“ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ၈၈-မျိုးဆက်ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများ နေပြည်တော်ရှိ
သမ္မတ၏ လယ်တောအိမ်၌ တွေ့ဆုံ ”
ယနေ့၂၀၁၃ခုနှစ်၊ စက်တင်ဘာလ၊ ၁၄ရက်၊ နံနက် ၁၀း၀၀
နာရီတွင် နေပြည်တော်ရှိ၊ နိုင်ငံတော်သမ္မတကြီး၏ လယ်တော
အိမ်သို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ
ခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီး၊မင်းဇေယျ၊
ကိုဌေးကြွယ်၊ကိုဂျင်မီ၊ကိုမာကီ၊ကိုအောင်သူ၊ကိုသက်ဇော်၊ကိုဇော်မင်း
နှင့်မနီလာသိန်းတို့ရောက်ရှိလာခဲ့ကြပြီး၊ နိုင်ငံတော်သမ္မတကြီး
ဦးသိန်းစိန်နှင့်ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိမ်း၊
ဦးအောင်မင်း၊ဦးတင်နိုင်သိန်းဦးအုန်းမြင့်နှင့်ဦးခင်ရီတို့က လှိုက်လှဲ
ပျူငှာစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ဆွေးနွေးပွဲစတင်သည်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း
လူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်က“ လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော
အခက်အခဲများနှင့် မိမိတို့၏ နိုင်ငံရေးအမြင်များကို ” စတင် ပြောဆို
ဆွေးနွေးပြီး၊ နိုင်ငံတော်သမ္မတကြီးကလည်း “ အစိုးရအဖွဲ့အနေဖြင့်
အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သော နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး
နှင့် နိုင်ငံတကာဆက်ဆံရေးကိစ္စများကို” ရင်းနှီးပွင့်လင်းစွာ ပြောဆို
ဆွေးနွေးခဲ့သည်။
ထိုသို့ အပြန်အလှန်တွေ့ဆုံဆွေးနွေးကြရာတွင် – “ အမျိုးသားပြန်လည်
သင့်မြတ်ရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင်
လွှတ်တော်၊ အစိုးရအဖွဲ့၊ လွှတ်တော်ပြင်ပရှိ တိုင်းရင်းသားအင်အားစုများ၊
နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ အားလုံးပါဝင်
နိုင်ရေး၊ အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းရေး၊ အစိုးရအုပ်ချုပ်ရေး
အဖွဲ့အစည်းအဆင့်ဆင့်နှင့် အရပ်ဘက်အဖွဲ့အစည်းများ အပြန်အလှန်
ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်းပဋိပက္ခများနှင့် လယ်ယာမြေပြဿနာ
အစရှိသည်များကို ပူးပေါင်းဖြေရှင်းသွားရေး၊ အသွင်ကူးပြောင်းရေးကာလ
စိန်ခေါ်မှုများကို အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီးဖြင့် ရင်ဆိုင်
ဖြေရှင်းရေး။ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားရေးဘဝ မြင့်မား
လာစေဖို့ ဝိုင်းဝန်းကြိုးပမ်းရေးစသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
နေ့လည် ၃း၀၀ နာရီတွင် တွေ့ဆုံဆွေးနွေးမှု ပြီးဆုံးခဲ့ပြီး၊ ပြည်ထောင်စု
ဝန်ကြီးများက နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။ ၈၈မျိုးဆက်
ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိသူတို့သည် ညနေ
၎း၀၀နာရီတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။
– ၈၈မျိုးဆက်( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း )
( www.facebook.com/the88gen.pr )
You must be logged in to post a comment.