စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

404015_350426721661624_436296625_a

 

ကြိုတင်ပြင်ဆင်မှုနှင့် သဘာဝဘေး အန္တရာယ်များ

ယခုရက်ပိုင်းများအတွင်း ဆက်တိုက် ဖြစ်ပေါ်နေသော မိုးရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် မြစ်ရေကြီးမှုများ၊ ရေကြီးရေလျှံမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး လူပေါင်းများစွာ ရေဘေးဒုက္ခဒဏ်ကို ခံစားနေကြရသည်။ ယခုနှစ် အတွင်းမှာပင် သြဂုတ်လ၌ တစ်ကြိမ်မိုးရွာသွန်း မှုများကြောင့် ရေလွှမ်းမိုးမှုများ ဖြစ်အပြီး ယခုစက်တင်ဘာလတွင် နောက်တစ်ကြိမ်၊ နှစ်လဆက် ရေလွှမ်းမိုးခံရခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ယခုကဲ့သို့ မိုးနှောင်းပိုင်း စပါးစိုက်ပျိုးပြီးချိန်တွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်သည့်အခါ စပါးစိုက်ခင်းများ ရေမြုပ်ကုန်သည့် အတွက် ဒုက္ခနှစ်ဆ တိုးကြရသည်။ ၁၉၈၀ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ထိ နှစ်ပေါင်း ၃၀ အတွင်းတွင် မြန်မာနိုင်ငံ၌ သဘာဝဘေး အန္တရာယ် အကြိမ်ပေါင်း ၂၇ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၃၈,၀၀၀ ကျော် သေကျေပျက်စီးခဲ့ရကာ စီးပွားရေး အရလည်း ပျက် စီးဆုံးရှုံးမှု အလွန်များခဲ့သည်။ အဆိုပါ သဘာဝဘေး အန္တရာယ်များတွင် ရေကြီးမှုသည် အကြိမ်အများဆုံးဖြစ်ပြီး မုန်တိုင်းကြောင့် လူသေဆုံးမှုသည် အများဆုံး ဖြစ်ခဲ့သည်။ အနီးစပ်ဆုံး အနေဖြင့်၂၀၀၈ ခုနှစ်တွင် ဖြစ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့ရသည့်အပြင် ယနေ့တွင် ငါးနှစ်ကျော်ခဲ့ပြီ ဖြစ်သော်လည်း ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများမှာ ယခုအချိန်အထိ အဆုံးမသတ် နိုင်သေးပါ။

လက်ရှိဖြစ်ပေါ်နေသော ရေလွှမ်းမိုးမှု အခြေအနေများအရ မြန်မာနိုင်ငံသည် သဘာဝဘေး အန္တရာယ် ကာကွယ်ရေးများနှင့် ပတ်သက်၍ ပေါ့ဆနေ၍ မဖြစ်နိုင်တော့ပါ။ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်၍ ပေါ့ဆမိသောကြောင့် လူသိန်းနှင့်ချီ၍ သေဆုံးခဲ့ရသော နာဂစ်မုန်တိုင်းသည် သာဓက တစ်ခုပင်ဖြစ်သည်။ ယခုအခါ ကုလသမဂ္ဂ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး အဖွဲ့ကလည်း မြန်မာနိုင်ငံအား အာရှပစိဖိတ် ဒေသတွင် သဘာဝ ဘေးအန္တရာယ် ခံစားရနိုင်မှု အခြေအနေတွင် အမြင့်ဆုံးအဖြစ် သတ်မှတ်ထားပါသည်။ သို့သော်လည်း လက်ရှိ မြန်မာနိုင်ငံ၏ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေးမှာ စနစ်တကျနှင့် အားရကျေနပ်ဖွယ် ကောင်းလောက်အောင် မြန်ဆန်အကျိုးရှိသော စီမံခန့်ခွဲမှုများ ဖြစ်မလာ နိုင်သေးဘဲ ဖြစ်မှထလုပ်သော အခြေအနေမျိုးသာ ရှိနေပါသေးသည်။

သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရာတွင် ကြိုတင်ကာကွယ်ရေး၊ ဘေးအန္တရာယ် လျော့ပါးအောင် ဆောင်ရွက်ခြင်း၊ ကြိုတင်ပြင်ဆင်ထားခြင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အပိုင်းများခွဲ၍ ဆောင်ရွက်ကြရသည်။ သို့သော်လည်း မြန်မာနိုင်ငံ၌ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရာတွင် ကယ်ဆယ်ရေး အပိုင်းလောက်သာ ပြုလုပ်လေ့ရှိကြပြီး ဘေးအန္တရာယ်များ အတွက် ကြိုတင်ကာကွယ် ပြင်ဆင်ရေး လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် များစွာအားနည်းချက်များ ရှိနေသည်။ ထို့ကြောင့်လည်း သဘာဝ ဘေးအန္တရာယ် အစီရင်ခံစာ၏ သဘာဝ ဘေးအန္တရာယ်ကို ထိရောက်လျင်မြန်စွာ တုံ့ပြန်နိုင်မှု အဆင့်တွင် မြန်မာနိုင်ငံသည် ဆဋ္ဌမမြောက် အဆိုးဆုံးနိုင်ငံ ဖြစ်နေပါသည်။ မကြာခဏ မြစ်ရေကြီးမှုများနှင့် ရေကြီးရေလျှံမှုများ ဖြစ်လေ့ရှိသော်လည်း ယခုအချိန်အထိ ရေကြီးရေလျှံမှသာ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခြင်း၊ ဆန်အိတ်များ လိုက်လံလှူဒါန်းခြင်း တို့ကိုသာ ပြုလုပ်လျက်ရှိပြီး ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် ဒုက္ခသည်များ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုမူ ထိရောက်စွာ လုပ်ဆောင်ခြင်း မရှိပေ။

ကမ္ဘာနှင့်အ၀ှမ်း ကြုံတွေ့နေရသည့် သဘာဝ ဘေးအန္တရာယ်များ၏ ဒဏ်ကို မြန်မာနိုင်ငံ အနေဖြင့်လည်း မလွဲမသွေ တွေ့ကြုံခံစားရနေဦးမည် ဖြစ်သည်။ ထို့ကြောင့် တားဆီး၍ မရနိုင်သည့် သဘာဝ ဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင် ထားမှုများနှင့်သာ အကောင်းဆုံး တုံ့ပြန်နိုင်မည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ် အတွက် ကြိုတင်ပြင်ဆင် မှုများကို နိုင်ငံတော်အဆင့် ရေရှည်စီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းရေးသား အပ်ပါသည်။

Union Election Commission PUTS ON Ministry of Immigration and Population TO DECIDE ON WHITE CARDS VOTING RIGHT

WHITE CARDS

It is up to the Ministry of Immigration and Population—and not the Union Election Commission—to decide whether or not holders of white, temporary citizenship cards should be allowed to vote in the 2015 election, UEC chairperson Tin Aye said on the weekend.

“It is still too early to say [whether white-card holders can or cannot vote in the election]. We need to discuss the issue further,” he told a group of journalists at the Inya Lake Hotel Yangon on September 14.

The UEC chairperson was asked to clarify remarks on June 29 by Minister of Immigration and Population Khin Yi, who told a press conference in Nay Pyi Taw that the question of whether or not white-card holders can vote in 2015 depends on the UEC.

Tin Aye said that the UEC has no mandate to decide who can vote but simply follows the rules and instructions of the legislative parliament and the respective ministry on this question.

“The commission needs to act upon the decision of the respective ministry. If the ministry says that white-card holders can vote, the commission must accept their votes. The commission does not have authority over it. The commission is just the election organizer,” he said.

