FAKE NEWS? BURMA ARMY ?KIA?စက်တင်ဘာလ ၁၁ ရက် ၂၀၁၃

စက်တင်ဘာလ ၁၁ ရက် ၂၀၁၃

KIA တပ်ဖွဲ့ဝင်မှတစ်ဦးပေးပို့သော ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်ဖြစ် ပါတယ် မြန်မာပြည်မြောက်ပိုင်းမှာ ၂၀၁၁ခုနှစ်၊ ဇွန်လလောက်ကစပြီး တပ်မတော်နဲ့ KIA အဖွဲ့တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတယ်။ ဒေသခံတွေ အနေနဲ့လည်း တပ်မတော်စစ်ကြောင်းတွေ ၀င်လာရင် နယ်မြေအခြေအနေတွေမေးလို့ ပြောရဆိုရတာရှိတယ်၊ တစ်ဖက်မှာလဲ KIA ကရွာသားအချို့ကို စစ်တပ်ရဲ့ သတင်း…ပေးလို့စွပ်စွဲပြီး သတ်ဖြတ်တာတွေရှိတယ်။
ဒီပုံကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်တွင်းက KIA တပ်ရင်း(၆)ရှိတဲ့ ကံဆီးကျေးရွာဘက်မှာ အပြစ်မဲ့ ရှမ်းလူမျိုး ရွာသား ၂ ဦးကိုစစ်တပ်ရဲ့ သတင်းပေး လို့ စွပ်စွဲပြီး လူသားချင်းကိုယ်ချင်းစာနာစိတ်ကင်းမဲ့စွာနဲ့ တိရစ္ဆာန်များလို ယခုနှစ်ဇွန်လက ရက်ရက် စက်စက် သတ်ဖြတ်နေတဲ့ပုံပဲဖြစ်ပါတယ်။

Branmon

1239489_544682642270469_577978241_n1238866_544682625603804_1818381239_n1185252_544682615603805_1284045088_n562334_544682612270472_1402617205_n-1

Message of President to the International Day of Democracy

Nay Pyi Taw, 15 Sept

The following is the full text of the message sent by President of the Republic of the Union of Myanmar at the ceremony to mark the International Day of Democracy 2013.

Esteemed National People

On this International Day of Democracy, which falls on 15 September this year, I wish people of Myanmar fully enjoy the essence of democracy while taking part in the mission of further burgeoning democracy and democratic reforms.

In 2007 the 62nd United Nations General Assembly resolved to observe 15 September as the International Day of Democracy in commemoration of democracy and with the purpose of raising the awareness of continuous democracy promotion both at present and in future and also encouraging governments to promote democratic principles and public understanding of democracy.

Democracy is a universal value based on the freely expressed will of all the people and their full participation in their own administrative affairs. It is a principle of living as a whole regardless of locality, race, origin, religion, rank, status, culture, gender and wealth.

Democratization is no easy task, and democracy is not an all-perfect system. Democracy has no end goal. Continuous efforts to meet the changes as well as mutual respect and amicable settlements are its requirements.

Myanmar is among the countries with resolve towards democratization, and her people are making bold steps in building a modern democratic nation. From political and economic reforms to peace, nation-building and national integration, we are reshaping our society and raising democracy values. In democracy not only the governments have decision making power. The people themselves participate equally in choosing the administrative system and values they aspire. As our political transition is from centralized system to democracy governance the responsibility of shaping our own democracy culture in our own way falls on every one of us.

To be able to hear people’s voices and make self-determination over administrative machinery, the International Day of Democracy for 2013 is observed with the theme “Strengthening Voices for Democracy”. And the initial steps have already been taken for the Myanmar people to be able to enjoy more rights, to have their say in public affairs management as well as in the political decision making  process.

Although they have been able to express their wishes, they must stay away from harming others’ rights and  hate speech. If we want a burgeoning democracy, we must strike a balance between accountability, transparency and freedom that shape a human society.

