Myanmar Whistleblower :Former Prime Minister Khin Nyunt “I will Tell All Secrets”

He wants to tell all the secrets before he die. He said he had been used and want to clear all this if he and his family’s lives were guranteed.

မိသားစုလုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်ပြောကြား

မိသားစု လုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အနောက်နိုင်ငံ သံရုံးကိုယ်စားလှယ် တစ်ဦးနှင့် လျှို့ဝှက်တွေ့စုံ စဉ် အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်မှပြောကြား ခဲ့ခြင်းဖြစ်သည် ၊

https://democracyforburma.wordpress.com/2013/09/17/မိသားစုလုံ%E1%81%BFခံ%E1%80%B3ရေးကို-အာ/

khin nyunt

MYANMAR Army officer beheaded, serviceman missing in clashes with KIA

970711_522416971171840_1509041325_n

 

CREDIT EMG

An army officer has been killed in PutaO district, Kachin State, according to a report by the Ministry of Defence on September 14. 

The report said that a local battalion leaving Malutdan village, Machanbaw township, in PutaO district held two skirmishes on August 28 with about 20 troops from the Kachin Independence Army (KIA), leaving the officer and one serviceman missing.

The search for the missing soldiers was conducted in and around the scene of the skirmishes. According to field reports, the army learned that its missing officer had been shot in the arm with a small weapon and then captured by the KIA.

Continuing the search operation, the army was informed by two locals residing near Inkhanga village of a foul smell near their hillside cultivation. Following a more thorough search of the area using a map, soldiers were led to the northern slope of the hillside cultivation. After briefly digging in the area indicated by the map, soldiers turned up the corpse of the unnamed officer who had allegedly been arrested by the KIA. The report said that the officer had been beheaded.

In connection with the incident, Machanbaw Township Police Station has put out a warrant for the arrests of platoon commander Tan Khan of Brigade-7 of the KIA and about 20 KIA soldiers under his command.

In response to the announcement by the Ministry of Defence, enquiries were made at KIA headquarters in Laiza. A KIA officer who asked not to be named replied only that the army officer in question had died in action and was buried.

 

နိုင်ငံသား မဟုတ်သည့် ယာယီသက်သေခံ လက်မှတ် White Card ကိုင်ဆောင်သူများအား မဲပေးခွင့် ပြုထားသည့် လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်းများ လွှတ်တော်သို့ တင်သွင်းထား

MM CONSTITUTION

SOURCE BLACK ANGEL

နိုင်ငံသား မဟုတ်သည့် ယာယီသက်သေခံ လက်မှတ် White Card ကိုင်ဆောင်သူများအား မဲပေးခွင့် ပြုထားသည့် လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်းများ လွှတ်တော်သို့ တင်သွင်းထား

ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင် ထားသူများအား မဲပေးခွင့် ပြုထားသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်းများကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားကြောင်း၊ အဆိုပါ ဥပဒေကြမ်းများကို လွှတ်တော်၏ ခွင့်ပြုချက် ရရှိပါက လာမည့် အဋ္ဌမ ပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က စက်တင်ဘာ ၁၆ ရက်တွင် ပြောကြားသည်။

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက ရေးဆွဲခဲ့သော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများတွင် နိုင်ငံသား မဟုတ်သည့် ယာယီသက်သေခံ လက်မှတ် (White Card) ကိုင်ဆောင် ထားသူများကိုပါ မဲပေးခွင့် ပြုထားကြောင်း သိရသည်။

”နိုင်ငံသား မဟုတ်သူတွေရဲ့ မဲပေးခွင့်နဲ့ ပတ်သက်ပြီး ဥပဒေပြင်ဖို့ တင်တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီတဲ့အတွက် ပြင်ဆင်ပေးဖို့ လွှတ်တော်ကို တင်ထားတာပါ။ ဒီအဋ္ဌမ အကြိမ်မှာ အဲဒီကိစ္စတွေ ပါလာနိုင်တယ်” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်း သုံးခုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အမျိုးသား လွှတ်တော်တွင်လည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ”နိုင်ငံသား မဟုတ်သူများ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို တင်သွင်းခဲ့ပြီးဖြစ်ရာ လာမည့်လွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ Continue reading “နိုင်ငံသား မဟုတ်သည့် ယာယီသက်သေခံ လက်မှတ် White Card ကိုင်ဆောင်သူများအား မဲပေးခွင့် ပြုထားသည့် လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်းများ လွှတ်တော်သို့ တင်သွင်းထား”

Constitutional Review Committee: We didn’t form it to amend the constitution.

