ဒီကေဘီအေ ကို ထိုးစစ်ဆင်မှုအပေါ် သူတို့ အမြင်
……………………………………………………………………………..
ဇူလိုင် ၂၀‚ ၂၀၁၅
ဇူလိုင်လ အစောပိုင်း ၂ ရက်နေ့ကနေ ကနေအချိန်အထိ အစိုးရပ်ဖက်မှ လက်နက်ကြီး ပုံမှန် လှမ်းပစ်နေသည့်သာ မက စခန်းအထိ လိုက်လာ ပစ်ခတ်နေသည့် အနေအထားရှိသိအပေါ် ကေအဲန်ယူ စစ်တပ်ပိုင်း ဆိုရင် ဖြစ်တဲ့ ကေအဲန်အဲလ်အေ နှင့် ကေအဲန်ဒီအို တပ်မှုးတပ်ဗိုလ် တချို့ သံသယ ရှိသည်ဟုသိရသည်။
အရင်ဗိုလ်ချုပ် မြ ရှိနေချိန်တုန်းက အပစ်ခတ်ရပ်ဆဲရေး တရပ် လုပ်ထား သော်လည်း စစ်တပ်ဖက်မှ အခွင့်ကောင်းယူပြီး ကရင်ပြည်နယ် ဘက်မှ အလျင်အမြန် ရိက္ခာ နှင့် လက်နက် ကရိယာ များ ပို့ချ၍ ကေအဲန်ယူ တပ်မဟာ ၅ ဘက်မှ စတင်ပစ်ခတ်ခဲ့ပြီး။ တပ်မတော်ဘက် အပစ်အခတ်ရပ် ဆဲရေး ကို ဖျက်ကာ ပစ်ခတ်ခြင်းများ စတင်ဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၁၀ လအစောပိုင်းမှာ ပဏာမ အပစ်အခတ်ရပ်ဆဲရေး တရပ် ပြန်လည် ရခဲ့သည်။
၎င်း ဒီကေဘီအေ နှင့် တပ်မတော် ပစ်ခတ်မှုအပေါ် နယ်ဒါးမြက ” တကယ်လို့ ဗမာအစိုးရက ငြိမ်းချမ်းရေးကို တန်ဘိုးထားတယ် ငြိမ်းချမ်းရေး ကို တကယ်လိုချင်တယ် ဆိုရင် အစောကတည်းက ငြိမ်းချမ်းတဲ့ နည်းကို ဖြေရှင်းလို့ ရတာဘဲ။ လက်နက် နဲ့ ဖြေရှင်းပြီး လမ်းရှင်းလင်း မှုအပေါ် ပစ်ခတ်မှု ထိုးစစ်ဆင်မှုများ လုပ်တော့ ဒါကို သူတို့ ဘက်က အပစ်အခတ်ရပ်ဆဲရေး ကို ဖျက်ချင်တဲ့ သဘောရှိတယ်လို့ ” သူက ပြောသည်။
ဒီကေဘီအေ သည် ၁၉၉၅ ကနေ ကေအဲန်ယူ နှင့် ခွဲထွက်ပြီး အစိုးရ နဲ့ ငြိမ်းချမ်းရေး ပြန်လည်ပူးပေါ်လာတာ ၂၀၁၀ မှ နယ်ခြားစောင့် အဖြစ် ပြန်လည် ပြောင်းလဲ ပေးလာသည့်အပေါ် လက်မခံတဲ့ အတွက် တင်းမာ မှုများ စတင်ဖြစ်ကာ ဗိုလ်ချုပ် စောလားပွယ် ဦးစီးသော ဒီကေဘီအေ တပ်ရင်း တရင်းထဲသာ ပြန်လည်ငြင်းဆိုပြီး ပစ်ခတ်မှုများ စတင်ဖြစ်ခဲ့သည်။ Continue reading “#ဒီကေဘီအေ #ကို ထိုးစစ်ဆင်မှုအပေါ် #သူတို့ #အမြင်”
Tag: DKBA
!!! #DKBA #ကလိုထူးဘော #စစ်ဌာနချုပ် #ရက်စွဲ – ၄.၃.၂၀၁၅
DKBA ကလိုထူးဘော စစ်ဌာနချုပ်
ရက်စွဲ – ၄.၃.၂၀၁၅
အများသိစေရန်ကြေငြာချက်
လက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတို့ ၏ တောင်းဆိုဆန္ဒပြမှုများအပေါ် သွေးထွက်သံယိုနည်းလမ်းဖြင့် ဖြေရှင်းခြင်း။ ။
