#ကိုယ့်ကိုယ် ကိုယ် ဟိုနေ့က မြို့တော်ခန်းမအရှေ့ ပွဲကြောင့် အပေါင်းပါများ #အမည်တပ်ထားတဲ့ ပုဒ်မ ၁၈ #တမှုထဲ ရှိတယ် ထင်နေတာ။

ကိုယ့်ကိုယ် ကိုယ် ဟိုနေ့က မြို့တော်ခန်းမအရှေ့ ပွဲကြောင့် အပေါင်းပါများ အမည်တပ်ထားတဲ့ ပုဒ်မ ၁၈ တမှုထဲ ရှိတယ် ထင်နေတာ။
အခုမှ အမှုသစ် တခု ထပ်ပေါ်လာတယ်။
တပ်မတော်ကို ခုတုံးလုပ်ပြီး အောက်တန်းကျတဲ့ ၀ါဒဖြန့်ချီမှုတွေ လုပ်နေတာ ဟာ စစ်ဘက်က ကြိုးကိုင်ထားတဲ့ အုပ်စုက ဖြစ်တယ်။
ဒီလောက် အဆင့်အတန်း မရှိ အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်နေတဲ့ လူတစုကို တပ်မတော်က လက်ခံထားတာကို အလွန် ၀မ်းနည်းမိတယ်။
တပ်မတော်ကြီး ဂုဏ်သိက္ခာ ကျဆင်းနေရခြင်း၊ လူထုရဲ့ မုန်းတီးမှုကို ပိုပိုခံယူလာရခြင်း အကြောင်းရင်းတွေထဲမှာ ဒီလို လူတွေရဲ့ ရှက်ဖွယ်လိလိ အပုပ်ချအတင်းအဖျင်း ပြောရေးနေသူတွေကြောင့်ပါ။
ကျနော်မသိ မမြင်ဖူးသော ကလေးမလေး အတွက် ကျနော် စိတ်မကောင်းပါ။ သူ့ မိဘတွေ ကျန်ရစ်သူ မိသားစုသာ မြင်ရရင် ပိုလို့တောင် စိတ်မကောင်းဖြစ်အုန်းမယ်။
သေသွားသူရဲ့ ပုံတွေကို ကိုယ့် အဖွဲ့အစည်း အတွက် ၀ါဒဖြန့်ချီရေးမှာ မဟုတ်တမ်းတရားယူသုံးတာလောက် ဖေါက်ပြန်မှု မရှိဘူးထင်ပါတယ်။
အမည်မသိ၊ မြန်မာလူမျိုးရော ဟုတ်မဟုတ် မသိရတဲ့ မိန်းကလေး ရဲ့ မိဘများကို ကျနော် နေမျိုးဇင် က ကြားကနေ တောင်းပန်လိုက်ပါတယ်။
စစ်မိစ္ဆာကောင်၊ စစ်အာဏာရှင် လက်ပါးစေ အလိုတော်ရိတွေ ရှိနေသေးသမျှ ကျနော်တို့ မြန်မာပြည် သူပြည်သားတွေ ဘ၀ အစစ မလုံခြုံသေးပါဘူး ဆိုတာ အခုလို ပုံတွေက ဖေါ်ပြနေပါတယ်။

နေမျိုးဇင် cr. nay myo zin

10426879_1500416000210130_7055076794407353342_n

မုဒိန်းကျင့် လူသတ်ကောင် နေမျိုးဇင်၏ လူမှုရေးအရှုပ်တော်ပုံ

နေမျိုးဇင်အကြောင်း မသိသေးတဲ့ ပြည်သူတွေအတွက် ခံစားခဲ့ရတဲ့ပြည်သူတစ်ဦးတစ်ယောက် အတွက် မခံစားနိုင်လို့ ရင်ဖွင့်ပြရတာပါ။