MM CONSTITUTION

credit emg

Myanmar’s ruling Union Solidarity and Development Party vice-chairman warned against the possible harm to the country’s sovereignty if the 2008 Constitution is to be amended.

Htay Oo, vice-chairman of the USDP, told the press on Sunday that the provision preventing opposition leader Aung San Suu Kyi from becoming president was not made specifically for her.

“We have only just formed the Constitutional Review Committee. We didn’t form it to amend the constitution. While reviewing the constitution to make amendments, it is important not to harm the national sovereignty. The prohibition in the constitution was not intended only for her [Aung San Suu Kyi]. She wouldn’t even be allowed to become an MP according to the 1947 and 1974 Constitutions. The 2008 Constitution allows her to become an MP. We will not consider amending the constitution if we think that a foreign [country] would influence our sovereignty,” said Htay Oo.

“I don’t believe the public wants to amend the constitution because it is rare to find those who study the constitution. Even I’m still studying it now. I think the public would only want to amend the constitution after those want to have it amended explained [the reasons] to them. People are just being crazy,” he continued.

The USDP’s central executive committee is now studying the constitution to amend it. The party will hold draft review sessions and decide future actions based on the results of those sessions, he added.

The Constitutional Review Committee was formed in July this year with 109 members. As the committee must submit its first report by the end of December, ethnic parties and the National League for Democracy have been studying the constitution.

NLD chairperson Aung San Suu Kyi has said that her party will educate the public regarding the constitutional amendments.

President Office Briefing Room အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၇၃/ ၂၀၁၃
၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်ခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေသည် ယင်းဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် (၁၃၇၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်) နေ့မှစတင်၍ အာဏာတည်သည်ဟု သတ်မှတ်လိုက်သည်။

president office
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Read More : http://www.president-office.gov.mm/zg/?q=briefing-room/news/2013/09/17/id-4454]

တစ်ပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ယခုလကုန် ဆုံးဖြတ်မည် 2013-09-16

UNFC_01

 

တစ်ပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ယခုလကုန် ဆုံးဖြတ်မည်
2013-09-16

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ပြီး လာမယ့် အောက်တိုဘာ လမှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးဖို့ကိစ္စကို စက်တင်ဘာလကုန်မှာ ကျင်းပမည့် အလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်မယ်လို့ မနေ့ကကျင်းပခဲ့တဲ့ UNFC အဖွဲ့က အရေးပေါ်အလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စအပါအ၀င် ဖွဲ့စည်းပုံ ပြန်လည်ရေးဆွဲရေးကိစ္စတွေနဲ့ပတ်သက်ပြီး ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က အလုပ်အမှုဆောင် ခေါင်းဆောင်တွေ စက်တင်ဘာ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခုလိုသတ်မှတ်ခဲ့ကြတာ ဖြစ်တယ်လို့ UNFC အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက RFA ကို ပြောပါတယ်။

UNFC ခေါင်းဆောင်တွေအနေနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိစ္စနဲ့ ပတ်သက်ပြီး အခုလို အရေးပေါ်အစည်းအဝေးကျင်းပရတာဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အရေးကြီးတဲ့ အချိန်ရောက်နေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ UNFC က ခေါင်းဆောင်တွေကို ရန်ကုန်မှာရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ကနေပြီး ဒီလက်မှတ်ထိုးဖို့ကိစ္စ ခေါ်ယူဆွေးနွေးဖို့ရှိနေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၈ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ UNFC ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ချိန်ကလည်း ဝန်ကြီး ဦးအောင်မင်းက နေပြည်တော်မှာ တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ခဲ့ပြီး လက်မှတ်လာမထိုးတဲ့ တိုင်းရင်းသားအဖွဲ့တွေကိုတော့ နောက်တဆင့် ပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆက်ပါနိုင်မှာမဟုတ်တော့ဘူးလို့ ပြောခဲ့ကြောင်းလည်း သိရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ချင်းအမျိုးသားတပ်ဦးCNF ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP၊ ကရင်အမျိုးသားအစည်းအရုံးKNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ်PNLO၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC၊ လားဟူဒီမိုကရက်တစ်ပါတီ LDP၊ ဝ အမျိုးသားအဖွဲ့ချူပ် WNO၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်တွေမှာ မိန့်ခွန်းတွေ ချွေနေပါတယ်။ မိန့်ခွန်းတွေကို သုံးသပ်ကြည့်တဲ့အခါမှာ အကြောင်းအရာ ၃ ခု ကိုပဲ ဦးတည်ပြောနေတာကို သုံးသပ်မိပါတယ်။

