စစ်တွေတွင်ကျင်းပ
=================စစ်တွေ၊ စက်တင်ဘာ-၆
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏၅၈၃-နှစ်မြောက်“ရခိုင်အမျိုးသားနေ့”ကို စက်တင်ဘာလ၅ရက်နေ့က စစ်တွေမြို့ရှိအဖွဲ့ချုပ်ရုံး၌ကျင်းပခဲ့ကြောင်း ပါတီ၏ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးကျော်ထွန်းအောင်က ပြောကြား သည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏အမျိုးသားနေ့ဆိုင်ရာသတ်မှတ်ချက်အရ
ရခိုင်သမိုင်းပညာရှင်ဦးဦးသာထွန်းအဆိုပြုခဲ့ သော ရခိုင်ဘုရင်
မင်းစောမွန်မြောက်ဦးမြို့ကိုပန္နက်ချခဲ့သည့်(တော်သလင်းလဆန်း၁ရက်နေ့)ကိုရွေးချယ်၍ ကျင်းပရခြင်းဖြစ်သည်ဟု ဦးကျော်ထွန်းအောင် ကဆိုသည်။
ALD၏ ရခိုင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ဦးကျော်ထွန်းအောင်က RSVကိုအခုလိုပြောဆိုသည်။
“ဘုရင်မင်းစောမွန်ဟာရခိုင်ပြည်နဲ့ရခိုင်လူမျိုးအတွက်သူ့အသက်ကစတေး
ပြီးတော့ရခိုင် သက္ကရာဇ်၇၉၂ခုနှစ်၊
တော်သလင်းလဆန်း(၁)ရက်နေ့မှာမြောက်ဦးကိုတည်ခဲ့တယ်။သူတည်ခဲ့တဲ့နေ့ကပင်နှစ်ပေါင်း ၅၈၂နှစ်ကြတဲ့ ဒီကနေ့အထိ အန္တရာယ်အမျိုးမျိုးကြားကမြောက်ဦးဟာတည်တံ့နေပြီးတော့၊ ရခိုင်လူမျိုး ဟာလည်း ရှင်သန် နေခဲ့တယ်။
ဒီလိုအသက်နဲ့ရင်းပြီးဆောင်ကျဉ်းပေးခဲ့တဲ့အောင်မြင်မှုကိုဂုဏ်ပြု သော
အားဖြင့် ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ်က ၁၉၈၉-ခုနှစ်ကပင်
ဆရာကြီးဦးဦးသာထွန်းအဆိုပြုချက်အပေါ် ပါတီခေါင်း ဆောင်တွေရဲ့
သဘောတူညီချက်အရ ဒီနေ့ကို “ရခိုင်အမျိုးသားနေ့”အဖြစ် သတ်မှတ်ခဲ့ကြတယ်”ဟုပြောကြားခဲ့ပါသည်။
ထိုစဉ်ကစစ်အာဏာရှင်တို့ကတစ်ဖက်သတ်ပါတီကိုဖျက်သိမ်းခဲ့အပြီး၊ရခိုင်အမျိုးသားနေ့ကိုပြည်သူလူထုကြားမှာချပြ၍တစ်မျိုးသားလုံး၏အတည်ပြုချက်ကိုရယူနိုင်ခြင်းမရှိခဲ့သော်လည်းရခိုင်ပြည်သူ
လူထုတစ်ရပ်လုံးလက်ခံ ကျင်းပလာစေရန်ကြိုးပမ်းသွားမည်ဟလည်ုး ၄င်းက ဆိုသည်။
အခြားတစ်ဖက်၌ဖေဖော်ဝါရီလ၂၈ရက်နေ့ကစစ်တွေမြို့ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)ရုံး၌
ပြည်နယ်ဝန်ကြီးသုံးဦးတက်ရောက်သည့် အစည်းအဝေးမှ “ရခိုင်အမျိုးသားနေ့ရွေးချယ် သတ်မှတ်ရေး
ကော်မတီ”တစ်ရပ်ကိုရခိုင်ရေးရာကျွမ်းကျင်သူပညာရှင်၁၅ဦးဖြင့်ဖွဲ့စည်း ခဲ့ကြပြီး၊၆လအတွင်းရခိုင်အမျိုးသားနေ့ကိုမဖြစ်မနေသတ်မှတ်
သွားမည်ဟု အဆိုပါကော်မတီမှ ထုတ်ပြန်ကြေညာခဲ့သည်။
သို့သော် ရခိုင်ပါတီနှစ်ခုတစ်ပါတီအဖြစ်ပေါင်းစည်း ရေးကိုဇောင်းပေးနေရ၍
ရခိုင်တိုင်းရင်းသား တို့အတွက် အရေးကြီးလှသော“အမျိုးသားနေ့”ကိစ္စအား
ယာယီအားဖြင့် ဆိုင်းငံ့ထားရသည်ဟု ကော်မတီ ဥက္ကဋ္ဌဖြစ်သူ
ဒေါက်တာတင်အောင်၏ပြောကြားကို စက်တင်ဘာလ၃ရက်နေ့ထုတ်မဇ္ဈိမသတင်းစာ၌ကိုးကားဖော်ပြခဲ့သည်။
