#အမျိုးဘာသာ #သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) #အသိပေးညွှန်ကြားချက် (၇)”

10474242_685587548251423_6596141476988284471_n

1467330_685587604918084_741296645078460905_n

“အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)
အသိပေးညွှန်ကြားချက် (၇)”
=================================================
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)
အသိပေးညွှန်ကြားချက် (၇)
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင်များသည် တိုင်းပြည်နှင့်လူမျိုး၊ ဘာသာနှင့် သာသနာ မကွယ်ပျောက်စေရန်အလို့ငှာ အောက်ပါညွှန်ကြားလွှာများကို စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးကြဖို့ရန် မေတ္တာရပ်ခံအပ်ပါသည်။
၁။ ယဉ်ကျေးလိမ္မာသော လူငယ်လူရွယ်များ ပေါ်ပေါက်လာစေရန် မိမိတို့နေထိုင်ရာဒေသ၌ ဓမ္မစကူးလ်နှင့် ယဉ်ကျေးလိမ္မာသင်တန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်။
၂။ အမျိုး ဘာသာ သာသနာကို ဥပဒေဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်နိုင်ရန် ဥပဒေရေးရာသင်တန်းများဖွင့်လှစ်ခြင်း၊ အမျိုးသားရေးတရားပွဲများကျင်းပခြင်း၊ မဘသအဖွဲ့ဝင်များ မြို့နယ်အလိုက် လစဉ်အစည်းအဝေးများ ကျင်းပခြင်းတို့ကို တတ်စွမ်းသမျှ ဆောင်ရွက်ရမည်။
၃။ ဘာသာခြားတို့၏ နှောက်ယှက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် မှုခင်းဖြစ်စဉ်များကိုလည်းကောင်း၊ ဘာသာခြားများ ဝါးမျိုခံရသည့်အတွက် ဗုဒ္ဓဘာသာဝင်များနည်းပါးသွားသည့် ကျေးရွာ၊ ရပ်ကွက်များကိုလည်းကောင်း စနစ်တကျ မှတ်တမ်းတင်ကာ မဘသ (ဗဟို)သို့ ပေးပို့ကြရမည်။
၎။ ယနေ့ခေတ်၌ ဘာသာခြား လူမျိုခြားများသည် နေရာဒေသအမျိုးမျိုး၌ အနုအကြမ်း နည်းမျိုးစုံဖြင့် ထိုးဖောက်ဝင်ရောက်လျက်ရှိရာ ထိုဘာသာခြား၊ လူမျိုးခြားများ၏ အန္တရာယ်ကို ဓမ္မဝိနယနှင့်အညီ ကာကွယ်စောင့်ရှောက်ကြရမည်။
၅။ လူမျိုးရေ၊ ဘာသာရေးနှင့်ပတ်သက်၍ ပဋိပက္ခများဖြစ်ပေါ်လာသည့်အခါ ဥပဒေမဲ့ တုန့်ပြန်မှုများ မပြုလုပ်ကြဘဲ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး၍ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ စနစ်ကိုကျင့်သုံးပြီး ပဋိပက္ခပြေလည်သည်အထိ ညှိနှိုင်းဆောင်ရွက်ကြရမည်။
၆။ မိမိတို့နေထိုင်ရာဒေသ၌ မည်သည့်ပဋိပက္ခပဲဖြစ်ဖြစ် စနစ်တကျလေ့လာစုံစမ်း၍ Website, Blog, Facebook စသော လူမှုကွန်ရက်တို့မှတစ်ဆင့် အချိန်နှင့်တပြေးညီ အသိပေးဆောင်ရွက်ကြရမည်။
၇။ အမျိုးသားရေးလက္ခဏာ မကွယ်ပျောက်စေရန် အစိုးရစာသင်ကျောင်းများ၌ မွတ်ဆလင်ကျောင်းသူများ ဘူရ်ခါခြုံဝတ်ဆင်ခြင်း၊ မွတ်ဆလင်ဘာသာဝင်များ၏ အစ်နေ့များ၌ အပြစ်မဲ့တိရိစ္ဆာန်များကို ရက်စက်စွာသတ်ဖြတ်ခြင်းတို့ကို နိုင်ငံတော်အစိုးရအနေဖြင့် ခွင့်မပြုစေရန် အလေးအနက် တောင်းဆိုကြရမည်။
၈။ အမျိုး ဘာသာ သာသနာ မကွယ်ပျောက်စေရန် အလို့ငှာ ယုံကြည်စိတ်ချ အားကိုးရသော လွှတ်တော်ကိုယ်စားလှယ် အမတ်လောင်းများ ရွေးချယ်နိုင်အောင် ပြည်သူလူထုအား လမ်းညွှန်ပြရမည်။
၉။ လူထု၏အကျိုးစီးပွားကို ဆောင်ရွက်မှသာလျင် လူထု၏ယုံကြည်မှုကို ရရှိမည်ဖြစ်ရကား ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ပရဟိတအလုပ်များကို တတ်စွမ်းသမျှ လုပ်ကိုင်ဆောင်ရွက်ကြရမည်။
၁၀။ ယနေ့ခေတ်၌ ရှင်သာမဏေ ကိုရင်လေးများ တဖြည်းဖြည်းနှင့် လျော့နည်းနေသည့်အတွက် ရပ်ရွာရှိ ကလေးငယ်များကို ကိုရင်ဝတ်ပေး၍ အခြေခံစာပေများ သင်ကြားပေးခြင်း၊ ပရိယတ္တိစာသင်တိုက်ကြီးများသို့ ပို့ဆောင်ပေးခြင်းတို့ဖြင့် ပရိယတ္တိသာသနာတော်ကြီး မဆုတ်ယုတ်အောင် ကြိုးစားအားထုတ်ကြရမည်။
ဘဒ္ဒန္တဝိမလဗုဒ္ဓိ
အတွင်းရေးမှူး၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ပဓာနနာယက
မြစေတီ(ရဲကျောင်း) ပရိယတ္တိစာသင်တိုက်၊ မော်လမြိုင်
ဘဒ္ဒန္တတိလောကာဘိဝံသ
ဥက္ကဋ္ဌ၊ မဘသအဖွဲ့ (ဗဟို)
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယ
ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်
စာအမှတ်၊ ၀၀၀၇/စီမံ-မဘသ/၂၀၁၅
ရက်စွဲ၊ သာသနာ ၂၅၅၉၊ ကောဇာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ ပထမဝါဆိုလဆန်း (၅)ရက်၊ ၂၀၁၅ ခုနှစ်၊ ဇွန်လ (၂၁)ရက်၊ တနင်္ဂနွေနေ့

#MYANMAR #U #Wira #Thu #သန္တိသုခအရေးတော်ပုံ(၂)”

