လူထုအခြေပြုရေရှည်တည်တံ့သောအသက်မွေးဝမ်းကြောင်းနှင့်ဖွံ့ဖြိုးရေးကော်မတီ – ခမောင်းသွယ်

995169_687956401234369_656064309_n1236197_687956494567693_1866991774_n

လူထုအခြေပြုရေရှည်တည်တံ့သောအသက်မွေးဝမ်းကြောင်းနှင့်ဖွံ့ဖြိုးရေးကော်မတီ – ခမောင်းသွယ်
သတင်းထုတ်ပြန်ကြေငြာချက်

စာအမှတ်- ၉/၂၀၁၃ ရက်စွဲ။ ။ ၁၇.၉.၂၀၁၃

အကြောင်းအရာ။ ။ထိုင်းနိုင်ငံအခြေစိုက်အီတာလျှံ-ထိုင်း ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္မဏီလီမိတက် (Italian-Thai Development PCL-ITD) ၏ ထားဝယ် – ကန်ချနပူရီ အဝေးပြေးလမ်းဖောက်လုပ်မှုစီမံကိန်းတွင် သိမ်းဆည်းခဲ့သော ဥယျာဉ်ခြံမြေများ အတွက် ဒေသခံ ရွာသားများအား လျော်ကြေးပေးရန်ပျက်ကွက်မှု နှင့် တရားမျှတမှုနှင့်ပွင့်လင်းမြင်သာမှုမရှိသောစီမံကိန်းအကောင်အထည်ဖော်မှုများကိုအသိပေးထုတ်ပြန်ကြေညာခြင်း။