အမျိုးသားပညာရေးဥပဒေကိစ္စနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်နေကြသော ကျောင်းသားသပိတ် စစ်ကြောင်းများကို တားဆီးပိတ်ပင်နေသော ရဲတပ်ဖွဲ့ များမှ ကျောင်းသားလူငယ်များအား သွေးထွက်သံယိုမှု တစုံတရာ ဖြစ်ပေါ်စေပါက မိမိတို့ တပ်ဖွဲ့ မှလည်း နီးစပ်ရာ အုပ်ချုပ်ရေးမဏ္ဍိုင် အထောက်အကူပြု ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် ရဲတပ်ဖွဲ့ စခန်းများအား (မွန်ပြည်နယ်-ကရင်ပြည်နယ်) ၀င်ရောက်တိုက်ခိုက်မှု ပြုလုပ်ပြီး ကျောင်းသားလူငယ်များကိုယ်စား တုန့် ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိကြစေရန် ကြေငြာအပ်ပါသည်။
ပုံ
ဗိုလ်မှူးကြီးစောဆန်းအောင်
#MYANMAR #breakingnews #ကျောင်းသားသပိတ်ချီတက်မှုကို #ဒီမိုကရေစီပညာရေးလှုပ်ရှားမှု(ရန်ကုန်) #clip
ရဲလုံခြုံရေး ကားများကို မြို့ တော်ခန်းမအနီးတွေ့ ရစဉ် 4.3.2015.5း15pm
DKBA ကလိုထူးဘော စစ်ဌာနချုပ်
ရက်စွဲ – ၄.၃.၂၀၁၅
အများသိစေရန်ကြေငြာချက်
လက်ရှိ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတို့ ၏ တောင်းဆိုဆန္ဒပြမှုများအပေါ် သွေးထွက်သံယိုနည်းလမ်းဖြင့် ဖြေရှင်းခြင်း။ ။
အမျိုးသားပညာရေးဥပဒေကိစ္စနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်နေကြသော ကျောင်းသားသပိတ် စစ်ကြောင်းများကို တားဆီးပိတ်ပင်နေသော ရဲတပ်ဖွဲ့ များမှ ကျောင်းသားလူငယ်များအား သွေးထွက်သံယိုမှု တစုံတရာ ဖြစ်ပေါ်စေပါက မိမိတို့ တပ်ဖွဲ့ မှလည်း နီးစပ်ရာ အုပ်ချုပ်ရေးမဏ္ဍိုင် အထောက်အကူပြု ပြည်ထဲရေးဝန်ကြီးဌာန လက်အောက် ရဲတပ်ဖွဲ့ စခန်းများအား (မွန်ပြည်နယ်-ကရင်ပြည်နယ်) ၀င်ရောက်တိုက်ခိုက်မှု ပြုလုပ်ပြီး ကျောင်းသားလူငယ်များကိုယ်စား တုန့် ပြန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိကြစေရန် ကြေငြာအပ်ပါသည်။
ပုံ
ဗိုလ်မှူးကြီးစောဆန်းအောင်
###
ဒုတိယမြောက်နေ့အဖြစ် ကျောင်းသားသပိတ်ထောက်ခံပွဲနှင့် အကြမ်းဖက်နှိမ်နင်းမှုများ ဆန့်ကျင်ရှုံ့ချပွဲကို သိမ်ကြီးဈေးမှ စတင်ပြီး ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖေါ်နေပါပြီ =================== =================== Aye Mya Mya Myo ဖေစ့်ဘွက်မှ ကူးယူဖေါ်ပြပါသည်။ မတ်လ ၄ ရက် ၊ ၂၀၁၅ ခုနှစ်
၎.၃.၂၀၁၅ ညနေ ၄ နာရီခွဲတွင် သိမ်ကြီးဈေး၌ လုံခြုံရေးအင်အားအများအပြားကြားမှ ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ကျောင်းသားများအား ထောက်ခံဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပါတယ် ဆန္ဒဖော်ထုတ်တဲ့ အဖွဲ့  မြို့ တော်ခမ်းမရှေ့ ရောက်နေပါပြီ။