နေမျိုးဇင် ခြေရှုပ်ခဲ့တဲ့ ပန်းတနော်မြို့နယ်၊ အကယ်ချောင်းကျေးရွာက ခင်နှင်းဖြူ(ခ)မိဖြူကို အတည်ပါဆိုတဲ့ စကားလေးနဲ့ ဖျက်စီးခဲ့ပြီး၊ ကိုယ်ဝန်ရှိမှ သူတာဝန်မယူနိုင်တော့ပါဘူးပြောလို့ စိတ်ထောင်း ကိုယ်ကြေနဲ့ အဆိပ်သောက်ခဲ့တဲ့အတွက် ခင်နှင်းဖြူ(ခ) မိဖြူသည် (23-10-2014) ရက်နေ့မနက် ၄ နာရီ ၃၀ မိနစ်တွင် ပန်းတနော်မြို့နယ်၊ အကယ်ချောင်းကျေးရွာနေ ၄င်း၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ပါသည်။ Continue reading “#ကိုယ့်ကိုယ် ကိုယ် ဟိုနေ့က မြို့တော်ခန်းမအရှေ့ ပွဲကြောင့် အပေါင်းပါများ #အမည်တပ်ထားတဲ့ ပုဒ်မ ၁၈ #တမှုထဲ ရှိတယ် ထင်နေတာ။”

#နမ့်ဆန်တွင် #TNLA #တပ်မတော်နှင့် တပ်မ (၇၇)တိုက်ပွဲဖြစ် မြန်မာတပ်မှ အထိနာ နောက်ဆက်တွဲ သတင်း

Pslf-Tnla 21/10/2014

နမ့်ဆန်တွင် TNLA တပ်မတော်နှင့် တပ်မ (၇၇)တိုက်ပွဲဖြစ် မြန်မာတပ်မှ အထိနာ နောက်ဆက်တွဲ သတင်း
၂၁ ရက် အောက်တိုဘာလ ၂၀၁၄ ခုနှစ်
နမ့်ဆန်မြို့အနီး နမ်းခေးရွာတွင် ယနေ့ နံနက် ၀၅း၀၀ မှ ၀၅း၃၀ အထိ TNLA တပ်မဟာ (၂) လက်အောက်ခံ၊ တပ်ရင်း အမှတ် (၂၅၆)နှင့် မြန်မာစစ်တပ် တပ်မ (၇၇)လက်အောက်ခံ ခမရ (၁၀၆)တို့ တိုက်ပွဲဖြစ်ပွားရာမှာ
TNLA မှ ပစ်ခတ်လိုက်သော RPG ကြောင့် မြန်မာစစ်တပ်မှ ၂ ဦး ကျဆုံးပြီး ၂ ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ဒဏ်ရာရ မြန်မာစစ်သားကို စစ်တပ်စေခိုင်းမှုအရ နမ့်ခေးရွာမှ ထမ်းခေါ်ဆောင်သွားကြောင်းနှင့် ၉-နာရီကျော်အထိ နမ့်ဆန်ဆေးရုံကို မရောက်ရှိသေးကြောင်း သိရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈

TNLA

#DKBA #ရဲဘော်အပေါင်းတို့ ကိုယ်ဟာကိုယ် လုပ်ကြ ဆုံးဖြတ်ကြ လေ့လါကြ။…..

ကဲ….ရဲဘော်အပေါင်းတို့ ကိုယ်ဟာကိုယ် လုပ်ကြ ဆုံးဖြတ်ကြ လေ့လါကြ။…..
အဓိက ကပြက် ရပြက် စုန်းပြူးတွေ ၀င်လါရင် ပြတ်ပြတ်သားသား ဖယ်ရှားဖို့ပါဘဲ။…..၀င်းကို CR.Win Ko Hlaing 18/10

10153647_979787205370644_7115722576318232599_n

21/10
10306478_728027063944162_3221299378270175705_n

#BURMA #ကွတ်ခိုင်မြို့အနီးတွင် #TNLA #နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်

