမြို့တွင် ပူးပေါင်း ပါဝင် လာခြင်း ဖြစ် သည်။
ထိုအဖွဲ့သည် မြင်းခြံမြို့သို့ ညနေ(၆)နာရီခန့်တွင် ရောက်ရှိလာရာ ၄င်းမြို့နယ်ရှိ အဖွဲ့ အစည်းအချို့မှလည်း ပူးပေါင်းပါဝင်၍ မြို့တွင်းသို့လှည့်လည်ခဲ့ကြပြီးနောက် အဆိုပါ အဖွဲ့သည် မြင်းခြံမြို့ စွန်းလွန်းဂူကျောင်းတွင် ညအိပ် ရပ်နားခဲ့သည်။ Continue reading “!! #update #အရေးပေါ်ကြေညာချက် #MOI #Myanmar#Burma”
You must be logged in to post a comment.