BREAKING NEWS(JUST NOW) ———————— ဒီမိုကရေစီပညာရေးလှုပ်ရှားမှု(ရန်ကုန်) ။ ။။ ။ ။ ။ ။ ။ ။။ ။။ ။ ။ ။ ။။ ။ ။။ ။ ။ ။ ။ ။ ။ ယနေ့ ညနေ ၄း၃၀ နာရီဝန်းကျင်မှာ ကျောင်းသားသပိတ်ချီတက်မှုကို ထောက်ခံတဲ့ ဆန္ဒပြ ချီတက်မှု တစ်ခုကို ရန်ကုန်မြို့ သိမ်ကြီးဈေး ဂုံးကျော်တံတားပေါ်ကနေစတင်ခဲ့ပါတယ်။ သိမ်ကြီးဈေးကနေ မဟာဗန္ဒုလ လမ်းအတိုင်း ဆက်လက်ချီတက်ကြပါတယ်။ cr. Ko Myat Kyaw
#ရက်နေ့ ဆုံဆည်းမြိုင်မှာအကြိုပုလုပ်နေတဲ့ #ကရင်နှစ်သစ်ကူးနဲ့ ဒီကေဘီအေ #တပ်မတော်နေ့မြင်ကွင်း(၁၉-၁၂-၂၀၁၄
(၂၀-၁၂-၂၀၁၄) ရက်နေ့ ဆုံဆည်းမြိုင်မှာအကြိုပုလုပ်နေတဲ့ ကရင်နှစ်သစ်ကူးနဲ့ ဒီကေဘီအေ တပ်မတော်နေ့မြင်ကွင်း
မောင်မောင် (မြန်မာ) နဲ့ ကင်တွယ်ချ (ထိုင်း) တို့ ထိုသတ်တဲ့ပွဲပါ။ ဒိုင်က ဦးလယ်တောမောင် ဖြစ်ပါတယ်။ ဒီပွဲမှာ မောင်မောင် (မြန်မာ) ကအနိုင်ရသွားပါတယ်။
(၂၀-၁၂-၂၀၁၄) ရက်နေ့ ဆုံဆည်းမြိုင်မှာအကြိုပြုလုပ်နေတဲ့ ကရင်နှစ်သစ်ကူးနဲ့ ဒီကေဘီအေတပ်မတော်နေ့မှ ဝေါ်လေမြို့နယ်ခွဲ နှင့်စုကလိ မြို့နယ်ခွဲမှ ကျောင်းသားလူငယ်အားကစား ဖွင့်ပွဲ
(၁၉-၁၂-၂၀၁၄) ရက်နေ့ ဆုံဆည်းမြိုင်မှာအကြိုပုလုပ်နေတဲ့ ကရင်နှစ်သစ်ကူးနဲ့ ဒီကေဘီအေ တပ်မတော်နေ့မြင်ကွင်း
လက်ဝှေ့ဒိုင်ကတော့ ဦးရွှေဝါထွန်းဖြစ်ပါတယ်။ CR.Sanay Htun
#update #DKBA #KAF #ကိုပါကြီးသည် #KKO #လုံးဝမဟုတ်ကြောင်း ဗိုလ်ချုပ်မိုရှေး ပြောဆို.
နိုဝင်ဘာ(၂)ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်စောလားပွယ်၏ ထုတ်ပြန်ကြေငြာချက်
ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးပွဲ ထုတ်ပြန်ချက်
အောက်တိုဘာ ၃၀ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
DKBA ဌာနချုပ် ဆုံဆည်းမြိုင်တွင် ယနေ့ကျင်းပပြီးစီး ခဲ့သော ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ နှစ်ရက်တာ ဆွေးနွေးပွဲ ထုတ်ပြန်ကြညာချက် အပြည့်အစုံ
ယနေ့ DKBA ဌာနချုပ် ဆုံဆည်းမြိုင်တွင် ကျင်းပပြီးစီးခဲ့သည့် ကော်သူးလေတပ်မတော် ဆိုင်ရာဆွေးနွေးပွဲ ထုတ်ပြန်ကြေညာချက်
အောက်တိုဘာ – ၃၀ – ၂၀၁၄
Audio ကရင်အမျိုးသား(မီဒီယာ) – ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ ထုတ်ပြန်ချက်
https://soundcloud.com/mahn-myo-myint/ks1orqyguytb
ကိုပါကြီးသည် (KKO) လုံးဝမဟုတ်ကြောင်း ဗိုလ်ချုပ်မိုရှေး ပြောဆို.