၂၀၁၀ ခုနှစ်အတွင်း အီတာလျံထိုင်းကုမ္ပဏီမှ သစ်ကတိုးမှ မေတ္တာအကြားလမ်းဖောက်လုပ်မှုကြောင့် ထိခိုက်ခဲ့ရသော ဒေသခံရွာသား ၃၈ ဦးအား လျော်ကြေးပေးအပ်ရန်ကိစ္စနှင့် ပက်သက်၍မဆိုင်းမတွ ချက်ခြင်းဖြေရှင်းဆောင်ရွက်ရန် အီတာလျံထိုင်းကုမ္ပဏီ – ITD အား CSLD (လူထုအခြေပြုရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်း နှင့်ဖွံ့ဖြိုးရေးကော်မတီ) မှ တောင်းဆိုလိုက်သည်။
အီတာလျံထိုင်းကုမ္ပဏီသည်စီမံကိန်းနှင့် ပက်သက်၍ ဒေသခံများအားကြိုတင်အကြောင်းကြား၍ လွတ်လပ်စွာဆုံးဖြတ်သောသဘောဆန္ဒခံယူခြင်းမရှိပဲမေတ္တာ၊ ကထောင်းနီ၊ ကလက်ကြီး၊ သဗြုချောင်း၊ ပျဉ်းသားတော၊ ရေပုတ်၊ သစ်ကတိုးရွာများတွင်၂၀၁၀ ခုနှစ်မှစ၍ နိုင်ငံချင်းဆက်လမ်းမကြီးဖောက်လုပ်ခဲ့ပြီးဒေသ၏အဓိက ၀င်ငွေဖြစ်သောကွမ်းသီးပင်၊ ရာဘာပင် နှင့် သီဟိုပင်စိုက်ခင်းများအားပျက်စီးစေခဲ့သည်။
၂၀၁၀ ခုနှစ်မှစတင်ဖောက်လုပ်သောလမ်းတစ်လျှောက်တွင် တရားမျှတမှုမရှိပဲမြေယာသိမ်းဆည်းကာမေတ္တာ၊ ကထောင်းနီ၊ ကလက်ကြီး၊ သဗြုချောင်း၊ပျဉ်းသားတော၊ရေပုတ်၊ သစ်ကတိုးရွာများမှ ဒေသခံရွာသားများ၏ အသက်မွေးဝမ်းကြောင်းကိုဖျက်ဆီးခဲ့သည်။ရွာသားများသည် စည်းကမ်းမဲ့ စီမံကိန်းလုပ်ငန်းကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးလက်ခံရန် ကျေနပ်မှုမရှိလှသော်လည်းအီတာလျံထိုင်းကုမ္ပဏီသည် ပျက်စီးဆုံးရှုံးမှုစာရင်းပြုစုပြီးပါကလျော်ကြေးပေးအပ်မည် ကတိပြုခဲ့သည်။ သို့သော်အီတာလျံထိုင်းကုမ္ပဏီသည် ကတိမတည်ခဲ့ပါ။
အီတာလျံထိုင်းကုမ္ပဏီသည် ၂၀၁၃ ခုနှစ်အတွင်းလျော်ကြေးပေးခြင်းနှင့် ပက်သက်သော အစည်းအဝေးများစွာကို ပြုလုပ်ခဲ့ပြီး၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိလျော်ကြေးပေးမှု စုစုပေါင်း (၁၁၁) ကြိမ်ရှိခဲ့သည်။ သို့သော်လည်းမရပဲကျန်ခဲ့သည့် နစ်နာသူရွာသားများအားလျော်ကြေးပေးအပ်ရန် ပျက်ကွက်ခဲ့သည် ။ လျော်ကြေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် လျော်ကြေးပေးအပ်ရန် အတွက် တိကျသော အချိန်ကာလ ကိုလည်း သတ်မှတ်ခဲ့ခြင်းမရှိပါ။ ၂၀၁၀ ခုနှစ်မှ စ၍ လမ်းဖောက်လုပ်ခြင်းကြောင့် ရွာသားတစ်ချို့၏ ဥယျဉ်ခြံမြေများပျက်စီးခဲ့သော်လည်းစာရင်းပြုစုရေတွက်ရာတွင် အဆိုပါရွာသားတို့၏ပိုင်ဆိုင်မှုများမပါဝင်ခဲ့သဖြင့် ယနေ့အထိ လျော်ကြေးငွေရရှိခြင်းမရှိသေးပါ။
ထိုကြောင့် စီမံကိန်းကြောင့် နစ်နာထိခိုက်ခဲ့သောရွာသားများသည် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် သဗြုချောင်းကျေးရွာ၌ စုဆုံကာလျော်ကြေးပေးအပ်ရန်နှင့် ပက်သက်၍ တိကျသောအဖြေပေးရန် အီတာလျံထိုင်းကုမ္ပဏီအရာရှိများအားမေတ္တာရပ်ခံခဲ့သည်။ရွာသားများသည်စိုးရိမ်ပူပန်မှုကို ပြည်သူအများအာရုံစိုက် သတိပြုမိစေရန် အီတာလျံထိုင်းပိုင် ယဉ် (၃) စီးအားစက်တင်ဘာလ ၉ ရက်နေ့တွင် ခေတ္တတားမြစ် ထိန်းသိမ်းထားလိုက်ပြီးစက်တင်ဘာလ (၁၀) ရက်နေ့တွင် ပြန်လည် ထွက်ခွာသွားခွင့်ပြုခဲ့သည်။
ယခုအထိအီတာလျံထိုင်းကုမ္ပဏီအနေဖြင့် ရွာသားများ၏ ပူပန်မှုကိုဖြေရှင်းရန်တိကျသောအဖြေမပေးသေးပါ။ ထို့ကြောင့် ဒေသခံပြည်သူများနှင့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အားအကောင်အထည် ဖော်သူဖြစ်သောအီတာလျံထိုင်းကုမ္ပဏီကြားဖြစ်ပွားနေသောတင်းမာမှုများကို ပြန်လည်ကုစားနိုင်ရန် ထိခိုက် နစ်နာသောရွာသားများ၏ တောင်းဆိုမှုကိုချက်ချင်းတုံ့ပြန်ဖြေရှင်းပေးစေလိုကြောင်းCSLD (လူထုအခြေပြု ရေရှည်တည်တံ့သောအသက်မွေးဝမ်းကြောင်းနှင့်ဖွံ့ဖြိုးရေးကော်မတီ) မှ အီတာလျံထိုင်းကုမ္ပဏီအားတောင်းဆိုသည်။
ရပ်ရွာလူထု၏ သဘောတူမှု ၊ ပူးပေါင်းပါဝင်မှုများ မရှိလျှင် စီမံကိန်းတိုးတက်မှု နှင့် အောင်မြင်မှုများ ရရှိလိမ့်မည်မဟုတ်ဟု CSLD (လူထုအခြေပြု ရေရှည်တည်တံ့သော အသက်မွေးဝမ်းကြောင်း နှင့်ဖွံ့ဖြိုးရေးကော်မတီ) အနေဖြင့်အပြည့်အ၀ ယုံကြည်သည်။

ဆက်သွယ်မေးမြန်းရန်
ဦးစောခို – CSLD- ၀၉၃၁၄၁၈၈၅၁
ဦးစောကဲဒို – CSLD – ၀၉၄၉၃၃၇၄၉၂
ဦးသန့်ဇင် – DDA – ၀၉-၄၂၂၁၉၀၆၉၁

https://www.facebook.com/pages/Dawei-Development-Association/324514247578588

Leave a comment