Myo Min Thant

1234278_159361674262340_1919980817_n

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်တွေမှာ မိန့်ခွန်းတွေ ချွေနေပါတယ်။ မိန့်ခွန်းတွေကို သုံးသပ်ကြည့်တဲ့အခါမှာ အကြောင်းအရာ ၃ ခု ကိုပဲ ဦးတည်ပြောနေတာကို သုံးသပ်မိပါတယ်။

၁။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေးမှာ တိုးတက်မှု မရှိဘူးဆိုတဲ့ အကြောင်းဖြစ်ပါတယ်။

၂။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးတိုးတက်ဖွံ့ဖြိုးမှုတွေအတွက် ပြည်ပနိုင်ငံတွေမှ နိုင်ငံတော်အစိုးရကို ဝိုင်းဝန်းဖိအားပေးကြဖို့ ဖြစ်ပါတယ်။

၃။ အထူးသဖြင့် သူမ သမ္မတဖြစ်နိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ (အတိအကျအားဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)) ကို ပြင်ဖို့ရာ ဖိအားပေးဖို့ ဖြစ်ပါတယ်။

ဦးသိန်းစိန်လက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှု မရှိဘူးဆိုတဲ့အချက်ကို ပြည်သူတစ်ယောက်အနေနှင့် ကျွန်တော် ထောက်ခံခြင်းမရှိသလို ကန့်ကွက်ခြင်းလည်း မရှိပါဘူး။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံရေး၊ စီးပွားရေး တိုးတက်တာတွေ ရှိခဲ့သလို ထောက်ပြစရာတွေလည်း အများကြီးရှိပါတယ်။ စစ်အစိုးရ အငွေ့အသက်မကင်းတဲ့ ပုဂ္ဂိုလ်တွေ လွှတ်တော်ထဲ၊ အစိုးရ အဖွဲ့တွင်းမှာ သြဇာကြီးမားလျက်ရှိနေသေးတာဟာ အကြီးမားဆုံး အားနည်းချက်ဖြစ်ပါတယ်။ အစိုးရဖက်က ကြည့်လျှင်လည်း နှစ်ပေါင်း ၆၀ လောက် စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီကို ကူးပြောင်းရာမှာ ဒီလောက်အထိ အဆင်ပြေပြေ ကူးပြောင်းနိုင်တာကိုက နိုင်ငံရေးအရ အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်။ စီးပွားရေးအရ ကြည့်လျှင်လည်း စစ်အစိုးရ အဖွဲ့ဝင်များကသူတို့ရဲ့ ခရိုနီတွေနှင့် နိုင်ငံစီးပွားရေးကို ခြယ်လှယ်ခဲ့ကြတာဆိုတော့ ခုလို ဆန့်ကျင်ဘက် ဒီမိုကရေစီကို ကူးပြောင်းချိန်မှာ အရာရာတိုင်းကိုတော့ ဒီမိုကရေစီအတိုင်း ဖြစ်မယ်လို့တော့ မမျှော်လင့်နိုင်ပါဘူး။ Continue reading “NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးစဉ်တွေမှာ မိန့်ခွန်းတွေ ချွေနေပါတယ်။ မိန့်ခွန်းတွေကို သုံးသပ်ကြည့်တဲ့အခါမှာ အကြောင်းအရာ ၃ ခု ကိုပဲ ဦးတည်ပြောနေတာကို သုံးသပ်မိပါတယ်။”

AWAITING ARAKAN NATIONAL PARTY, PROCESS PROGRESSES

ALD-RNDP-1

 

NARINJARA NEWS

(Sitttwe, 17 September 2013): The process of combining two influential Arakanese political parties is going on in full swing.  Recently both the parties namely Arakan League for Democracy (ALD) and  Rakhine Nationalities Development Party (RNDP) have sent the list of their representatives to the combination  committee for further course of actions, said the leaders from both the parties.

U San Kyaw Hla, a central committee member of RNDP informed that their party had sent the list of 15 delegates to the combination committee as well as to the ALD central committee following their central committee meeting.