“Parliament makes the law. If the parliament approves the right of white-card holders to vote, then they can vote. So, whether or not they can vote depends on what kind of law is in place. We will act in accordance with the laws. Only then will it be a free and fair election.”

Tin Aye added that those who believe it is within the jurisdiction of the UEC to decide whether or not white-card holders can vote need to read the laws again.

မိသားစုလုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်ပြောကြား

မိသားစုလုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်ပြောကြား

မိသားစု လုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အနောက်နိုင်ငံ သံရုံးကိုယ်စားလှယ် တစ်ဦးနှင့် လျှို့ဝှက်တွေ့စုံ စဉ် အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်မှပြောကြား ခဲ့ခြင်းဖြစ်သည် ၊

စစ်တပ်မှ ဖိအားပေး အနားယူခိုင်းခံခဲ့ရသော အငြိမ်းစားအရာရှိများလည်း သူ့နည်းတူ တိုင်းပြည်သို့ ဝန်ခံဖွင့်ချမည့်သူ အများအပြားရှိကြောင်းလည်း ပြောကြားသွားသည်ဟု သိရပါသည် ၊

” အားလုံးက ပြောချင်နေကြပြီလေ ၊ အဲဒီအချိန်တုန်းကတော့ အထက်အမိန့်အရ လုပ်ခဲ့ကြတာလေ ၊ မှားတယ်မှန်တယ် လုပ်သင့်တယ် မလုပ်သင့်ဘူး ပြန်ဝေဖန်ပိုင်ခွင့်မှ မရှိတာ ၊ ခိုင်းတာလည်းလုပ်ပြီးရော အဲဒါက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ခဲ့သလိုလို နဲ့ အပြင်ကို

ကောလဟာလလွှင့်တာခံရတယ် ၊ အဲဒါတွေက နောက်ကျောဓါးနဲ့ထိုးလိုက်တာပဲ ၊ ကိုယ့်ကို သမိုင်းတရားခံဖြစ်အောင် ထိုးကျွေးလိုက်တာ ၊ ဒါ ဘယ်သူကမှ မခံနိုင်ဘူးလေ ၊ ကိုယ့်သားစဉ်မြေးဆက်အပေါ် မဟုတ်တဲ့ အမည်းစက်ကြီးဖြစ်နေမှာလေ ၊ အားလုံး

ဖွင့်ချချင်နေကြတယ် ၊ တစ်ခုပဲရှိတယ် ၊ မိသားစုရဲ့ လုံခြုံရေးကို တိတိကျကျ အာမခံချက်ပေးရမယ် ၊ ”

မည်သည့်စိုးရိမ်မှုများကြောင့် မိသားစုလုံခြုံရေးကို အာမခံချက်တောင်းရတာလဲ ဟု သ့ရုံးကိုယ်စားလှယ်မှမေးရာ ၅လောင်းပြိုင်လူသတ်မှု အမှုမှန်မပေါ်မခြင်း အရင်အာဏာရှင်များ၏ နောက်ကွယ်မှ ကြိုးကိုင်မှုများရှိနေသည်ကို အထင်အရှားသိနိုင်ကြောင်း ၊ အချိန်မရွေး

အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်မှ ပြန်ဖြေခဲ့သည်ဟု သိရပါသည် ၊

သံရုံးကိုယ်စားလှယ်မှ တဆက်တည်းဖြေလို့ရလျှင် မေးစရာတစ်ခုရှိကြောင်း ၊ ဖြေလို့ရလျှင်ဖြေပေးစေလိုကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်ခင်ညွှန့်မှ သဘောတူသဖြင့် အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ်ပျက်ကျခြင်းသည် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ပယောဂပါ