Wira Thu

“သန္တိသုခအရေးတော်ပုံ(၂)”
^^^^^^^^^^^^^^^^^^^^^^^
သန္တိသုခအရေးတော်ပုံနှင့် ပတ်သက်၍ ဘုန်းကြီးအမှု ရွာအပတ်မခံလိုလျှင် နိုင်ငံတော်အစိုးရလုပ်ရမည်မှာ……
အသက်ကြီးပြီး အချိန်မစီးသော သာသနာဖျက်အံ့မောင်ကို ထောင်ချပစ်ရမည်။
၎င်းနောက် အံ့မောင်နှင့် ကြံရာပါ မဟာနာယကဆရာတော်များကို ဖြုတ်ပစ်ရမည်။
ပြီးလျှင် အပြစ်မဲ့သံဃာတော်များကို ထောင်မှလွှတ်ပေးရမည်။
အကယ်၍ ဦးသိန်းစိန်အစိုးရ မပြတ်သားလျှင် သန္တိသုခအရေးတော်ပုံကြောင့် မဟန+သံဃာထု+အစိုးရနှင့် ဗုဒ္ဓဘာသာဝင်များအားလုံး ထိခိုက်နစ်နာနိုင်သည်။
ထို့ကြောင့် ဦးသိန်းစိန် စစ်သားပီပီ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုပြီ။
ရွှေဝါရောင်ကာလတုန်းက မဟန+သံဃာ့ဘက်မှာ မရပ်တည်ရဲတာ ကြောက်သောကြောင့် ဖြစ်သည်။
ယခု သံဃာတော်များကို အနိုင်ကျင့်တာ သံဃာတော်များကို မလွှတ်ချင်ဘဲ အပြင်းအထန် တင်းခံငြင်းဆန် နေတာ ကြောက်စရာမရှိသောကြောင့် ဖြစ်သည်။
၎င်းတို့၏ ကြိုးကိုင်ရှင် အံ့မောင်ကို ဖြုတ်ပြ လုပ်ပြလိုက်လျှင် ၄င်းတို့ ကြောက်လန့်သွားမည်။ ထိုအခါ ပြန်လွှတ်ပေးပါပြောစရာပင်မလို။ အော်တို လက်မှတ်ထိုးပေးပြီးသား ဖြစ်သွားမည်။
တင်းမာနေသော မဟန ဆရာတော်များသည် သာသနာကို ချစ်လွန်း၍ နေရာကို တွယ်ကပ်နေသူများမဟုတ် ကြ။ ရှင်းအောင်ပြောရလျှင် ရာထူး အာဏာ မက်မောသူများဖြစ်ကြ၏။ ၄င်းတို့ပြုတ်မည်ကို အလွန်ကြောက်ကြ ၏။ အံ့မောင်ကို ဖြုတ်ပြပါမှ ၄င်းတို့နောင်တရသွားပေလိမ့်မည်။
အကယ်၍ ဦးသိန်းစိန်အရေးယူဖြေရှင်းမပေးလျှင် အံ့မောင်နှင့် အပေါင်းအပါများကို သံဃာအားဖြင့် မဖြစ်မနေ ဖြုတ်ရပေတော့မည်။ အလေးအနက် သတိချပ်သင့်၏။
ဝီရသူ(မစိုးရိမ်)
18.6.2014 PM 5:55

10481659_1415085515446030_4122209151358950088_o10465225_1415085542112694_5135718972585956154_o10478438_1415085392112709_4834625750467959640_n

BURMA MYANMAR : U WIRATHU : “မူဆလင်ကုလားအိမ်မှ ဓားကာအင်္ကျီများ ဖမ်းဆီးရမိ”

“မူဆလင်ကုလားအိမ်မှ ဓားကာအင်္ကျီများ ဖမ်းဆီးရမိ”

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄×၃၅ လမ်းကြား၊ ၈၃×၈၄ လမ်းကြား အပ်ချုပ်ဝင်းရပ် ဗလီဝင်းထဲက အပ်ချုပ်အိမ်ဆိုင်မှာ ဖမ်းဆီးရမိတာဖြစ်ပါတယ်။
ယနေ့ 28.2.2014 မွန်းလွဲ 2:00 နာရီခန့်မှာ ရတပ်ဖွဲ့က ရှာဖွေတွေ့ရှိတာဖြစ်ပါတယ်။
အင်္ကျီထဲ သံပြားထည့်ချုပ်ထားခြင်းနှင့် အခြား လက်နက်ကိရိယာများ ပြင်ဆင်ထားမှုများကို တွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။
ဦးခင်မောင်ဌေး(ခ)ယာယာ(ဘ)ဦးဘမောင်၊ အသက် ၅၃နှစ် အိမ်မှာ ဖမ်းမိခဲ့တာပါ။
ဦးခင်မောင်ဌေးက ချုပ်ပေးသူဖြစ်ပြီး လာအပ်သူကတော့ ကိုကျော်ထွန်းလင် (ဘ) ဦးဝင်းသောင် ၂၇ လမ်း ၈၁×၈၂ လမ်းကြား ချမ်းအေးသာစံမြို့နယ် ဖြစ်ပါတယ်။
နှစ်ယောက်လုံးကို ဖမ်းမိထားပါတယ်။
ပြည်ပ အဖွဲ့အစည်းအချို့က အမျိုးသားရေးသမားများကို ဆုငွေများ တိုးမြှင့်ထုတ်ထားခြင်း၊ ဟာဂျီလူငယ်များ (OIC အဖွဲ့ငယ် ယာယီ) မှ လှုံ့ဆော်စာများ ဖြန့်ဝေထားခြင်းနှင့် တိုက်ဆိုင်နေတာကြောင့် ဂျီဟတ် လုပ်တော့မယ်ဆိုတာ သေချာနေကြောင်း သုံးသပ်လို့ ရပါတယ်။
ဖမ်းဆီးရမိ ပစ္စည်များစာရင်း
လေးခွ (၂၀) ကျော်ခန့်
ကျွဲချိုခွ (၁၂) လက်
ခရင်းခွ (၁) ချောင်း
လှံတံ (၁) ချောင်း
ငှက်ကြီးတောင်ဓား (၂) ချောင်း
ကုန်းသီး (၉၀) ကျော် တို့ဖြစ်သည်။

1978631_411741368969377_160178628_n1947484_411741275636053_944043532_n1898072_411741208969393_1004233607_n1901406_411741308969383_903648469_n1913447_213850575480116_1715121525_o

 

ပုံ
နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ
09421148275______________________ဗလီဆိုတာလက်နက်သိုလှောင်ရုံလား
——————————–
ဖြေကြည့်ပါကိုကိုအလ္လာလ်ခင်ဗျား Continue reading “BURMA MYANMAR : U WIRATHU : “မူဆလင်ကုလားအိမ်မှ ဓားကာအင်္ကျီများ ဖမ်းဆီးရမိ””

