U WIRA THU: “သံတွဲတွင် လက်လုပ်ဗုံးများ ဖမ်းဆီးရမိ”3.10.2013 ရက်နေ့တုန်း

1377133_335699739906874_1669861584_n-11383908_335699776573537_1949006665_n

 

“သံတွဲတွင် လက်လုပ်ဗုံးများ ဖမ်းဆီးရမိ”
^^^^^^^^^^^^^^^^^^^^^
3.10.2013 ရက်နေ့တုန်းက သံတွဲမြို့နယ်၊ ရွှေလှေရွာမှာ လက်လုပ်ဗုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ရွှေလှေရွာ (စာသင်ကျောင်းရှေ့) မှ ကိုတင်နောင် (ဘ) ဦးရာကွတ်+မနီ(ခ)မခင်မေသန်း(ဘ) ဦးဟူစိန်ထွန်း တို့၏ နေအိမ်မှာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး Sprite ပုလင်းထဲတွင်-ဆန်နှင့် တစ်လက်မသံများ ပုလင်းဝက်ထိ ထည့်ထားပြီး ဓာတ်ဆီများဖြည့်ထားကာ စနက်တံတပ်ထားကြောင်း အားလုံး ဂျပ်ဖာနှစ်ဖာ အပြည့်ဖြစ်ကြောင်း သိရပါတယ်။
လင်မယားနှစ်ယောက်လုံးကို ဖမ်းဆီးထားပြီလို့ သိရပါတယ်။ ၄င်းတို့ဟာ ကမန်/အစ္စလာမ်များဖြစ်ကြောင်း သိရပါတယ်။ သံတွဲမြို့တွင် မှတ်ပုံတင်ပွဲစားများ ကျေးဇူးကြောင့် ၁၉၉၀ ခုနှစ်တွင် ကမန်လူဦးရေ ၂၅၀ ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၀၀၀၀၀(တစ်သိန်း) အထိ တိုးပွားလာခဲ့ကြောင်း၊ ဘင်္ဂလီများကို ခိုးသွင်းပြီး ကမန်လုပ်ပေးရာမှ မူလကမန်တိုင်းရင်းသားများပါ ထိခိုက်နစ်နာခဲ့ရကြောင်း သိရှိရပါတယ်။

——————————

“မာမူကြီးဘိုရှီသို့ ဒုတိယပြန်ကြားစာ”
^^^^^^^^^^^^^^^^^^^^
ဇာတ်တူသားစားချင်တဲ့ မာမူကြီးကို ကျွန်တော်စာပြန်လိုက်ပါတယ်။ နောက်ပြီး မာမူကြီးဘိုရှိရဲ့ စာကို Like လုပ်ပြီး ကျွန်တော်ကို တစ်တစ်ခွခွဆဲဆိုဝေဖန်နေကြသော “အီမာန်ရှင်များ” ကို မေးပါရစေ။ အစ္စလာမ်ဆိုတာ အမိန့်နာခံခြင်းနှင့် ငြိမ်းချမ်းခြင်းဆိုတာ အစ္စလာမ်ရဲ့ တရားအမှန်ပါ။ ဒီနေ့ သုံးနှင့် လေးဖြစ်နေတဲ့ ဦးဝီရသူ ကျွန်တော်အပါဝင် မွတ်စလင်လူငယ်များစွာ လေးနဲ့ သုံးလို မျက်နှာချင်းဆိုင်ဖြေရှင်းခွင့်ရခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန်ကွန်ယက်မှာ လိပ်စာအတိအကျရှိပြီး၊ ဖုန်းနံပါတ်ပါထည့်ပေးထား ပါတယ်။ ကျွန်တော်တို့ဟာ Facebook ပေါ်က လက်သီးပုန်းထိုးပြီး လေသေနတ်ပစ်နေကြတာ မဟုတ်ပါဘူး။ ခင်ဗျားတို့ “လေနဲ့” သာသနာအတွက် အသက်တွေပေးနေကြတာကို ဒီနေ့ မြန်မာမွတ်စလင်တွေ သဘောပေါက်လာနေကြပါပြီ။ အငတ်ခံ အသေခံပြီး အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတာ အချိန်အခါပေါ်မှာမူတည်ပြီး တမန်တော် (ဆွ) က မိန့်မှာထားခဲ့တာကို ဆန့်ကျင်ပြီး အကြမ်းဖက်အောင် လှုံ့ဆော်ပြီး စိတ်ကြွအောင် လုပ်နေတဲ့ မာမူဘိုရှီဟာ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ “NGO” လား ဒါမှ မဟုတ် “ခရိုနီ” တစ်စုရဲ့ လက်ပါးစေလားဆိုတာ သံသယဖြစ်မိပါတယ်။ ဒီနေ့ နိုင်ငံတော်အစိုးရများ တိုင်းရင်းသား ပြည်သူများ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံတော်ကို ချစ်မြတ်နိုးသူတွေ စုပေါင်းပြီး ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံအတွက် ကြိုးပမ်းနေချိန်မှာ ကျွန်တော်တို့ မြန်မာ အမိမြေပေါ်မှာ ဘာသာရေးပဋိပက္ခကြောင့် လူသားညီနောင်တွေ အချင်းချင်း မသင့်မြတ်ခဲ့လို့ တိုင်းပြည်ရဲ့ သဘာဝအရင်းအမြစ် သယံဇာတတွေ အတ္တကြီး ကိုယ်ကျိုးစီးပွားရေးသမားတွေ လက်ထဲရောက်ပြီး၊ အခြေခံလူတန်းစားတွေ ဆင်းရဲဒုက္ခရောက်နေကြပါပြီ။ မာမူဘိုရှီခင်ဗျားကို ကျွန်တော်နဲ့ စကားစစ်ထိုးဖို့ ဖိတ်ခေါ်ပါတယ်။ မီဒီယာနဲ့ လူဘုံအလယ်မှာ ဆွေးနွေးကြပါစို့။ ခင်ဗျားထက် ဆရာတော်ဦးဝီရသူက သတ္တိပိုရှိလို့ သူက ဗြောင် မွတ်စလင်တွေကို မကောင်းကြောင်း တရားခွေ ထုတ်ခဲ့ပါတယ်။ ခင်ဗျားက မွတ်စလင်အချင်းချင်း လက်သီးပုန်းထိုးနေတယ်။ ဒါနဲ့များ ခင်ဗျားသာသနာအတွက် အသက်ပေးကာကွယ်နေတယ်ဆိုတာကမှ “ဟာသ” ဖြစ်နေပါတယ်။ ကျွန်တော်က ၁၉၈၁ခုနှစ်ကစပြီး စစ်စခန်း ဒုက္ခသည်စခန်းနဲ့ ငါးဖမ်းလှေမှာ ကျေးကျွန်အဖြစ် ရောင်းစားခံရပြီး၊ တိရစ္ဆာန်ဘာသာဘဝကို ထောင်ကျခံ ဖြတ်သန်းခဲ့ရလို့ ဆင်းရဲမှာကြောက်လို့ ငြိမ်းချမ်းရေးလုပ်နေတာ။ သိန်းပေါင်း ထောင်ချီစွန့်လွှတ်ခဲ့တဲ့ စာရင်းသိ ချင်ရင် ကျွန်တော်ထံ ကြွလာခဲ့ပါ။ မွတ်စလင်တစ်ချို့ “ဟာဂ်ျ” အတွက် ရန်ဖြစ်နေချိန်၊ တိုက်တွေ တစ်လုံးပြီးတစ်လုံး ဆောက်ပြီး မြေကွက်တွေနဲ့ ကိုယ်ကျိုးစီးပွားရှာနေချိန်မှာ ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးကျောင်းတွေမှာ အိပ်ပြီး နယ်တွေဆင်း၊ ဗုဒ္ဓဘာသာတွေ တည်ခင်းတဲ့ သက်သက်လွတ်စားစရာ တွေစားပြီး နိုင်ငံတော်နဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စေတနာမေတ္တာတွေ လက်တွေ့ခံစားသိနေရလို့ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာကြားမှာ နားလည်မှု ကွဲစေတဲ့ တရားဟောဘုန်းကြီး ဦးဝီရသူနဲ့ တွေ့ဆုံခွင့်ရပြီး ဒီနေ့ ငြိမ်းချမ်းရေး လမ်းစတွေ ဖော်ထုတ်နေတာပါ။ မာမူဘိုရှီ အလုပ်မရှိရင် အလုပ်တစ်ခုခု ရှာလုပ်ပါ။ Facebook မှ ထိုင်ပြီး အချိန်ဖြုန်း တိုင်းပြည်မငြိမ်းချမ်းစေမယ့် စာတွေရေးမယ့်အစား အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာ ၂ ဖက် ငြိမ်းချမ်းအောင် ဘယ်လိုစကားဝိုင်းတွေ လုပ်ပေးနိုင်မလဲ အနာဂတ် ကိုယ်မျိုးဆက်သားသမီးတွေကို ရန်ငြိုးပွား စေမယ့် သမိုင်းတွေကို ရှုပ်အောင် ပွအောင် လုပ်ပြီး “ဂျဟနန်” ငရဲကို သွားမည့်အစား ဒီဒူနီယာကြီးကို “အလ္လာလ်ရ ရာဟာမဒ်တွေ” ကျရောက်အောင် လုပ်ဆောင်ပေးပြီး သေပန်းလှအောင် ကြိုးစားပါလို့ ပြန်ကြားအပ်ပါသည်။ မာမူကြီးရဲ့ “IQ” ကို စမ်းသပ်ချင်လို့ အခုလို စာရေးလိုက်တာပါ။ ကျွန်တော်ဟာ သာမန် မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်တာနဲ့အညီ ကိုယ့်ရဲ့ “IQ” အဆင့်ရဲ့ လုပ်သင့် လုပ်ထိုက် တဲ့ အချိန်တစ်ခုမှာ လုပ်ရခြင်းဖြစ်ပါတယ်။ HERO လည်းမဟုတ်သလို ZERO လည်း မဟုတ်ပါ။ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ အချောင်သမား “NGO” လည်းမဟုတ် ရရစားစား ဗော်လံဒီးယားလည်းမဟုတ် ကိုယ်ရဲ့ ခွန်အားဥာဏ်အားနဲ့ စီးပွားရှာပြီး ဒီနေ့ စာရေးဆရာ ဒိုင်းမွန်းရွှေကြည် အမည်နဲ့ လုံးချင်း ၃ အုပ် ထုတ်ခဲ့ပြီး မြန်မာပြည်မှာ ပထမဦးဆုံး ရွှေကို Swiss ပုံစံ ဂရမ်ပြား ရွှေတီထွင်ခဲ့တဲ့ အရည်အချင်းရှိ စီးပွားရေးသမား အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်ပါတယ်။ တိုင်းပြည်ကို ပြား ၉၀ အကျိုး ပြုပြီး ကိုယ်ကျိုး ၁၀ ပြားသာကြည့်တဲ့ သားကောင်းရတနာဖြစ်ကြောင်း စကားစစ်ထိုးရန် စိန်ခေါ်လိုက်ပါသည်။
ဒိုင်းမွန်းရွှေကြည်
ဖုန်း-09.73238176

1379767_336067463203435_1859217640_n575662_336067446536770_41859066_n

 

 

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s