Depending on historical background of a nation and its lifestyles, traditions and customs, values, political parties, political, economic and social organizations and the entire people or all the stakeholders in shaping democracy, democracy evolves through different approaches and ways. Anyhow mindset maturity, vision, discipline and democracy are indivisible. Myanmar is now facing a series of uncertainties, challenges and obstacles in its unprecedented transition to democracy. We are going to overcome those challenges through goodwill, with active participation of the government, the parliaments, political forces, civil societies, the Armed Forces and the people as the basic strength.

The current conflicts and hardships are just the unavoidable challenges in democratization, and such challenges often bring with them opportunities. Making better use of the opportunities those challenges are to be surmounted.

On this occasion of the International Day  of Democracy, I would like to urge you all to respect different voices, to participate in revealing discussions, persuasive talks and negotiations and to strengthen public voices for flourishing of democracy.

1208914_363913427072758_507006163_n

 

U WIRA THU: “ဦးဝီရသူ – ရေဘေးဒုက္ခသည်များထံ သွားရောက်အားပေး”

“ဦးဝီရသူ – ရေဘေးဒုက္ခသည်များထံ သွားရောက်အားပေး”
*****************************************
15.9.2013 ညနေ၊ 4:00 ၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ကာ ထိုမှတစ်ဆင့် နွားဘေးမဲ့ဝင်းအတွင်း ပြောင်းရွှေ့နေထိုင်ကြသော ရေဘေးသင့်ပြည်သူများအား နှစ်သိမ့်အားပေး ခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်တွင် ဧရာဝတီ မြစ်ရေလျှံမှုကြောင့် နံ့သာရပ်ကွက်၊ ဈေးတန်းရပ်ကွက်၊ တောင်ဥယျာဉ်ရပ်ကွက်၊ မြောက်ဥယျာဉ်ရပ်ကွက်၊ စုစုပေါင်း ရပ်ကွက် (၄)ခုမှ ပြည်သူများ ပြောင်းရွှေ့နေကြရကြောင်း၊ ဒုက္ခသည်စခန်း သုံးခုဖွင့်ထားရာ နွားဘေးမဲ့ဝင်းအတွင်းရှိ စခန်းတစ်ခုသာ သွားလာ၍ လွယ်ကူကြောင်း၊ ကျန်နှစ်ခုမှာ ရေပတ်လည်ဝိုင်းနေ၍ သွားလာ၍ မလွယ်ကူကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများအား မစိုးရိမ်တိုက်ဟောင်း၊ နိရုတ္တိနယူပဒေသကျောင်း နာယက ဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသ အမှူးပြုသော ၉၆၉ – ဝံသာနုလူငယ်များက ဆန် (၂၈)အိတ်၊ ပဲ တစ်အိတ်၊ ဆီ တစ်ပုံး၊ ခေါက်ဆွဲ တစ်ဖာ၊ ဦးဝီရသူက ဆန် သုံးအိတ် လှူဒါန်းခဲ့ကြောင်း သိရသည်။
စုစုပေါင်း အိမ်ခြေ နှစ်ရာကျော်၊ မိသားစု (၂၃ဝ)ကျော်၊ လူဦးရေ နှစ်ထောင်ကျော်ရှိရာ မိုးဆက်တိုက်ရွာမှုကြောင့် ဒုက္ခသည်များ ဆက်လက်တိုးပွားလာနိုင်သေးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက ပြောပါသည်။
၉၆၉ – ဝံသာနုလူငယ်အဖွဲ့သည် ရေဘေးရှောင် ပြည်သူများအား ဆက်လက်လှူဒါန်းမည်ဖြစ်ရာ လှူဒါန်းလိုပါက အောက်ပါ ဖုန်းများသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဦးဣန္ဒာစက္ကာဘိဝံသ – 09.33042734
ကိုပြည့် – 09-444019751- 09-444019751- 09-444019751- 09-444019751

 

533761_326737734136408_1348837206_n644251_326738064136375_528891974_n1240189_326738364136345_125520098_n1235894_326738674136314_259959925_n1231387_326738650802983_1212265357_n1236887_326737850803063_1128459085_n

U WIRA THU : “သင်္ကန်းဖြူစာတမ်း (၂)”(ဒီစာတမ်းလေးကို 19.6.2007 မှာစရေးပြီး 25.6.2007 မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။