U WIRA THU : “၁၉၈၂ ဥပဒေ ပြင်ဆင်ရေးနှင့် White Card ဖြင့် ၂၀၁၅ မဲပေးခွင့်ရရေး ကြိုးပမ်းလာမည်ဆိုပါက မ.ဘ.သ အဖွဲ့၏ လှုပ်ရှားမှု ပေါ်ပေါက်လာမည်ဟု ဆရာတော်ဦးဝီရသူပြော”

“၁၉၈၂ ဥပဒေ ပြင်ဆင်ရေးနှင့် White Card ဖြင့် ၂၀၁၅ မဲပေးခွင့်ရရေး ကြိုးပမ်းလာမည်ဆိုပါက မ.ဘ.သ အဖွဲ့၏ လှုပ်ရှားမှု ပေါ်ပေါက်လာမည်ဟု ဆရာတော်ဦးဝီရသူပြော”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
၁၉၈၂ နိုင်ငံသားပြုခွင့်ဥပဒေ ပြင်ဆင်ရေးနှင့် လာမည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြုနိုင်ငံသားကတ် (White Card) ဖြင့် မဲပေးခွင့်ရရှိရေး ကြိုးပမ်းလာမည်ဆိုပါက မြန်မာနိုင်ငံ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့(မ.ဘ.သ)၏ လှုပ်ရှားမှုများပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဇန်နဝါရီလ(၂၇)ရက်နေ့ မွန်းလွဲ(၁)နာရီက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆရာတော် ဦးဝီရသူက မီဒီယာများ သို့မိန့်ကြားသည်။
“၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းလာပြီဆိုရင် ဦးပဉ္စင်းတို့ မ.ဘ.သ အဖွဲ့ပေါ်ပေါက်လာပါလိမ့် မယ်။ ဒီအတိုင်းပဲ White Card တွေဘာတွေနဲ့ ၂၀၁၅ မှာ မဲပေးဖို့ကြိုးပမ်းလာကြပြီဆိုရင် ဦးပဉ္စင်းတို့အဖွဲ့ အနေနဲ့ လှုပ်ရှားသွားပါမယ်” ဟု ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
၂၀၁၄ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် မန္တလေးမြို့ အတုမရှိ ကျောင်းတော်ကြီး၌ ပြုလုပ်ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ) ခေါ် ဥံသပါလ အဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားတွင် အတုမရှိသံဃာ့ညီလာခံကြီးမှ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွား အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားပြုခွင့် ဥပဒေကို ဆက်လက် ကာကွယ်စောင့်ရှောက်သွားရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရာ၌ လတ်တလောအခြေအနေကို မကြည့်ဘဲ နိုင်ငံနှင့် နိုင်ငံသားတို့၏ ရေရှည်အကျိုး စီးပွားကိုသာ ကြည့်ရှုဆောင်ရွက်ရန်၊ တည်ဆဲဥပဒေနှင့်မညီညွတ်သော တိုင်းရင်းသားစာရင်း၌ မပါသည့် လွှတ်တော်ကိုယ်စားလှယ်များကို စီစစ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် အပါအဝင် အချက်(၁၀)ချက်ကို တိုက်တွန်း တောင်းဆိုခဲ့သည်။
“လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ဥပဒေပြု အမတ်တွေ လွှတ်တော်ဆိုတာက နိုင်ငံရဲ့အသက်ပါ။ အဲဒီတော့ ဥပဒေပြုအမတ်ကိုယ်တိုင်က ဥပဒေနဲ့မညီဘူးဆိုမှတော့ အဲဒီလွှတ်တော်က ဂုဏ်သိက္ခာရှိတဲ့ လွှတ်တော် ဖြစ်လာနိုင်ပါ့မလား။ ဒီတော့ ဥပဒေနဲ့ ညီညွတ်ပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ လွှတ်တော်ဖြစ်ဖို့အတွက် ဦးပဉ္စင်းတို့ က တိုက်တွန်းထားပါတယ်” ဟု သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ(စစ်ကိုင်းတောင်ရိုး)က မိန့်ကြားသည်။
ဒီမိုကရေစီစနစ်နှင့် လူ့အခွင့်အရေးတွင် နိုင်ငံအများမှ စံထားကြရသည့် အမေရိကန်နိုင်ငံတွင်ပင် အမြဲနေထိုင်ခွင့် နိုင်ငံသားကတ် (Green Card) ကိုင်ဆောင်ထားသူများသည် နိုင်ငံအတွင်း အမြဲနေထိုင်ခွင့် ရထားသော်လည်း မဲပေးပိုင်ခွင့်မရှိကြောင်း၊ ဂျပန်နိုင်ငံတွင် ကိုလိုနီခေတ်ကတည်းက နေထိုင်ခဲ့ကြသည့် အမြဲတမ်းနေထိုင်ခွင့်ရ ကိုရီးယားနိုင်ငံသားများသည်လည်း ယနေ့အချိန်အထိ ဆန္ဒမဲပေးပိုင်ခွင့် မရရှိကြကြောင်း ထို့အတွက် မြန်မာနိုင်ငံအတွင်းရှိ ယာယီမှတ်ပုံတင်ကတ်ကိုင်ဆောင်ထားသူများကို ၂၀၁၅ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် မပြုရေးအတွက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ တိုက်တွန်းထားရခြင်းဖြစ် ကြောင်း သီတဂူအရှင်ဒေဝိန္ဒာဘိဝံသက ဆက်လက်မိန့်ကြားသည်။
အဆိုပါအဖွဲ့ကြီးကို မန္တလေးတိုင်းဒေသကြီးအတွင်း ကဏ္ဍအလိုက် ဦးဆောင်သံဃာတော်(၄၂၆) ပါးဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအတွင်း အမျိုးသမီးများ အကြမ်းဖက်ခံရပါက လူမျိုး ဘာသာ မခွဲခြားဘဲ ကူညီစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ဆန္ဒမဲ ကောက်ခံရာ၌ ထောက်ခံဆန္ဒမဲ လေးသန်းကျော် ရရှိထားပြီး သုံးသန်းမှာ လွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကာ ကျန်ရှိနေသေးသော ဆန္ဒမဲတစ်သန်းကျော်ကို မကြာမီ လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ဆရာတော်ဦးဝီရသူ၏ မိန့်ကြားချက်အရ သိရသည်။
MDN

10197_395590900584424_1753796710_n1743616_395590897251091_412600973_n

U WIRA THU : “၆၅နှစ်အရွယ်မွတ်ဆလင်တစ်ဦးမှ (၇)နှစ်သမီးအား မုဒိမ်းကျင့်”