The RNDP had selected the  15 member delegation in their central committee meeting held on 7 and 8 September 2013. The list of RNDP delegates include some influential leaders like Dr Aye Maung (president of RNDP), U U Hla Soe (general secretary), U Khaing Pray Soe (member of secretary board) etc.

Similarly, the ALD had also prepared the list of 15 member delegation to submit to the combination committee and also the RNDP central committee.

U Kyaw Myint, vice president of ALD, said that their party hold the central committee meeting at Kyauk Pru, a gas-rich town of Arakan on 16 & 17 August to select the 15 member delegation. Later they arrived at RNDP head office in Sittwe on 25 August to meet their counterparts.

The list of ALD delegates include prominent leaders like  U Aye Tha Aung, U Kyaw Myint, U Tun Kyaw, U Myo Kyaw, U Hla Myint, U Tun Shwe Thein etc.

The ALD and RNDP have already decided to merge in a solo political entity named Arakan National Party (ANP) with 30 central committee members.

According to the party sources, leaders from both ALD and RNDP will now meet on 22 or 23 September in Sittwe to discuss about the process of registration for the ANP with the Burma Election Commission.

Soon after the registration process of the ANP  is over with the country’s election commission, the ALD and RNDP are expected to demolish their respective parties according to the constitutional provisions.

လူထုအခြေပြုရေရှည်တည်တံ့သောအသက်မွေးဝမ်းကြောင်းနှင့်ဖွံ့ဖြိုးရေးကော်မတီ – ခမောင်းသွယ်

995169_687956401234369_656064309_n1236197_687956494567693_1866991774_n

လူထုအခြေပြုရေရှည်တည်တံ့သောအသက်မွေးဝမ်းကြောင်းနှင့်ဖွံ့ဖြိုးရေးကော်မတီ – ခမောင်းသွယ်
သတင်းထုတ်ပြန်ကြေငြာချက်

စာအမှတ်- ၉/၂၀၁၃ ရက်စွဲ။ ။ ၁၇.၉.၂၀၁၃

အကြောင်းအရာ။ ။ထိုင်းနိုင်ငံအခြေစိုက်အီတာလျှံ-ထိုင်း ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္မဏီလီမိတက် (Italian-Thai Development PCL-ITD) ၏ ထားဝယ် – ကန်ချနပူရီ အဝေးပြေးလမ်းဖောက်လုပ်မှုစီမံကိန်းတွင် သိမ်းဆည်းခဲ့သော ဥယျာဉ်ခြံမြေများ အတွက် ဒေသခံ ရွာသားများအား လျော်ကြေးပေးရန်ပျက်ကွက်မှု နှင့် တရားမျှတမှုနှင့်ပွင့်လင်းမြင်သာမှုမရှိသောစီမံကိန်းအကောင်အထည်ဖော်မှုများကိုအသိပေးထုတ်ပြန်ကြေညာခြင်း။