ကွတ်ခိုင်မြို့အနီးတွင် TNLA နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်
အောက်တိုဘာလ ၂၀ ရက် ၂၀၁၄

ကွတ်ခိုင်မြို့နှင့် မနီးမဝေးသော မိုင်းယုလေးနှင့် ငေါ့ငါးရွာအကြားတွင် TNLA တအန်းတပ်မတော် တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀၁) နှင့် မြန်မာစစ်တပ်တို့ ယနေ့ ညနေပိုင်း ၁၇း၃၀ မှ ၁၈း၀၀ အထိ တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

ငေါ့ငါးရွာအနီးတွင် လှုပ်ရှားနေသော TNLA တပ်မတော်အား ကွတ်ခိုင်အခြေစိုက် မြန်မာစစ်တပ် ခလရ (၄၅)မှ သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု အရှေ့တန်းအရာရှိမှ အစီရင်ခံသည်။

မြန်မာ့စစ်တပ်ဘက်မှ ထိခိုက်မှု အခြေအနေ မသိရသေးပါ၊ တအန်းတပ်မတော်မှ ထိခိုက်မှု မရှိပါ။

ယမန်နေ့ နှင့်ယနေ့ ၂၀ ရက် နံနက်ပိုင်းတွင် လားရှိုးမှ ကွတ်ခိုင်၊ မူဆယ်၊ နမ်းခမ်းသို့ မြန်မာစစ်တပ်မှ စစ်အင်အား စစ်ကား အစီး(၆၀)ဖြင့်လည်း ထပ်မံအင်အားဖြည့်ထားသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈

—-

17/10/2014

နမ့်ခမ်း-နမ့်ဆရီးရွာတွင် TNLA တပ်မတော်မှ တပ်မ- ၈၈ အား ၀င်ရောက်ပစ်ခတ်
———————————————————————————-၁၇-၁၀-၂၀၁၄

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း – ၁၁၂ မှ နမ့်ခမ်း- နမ့်ဆရီးကျေးရွာတွင် လှုပ်ရှားနေသည့် တပ်မ- ၈၈ အား ယနေ့ည ၂၀း၅၅ မိနစ်တွင် ဝင်ရောက်ပစ်ခတ်ခဲ့ကာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ၂၁း၅၀ မိနစ်တွင် နှစ်ဘက်ပစ်ခတ်မှုများ ငြိမ်သက်သွားကြောင်း သိရသည်။

မြန်မာ့စစ်တပ်မှ ထိခိုက်မှု အခြေအနေအသေးစိတ်မသိရသေးပါ၊ ယနေ့ ညနေနှောင်းပိုင်းတွင် ယခုသတင်းရေးသားချိန်အထိ နမ့်ခမ်းတွင် တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားရခြင်းမှာ တပ်မ ၈၈ တပ်များ ပိုမိုတိုးချဲ့လှုပ်ရှားလာခြင်းနှင့် TNLA တပ်များအား လိုက်လံလမ်းကြောင်းပိတ် တိုက်ခိုက်နေခြင်းကြောင့်ဖြစ်သည်ဟု အရှေ့တန်းမှအရာရှိမှ အစီရင်ခံသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

TNLA

!! #သူက #Human #Rights #Commission of #Thailand #အမှူနဲ့ပတ်သက်ပြီးသိထားတာတစုံတရာရှိရင်ကျေးဇူးပြုပြီး

အမှူနဲ့ပတ်သက်ပြီးသိထားတာတစုံတရာရှိရင်ကျေးဇူးပြုပြီး ဒေါက်တာနီရန်ဆီကိုသတင်းပေးလို့ရပါတယ်။အမည်မဖော်ပဲသတင်းပေးလို့ရပါတယ်။
သူက Human Rights Commission of Thailand ကအကြီးအကဲဖြစ်ပါတယ်။ခရစ်စတိုဖာဟာကင် ကကြော်ငြာထားတာကိုလက်ဆင့်ကမ်းလိုက်ပါတယ်