“သင်္ကန်းဖြူစာတမ်း (၂)”
^^^^^^^^^^^^^
1003916_326735517469963_462568100_n
(ဒီစာတမ်းလေးကို 19.6.2007 မှာစရေးပြီး 25.6.2007 မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။
ထောင်ထဲမှာပိတ်ဖြူဝတ်ဘဝနှင့်ရေးခဲ့ရတာမို့ သင်္ကန်းဖြူစာတမ်းလို့ အမည်ပေးထားတာပါ။ စရေးတုန်းက ထောင်မှလွတ်ရင် ကိုယ်တိုင်ဆင်နွှဲဖို့ ရည်ရွယ်ထားတဲ့ သဘောလောက်သာဖြစ်ပြီး ပြည်သူလူထုကို ချပြဖို့ မရည်ရွယ်ခဲ့ပါဘူး။
ဒီစာတမ်းကို နိုင်/ကျဉ်းတွေ ဖတ်ကြည့်မိတဲ့အခါ အသက်နှင့်လဲ စောင့်ရှောက်နေမယ့် စာမူဆိုပြီး ပိတ်ဖြူပေါ် ပြန်ကူးရေးပြီး-အပြင်ခိုးထုတ်ပေးပါတယ်။ ထိုမှတစ်ဆင့် မဲဆောက်ရောက်သွားပါတယ်။ ဘယ်သူတွေက ဘယ်လိုအသုံးပြုတယ် (လုပ်စားတယ်) ဆိုတာတော့ ခုထိမသိရပါဘူး။
ဒါပေမဲ့ ဒီစာတမ်းလေးဟာ ရွှေဝါရောင်တော်လှန်ရေး အတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုခဲ့ကြောင်းကိုတော့ ဆက်လက်ရှုစားက သိသာနိုင်ပါတယ်။
ရွှေဝါရောင် အထိမ်းအမှတ်အဖြစ် ဆက်လက်တင်ပြသွားပါ့မယ်။)
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
သာသနာဖျက် န.အ.ဖ.။ ။ န.အ.ဖ အစိုးရသည် လူထုအပေါ် သြဇာညောင်းသော သံဃာတော် များကိုလည်း ပစ်မှတ်ထား၍ ဖျက်ဆီးခဲ့၏။ ပထမပြန်စာမေးပွဲများကို နှစ်စဉ်မေးခွန်းပေါက်ကြားအောင် လုပ်ခြင်း၊ ဗဟိုစစ်အဆင့်မှ တိုင်းစစ်အဆင့်သို့ လျှော့ချပစ်ခြင်း၊ ဓမ္မာစရိယစာဖြေဌာနများကို ခရိုင်အဆင့်များသို့ ပြောင်းရွှေ့၍ လူစုခွဲပစ်လိုက်ခြင်းဖြင့် ရဟန်းပျို စာသင်သံဃာများ ပညာရည်နိမ့်အောင် ဖျက်ဆီးခဲ့သည်။
ဆရာတော် သမားတော်ကြီးများကိုလည်း ဘွဲ့တံဆိပ်များဖြင့် ဖျက်ဆီးခြင်း၊ TV၊ Video၊ မော်တော်ကား၊ ပါမစ်၊ တယ်လီဖုန်း၊ ကျောင်းစသည့် ပစ္စည်းလာဘ်လာဘများ အခွင့်အရေးများဖြင့် အကျင့်ပျက်အောင် ဖျက်ဆီးပစ်ခဲ့၏။