“၆၅နှစ်အရွယ်မွတ်ဆလင်တစ်ဦးမှ (၇)နှစ်သမီးအား မုဒိမ်းကျင့်”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
(ပူးတွဲပါ သတင်းပေးပို့ချက်ကို ဖတ်ရှုနိုင်ပါတယ် သက်ကျားအိုကြီးရဲ့ သက်ငယ်မုဒိမ်းမှုလေးပါ။ နွားအိုမြက်နု ကြိုက်ပုံက ကြောက်စရာကြီးပါ။ လူသာအိုပေမယ့် ရာဂမအို-ဆိုတာလိုပါပဲ။ ရွှေမြန်မာတွေကို ပြောထားတယ် နော်။ ကင်းကင်းရှင်းရှင်းနေကြပါလို့။ သူတို့နှင့် နည်းနည်းပတ်သက်ရင် နည်းနည်း စော်ကားခံရမယ်ဆိုတာ။
သူတို့ပြောတော့ ခွဲခြားဆက်ဆံတယ်လေး၊ ဘာလေးနဲ့ လူလို သူလို ပေါင်းသင်းတော့ကော လူနဲ့ သူနဲ့ တူလို့လား…?။
ဒီကလေးကို နေ့တိုင်း အကြမ်းဖက်နေခဲ့တာပါ။
မန္တလေးတိုင်း မ.ဘ.သ အဖွဲ့က တာဝန်ယူထားပါတယ်)။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
(၁၂-၁-၂၀၁၄) ရက်နေ့၊ မွန်းလွဲ (၃း၃၀) နာရီခန့်အချိန်၊ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ ညောင်ကွဲ အောင်သပြေရပ်၊ အိမ်အမှတ် (415-N-2/476)နေထိုင်သူ အသက်(၆၅)နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ဦးအောင်ခင်ဆိုသူသည် ၎င်းတို့အိမ်ဝိုင်းထဲ၌ အိမ်ငှားနေသော ဦးသိန်းစိုး+ဒေါ်သင်းသင်းနွယ်တို့၏ သမီး မစုမြတ်နိုင် (၇)နှစ်၊ (၁)တန်းကျောင်းသူအား သားမယားပြုကျင့်သည့် မှုခင်းတစ်ခု ဖြစ်ပွားခဲ့ပြီး ဒေါ်သင်းသင်းနွယ်မှ ဆရာတော်ဦးဝီရသူအား လာရောက် လျှောက်ထားခြင်း ဖြစ်သည်။ 
ဖြစ်ပွားပုံမှာ မစုမြတ်နိုင်၏မိခင် ဒေါ်သင်းသင်းနွယ်သည် ၎င်းတို့အိမ်နဲ့ မိနစ်(၂၀)ခန့်လမ်းလျောက်ရသော ပြည်ကျောင်းအနောက်ဘက်ပေါက်မှာ ထမင်းဆိုင်ဖွင့်ရောင်းနေရာမှ ထမင်းကုန်သွားသဖြင့် ထမင်းချက်ရန်အိမ်ပြန်လာစဉ် အိမ်နားအရောက် အိမ်နီးချင်းဖြစ်သူ မဆွေမှ ၎င်းတို့အိမ်ထဲခေါ်သွားပြီး မစုမြတ်နိုင်အား သားမယားပြုကျင့်နေသည့် မြင်ကွင်းအား ပြသရာ ဦးအောင်ခင်သည် ၎င်း၏အိပ်ခန်းကုတင်ပေါ်တွင် မစုမြတ်နိုင်အား သားမယားပြုကျင့်နေ ကြောင်းတွေ့ရှိခဲ့ရသည်။ ဒေါ်သင်းသင်းနွယ်မှ ဦးအောင်ခင်၏ အိမ်အပေါ်သို့ပြေးတက်ကာ “ကျွန်မသမီးကို ရှင်ဘာလုပ်တာလဲ”ဟုဆိုကာ ဦးအောင်ခင်မှ “ဘာမှမလုပ်ပါဘူး နှိပ်ခိုင်းတာပါ” ဟုပြောကြောင်း၊ ဒေါ်သင်းသင်းနွယ်မှ “ဘာမလုပ်ရမှာလဲ ရှင်ကျွန်မသမီးကို ပြုကျင့်တာ အကုန်မြင်တယ်။ ဒီအနီးနားမှာ ချောင်ကြည့်နေတဲ့သူတွေအများကြီးပဲ ရှင်ဘာလုပ်တယ် အကုန်မြင်တယ်” ဟုဆိုရာ ဦးအောင်ခင်မှ တိုးတိုးတိတ်တိတ်လုပ်ဖို့၊ ဘယ်သူမေးမေး နှိပ်ခိုင်းသည်ဟု ပြောပေးဖို့ ပြဿနာအားလုံးကို တာဝန်ယူဖြေရှင်းပေးမည့်အကြောင်း ဖျောင်းဖျပြောဆိုရာ ဒေါ်သင်းသင်းနွယ်သည် မကျေနှပ်နိုင်ဘဲ တရားနည်းလမ်းအတိုင်းလုပ်ဆောင်မည်ဟုဆိုကာ ယ.ရ.ကရုံးသို့သွားရောက်တိုင်တန်းခဲ့ပါသည်။ ယ.ရ.ကရုံးမှ အမှတ်(၄)ရဲစခန်းသို့ဖုန်းဆက်အကြောင်းကြားပြီး ၎င်းနေ့ ညနေ (၄း၀၀) နာရီအချိန်တွင် ဦးအောင်ခင်အား အမှတ်(၄)ရဲစခန်းမှ လာရောက်ဖမ်းဆီးသွားကြောင်း၊ ရဲစခန်းမှ ဒေါ်သင်းသင်းနွယ်နှင့် မစုမြတ်နိုင်အား ခေါ်ယူမေးမြန်းကာ မစုမြတ်နိုင်၏ အခင်းဖြစ်စဉ် ဝတ်ဆင်ထားသော အဝတ်အစားများအား ဆေးစစ်ရန်ယူထားပြီး ပြန်လွှတ်ခဲ့ကြောင်း၊ ကလေးမလေးအား ရဲစခန်းမှ “ဘာလို့ မအော်တာလဲ”ဟု မေးရာ လည်ပင်းကိုအစ်နေအောင်ညစ်ထားလို့ အော်လို့မရကြောင်း၊ ဘယ်သူ့ကိုမှမပြောနဲ့ မုန့်တစ်ရာဖိုးဝယ်ကြွေးမည်ဟု ဦးအောင်ခင်မှပြောကြောင်း၊ ၎င်း၏အစ်မရှိလျှင် ဘာမျှမလုပ်ဘဲ မောင်လေးတစ်ယောက်တည်းရှိနေလျှင်တော့ လက်နဲ့ နှိုက်တတ်ကြောင်း၊ တစ်ယောက်မျှမရှိသည့် အချိန်မျိုးတွင်မှ ပြုကျင့်တာဖြစ်သည်ဟု မစုမြတ်နိုင်ကိုယ်တိုင် ရဲစခန်း၌ ထွက်ဆိုခဲ့ကြောင်း ဒေါ်သင်းသင်းနွယ်မှ ပြောပြသည်။ 
ဒေါ်သင်းသင်းနွယ်တို့မိသားစုသည် လွန်ခဲ့သော(၆)လခန့်မှ ရန်ကုန်မှပြောင်းရွှေ့လာတာဖြစ်ပြီး သားသမီး(၃) ယောက်ရှိသည့်အနက် မစုးမြတ်နိုင်သည် သမီးအလတ်ဖြစ်ကြောင်း၊ ၎င်း၏အမျိုးသားဖြစ်သူ ဦးသန်းစိုးသည် ၈၄လမ်း၊ ၂၄×၂၅ လမ်းကြားရှိ “စိန်တောင်”ကုန်မာဆိုင်တွင် အလုပ်လုပ်ပြီး ည (၇း၀၀) နာရီခန့်မှ အိမ်ပြန်ရောက်ကြောင်း၊ ဒေါ်သင်းသင်းနွယ်သည်လည်း ပြည်ကျောင်းအနောက်ပေါက်တွင် ထမင်းဆိုင်ဖွင့်ရောင်းကာ နေ့ (၁၁း၀၀) နာရီမှ ည (၈း၀၀) နာရီအထိရောင်းကြောင်း၊ ၎င်းတို့အလုပ်သွားစဉ် သားသမီး(၃)ယောက်ကို အိမ်တွင်ထားခဲ့ရကြောင်း၊ ၎င်းတို့မောင်နှမ သုံးယောက်သည် အိမ်နဲ့ဆိုင်နဲ့ ကူးလူးနေထိုင်တတ်ကြကြောင်း ပြောပါသည်။ 
သက်သေဖြစ်သူ မဆွေ၏ပြောကြားချက်အရ ဦးအောင်ခင်သည် ကလေးမအား ဒီဇင်ဘာကျောင်းမပိတ်ခင် ကတည်းကမှ စကာ အကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်၊ အိမ်းနီးချင်းဖြစ်သော်လည်း ပြောင်းလာခါစဖြစ်ပြီး ရင်းနီးသိကျွမ်းမှု မရှိတာကြောင့်တစ်ကြောင်း၊ လက်တွေ့မပြနိုင်လျှင် မတရား စွပ်စွဲသည်ထင်မည်ကြောက်သည်က တစ်ကြောင်းတို့ကြောင့် ဖွင့်မပြောဖြစ်ခဲ့ကြောင်း၊ မဆွေသည် မိမိရင်းနီးသည့် တခြားလူတွေကိုလည်း ခေါ်ပြဖူးတာရှိကြောင်း၊ ၎င်း (၁၂-၁-၂၀၁၄) ရက်နေ့တွင်မှ အမိဖမ်းမည်ဟုဆိုကာ ၎င်းတို့အိမ် အတွင်းခန်းမှချောင်းနေစဉ် ဒေါ်သင်းသင်းနွယ်ပြန်လာတာနဲ့တိုက်ဆိုင်၍ အတင်းခေါ်ယူပြသခဲ့ရကြောင်း ပြောပါသည်။ 
ဒေါ်သင်းသင်းနွယ်တို့သားအမိအား ရဲစခန်းမှစစ်ဆေးမေးမြန်းပြီး မှတ်တမ်းအား ဟုတ်မဟုတ်ပြန်ဖတ်ခိုင်း၍ ဖတ်ကြည့်ကာ မှတ်တမ်း၌ “သားမယားပြုကျင့်ရန် ကြံစည်မှု”ဟု ရေးထားရာ ဒေါ်သင်းသင်းနွယ်မှ ကြံစည်တာ မဟုတ်ကြောင်း၊ အတိအလင်းကျူးလွန်တာဖြစ်ကြောင်းပြောရာ စခန်းမှူးမှ အမှုဖြစ်စဉ်အရ “ကြံစည်သည်” ဟူ၍သာ ဆိုနိုင်ကြောင်း ပြောပြီး ပြန်လွှတ်ခဲ့ကြောင်း ပြောပါသည်။ 
မစုမြတ်နိုင်အား ယနေ့ (၁၃-၁-၂၀၁၄)၊ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် ဆေးသွားစစ်ထားပြီး အဖြေမရသေးကြောင်း၊ ၎င်းအနေဖြင့် ဆေးစစ်ချက်အား မဟုတ်မမှန်အဖြေထုတ်ကာ အမှုမမြောက်အောင် လုပ်ဆောင်ကြမည်ကို စိုးရိမ်ရတာကြောင့် ဆရာတော်အား လာရောက်လျှောက်ထား အကူအညီတောင်းခြင်းဖြစ်ကြောင်း ပြောပါသည်။ 
(27.1.2014) ရက်နေ့ နောက်ဆက်တွဲသတင်းအရ ကလေးမလေးတို့မိသားစုသည် ရဲစခန်းခွင့်ပြုချက်ဖြင့် ၎င်းတို့ငှါးနေသောအိမ်မှာနေထိုင်လျက်ရှိပြီး ဆေးစစ်ချက်ကို ရဲစခန်းမှ ပြောပြလို့မဖြစ်ဟုဆိုကာ ထိမ်းသိမ်းထားကြောင်း သိရသည်။ 