ထိုင်းမှာရှိတဲ့သူများအကြောင်းတစုံတရာဖြစ်လာခဲ့ရင်မိမိကိုယ်ကိုကြိုတင်ကာကွယ်ဖို့
သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ဆက်သွယ်ထားဖို့လိုပါတယ်။

Christopher Harkins
The Human Rights Commission of Thailand is asking anyone with any knowledge of the events leading up to, including and the aftermath of the murders of David Miller and Hannah Witheridge to please report anonymously to

Dr. Niran
Head of the NHRC
Thailand
0818767099
Penpun_i@yahoo.com

10685445_1492239704363150_7067606599293170607_n

#နမ့်ခမ်းတွင် မြန်မာ့တပ်မတော်မှ #TNLA #အား ထိုးစစ်ဆင်ရာတွင် ၁၀ ဦးထက်မနည်း ကျဆုံး

နမ့်ခမ်းတွင် မြန်မာ့တပ်မတော်မှ TNLA အား ထိုးစစ်ဆင်ရာတွင် ၁၀ ဦးထက်မနည်း ကျဆုံး
————————————————————————–
၁ ရက် အောက်တိုက်ဘာလ ၂၀၁၄

ယနေ့ နေ့လည် ၁ နာရီခွဲမှ ၂ နာရီအတွင်း ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာ့စစ်တပ် တပ်မ ၈၈ နှင့် ခလရ ၄၅ တပ်ရင်းတို့မှာ ၁၀ ဦးထက်မနည်းကျဆုံးသည်ဟု ရှေ့တန်းစခန်းမှ အစီရင်ခံသည်။

ညနေပိုင်း ၂ နာရီခွဲခန့်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသော တပ်ခွဲမှူး ၁ ဦးနှင့် တပ်သား ၁ ဦးကို နမ်းခမ်းဆေးရုံသို့ သယ်ဆောင်သွားရာတွင် တပ်ခွဲမှူးမှာ လမ်းမှာပင် သေဆုံးသွားကြောင်းသိရသည်။

မြန်မာ့စစ်တပ်တို့မှာ နမ်းခမ်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

 

TNLA

နမ့်ခန်းမြို့အနီးတွင် မြန်မာ့တပ်မတော်မှ TNLA တပ်မတော်အား ထိုးစစ်ဆင်
———————————————————————————–
၁ ရက် အောက်တိုဘာ ၂၀၁၄

နမ့်ခမ်းမြို့နယ် ပန်ခါးကျေးရွာ အထက်တွင် TNLA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၁၂)နှင့် မြန်မာစစ်တပ် တပ်မ (၈၈)တို့ နေ့လည် ၁၃း၃၀ နာရီမှ စပြီး တိုက်ပွဲဖြစ်ပွားနေသည်။ စက်တင်ဘာလအတွင်း နမ်းခမ်းမြို့နယ်တွင် မြန်မာ့စစ်တပ်များသည် ငြိမ်သက်ခဲ့ရာမှ ယခု အောက်တိုဘာလတွင် တအန်းတပ်မတော်အား ထိုးစစ်ဆင်လာနေခြင်းဖြစ်သည်။

နှစ်ဘက်တပ်တို့၏ ထိခိုက်မှုနှင့် တိုက်ပွဲအသေးစိပ် မသိရှိရသေးပါ၊ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ပစ်ခတ်နေကြဆဲဖြစ်သည့်အတွက် နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်တင်ပြသွားပါမည်။

တပြိုင်တည်းမှာပင် တာမိုးညဲမြို့နယ်ခွဲ၊ ပန်ဖျက်ရွားအနီးတွင်လည်း TNLA / KIA / MNDAA ကိုးကန့်တပ်မတော် ပူးပေါင်းတပ်တို့နှင့် အပြန်အလှန် ပစ်ခတ်နေကြဆဲဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

