dec.21.204 နှစ်သစ်ကူးရဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လက်ဆောင်
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ်၊နနွင်းဂရက်ကျေးရွာအုပ်စု၊ တောင်ယာကုန်းကျေးရွာ၌ ၂၁ွ.၁၂.၂၀၁၄ရက်နေ့(ယနေ့)ည ၇း၀၀ နာရီတွင် ပုသိမ်မြို့နှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းဖြစ်ပွားနေသည့် စစ်တပ်နှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၊ စီးပွားရေးသမားများ၏ မြေယာသိမ်းဆည်းမှုများတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တာဝန်ခံဖြေရှင်းစေရန် နှင့် အတင်းအဓမ္မမြေသိမ်းဆည်းသူများ ကို အရေးယူဆောင်ရွက်ရန် ဆုတောင်းပွဲ ကျင်းပခဲ့သည်။
ယနေ့သည် ကရင်နှစ်သစ်ကူးနေ့ဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်း ကရင်တိုင်းရင်း သားများ၏ အသက်မွေးဝမ်းကျောင်းပြု ဝမ်းစာရှာမှီးစားသောက်ခြင်းကို လုယူဖျက်ဆီး မှုများ ရပ်တန့်ရန် သိမ်းဆည်းမြေများပြန်လည်ရရှိရေးဦးဆောင်ကော်မတီမှ မြေသိမ်းခံ ရသူများနှင့် ပူးပေါင်းကျင်းပခဲ့သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြေလည်မှုရရှိသည့်အချိန်ထိ တာဝန်ခံဖြေရှင်းမှု မပြုလုပ်နိုင်ပါက ပြင်းထန်သည့် လှုပ်ရှားမှုများကို စဉ်ဆက်မပြတ်ပြုလုပ်မည်ဖြစ်ကြောင်း သစ္စာအဓိဌာန်ပြုခဲ့သည်။
သိမ်းဆည်းမြေယာများပြန်လည်ရရှိရေးဦးဆောင်ကော်မတီ၊
တောင်ယာကုန်းကျေးရွာ၊ နနွင်းဂရက်ကျေးရွာအုပ်စု၊ ကန်ကြီးထောင့်မြို့နယ်၊
ဧရာဝတီတိုင်းဒေသကြီး။ cr. NaingzawKyiWin
December 18
ဝန်ကြီးချုပ် ရဲ့ကတိ ပျက်ယွင်းခဲ့ပါက ပြင်းထန်သည့်လှုပ် ရှားမှုများပြုလုပ်မည့် သိမ်းဆည်းမြေများပြန်လည် ရရှိရေးဦးဆောင်ကော်မတီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းမှ သိမ်းဆည်းမြေယာများကိစ္စကို ၁၆.၁၂.၂၀၁၄ရက်နေ့က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် သိမ်းဆည်းမြေများပြန်လည် ရရှိရေးဦးဆောင်ကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ ကတိကဝတ်များ အာမခံချက်များ တာဝန်ယူမှု တာဝန်ခံမှုများ ထားရှိခဲ့ကြသည်။
ရက်သတ္တပတ် တပတ်အတွင်း ပြေလည်အောင် မ ဖြေရှင်းခဲ့နိုင် ပါက ယခုထက်ပြင်းထန်သည့် လှုပ် ရှားမှုများ အဆက်မပျက်ပြုသွားမည် ဖြစ်ကြောင်း သိမ်းဆည်းမြေများပြန် လည် ရရှိရေးဦးဆောင်ကော်မတီဝင် တဦးဖြစ်သူ ဒေါ်မိုးစန္ဒာမှ ထုတ်ဖော်ပြောကြားခဲ့သည်။ ၁၆.၁၂.၂၀၁၄ရက်နေ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီး ပြန်လည်ထွက်ခွာလာသည့်အချိန်တွင် လည်း တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းကို ယင်းကပင် ဆက်လက်၍ပြောကြားခဲ့ သည်။
ဖုန်း -09250051100
09420214753
0930216823
You must be logged in to post a comment.