Former U.S. President Jimmy Carter and two other members of The Elders – and independent group of global leaders – are on a three day visit to Myanmar to support peace efforts.
Jimmy Carter, 88, along with Martti Ahtisaari, former President of Finland, and Norwegian Prime Minister Gro Harlem Brundtland, arrived in Myanmar on September 24.
Their visit is aimed at supporting Myanmar’s democratic transition, encouraging the government’s peace efforts to end decades of civil war and to help to achieve national reconciliation.
The three members of The Elders plan to meet with senior Myanmar officials, political figures, religious leaders and civic organisations during their trip and hope to lay the foundations for a more sustained engagement by the group.
“ ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့ (The Elders)မှ အဖွဲ့ဝင်
(၃)ဦးနှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ
၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်တို့ တွေ့ဆုံဆွေးနွေး ”
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကူးပြောင်းရေး လုပ်ငန်းစဉ်များကို
ကူညီရန် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ရောက်ရှိနေကြသော ကမ္ဘာ့
ခေါင်းဆောင်ဟောင်းများအဖွဲ့ (The Elders)မှ အဖွဲ့ဝင်များဖြစ်
ကြသည့် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ၊ နော်ဝေနိုင်ငံ
ဝန်ကြီးချုပ်ဟောင်း ဂရို ဟာလမ် ဘရန့်တ်လန်း၊ ဖင်လန်သမ္မတ
ဟောင်း မာတီ အာတီဆာရီ တို့(၃)ဦးသည် ယနေ့ (စက်တာင်ဘာလ၊
၂၅ ရက်) နံနက် ၁၁း၁၅ နာရီက ရန်ကုန်မြို့ကမ်းနားလမ်းရှိ
The Strand Hotel ၌ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း
လူ့အဖွဲ့အစည်း)မှ ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်နှင့် ၄၅
မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် –
– ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားမှ
ချမှတ်ခဲ့သည့်လုပ်ငန်းစဉ်(၃)ရပ်ကို မည်ကဲ့သို့ အကောင်အထည်
ဖော်ဆောင်ရေးဆိုသည်ကို အဓိကထားဆွေးနွေးခဲ့ကြကာ၊
– မကြာမီရက်ပိုင်းက ကျင်းပပြီးစီးခဲ့သော ရှမ်းပြည်နယ် တောင်ကြီး
မြို့၌ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း
ဆွေးနွေးပွဲမှ ချမှတ်ခဲ့သော လုပ်ငန်းစဉ်များနှင့်ငွေရတုလုပ်ငန်းစဉ်
(၃)ရပ်တို့မှာ ကွဲပြာခြားနားမှုမရှိဘဲ တူညီကြသည်ကိုလည်းကောင်း၊
– အားလုံးကျယ်ပြန့်စွာပါဝင်သော နိုင်ငံရေးဖြစ်စဉ်(ညီလာခံ) ဖြစ်ရန်
အစိုးရအဖွဲ့၊ လွှတ်တော်၊ လွှတ်တော်ပြင်ပတိုင်းရင်းသားအင်အား
စုများ၊ လူမှု အခြေပြု အဖွဲ့အစည်းများ၊ အားလုံးသဘောတူသည့်
လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရန် လိုအပ်သည်ကိုလည်းကောင်း၊
– ဒီမိုကရေစီအရေးနှင့်အတူ တိုင်းရင်းသားအရေးကိုပါ တပြိုင်နက်
ဖြေရှင်းရန် လိုအပ်သည်ကို လည်းကောင်း၊
– ပြည်တွင်းပဋိပက္ခများတွင် ပြည်တွင်းပြည်ပမှနေ၍ ပုံကြီးမချဲ့ရန်
လိုအပ်သည်ကိုလည်းကောင်း၊
– ဒေသတွင်းနှင့် မိတ်ဆွေနိုင်ငံများ၏ ဝင်ရောက်ကူညီဖြေရှင်းမှုမျိုးကို
လက်ခံနိုင်သော်လည်း ဘာသာရေးခေါင်းစဉ် တစ်ခုခုခေါင်းစဉ်တပ်ကာ
ဖိအားပေးခြင်းမျိုး မပြုလုပ်ကြရန် လိုအပ်သည်ကို လည်းကောင်း၊
– ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား မည်သို့ကူညီရမည်လဲ ဆိုလျှင်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် ပန်းတိုင်မဟုတ်ဘဲ မိုင်တိုင်တစ်ခု
အဖြစ်သာ ဖြတ်သန်းသွားခြင်း ဖြစ်သည်ကို လည်းကောင်း၊
– ရွေးကောက်ပွဲ တရားမျှတရန်နှင့်သန့်ရှင်းရေးသည် အရေးကြီးသည့်
အတွက် ရွေးကောက်ပွဲစောင့်ကြည့်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများကို
မဲပေးပုံနည်းစနစ်များ ပညာပေးရန်လိုအပ်သည်တို့ကို လည်းကောင်း၊
ဆွေးနွေးခဲ့ကြသည်။ Continue reading “The Elders visit Myanmar- “ ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့ (The Elders)မှ အဖွဲ့ဝင်”
You must be logged in to post a comment.