#Myanmar #Burma # တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကို ဖီဆန်ကြပြီလား

10416776_544705545660569_1573753159_n10705032_544705472327243_1712582354_n10716036_544705518993905_1243814706_n10711286_544705575660566_536177462_n

GOVERNMENT ARMY BUID FENCES  AROUND GRABBED LAND, SO CHILDREN HAVE TO CLIMB THE FENCE TO GO TO SCHOOL DAILY

” တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကို ဖီဆန်ကြပြီလား ”
+++++++++++++++++++++++++++++++++++++
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကို ဖီဆန်ကြတာလား။
ဆင်းရဲသားနင်းပြား တောင်သူလယ်သမားတွေကို လိမ်လည်လှည့်
ဖျားတာလား။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံတောင်သူလယ်သမားများနှင့်
ပြေလည်အောင် ဆွေးနွေးညှိနှိုင်းရန် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များထံ
ညွှန်ကြားထားကြောင်း သိရသော်လည်း၊ ဒေသခံကျေးရွာသူကျေးရွာသားများ
ပိုမိုဒုက္ခရောက်စေရန် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များက တမင်ကြံရွယ်လုပ်
ဆောင်နေသည်မှာ ထင်ရှားလှသည်။
အမှတ်(၁)ခဲယမ်းမီးကျောက်တပ်သည် ပဲခူးမြို့၊ သာယာကုန်းကျေးရွာ
အုပ်စုမှ ကျေးရွာတောင်သူလယ်သမားများပိုင် လယ်ယာမြေဧက(၅၈၀၀)
ကျော်ကို အဓမ္မသိမ်းဆည်းထားပြီးနောက် ပြန်မပေးသေးသည့်အပြင်၊
သုံးမိုင်နီးပါးအရှည်ရှိသည့် အုတ်တံတိုင်းစည်းရိုး ကာရံလိုက်သဖြင့်
ကျေးရွာသူကျေးရွာသားများ အလွန်ဒုက္ခရောက်လျက်ရှိပါသည်။
အုတ်တံတိုင်းစည်းရိုးသည် ကျေးရွာအ၀င်အထွက်လမ်းများအားလုံးကို
ပိတ်ဆို့လိုက်သည်ဖြစ်၍၊ အမျိုးသမီးများနှင့်ကလေးငယ်များသာမက၊
ကျောင်းသူကျောင်းသားများပါ အုတ်တံတိုင်းစည်းရိုးကို ၀ါးလှေကားဖြင့်
ခက်ခက်ခဲခဲ ကျော်ဖြတ်သွားလာနေရပါသည်။ အဆိုပါ ၀ါးလှေကားလေးကိုပင်
မကြာခန လာရောက်ခုတ်ဖြတ် ဖျက်ဆီးလေ့ရှိသေးသည်။
သုံးမိုင်နီးပါးအရှည်ရှိသည့် ထိုအုတ်တံတိုင်းစည်းရိုးကြောင့်
ကျောင်းသားငယ်လေးများသည် အဆိုပါအုတ်တံတိုင်းကို
ခက်ခက်ခဲခဲ ကျော်ဖြတ်ရသည့်အပြင်၊ နှစ်မိုင်နီးပါးဝေးသော
မူလတန်းကျောင်းလေးသို့ နှစ်နာရီကြာမျှ ခြေလျင်လျှောက်၍
နေ့စဉ်ကျောင်းတက်နေရပါသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တာဝန်ရှိသလို
အမြန်ဆုံး အရေးယူဆောင်ရွက်ပေးသင့်ပါသည်။
ကျမတို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂအနေဖြင့်လည်း
သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များထံသို့ မကြာမီတွင် တရားဝင်
တင်ပြတောင်းဆို သွားမည်ဖြစ်ပါသည်။ CR.Su Su Nway