သတင်းရေးသားသူ – တပည့် ဝီရခေမိန်

ဆက်သွယ်ရန်-
09.444002902- ကိုလှဝင်း (ဒေါ်သင်းသင်းနွယ်၏ မောင်)
09.91044471- ကိုကျော်ထွေ (ဒေါ်သင်းသင်းနွယ်၏ မောင်)

1743393_257946874373696_586359104_n1551511_394709190672595_446570323_n

1623734_394709240672590_2045658061_n 

U WIRA THU 15.JANUARY 2014: “အတုမရှိသံဃာ့ညီလာခံတော်ကြီး ၏ သ ဘောထား ကြေငြာချက်”

“အတုမရှိသံဃာ့ညီလာခံတော်ကြီး ၏ သ ဘောထား ကြေငြာချက်”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ရက်စွဲ။ ။ သာသနာတော်နှစ်(၂၅၅၇) ၁၃၇၅ ပြာသိုလပြည့်(15.1.2014) ဗုဒ္ဓဟူးနေ့
မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)ခေါ် ဝံသပါလအဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားနှင့် ဂိုဏ်းပေါင်းစုံ သြဝါဒခံယူပွဲ သံဃာတော် အရှင်သူမြတ်(၃)သောင်းခန့် တက်ရောက်သည့် အတုမရှိ သံဃာ့ညီလာခံတော်ကြီး၏ သဘောထား ကြေငြာချက်ကို ထုတ်ပြန် ကြေငြာအပ်ပါသည်။