အောက်တိုဘာ – ၃၀ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
အလွတ်တန်းသတင်းထောက်ကိုပါကြီးသည် DKBA ၏နိုင်ငံရေးဦးဆောင်အဖွဲ့ KKO နှင့် လုံးဝပတ်သက်မှုမရှိသည့် သတင်းထောက်တဦးဖြစ်သည်ဟု အဖွဲ့၏ဒုစစ်ဦစီးချုပ် ဗိုလ်ချုပ်စောမိုရှေးက ယနေ့ညနေက ဌာနချုပ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းပြည်ပသတင်းထောက်များကို တရားဝင်ရှင်းလင်းပြောဆိုခဲ့သည်။
ကေကေအိုတွင် ပြန်ကြားရေးဌာနမရှိကြောင်း ကိုပါကြီးသည် ဒီကေဘီအေမှပြုလုပ်သည့် အခမ်းအနားများကို ပုံမှန်သတင်းလာယူသည့် သတင်းထောက်ဖြစ်ကြောင်း မိမိတို့အဖွဲ့ဝင်မဟုတ်ကြောင်းကို ရှင်းလင်းပြောဆိုခဲ့သည်။
ယနေ့ညနေက ဒီကေဘီအေဌာနချုပ် ဆုံဆည်းမြိုင်တွင်ပြုလုပ်သည့် ကော်သူးလေတပ်မတော်ဖွဲ့စည်းခြင်းဆိုင်ရာဆွေးနွေးပွဲအပြီးတွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ပုံစာ – ယနေ့ညနေတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ။ cr. ကရင်အမျိုးသား- မီဒီယာ
https://democracyforburma.wordpress.com/2014/10/29/burma-myanmar-ကော်သူလေးတပ်မတော်-kaf-ဖ%E1%80%BC/
#Burma #Myanmar ကော်သူလေးတပ်မတော် #KAF #ဖွဲ့စည်းရေးအစည်းအဝေးအမှတ်တရ #CLIP
CR. KO NAY MYO ZIN
အောက်တိုဘာ – ၂၉ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA က ဦးဆောင်ပြီး ကော်သူးလေတပ်မတော် (KAF) ဖွဲ့စည်းရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို ဒီနေ့မနက်က ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြို င်မှာ စတင်ကျင်းပနေပါတယ်။
၃ ရက်ကြာမဲ့ ဒီဆွေးနွေးပွဲကို DKBA အဓိပတိဗိုလ်ချုပ်ကြီးစောလားပွယ် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ကရင်လက်နက်ကိုင်အဖွဲ့အချို့ က ကိုယ်စားလှယ်တွေနဲ့ကရင်အမျိုးသားတွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။
ဆွေးနွေးပွဲရည်ရွယ်ချက်က ကရင်တမျိုးသားလုံးအတွက် တခုတည်းသောတပ်မတော် ပေါ်ပေါက်ရေးအတွက်ဖြစ်တယ်လို့ ဆွေးနွေးပွဲအစီအစဉ်မှာ ပါရှိပါတယ်။
ဆွေးနွေးပွဲနောက်ဆုံးနေ့မှာ ကောင်သူးလေတပ်မတော်ဆိုင်ရာနဲ့ပတ်သက်ပြီး သဘောထားထုတ်ပြန်မှာဖြစ်သလို သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမှာဖြစ်တယ်လို့ DKBA က တပ်မှူးကြီးတဦးက ကရင်အမျိုးသား(မီဒီယာ)ကို ပြောပါတယ်။
ဒီဆွေးနွေးပွဲကို ပြည်တွင်းပြည်ပက သတင်းထောက်အချို့  တက်ရောက်သတင်းယူနေတာကိုတွေ့ရှိရပြီး အများစုကတော့ ရန်ကုန်အခြေစိုက်သတင်းဌာနက သတင်းထောက်တွေဖြစ်ပါတယ်။
https://soundcloud.com/jargyi/knu-kaf-meeting-news
Union National Resistance Army
ရက်သတ္တတပတ်နီးပါးကြာ ဆွေးနွေးပွဲအဖြေ
အောက်တိုဘာ – ၂၉ – ၂၀၁၄
ကရင်အမျိုးသား(မီဒီယာ)
ဒီလ ၂၃ ရက်နေ့ကစတင်ခဲ့တဲ့ ကေအင်န်ယူ အရေးပေါ်အစည်းအဝေး ဒီနေ့မှာပြီးဆုံးခဲ့ပြီး အချက် ၆ ချက်ပါတဲ့ အဖြေကိုရရှိလိုက်ပါတယ်။
ဒီအဖြေရတဲ့ ကေအင်န်ယူ ဗဟိုအမြဲတမ်းကော်မတီဝင် ၅၀ နီးပါး နဖူးတိုက်ဒူးတုက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ထူးခြားချက်ကတော့ ပြောရေးဆိုခွင့်ရရှိသူ နှစ်ဦးထဲမှာ ပဒိုသမိန်ထွန်းပါတာကိုတော့ ကရင်အမျိုးသားအချို့ သဘောတွေ့ခဲ့ကြပါတယ်။
KNU Central Standing Committee 3rd emergency meeting Statement
Nay Myo Zin ကော်သူလေး တပ်မတော် ဖွဲ့စည်းရေး အခမ်းအနား မှတ်တမ်းများ.