ထို့သို့မျှ မပျက်ဆီးသေး၊ မငြိမ်သေးသော ဆရာတော် သံဃာတော်များကို သင်္ကန်းချွတ်၊ လူဝတ်လဲ၊ ညှဉ်းပန်းနှိပ်စက်ပြီး ထောင်သွင်းအကျဉ်းချ၏။
ခေတ်အဆက်ဆက် အစိုးရများအနက် န-အ-ဖ အစိုးရသည် ရဟန်းသံဃာများကို ထောင်ချရာ၌ သရဖူဆောင်းသော အစိုးရဖြစ်၏။ န-အ-ဖ အစိုးရလက်ထက်၌ အဖမ်းခံရသော ဘုန်းကြီး၊ စစ်သား၊ နိုင်ငံရေးသမားများသည် မဆလ လက်ထက်ထက် အဆရာထောင်ချီ၍ များပြား၏။ ဘုန်းကြီးများကို ဖမ်းရာ၌ လက်ရဲသော၊ စစ်သားများကို ဖမ်းရာ၌ ရက်ရောသော၊ နိုင်ငံရေးသမားများကို ဖမ်းရာ၌ အတိုင်းအဆမရှိသော သာသနာဖျက်အစိုးရဖြစ်၏။ ဇာတ်တူသားစားသည့် ဘီးလူးအစိုးရဖြစ်၏။ ပြည့်မျက်လုံး၊ ပြည်လက်ရုံး၊ ပြည်နှလုံးကို ဖျက်ဆီးနေသော ပရမ်းပတာအစိုးရဖြစ်၏။
ထို့အပြင် တုတ်ဓားလက်နက်ဟူ၍ တစ်ခုမျှ မကိုင်သော သပိတ်ပိုက် ကလောင်ကိုင် သံဃာတော်များ ကို ပစ်ခတ်သတ်ဖြတ်ရာ၌ သွေးယဉ်နေသော အစိုးရဖြစ်၏။
နှစ်ဖက်ချွန်ဝါဒီ န.အ.ဖ။ ။ ပြည်တွင်ပြည်ပကို ဆက်ဆံရာ၌ န.အ.ဖသည် နှစ်ဖက်ချွန်ဝါဒကို ကျင့်သုံး ၏။ နိုင်ငံတကာဆက်ဆံရေး၌ မာယာဖြင့် လှည့်စား၍ အနိုင်ယူ၏။ NLD နှင့် အန်တုသူများအပေါ်၌ ရက်စက်ကြမ်းကြုတ်သည့် ဗျူဟာကို ကျင့်သုံး၏။ သူ့ထက်ကြမ်းသူနှင့်တွေ့လျှင်နုပြီး သူ့အောက်နုသူများ အပေါ်၌ ကြမ်း၏။ ကျားကိုမမာယာသုံး၍ မကိုကျားလို ရဲရင့်ပြတတ်၏။ ထို့ကြောင့် ကမ္ဘာနှင့်ဆက်ဆံရာ၌ ဘိန်း ကင်းစင်အောင် လုပ်ဆောင်ပြ၏။ ၁၇-ဖွဲ့ကိုလက်ညှိုးထိုးပြ၏။ ညီလာခံကြီးကို လက်ညှိုးထိုးပြ၏။
သတင်းစာရှင်းလင်းပွဲတွေမှာ လိမ်ညာထုတ်ပြန်၏။ သံချောင်းကိစ္စလိမ်သည်။ တပ်မဟာ(၇) ကိစ္စလိမ် သည်။ သက်ဝင်းအောင်ကိစ္စလိမ်သည်။ AAPP ကိစ္စ အကျဉ်းသားတွေကို ရေဒီယို နားထောင်ခွင့်ပေးထား ကြောင်း၊ TV တွေ တပ်ဆင်ပေးထားကြောင်း၊ ရေလောင်းအိမ်သာ လုပ်ပေးထားကြောင်း၊ သောက်ရေသန့်စက်ရုံ တည်ပေးထားကြောင်း၊ ကိုလိုနီခေတ်ကလို အကျဉ်းသားများအပေါ် ညှဉ်းပန်းနှိပ်စက်မှု မရှိကြောင်း၊ လိမ်ညာ၏။ လက်ရှိ အုပ်ချုပ်နေသော စစ်ဘက်အရာရှိများကို ဖြုတ်ကာ အောက်ခြေအဆင့်မှစတင်၍ အရပ်ဘက်အစိုးရ ဖြစ်အောင် စတင်ပြုပြင်ပြောင်းလဲနေပါပြီဟု နိုင်ငံတကာကို လိမ်ညာပြီး စစ်ဘက်အရှာရှိ (၁၅၀၀) ကို ဘောင်းဘီချွတ် အရပ်ဝတ်လဲကာ တစ်ဘက်လှည့်ဖြင့် မယက ခယက နေရာ၌ ခန့်ထားလိုက်၏။ ဤသည်မှာ လက်နက်ကိုင် ယောကျာ်းသားကြီးများဖြစ်လျက် နိုင်ငံတကာနှင့် ဆက်ဆံရာ၌ မိန်းမပျက်တစ်ယောက်လို မာယာသုံး ဖြေရှင်းနည်းများဖြစ်၏။ အနုဝါဒကျင့်သုံးပုံဖြစ်၏။
ပတ္တနိက္ကုဇ္ဇန (သပိတ်မှောက်) အရေးအခင်း၌ တိပိဋကဆရာတော်ကြီးကိုတောင် မချန်ဘဲ သင်္ကန်းချွတ် ထောင်ချ၏။ သံဃာငယ်တွေကို ရဲဘက်ပို့ပြီး အလုပ်ကြမ်းခိုင်း၍ သတ်၏။ သံဃာအများအပြားသေ၏။ ကျောင်းတိုက်တွေကို သူပုန်စခန်းတစ်ခုလို ဝင်စီး၏။ TV မှာ သံဃာထုကို အရှက်ခွဲ၏။ လူထုအကြည်ညို ပျက်အောင်လုပ်၏။ ဒီပဲယင်းအရေးမှာ စစ်တပ်က သင်္ကန်ဝတ်၍ သံဃာယောင်ဆောင်ပြီး ဝင်ရိုက်၏။ အကြမ်းဖက်လုပ်ကြံ၏။ ဝီရသူ-အရေးခင်းမှာ ငြိမ်းချမ်းစွာ တောင်းဆိုသော သံဃာထုကို သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်၏။ စစ်အုပ်ချုပ်ရေးသည် ကြမ်း၏။ စစ်အုပ်ချုပ်ရေးသည် ရိုင်း၏။ စစ်တပ်မှာ ဘာသာတရားမရှိ၊ သူတို့ကိုးကွယ်သော ကျောက်တော်ကြီးဘုရားက နိုင်ငံရေးတရားဟောလျှင်လည်း ထိုဘုရားကို မြစ်ထဲပစ်ချမည့် အစိုးရဖြစ်၏။ ဤသည်မှာ လူထု သံဃာထုကို ဆက်ဆံရာ၌ လက်ညှိုးကွေးခြင်း၊ အမိန့်ပေးခြင်း၊ လက်ထိပ်ခတ်ခြင်း၊ ဗျူဟာကို သုံးလေ့ရှိသော သူရဲကောင်းကြီးများ၏ ရက်စက်ကြမ်းကြုတ်ပုံဖြစ်၏။ အကြမ်းဝါဒကျင့်သုံးပုံဖြစ်၏။ ထို့ကြောင် န.အ.ဖ အစိုးရကို နှစ်ဖက်ချွန်ဝါဒီ (နှစ်ဖက်ချွန်ဝါဒကို ကျင့်သုံးသူ) ဟု ဆိုရခြင်းဖြစ်၏။ Continue reading “U WIRA THU : “သင်္ကန်းဖြူစာတမ်း (၂)”(ဒီစာတမ်းလေးကို 19.6.2007 မှာစရေးပြီး 25.6.2007 မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။”