(၁)။မြန်မာနိုင်ငံတော်နှင့် နိုင် ငံသားများ အကျိုးစီးပွါးအတွက်(၁၉၈၂)ခုနှစ် မြန်မာနိုင် ငံသားဥပ ဒေကို ဆက်လက်ကာ ကွယ်စောင့်ရှောက် ရန်တိုက်တွန်း သည် ။

(၂)။နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပြင်ဆင်ရေးဆွဲရာ၌ ပုဂ္ဂလ အဓိဌာန်နှင့် လတ်တ လော အ ခြေ နေကို မကြည့်ဘဲ နိုင် ငံနှင့် နိုင် ငံသားများ၏ ရေရှည်အကျိုးစီးပွါး ကိုသာ ကြည့်ရှုဆောင် ရွက် ရန် တိုက်တွန်းသည်။

(၃)။လက် ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်၌ တိုင်းရင်းသားစာရင်းမပါဝင် သောလူ မျိုးစုနှင့် အဖွဲ့အစည်းများအား ကူ ညီပံ့ပိုး အားပေးအားမြှောက်ပြုနေကြ သည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်း များ၏ လုပ် ရပ်မှန်သမျှကို နိုင် ငံတော် ၏ အချုပ်အခြာအာဏာ ထိပါးစေ နိုင် သဖြင့် ကန့်ကွက်သည်။

(၄)။တည်ဆဲဥပ ဒေနှင့် မညီညွတ်သော တိုင်းရင်းသားစာရင်း၌ မပါဝင် သည့် လွှတ်တော်ကိုယ်စားလှယ်များ အား ပြန်လည်စိစစ်၍ ဥပဒေနှင့် အညီသာ ဆောင်ရွက်ပေးရန်တိုက်တွန်း သည်။

(၅)။တိုင်းရင်းသားအခွင့်အ ရေးနှင့် နိုင် ငံသားအခွင့်ရေးများကို ကာကွယ် စောင့်ရှောက်နိုင် ရန် ရွေးကောက်ပွဲ တိုင်းတွင် ဥပ ဒေနှင့်မညီညွတ် သည့် ယာယီသက်သေခံ လက် မှတ်ကိုင် ဆောင် ထားသူများ၏ ဆန္ဒမဲပေးပိုင် ခွင့်ကို ပြန်လည် ရုပ် သိမ်းသင့်ကြောင်း အကြံပြု တိုက်တွန်းသည်။

(၆)။အမျိုးဘာသာသာသနာ အဖွဲ့အစည်း (မ.ဘ.သ)ခေါ် သာသနဝံသပါလ အဖွဲ့အတွက် အင် အားဖြစ်စေ သော အားပေးစကားများကို ပြော ကြားခဲ့သည့် နိုင် ငံတော် အကြီး အကဲများ နိုင်ငံခေါင်းဆောင် များ လွှတ်တော်ကိုယ်စားလှယ်တော် ကြီး များအား ကျေးဇူးတင် ကြောင်းမှတ် တမ်းတင် သည်။

(၇)။သတင်းမီဒီယာများသည် နိုင် ငံ တော်၏ စတုတ္ထမဏ္ဌိုင် ဖြစ်သည့် အ လျောက် သတင်းမီဒီယာကျင့် ဝတ်နှင့်အညီ နိုင် ငံတော်နှင့် အ မျိုးဘာသာသာသနာ၏ အကျိုးစီး ပွါးကို မထိခိုက်အောင် မှန်ကန်မျှတ စွာ ဖော်ပြကြရန်နှင့် မမှန်မကန်ဖော် ပြမှု အဂတိလိုက်စားမှုများ ရှောင် ကြရန် အထူးတိုက်တွန်းသည် ။

(၈)။မြန်မာနိုင် ငံသူ နိုင် ငံသားများသည် မိမိ/သူတစ်ပါး အမျိုးဘာသာကို ထိခိုက်စေမည့် ဟောပြောမှု၊ အကြမ်းဖက်မှုများကို ရှောင် ကြဉ်ကြရန် အထူးတိုက်တွန်းသည်။

(၉)။အမျိုးဘာသာသာသနာစောင့်ရှောက် ရေးအဖွဲ့ (မဘသ)ခေါ် သာသနဝံသပါလအဖွဲ့သည် သာသနာ့ ဥသျှောင် သံဃာ့ဥသျှောင် ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူလျက် အမှီအခိုကင်းပြီး လွတ်လပ်သည့် အမျိုးသားရေး အင်အားစုကြီးတစ် ရပ်သာဖြစ်ကြောင်းသိစေအပ်သည် ။

(၁၀)။အကာအကွယ်မဲ့နေကြသည့် မြန် မာ့အမျိုးကောင်းသား အမျိုးကောင်း သမီးများအား ကာကွယ်စောင့် ရှောက်နိုင် မည့် အမျိုးစောင့် ဥ ပ ဒေ အတည်ပြုပြဌာန်းပေးနိုင် သည်အထိ ဆက်လက်ဆောင် ရွက်သွားမည် ဟု ဤညီလာခံ ကြီးကအဓိဌာန်ပြုသည် ။။
(၁၁)။ ကိုးကွယ်ရာမဲ့နေကြသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအား ကူညီပံ့ပိုးစောင့်ရှောက်နိုင်ရေးအတွက် တရားဒေသနာဟောကြားမှုနှင့် ပရဟိတလုပ်ငန်းများကို အတူပူးတွဲဆောင်ရွက်ကြရန် သံဃာတော်များအား ဝံသပါလ(အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့)က တိုက်တွန်းသည်။

ဘဒ္ဒန္တတိလောကာဘိဝံသ နိုင်တော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဌိတ ဥက္ကဌ မဘသ(ဗဟို)။
ဘဒ္ဒန္တတိက္ခိ နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဌိတ ဥက္ကဌ မ.ဘ.သ(မန္တလေးတိုင်းဒေသကြီး)။

U WIRA THU : “ဦးဝီရသူထံ NDF ပါတီလာရောက်ဂါရဝပြု”

10.1.2014 မနက် 10:30 နာရီ ဓမ္မသဟာယကျောင်းမှာ လာရောက်ဂါရဝပြုပူဇော်ကြရာ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ အမျိုးသားလွှတ်တော်အတ် ဒေါ်ခင်ဝိုင်းကြည် အပါအဝင် ပါတီခေါင်းဆောင်များအား ဦးဝီရသူက ရန်သူအောင်ကြောင်း နည်းလမ်းကောင်း သြဝါဒတရား ဟောကြားခဲ့ကြောင်း သိရသည်။
သစ္စံဓမ္မ၊ ဝီရိယနှင့်၊ စာဂဟူသည်၊ ရန်သူအောင်ကြောင်း၊ ကျင့်ကောင်းလေးပါး၊ စသည်အားဖြင့်၊ တရားမလစ် မင်းမူရစ်လော့။(မဃဒေဝ)။
၎င်းနောက် မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံ သွားရောက်ဂါရဝပြုရာ ဆရာတော်က
လယ်သမားအရေး အလုပ်သမားအရေးတွေလုပ်နေတဲ့နေရာမှာ မြေကိုတန်ဖိုးထားဖို့၊ မြေတန်ဖိုးနားလည်စေဖို့ အတွက်ပါ စည်းရုံးသင့်ကြောင်း သြဝါဒပေးတော်မူကြောင်း သိရသည်။
1499452_385529838257197_392433614_n 1604742_385529834923864_2097761335_n