U #YE #HTUT #ကျွန်တော့်အနေနဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်အပြင် နိုင်ငံတော်သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူတာဝန်ကိုလည်း

ကျွန်တော့်အနေနဲ့ ပြည်ထောင်စုဝန်ကြီးတာဝန်အပြင် နိုင်ငံတော်သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူတာဝန်ကိုလည်း ဆက်ပြီး ထမ်းဆောင်မှာဖြစ်ပါတယ်။

သတင်းမေးလိုတဲ့ စာနယ်ဇင်းသမားများအနေနဲ့ လည်းကောင်း၊ Facebook စာမျက် နှာမှာ ရေးမယ့်အစား သီးသန့်စာရေးသားဝေဖန်အကြံပြုလိုသော ပြည်သူများ အနေနဲ့ လည်းကောင်း information@myehtut.com ကို ဆက်သွယ်မေးမြန်း အကြံပြု နိုင်ပါတယ်။ အရင် စာနယ်ဇင်းသမားများသုံးနေတဲ့ ဂျီမေးလ်ကို မသုံးတော့ပါ ဘူး။

Attached File များကို ဖွင့်မှာမဟုတ်တဲ့အတွက် ရေးလိုသောအကြောင်းအရာများကို မေးလ်ထဲမှာ တစ်ပါတည်းရေးသားပေးစေလိုပါတယ်။
########

၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး သတင်းယူမယ့် မီဒီယာများအတွက်
http://www.moi.gov.mm/?q=node%2F3490

Nay Zaw Lin #မလေးရှားနိုင်ငံရောက် မြန်မာများ အတွက် အထူး လိုက်နာ ဆင်ခြင်ရန် သတိပေးချက်များ ….

10462850_741860062522444_5670467482175543424_n

Nay Zaw Lin
မလေးရှားနိုင်ငံရောက် မြန်မာများ အတွက် အထူး လိုက်နာ ဆင်ခြင်ရန်
သတိပေးချက်များ ….

=========================================

မလေးရှားနိုင်ငံရောက် မြန်မာများ အနေဖြင့် မလေးရှားနိုင်ငံအတွင်း နေထိုင်သော
အချိန်တွင် ဘေးရန် အန္တရာယ် ကင်းဝေးစေရန် အတွက် အောက်ပါ သတိပေးချက်
များကို လိုက်နာကြပါရန် အသိပေး တင်ပြလိုက်ပါတယ်။

သတိပြု လိုက်နာ ဆင်ခြင်ရန် – အချက်များ

၁။ အလုပ်ချိန်အတွင်း အဆင်ပြေစွာ စကားပြော ဆက်ဆံ နေထိုင် လုပ်ကိုင်ပါ။

၂။ အပြင်သွားလာသော အချိန်တွင် အထောက် အထားများ စာရွက်စာတမ်းများ
ယူဆောင်သွားလာပါ။

၃။ ပိုက်ဆံအိပ်အတွင်း ပိုက်ဆံအများကြီး မထည့်ပဲ ၊ အခြားနေရာ တစ်ခုခုတွင် ထည့်ပြီး
သွားလာပါ။

၎။ မလေးရှားနိုင်ငံအတွင်း ဖြစ်ပေါ် ပြောင်းလဲနေသော သတင်းများကို အမြဲနားစွင့် နေထိုင်ရန်

၅။ ညပိုင်း အချိန်နှင့် အချိန်မတော် တစ်ယောက်တည်း အပြင်သို့ သွားလာခြင်း ရှောင်ကြည်ရန်

၆။ မြန်မာ မိန်းကလေးများ အပြင်သွားလာသောအချိန်တွင် သနပ်ခါးလိမ်းပြီး သွားလာခြင်း
ရှောင်ကြည်ပါ။ Continue reading “Nay Zaw Lin #မလေးရှားနိုင်ငံရောက် မြန်မာများ အတွက် အထူး လိုက်နာ ဆင်ခြင်ရန် သတိပေးချက်များ ….”