ALD၏လက်ရှိ ကျင်းပနေသောအမျိုးသားနေ့နှင့် ရခိုင်အမျိုးသားနေ့ ရွေးချယ်
သတ်မှတ်ရေး ကော်မတီက သတ်မှတ်မည့်အမျိုးသားနေ့အကြားတွင်
အများပြည်သူအထင်အမြင်လွဲမှားကာ ၀ိဝါဒများကွဲပြားလာနိုင်၍ ဤကိစ္စနှင့်
ပတ်သက်၍ ALDဗဟိုအလုပ်အမှုဆောင်နောက်တစ်ဦးဖြစ်သူ
ဦးလှမြင့်၏အမြင်ကိုRSVမှမေးမြန်းရာသူကအခုလိုပြန်လည်ဖြေကြားခဲ့
သည်။
“ကျနော်တို့ပါတီကျင်းပနေတဲ့ Arakan National Dayဟာ
လွန်ခဲ့တဲ့၂၅နှစ်လောက်က ပါတီခေါင်းဆောင် တွေရဲ့ သဘောတူ သတ်မှတ်ချက်နဲ့အညီဆက်လက်ကျင်းပနေတာဖြစ်ပါတယ်။ အမျိုးသားနေ့ဆိုတာ တစ်မျိုးသားလုံးနဲ့သက်ဆိုင်နေတာမို့
ပါတီတစ်ခုတည်းရဲ့ဆုံးဖြတ်ချက်နဲ့လုပ်နေလို့လည်းမရပါဘူး။ ဒါပေမဲ့
ရခိုင်မှာ ဒီနေ့ထိ တစ်မျိုးသားလုံး လက်ခံထားတဲ့ နေ့မရှိသေးဘူး။
ရခိုင်သမိုင်းပညာရှင်တွေအပါအ၀င် ပြည်သူလူထုတစ်ရပ်လုံး လက်ခံတဲ့
အမျိုးသားနေ့ပေါ်ထွန်းလာရင်တော့ ကျနော်တို့ပါတီကလည်းအဲဒီနေ့ကို
ပြည်သူနဲ့တသားတည်း အသိအမှတ်ပြုလက်ခံပေးဖို့အသင့်ပါပဲ။”
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)အတွင်းရေးမှူး
ဦးခိုင်ပြည်စိုး က လည်း “မိမိတို့ပါတီအနေဖြင့်
ရခိုင်အမျိုးသားနေ့ကိုကြိုတင် သတ်မှတ် ထားခြင်းမျိုးမပြုဘဲ၊
ရဟန်းရှင်လူ၊ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒအရ သာလျှင် လုပ်ဆောင် သွားမည်” ဟုပြောကြားခဲ့သည်။
ဖေဖော်ဝါရီ၂၈မှာဖွဲ့စည်းခဲ့သော ရခိုင်အမျိုးသားနေ့ ရွေးချယ်
သတ်မှတ်ရေးကော်မတီအနေဖြင့် “ပြည်တွင်း
ပြည်ပရခိုင်လူမျိုးတို့မှသတ်မှတ်သင့်သည့်အမျိုးသားနေ့အဆိုပြုလွှာများကိုလက်ခံခြင်း”အပါအ၀င်ချမှတ်ထား သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျှက်ရှိနေပြီး၊
ရခိုင်ပြည်သူလူထုသို့ ကော်မတီမှ ကြေညာချက် တစ်စောင်ကိုလည်း
မကြာမီရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဟုသိရသည်။
ကော်မတီ၏ဆုံးဖြတ်ချက်အရအဆိုပြုလိုသည့်နေ့ကိုရွေးချယ်ရာတွင်“ရာသီဥတုသာယာကောင်းမွန်သည့်နေ့နှင့်
အောင်ပွဲခံနေ့ဖြစ်ရမည်”ဟူသောအခြေခံအချက်များလည်းပါဝင်ကြောင်း“ရခိုင်အမျိုးသားနေ့ရွေးချယ်
သတ်မှတ် ရေး ကော်မတီ”၏ ထုတ်ပြန်ချက်တစ်ရပ်တွင်ဖော်ပြထားသည်။
ကြာသပတေးနေ့ကကျင်းပသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ၅၈၃-နှစ်မြောက်ရခိုင်အမျိုးသားနေ့အခမ်းအနားသို့ ပါတီဝင် ၁၀၀ ၀န်းကျင်တက်ရောက်ခဲ့ကြပြီး၊
၎င်းတို့၏ ပါတီမှရွေးချယ်သတ်မှတ်သည့် “အောင်နီ၊ အောင်ဖြူနှင့်
န၀ရူပဗျာလ္လ” ရုပ်ပုံပါ အမျိုးသားအလံကိုလွှင့်ထူခြင်း၊
ရခိုင်သမိုင်းနှင့်ရခိုင်အမျိုးသားနေ့ အကြောင်းများကို
အကျယ်တ၀င့်ဆွေးနွေး ခဲ့ကြကြောင်းသိရှိရသည်။
You must be logged in to post a comment.