U WIRA THU : “သင်္ဃန်းကျွန်း အငြင်းပွားဖွယ် စာသင်ကျောင်းသတင်း”

“သင်္ဃန်းကျွန်း အငြင်းပွားဖွယ် စာသင်ကျောင်းသတင်း”
^^^^^^^^^^^^^^^^^^^^^^^^^^^^^
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ င/ကရပ်ကွက်၊ ဝေဇယန္တာလမ်း၊ အစ္စလာမ့်လင်းရောင်ခြည် စာသင်ကျောင်း ဆောက်လုပ်သည်ကို ရပ်ကွက်သူ/သားများက ကန့်ကွက်စာတင်ထားသည်မှာ ကြာခဲ့ပြီဖြစ်သည်။
ပြန်လည်စစ်ဆေးခြင်းစသည့် အရေးတယူပြုသင့်သည်များကို တာဝန်ရှိသူများက မလုပ်ဆောင်ကြသောကြောင့် ရပ်ကွက်သူ/သားများက မကျေမနပ်ခဲ့ကြသည်မှာလည်း ကြာခဲ့ပြီဖြစ်သည်။
ထင်သာမြင်သာမရှိသော အကာအရံမြင့်မားစွာ လျှို့ဝှက်တည်ဆောက်နေမူကြောင့် ရပ်ကွက်နေပြည်သူများ သံသယကြီးထွားကာ စိုးရိမ်သောကကြီးမားလာရခြင်းကြောင့် သက်ဆိုင်ရာကို စာတင်ခဲ့ရသည့်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
သတ်မှတ်အကျယ်အဝန်းထက်ပိုမိုဆောက်လုပ်သည်ဟု ထင်မှတ်နေခြင်း၊ တင်ပြသည့်စာသင်ကျောင်း မဟုတ်ဘဲ ဗလီဆောက်သည်ဟု ထင်မြင်လာကြခြင်းကြောင့် ဝိုင်းဝန်းကန့်ကွက်တားမြစ်လာရခြင်းဖြစ်ပေသည်။
ဆရာတော် တစ်ပါးကိုယ်တိုင် ဝင်ကြည့်၍ ဓာတ်ပုံမှတ်တမ်းများရိုက်ယူခြင်း၊ မူလအဆောက်အအုံဟောင်း အတိုင်း ဟုတ်/မဟုတ် တိုင်းတာခြင်းတို့ကို ပြုလုပ်ပြီးနောက် ခွင့်ပြုမိန့်ပါစည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီသောကြောင့် ထပ်မံမကန့်ကွက်တော့ပေ။
ရပ်ကွက်မှ ကန့်ကွက်သောကြောင့် တစ်ပိုင်းတစ်စကြီး ရပ်တန့်ထားရာမှ ယခုအခါ ပြန်လည်ဆောက်လုပ်ခြင်း ဖြစ်သည်။
အစ္စလာမ့်လင်းရောင်ခြည် အာရဗီစာသင်ကျောင်းဥက္ကဋ္ဌ ဦးယာရှင်က စည်းကမ်းနှင့်အညီ ဆောက်လုပ်ခြင်းဖြစ် ကြောင်း လုံးဝအာမခံခဲ့ပြန်သည်။
ယနေ့ 22.11.2013 မွန်းလွဲ 1:00 နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော် သံဃာတော်များက ပြန်လည်စိစစ်ပေးဖို့ ယဉ်ကျေးသိမ်မွေ့စွာ ကြည်ညိုဖွယ်ဆောင်သော အသွင်အပြင်ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးထံသို့ ချီတက်၍ စာတင်တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ပြန်လည်စိစစ်ပေးရေး၊ စိစစ်ပြီးပါက ဥပဒေဘောင်အတွင်းမှ တည်ဆောက်ခွင့် ပြုသင့်/မပြုသင့် ဆုံးဖြတ် အရေးယူရေးတို့က အဓိကဖြစ်ခဲ့သည်။
အစိုးရအနေဖြင့် သာကေတဗလီပုံစံမျိုး မရိုးသားမှုများကို တွေ့ရှိရပါက ပြတ်ပြတ်သားသား အရေးယူဆောင် ရွက်ဖို့ လိုကြောင်းနှင့်၊ အမှန်တကယ် ရိုးသားပြီး စည်းကမ်းချက်များနှင့် ညီပါကလည်း ရဲရဲတင်းတင်း ခွင့်ပြုပေးဖို့ လိုပေသည်။
အရေးယူတားမြစ်သည်ဖြစ်စေ၊ ဆက်လက်ခွင့်ပြုသည်ဖြစ်စေ-ရဟန်းရှင်လူပြည်သူအများကို ပွင့်လင်းမြင်သာ ရှင်းပြ ချပြပြီးမှ ဆောင်ရွက်ရမည်ဖြစ်ပေသည်။
စိုးရိမ်မှု ကြီးမား၍ တားမြစ်သည်ဖြစ်စေ၊ အမှန်တကယ် အန္တရာယ်ရှိသောကြောင့် တားမြစ်သည်ဖြစ်စေ သံဃာထုနှင့် လူထု၏ နိုးကြားမှုကို အသိအမှတ်ပြုရမည်ဖြစ်သည်။
ရခိုင်နှစ်ကြိမ် အကြမ်းဖက်ခံရမှု၊ ဘင်္ဂလားဒေ့ရှ်တစ်ကြိမ် အကြမ်းဖက်ခံရမှုတို့ကြောင့် တစ်နိုင်ငံလုံး နိုးကြားတက်ကြွလာခြင်းဖြစ်ရာ-R.S.O များကို ကျေးဇူးအထူးတင်ရမည်ဖြစ်ပေသည်။ ၄င်းတို့သာ ဂျီဟဒ် မလုပ်လျှင် မြန်မာပြည်သူတို့ အိပ်မောကျနေပေဦးမည်။ ထိုအခါ ရခိုင်ပြည်ကို အသာတကြည် သိမ်းပိုက် နိုင်မည်ဖြစ်သည်။
အခုတော့…..R.S.O ရေ တာ့တာပဲကွာ။ တစ်လက္မတောင် မရစေရဘူး-မှတ်ထားလိုက်ပါ။