မပါ သိလိုကြောင်းမေးကြားခဲ့သည် ၊

” အဲဒါကိုလည်း ဖြေချင်နေတာပါ ၊ ကိုယ့် ပယောဂ မပါပါဘူး ၊ လုံးဝကို မပါတာပါ ၊ ကိုယ်တို့ ဟာ လုပ်ဖော်ကိုင်ဖက်တွေပါ ၊ တခါတခါ သဘောထားတိုက်ဆိုင်တာရှိသလို ထိပ်တိုက်ပြောရတာလေးတွေလည်းရှိတာပေါ့ ၊ အခုဟာက အပြင်မှာ ဒီကိစ္စနဲ့ပတ်သတ်လာရင်

ကိုယ်က တရားခံလိုလို ဘာလိုလို ဖြစ်နေတယ် ၊ ဒါလုံးဝမဟုတ်ပါဘူး ၊ ဒါဘယ်သူလုပ်တယ်ဆိုတာ ကိုယ်သိတယ် ၊ အချိန်တန်ရင် ကိုယ်ဖွင့်ပြောမှာပါ ၊ ကိုယ်မသေခင် တာဝန်ကျေသွားချင်တယ် ”

တွေ့ဆုံမှုအစီအစဉ်ကို ပြည်ပရောက် ဗိုလ်မှူးအောင်လင်းထွဋ်မှ စီစဉ်ပေးခဲ့ကြောင်း သိရသည် ၊

SOURCE  HAWDEKA  KHALAYLAY

 

999218_326573464153699_1325202197_n

NAY MYO ZIN: အမည်မဖေါ်လိုတဲ့ မြန်မာပိုင် ဒေါ်လာငွေ ၁၁ ဘီလီယံ ပိုင်ရှင်တော့ ဘယ်လိုနေမယ် မသိဘူး။

UPDATED

kyein ni taung speech

ပြည်သူ့ဘက်တော်သား ရဲ့ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ် ကမ်းတောကျေးရွာမှာ ကျေးရွာလူထုနဲ့ တွေ့ဆုံစဉ်ပြောကြားခဲ့သော အကြံပြုစကားhttp://youtu.be/wLGXm5M5Ug4

အမည်မဖေါ်လိုတဲ့ မြန်မာပိုင် ဒေါ်လာငွေ ၁၁ ဘီလီယံ ပိုင်ရှင်တော့ ဘယ်လိုနေမယ် မသိဘူး။

ကျေးလက်မှာ တစ်သိန်းတစ်သောင်း ကျပ်လောက် ကုန်ကျတဲ့ ရေတုံကင် တခု လှူပေးလိုက်တယ် ဆိုရင်ပဲ ကျေးရွာသား အနည်းဆုံး ငါးဆယ်လောက် ရေကောင်းကောင်း သုံးလို့ရတယ်။ သူတို့တွေ သိပ်ပျော်သွားကြတယ်။

အမည်ပျောက် ပိုင်ရှင် မြန်မာအမျိုးသား အမျိုးသမီးတို့ရေ ဒေါ်လာ ၁၁ ဘီယီယံ ဆို မြန်မာငွေ ဘယ်လောက်တောင် ရနိုင်မလဲ မသိပေမယ့် ကျနော်တို့ သွားနေတဲ့ ကျေးလက်တွေမှာတော့ ဖိနပ်တောင် ၀ယ်မစီးနိုင်တဲ့ ပြည်သူလူထုတွေ၊ အင်္ကျီတောင် လဲစရာ မရှိတဲ့ ကျောမွဲ ကျောကွဲ လူတန်းစားတွေ၊ စာသင်ကျောင်း မရှိလို့ သစ်ရိပ်ဝါးရိပ်မှာ စာသင်နေရတဲ့ ကျောင်းသားလေးတွေကို ငဲ့ညှာပြီး လူစိတ်တွေကို ဖေါ်ထုတ်ပေးပါ။ နိုင်ငံသားတွေကို ငဲ့ညှာပါလို့ပဲ ပန်ကြားချင်မိတယ်။

NMZ

NAY MYO ZIN
NAY MYO ZIN