ကော်သူမွဲခီး ( ဆုံဆည်းမြိုင် ) တွင် ကျင်းပသည့် ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်း ဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးသို့ ပြည်ထောင်စု လူမှုနိုင်ငံေ၇း အသင်း တသင်း အနေဖြင့် သွားရောက် အားပေးတက်ရောက်ခဲ့ပါသည်။ တိုင်းရင်းသား အားလုံး စုစည်းကျစ်လစ်ခိုင်မာစွာ ချိတ်ဆက် ပြီး ဘုံရည်မှန်းချက်ကို ဟန်ချက်ညီအောင် ချည်းကပ်နိုင်မှသာ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စနစ်ကို အမြန်ဆုံး တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
ပြည်သူတွင် ရန်သူမရှိ။
ဒီကေဘီအေတပ်မှ ခေါင်းဆောင်စစ်သည်များ အားလုံး နှင့်တရင်းတနှီး ၊ ယခင်က မည်သို့ပင် ရှိခဲ့သည်ဖြစ်စေ။ ယခု အခါ တော်လှန်ရေး အဖွဲ့အစည်းများ နှင့် ပြည်ထောင်စု တည်ဆောက်ရေး ၊ တိုးတက်ဖွံ့ဖြိုးရေး ၊ အသွင်ကူးပြောင်းရေး လူမှုအဖွဲ့အစည်း ၊ နိုင်ငံရေး အဖွဲ့အစည်းအားလုံး တွဲဖက် လုပ်ဆောင်ရတော့မည့် အချိန်ဖြစ်သည်ဟု မိမိတို့ ယုံကြည်သည်။ Continue reading “#Burma #Myanmar ကော်သူလေးတပ်မတော် #KAF #ဖွဲ့စည်းရေးအစည်းအဝေးအမှတ်တရ #CLIP”
#ဆုံဆည်းမြိုင်က ကော်သူးလေတပ်မတော်ဆွေးနွေးပွဲ #KNU #ကိုယ်စားလှယ်အဖွဲ့တက်မည် “
” ဆုံဆည်းမြိုင်က ကော်သူးလေတပ်မတော်ဆွေးနွေးပွဲ KNU ကိုယ်စားလှယ်အဖွဲ့တက်မည် ”
အောက်တိုဘာ – ၂၈ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA က ကမကထပြု၍ ကော်သူးလေးတပ်မတော် (KAF) ဖွဲ့စည်းခြင်းနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတရပ်ကို မနက်ဖြန်အောက်တိုဘာလ ၂၉ ရက်နေ့၌ ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြို င်ကျေးရွာတွင် ကျင်းပမည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်သင့်မြတ်ရေးကော်မတီ၏ အတွင်းရေးမှူး ပဒိုအောင်မော်အေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စေလွတ်မည်ဟုသိရသည်။
(KAF) ဖွဲ့စည်းတည်ထောင်ခြင်းကို မူအားဖြင့်သဘောတူကြောင်းကို ယခုလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်သည့် အရေးပေါ်ဗဟိုကော်မတီ အစည်ူအဝေးတွင် KNU ကဆုံးဖြတ်ခဲ့ခြင်းအပါအ၀င် ကော်သူးလေတပ်မတော်နှင့်ပတ်သက်သည့် မူဝါဒများကို ပဒိုအောင်မော်အေး ဦးဆောင်သည့်အဖွဲ့က လာရောက်ရှင်းလင်းပြောဆိုမည်ဖြစ်သည်။
KNU သည် ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်သင့်မြတ်ရေးကော်မတီကို ၂၀၁၂ ခုနှစ်က ဖွဲ့စည်းခဲ့ရာ ဥက္ကဌဗိုလ်ချုပ်ကြီးဂျော်နီ – ဒုဥက္ကဌဒုဗိုလ်ချုပ်ကြီးဘောကျာ်ဟဲနှင့်အတွင်းရေးမှူးပဒိုအောင်မော်အေးတို့ဖြစ်သည်။
ကရင့်အမျိုးသားရေး လေ့လာသူပညာရှင်အချို့ က KNU မှဖွဲ့စည်းလိုက်သော အဆိုပါကော်မတီ၏ လုပ်ငန်းစဉ်များသည် နိုင်ငံရေးအခြေအနေပေါ်မူတည်၍ အချိန်ကာလနှင့်တပြေးညီလှုပ်ရှားနိုင်ခြင်း မရှိသည့်အတွက်ကြောင့် ကော်သူးလေတပ်မတော်တည်ထောင်သည့်ကိစ္စ ပေါ် ပေါက်လာရခြင်း ဖြစ်နိုင်သည်ဟု ဝေဖန်သုံးသပ်ပြောဆိုကြသည်။