တရားမ၀င် မြန်မာအလုပ်သမား ၂၈ ဦးပါ စက်လှေ မှောက်

581840_554429314625396_52341582_n-1
တရားမ၀င် မြန်မာအလုပ်သမား ၂၈ ဦးပါ စက်လှေ မှောက်
=================================
Monday, September 16, 2013

ထိုင်းနိုင်ငံတောင်ပိုင်း ရေပိုင်နက်မှာ စက်တင်ဘာ ၁၂ ရက်နေ့မွန်းလွဲပိုင်းက မြန်မာအလုပ်သမား ၂၈ ဦးတင်ဆောင်ထားတဲ့ စက်လှေတစီးတိမ်းမှောက်မှုဖြစ်ပွားပြီး အားလုံးကို ကယ်တင်နိုင်တယ်လို့ ထိုင်းနိုင်ငံ ထုတ် မန်နေဂျာအွန်လိုင်းသတင်း ဖော်ပြပါတယ်။

အဲဒီစက်လှေဟာ ထိုင်းတောင်ပိုင်း ရနောင်းခရိုင် ကော့ဖယမ်းကျွန်းအနီးက အန်ဒါမန်ပင်လယ်ပြင်ထဲမှာ နစ်မြုပ်တာဖြစ်ပြီး တချို့က ဖယမ်းကျွန်းရှိရာကို ကူးခတ်ခဲ့သလို အချို့ကိုလည်း ထိုင်းကယ်ဆယ်ရေးလုပ်သားတွေ က ရေထဲကနေ ကယ်ဆယ်ခဲ့ပါတယ်။

ဒဏ်ရာရသူတွေကို ကော့ဖယမ်းရွာသားတွေက ရှေးဦးသူနာပြုစုပေးပြီး ထိုင်းတာဝန်ရှိသူတွေက မေးမြန်းစစ်ဆေးရာမှာ သက်သေ အထောက်အ ထား မရှိတဲ့ အတွက် ရနောင်းမြစ်ဝ ရဲစခန်း မှာ ခေါ်ဆောင်ထားပြီး တရားမ၀င် ၀င်ရောက်မှုနဲ့ အရေးယူဖို့ ပြင်ဆင်နေပါတယ်။

အဖမ်းခံထားရသူတွေထဲမှာ မောင်လေးဖြစ်သူ ပါသွားတဲ့ ရနောင်းက အလုပ်သမားရဲ့ ပြောပြချက်အရ သူ့မောင်လေးနဲ့ သူငယ်ချင်းတွေ ဟာ မြန်မာပြည်ဘက်ခြမ်းကို ပြန်သွားပြီး ကော့သောင်းကနေ ဖန်ငါးခရိုင် တကော့ပါးမြို့ နယ်ကို သွားဖို့ ဖြစ်ကြောင်း ၊ လှေစီးခ တဦးကို ဘတ် ၅၀၀ ပေးရကြောင်း ၊ လမ်းမှာလှေမှောက်တဲ့အတွက် အ၀တ်အစား၊ အသုံးအဆောင်ပစ္စည်း ခ၇ီးဆောင် အိတ်တွေအားလုံး မှောက်သွား တဲ့လှေနဲ့အတူ ဆုံးရှုံးခဲ့ကြောင်း ၊ ကော့ဖယမ်းကျွန်းကို ကူးခတ်အလာ ခရုနဲ့ ကျောက်ဆောင်တွေနဲ့ နင်းမိပွတ်မိပြီး ခြေဖ၀ါးနဲ့ ခြေတောက်တွေမှာ ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေကို ပြောဆိုချက်တွေကို ကိုးကားရေးသားထားပါတယ်။

(ဒီဗွီဘီ)

မေလ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး အစိုးရနှင့် ကေအိုင်အို တိုက်ပွဲ ၂၀ ကြိမ်ကျော်ပြန်လည်ဖြစ်ပွား

မေလ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး အစိုးရနှင့် ကေအိုင်အို တိုက်ပွဲ ၂၀ ကြိမ်ကျော်ပြန်လည်ဖြစ်ပွား

16 sept 2013 post by Kachinwave News

မြစ်ကြီးနားတွင်ကျင်းပခဲ့သော ဆွေးနွေးပွဲမှ စတင်ပြီးယခုအချိန်ထိ အစိုးရတပ်မတော်နှင့် ကေအိုင်အိုတို့ တိုက်ပွဲ အကြိမ်ပေါင်း ၂၀ ကြိမ် ကျော်ပြန်လည်ဖြစ်ပွားနေပြီးဖြစ်ကြောင်း ကေအိုင်အေ ဗိုလ်မှူးကြီး တစ်ဦးကပြောသည်။

မြစ်ကြီးနားတွင်ကျင်းပခဲ့သော ဆွေးနွေးပွဲ သဘောတူညီချက်တွင် နှစ်ဖက်အဖွဲ့မှ အပြစ်အခတ်လျှော့ချသွားမည်ဆိုသည့် အချက်ပါရှိသည်။