1450750_359597167517131_1793168788_n1458636_359597137517134_321475283_n1453542_359597110850470_136296494_n

U WIRATHU : “ဦးဝီရသူထံ ဂျပန်သတင်းဌာန လာရောက်အင်တာဗျူး”JIN-NET သတင်းဌာနမှ Mr.Masao Edo

“ဦးဝီရသူထံ ဂျပန်သတင်းဌာန လာရောက်အင်တာဗျူး”
^^^^^^^^^^^^^^^^^^^^^^^^^^^^^
21.11.2013 မွန်းလွဲ 1:30 နာရီ ဓမ္မစေတိယစာကြည့်တိုက်မှာ လက္ခံတွေ့ဆုံဖြေကြားခဲ့ပြီး၊ မေးမြန်းလျှောက် ထားသူမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ JIN-NET သတင်းဌာနမှ Mr.Masao Edo ဖြစ်ကြောင်း သိရသည်။
ပထမ ကုလား ဗမာအဓိကရုဏ်း ဖြစ်ရခြင်းအကြောင်းမှစ၍ ယနေ့ထိ အရေးအခင်းများအကြောင်း၊ ၉၆၉၏ မဟာဗျူဟာ နည်းဗျူဟာများ ပဋိပက္ခဖြစ်ပွားရာမှာ နိုင်ငံရေးပယောဂ ပါ/မပါ စသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
နိုင်ငံရေးသမားတွေက စစ်အစိုးရတုန်းကလိုပဲ အတွေးအခေါ်ဟောင်းတွေနဲ့ လက်ရှိအစိုးရကို ချင်းကပ်နေတုန်း ပဲ အမှန်တရားနဲ့ မနီးစပ်ဘူးဖြစ်နေတယ်။ တကယ်တော့ နောက်ပြန်လှည့်ရေးအတွက် အဓိကရုဏ်း ဖန်တီးတယ်ဆိုတဲ့ စွဲချက်ဟာ လုံးလောက်သောအကြောင်းပြချက် မဟုတ်ဘူး။
ဟန်နာဘိခ်ျဆိုတာ ဦးဇင်းရဲ့ ချစ်လှစွာသော မိတ်ဆွေရင်းပါ။ စာပေမောင်နှမလိုပဲ ဆိုကြပါတော့။ အရင်တုန်းကတော့ ဟန်နာဘိခ်ျကို မူဆလင်ကမ္ဘာက ငွေပေးရေးခိုင်းတယ်ထင်ခဲ့တာ။ အခုတော့ TIME မဂ္ဂဇင်းအယ်ဒီတာကို မြန်မာလူငယ်နိုင်ငံရေးသမားတစ်ယောက်က ငွေပေးရေးခိုင်းတယ်လို့ သိလာရပြန် ပါတယ်။ အဲဒီနိုင်ငံရေးသမားနောက်ကွယ်မှာ မူဆလင်ကမ္ဘာရှိ/မရှိ ဆိုတာတော့ မသိရသေးပါဘူး။

1393703_358870157589832_955646400_n1475908_358870194256495_1288579478_n1476402_358870150923166_710872886_n

U WIRA THU :သမ္မတရုံးမှ လျှို့ဝှက်သတင်းများ “မွတ်ဆလင်ကုလားများထံမှ ဖောက်ခွဲရေးလက်နက်ကိရိယာများ ဖမ်းဆီးရမိ”

Hlaing Bwa

“ဖောက်ခွဲရေးလက်နက်ကိရိယာများ ဖမ်းဆီးရမိ”
^^^^^^^^^^^^^^^^^^^^^^^^^^
မန္တလေး နိုဝင်ဘာ ၂၀ ရက်
လက်လုပ်ဗုံးအပါအဝင် လက်နက်ကိရိယာပစ္စည်းမျိုးစုံ တပ်ဆင် စုဆောင်းထားသော ဂိုဒေါင်တစ်ခုနှင့် နေအိမ်တစ်ခုမှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး အဖမ်းခံရသူ လူငယ် လူလတ်နှစ်ဦးလုံးမှာ မူဆလင် အစ္စလာမ်များဖြစ်နေကြောင်း တွေ့ရှိရသည်။
၎င်းတို့မှာ ကိုဆန်းဝင်း (ခ) ဆိုင်ယဒ်အလီ (၃၇)နှစ် (ဘ) ဦးအောင်သန်း (၁၇×၂၈)လမ်းကြား၊ (၈၃×၈၄)လမ်းကြား၊ ကြယ်တိုက်ဝင်း၊ ချမ်း/လယ်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နှင့် ကိုသိန်းတန် (ခ) ရှရီ၊ (၂၉)နှစ် (ဘ) ဦးခင်မောင် (၂၇×၂၈)လမ်းကြား၊ (၈၃×၈၄)လမ်းကြား၊ ကြယ်တိုက်ဝင်း၊ ချမ်း/လယ်ရပ်ကွက်၊ မေမန်ဂျမာအသ်တိုက်တန်း၊ အခန်း (၁၂) တို့ဖြစ်ပြီး ကိုသိန်းတန် (ခ) ရှရီ၊ ကုန်ပစ္စည်းအရောင်းဆိုင်လုပ်ကိုင်သူ၏နေအိမ်မှ
၁။ ဂျင်ဂလိလက်နက် (၁၅)ပိဿာပါ ပီနံအိတ်တစ်လုံး၊
ကိုဆန်းဝင်း (ခ) ဆိုင်ယဒ်အလီပိုင်သောဂိုဒေါင်အတွင်းမှ
၁။ နှစ်ခွချွန် ခရင်းခွ (၁၂)ချောင်း၊
၂။ လှံတစ်ချောင်း၊
၃။ ဓားဦးချွန်မျိုးစုံ (၅)ချောင်း၊
၎။ ဓာတ်ဆီစိမ်ထားသည့် ပုလင်းကွဲများ သံတိုသံစများထည့်ထားသော ကော်ဇလုံ (၁)လုံးနှင့် ပီနံအိတ် (၁)လုံး၊
၅။ ပုလင်းကွဲများ သံတိုသံစများရောထောင်းရာတွင်အသုံးပြုသည့် သံငရုတ်ဆုံ (၁)ခုတို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယမ်းပျော့ကြိုး (၁၅)ကိုက်ပါ ကြိုးခွေ (၄)ခွေ၊ မိုင်းအဆင့်ပြုလုပ်ထားသော ပိုက်လုံး (၇)လုံးတို့လည်း ပါဝင်ကြောင်း သိရသည်။
၎င်းတို့ကို အမှတ် (၈) ရဲစခန်းမှ ဖမ်းဆီးထားကြောင်း သိရသည်။
အမှတ် (၈) ရဲစခန်း= 02-36994

Source: သမ္မတရုံးမှ လျှို့ဝှက်သတင်းများ

999162_183807525144216_1718743958_n