ဒီကေဘီအေအပါအ၀င် ကရင်လက်နက်ကိုင်အဖွဲ့ ၄ ခုက ကော်သူးလေတပ်မတော် တည်ထောက်သည့်အကြောင်းကို ယခုလ ၁၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဆုံဆည်းမြို င်တွင် မနက်ဖြန်ကျင်းပမည့်ပွဲသို့ ဒီကေဘီအေအဓိပတိ ဗိုလ်ချုပ်ကြီးစောလားပွယ်၏ ဖိတ်ကြားချက်အရ ကရင်လက်နက်ကိုင်အဖွဲ့အချို့ မှခေါင်းဆောင်များ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ရန်ကုန်အခြေစိုက်သတင်းဌာနများမှ သတင်းထောက်များနှင့် ပြည်ပသတင်းဌာနအချို့ မှသတင်းထောက်များ ယနေ့တွင်ဆုံဆည်းမြိုင်ကျေးရွာသို့ ရောက်ရှိလာကြပြီးဖြစ်သည်။
ပုံစာ – ပဒိုအောင်မော်အေး။
#DKBA #မှ #ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်ကို တပ်မှထုတ်ပယ် #21/10
DKBA မှ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်ကို တပ်မှထုတ်ပယ်
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)မှ ကလိုထူးဘောတပ်ဖွဲ့ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး စောဆန်းအောင်ကို တပ်မှ ထုတ်ပယ်ကြောင်း DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ လက်မှတ်ဖြင့် အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်လိုက်သည့် အကြောင်းကြားစာ ။
#BURMA #MYANMAR #WHERE IS #freelance #reporter #Aung #Kyaw Naing
Maesot-based freelance reporter Ko Par Gyi was arrested by Burmese army at the end of September in Kyaikmaraw Township while covering the news of fighting between DKBA and government troops. Par Gyi was a former aide of Daw Aung San Suu Kyi in 1988-1989 and his wife was also a former political prisoner. His whereabouts as well as his fate is still unknown.
His wife Than Dar said local authorities, police and soldiers of Light Infantry Battalion 208, based in Kyaikmayaw, had apprehended the journalist in the town in late September or early October, and he had not been heard of since.
“I am very worried about whether my husband is still alive or not,” she said during a press conference held in Rangoon on Tuesday afternoon, where she was being supported by human rights activists. “They [the army] should show him in public.”
Mon State Border Affairs Minister Htay Myint Aung told The Irrawaddy that the police had apprehended Aung Kyaw Naing and then handed him over to local army commanders. “That’s all I know about that story, he is being detained at the base of battalion 208,” he said.
Than Dar said a police corporal at Kyaikmayaw Police Station had told her privately that he had seen Aung Kyaw Naing in custody of the army, and that he appeared to have been beaten.
She said she visited the battalion 208 base with the help of the Mon National Party, where an army captain claimed his men had detained the journalist and then handed him over to the Border Affairs Ministry. A recent visit to the military’s Southeastern Command in Moulmein had neither helped to clarify the situation.
You must be logged in to post a comment.