`သြဂုတ်လနှင့်ဒီလအတွင်းတိုက်ပွဲပြန်ဖြစ်တာ အကြိမ် ၂၀ ကျော်ရှိပြီ။ အခုလည်း အစိုးရဘက် စစ်အင်းအား ပြန်တိုးချနေတယ်။ ဒီအတိုင်းပဲဆိုရင်တော့ တိုက်ပွဲက ပိုပြီးပြင်းထန်လာမှာပဲ။´ဟုကေအိုင်အေ ဗိုလ်မှူးကြီး ကဆိုသည်။

ကချင်ပြည်နယ် ပန်ဝါအနီးတ၀ှိက်၊ မချန်ဘော့မြို့နယ်အင်ခါးကျေးရွာအနီး တ၀ှိက်နှင့် မန်စီမြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။မန်စီမြို့နယ်ရှိ နမ်လင်းပါကျေးရွာအနီးတ၀ိုက်တွင် ယခုချိန်အထိ တိုက်ပွဲပြင်းထန်လျှက်ရှိသည်။

`နိုင်ငံတော်သမ္မတက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ဆဲဖို့ပြောနေချိန်မှာ အခုလိုတိုက်ပွဲဖြစ်နေဆဲ ဖြစ်နေတာဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ဆဲဖို့ကို မလိုလားတဲ့သူတွေလဲရှိတယ်လို့ယူဆတယ်။ ပြီးတော့ စစ်တပ်က ငြိမ်းချမ်းရေးလမ်းစဉ်(peace process) မှာမပါဝင်ဘူးလို့ မြင်တယ်။´ဟု ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ဒေါ်ခေါန်ဂျာမှဆိုသည်။

ယခုကဲ့တိုက်ပွဲဖြစ်နေရခြင်းမှာ တရုတ် နယ်စပ် ၀င်ထွက် ဂိတ်များနှင့်လည်း သက်ဆိုင်မည်ဟုယူဆကြောင်း၎င်းမှဆက်လက်ဆိုသည်။

အစိုးရမှ လာမည့်အောက်တိုဘာလတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်ဆဲရေးလက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ပြောနေချိန်ဖြစ်သည်။

970711_522416971171840_1509041325_n

KACHIN ARMY

Myanmar to upgrade Muse border point as int’l gateway

Sept. 15 (Xinhua) — Myanmar is planning to upgrade and open the existing Muse border point with China’s Ruili as an international entry and exit gate as the second phase of boosting tourism following those with Thailand, Myanmar Minister of Immigration and Population U Khin Yi told Xinhua at a press conference here Sunday.

“It can be possible within two to three months ,” Khin Yi said.

Foreign visitors holding valid passport and visa will be allowed to enter and exit Myanmar through the Muse gate like Yangon, Mandalay and Nay Pyi Taw international airports, he said.

Previously, Muse border point stands as a gate for foreign visitors to enter across border and exit from the same point holding temporary border pass. The same applies to Myanmar citizens.

As the first phase of transforming border gates into international entry and exit gates, Myanmar opened on Aug. 28 four entry and exit gates on the Myanmar-Thai border, namely Tachileik- Maesai, Myawaddy-Maesot, Tiki-Sunarong and Kawthoung-Ranong. There are 16 border points of Myanmar with neighboring countries.

Myanmar grants different categories of visa, namely Entry Visa, Diplomatic Visa, Gratis Official Courtesy Visa, Tourist Visa, Business visa, Transit Visa and Multiple Journey Special Re-entry Visa.

In 2012, the number of tourist arrival reached 1.02 million, an increase of 200,000 compared with 2011’s 820,000 due to the significant changes in Myanmar during the year. Myanmar targets 2 million in 2013 and up to 3 million in 2014.

It is assumed possible that many foreign visitors would visit Myanmar to attend the 27th Southeast Asian Games at the end of this year and the ASEAN Summit and other related summits next year.

 Moreover, Myanmar authorities have also granted visa-on-arrival for visitors from 48 countries. Foreign investment in the hotels and tourist sector amounted to 1.585 billion U.S. dollars, standing the fifth largest sector in foreign investment as of July 2013, according to official statistics.
 myanmar china  border