၂၀၁၀ ခုနှစ်အတွင်း အီတာလျံထိုင်းကုမ္ပဏီမှ သစ်ကတိုးမှ မေတ္တာအကြားလမ်းဖောက်လုပ်မှုကြောင့် ထိခိုက်ခဲ့ရသော ဒေသခံရွာသား ၃၈ ဦးအား လျော်ကြေးပေးအပ်ရန်ကိစ္စနှင့် ပက်သက်၍မဆိုင်းမတွ ချက်ခြင်းဖြေရှင်းဆောင်ရွက်ရန် အီတာလျံထိုင်းကုမ္ပဏီ – ITD အား CSLD (လူထုအခြေပြုရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်း နှင့်ဖွံ့ဖြိုးရေးကော်မတီ) မှ တောင်းဆိုလိုက်သည်။
အီတာလျံထိုင်းကုမ္ပဏီသည်စီမံကိန်းနှင့် ပက်သက်၍ ဒေသခံများအားကြိုတင်အကြောင်းကြား၍ လွတ်လပ်စွာဆုံးဖြတ်သောသဘောဆန္ဒခံယူခြင်းမရှိပဲမေတ္တာ၊ ကထောင်းနီ၊ ကလက်ကြီး၊ သဗြုချောင်း၊ ပျဉ်းသားတော၊ ရေပုတ်၊ သစ်ကတိုးရွာများတွင်၂၀၁၀ ခုနှစ်မှစ၍ နိုင်ငံချင်းဆက်လမ်းမကြီးဖောက်လုပ်ခဲ့ပြီးဒေသ၏အဓိက ၀င်ငွေဖြစ်သောကွမ်းသီးပင်၊ ရာဘာပင် နှင့် သီဟိုပင်စိုက်ခင်းများအားပျက်စီးစေခဲ့သည်။
၂၀၁၀ ခုနှစ်မှစတင်ဖောက်လုပ်သောလမ်းတစ်လျှောက်တွင် တရားမျှတမှုမရှိပဲမြေယာသိမ်းဆည်းကာမေတ္တာ၊ ကထောင်းနီ၊ ကလက်ကြီး၊ သဗြုချောင်း၊ပျဉ်းသားတော၊ရေပုတ်၊ သစ်ကတိုးရွာများမှ ဒေသခံရွာသားများ၏ အသက်မွေးဝမ်းကြောင်းကိုဖျက်ဆီးခဲ့သည်။ရွာသားများသည် စည်းကမ်းမဲ့ စီမံကိန်းလုပ်ငန်းကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးလက်ခံရန် ကျေနပ်မှုမရှိလှသော်လည်းအီတာလျံထိုင်းကုမ္ပဏီသည် ပျက်စီးဆုံးရှုံးမှုစာရင်းပြုစုပြီးပါကလျော်ကြေးပေးအပ်မည် ကတိပြုခဲ့သည်။ သို့သော်အီတာလျံထိုင်းကုမ္ပဏီသည် ကတိမတည်ခဲ့ပါ။ Continue reading “လူထုအခြေပြုရေရှည်တည်တံ့သောအသက်မွေးဝမ်းကြောင်းနှင့်ဖွံ့ဖြိုးရေးကော်မတီ – ခမောင်းသွယ်”

CSLD (Kamothway)Press Release Regarding unfair and non transparent compensation by the Italian-Thai Development PCL

995169_687956401234369_656064309_n1236197_687956494567693_1866991774_n

 

 

Press release Statement
———————————————————————–
Community Sustainable livelihood and Development Committee – CSLD (Kamothway)
Regarding unfair and non transparent compensation by the Italian-Thai Development PCL

Regis No: 9/2013 Dated: 17.9.2013

The Community Sustainable Livelihood and Development (CSLD), call for an immediate response from the Italian-Thai Development PCL (ITD) to give the compensation to 38 villagers who were affected by the construction of the Road Link between Thitgadon and Myitta in 2010implemented by the ITD. The construction is the major part of the Dawei Deep Sea Port and Special Economic Zone project.
Without Free Prior and Informed Consent, the Italian Thai PCL has implemented the transnational road link construction project in the area of Myitta, Pyinthataw, Thabyu Chaung since 2010 destroyed betel nut, rubber, and cashew nut plantations which are the main source of income of the local communities.
The land was confiscated unfairly for road construction which destroyed the livelihoods of the many villagers from Myitta, Pyinthardaw, Ka-Htaung-Ni, Tha-Byu-Chaung, Yebouk, Ka-Let-Kyee and Thitgadon since 2010. Even though the villagers were uncertified to agree the terms of compensation for unprincipled project activities, the ITD promised to give compensation after the completion of the assessment of affected area but they didn’t keep their promise.
Several meetings related to the compensation were done in 2013 and the ITD did (111) separate payments to plantation owners. However, the ITD failed to pay the remaining payments to the 38 villagers and no specific time frame was set transparently for the remaining compensation process.Some plantation owners didn’t received compensation yet because ITD didn’t count their plants destroyed by road constructions since 2010.
Therefore, on 9th September 2013 the affected villagers gathered at Thabyu Chaung Village to request the ITD to give an accurate answer to the compensation payment process. In order to obtain the public attention to their concern, the villagers detained three vehicles owned by the ITD on 9th September which later have been released on 11th September.
At present, the IT hasn’t so far given an accurate answer to the villagers’ concern. Therefore, Community Sustainable Livelihood and Development, CSLD calls for the ITD to immediately respond to the request of the affected villagers in a manner to mitigate the tension between the local communities and the ITD as the developer of the road infrastructure of the Dawei Deep Seaport and Special Economic Zone Project in the future.
Community Sustainable Livelihood and Development, CSLD believes that the development of the project cannot be achieved without the consent and participation of the local communities.
Contact:
Saw Kho – CSLD – 0931418851
Saw Kedoh – CSLD – 0949337492
U Thant Zin – DDA –09422190691

https://www.facebook.com/pages/Dawei-Development-Association/324514247578588