14.10.2013 ညနေ 4:00 နာရီ၊ ဓမ္မသဟာယကျောင်းမှာ လက်ခံတွေ့ဆုံ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လာရောက် မေးလျှောက်သူမှာ အမေရိကန် ပြည်ထောင်ကာလီဖိုးနီးယားပြည်နယ်- Access Prod မှ Director Mr.Dwin Mckiernan ဖြစ်သည်။
ရိုဟင်္ဂျာအရေးကို အဓိကမေးမြန်းသွားပြီး-ရိုဟင်္ဂျာအရေးမှာ အမေရိကန်နိုင်ငံမှ ကူညီသင့်သော နည်းလမ်းများကို မေးမြန်းလျှောက်ထားသွားသည်။
သမ္မတအိုဘားမားအနေဖြင့် မြန်မာပြည်ကြီး အမှန်တကယ် ငြိမ်းချမ်းစေလိုတယ်ဆိုရင် ရိုဟင်္ဂျာဝေါဟာရကို မသုံးစွဲဖို့၊ R.S.O များအနေဖြင့် မိမိတို့ လိုချင်သော အခွင့်အရေးများကို အစိုးရအပေါ်သာ တိုက်ရိုက် တောင်းဆိုလာအောင်၊ တိုင်းရင်းသားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများ မလုပ်မိအောင် မေတ္တာရပ်ခံပေးဖို့ လိုအပ်ကြောင်း-မိန့်ကြားခဲ့သည်။
Day: October 14, 2013
U YE HTUT :အခု ပုံပါ Viber လို မိုဘိုင်းဖုန်းကတဆင့် နည်းပညာ အသုံးပြုတဲ့ ဖုန်းခေါ်ဆိုမှုများကို ဖုန်းလိုင်းဖြတ်တောက်သွား
အခု ပုံပါ Viber လို မိုဘိုင်းဖုန်းကတဆင့် နည်းပညာ အသုံးပြုတဲ့ ဖုန်းခေါ်ဆိုမှုများကို ဖုန်းလိုင်းဖြတ်တောက်သွားမယ်ဆိုတဲ့ ဂျာနယ်သတင်းကို Facebook ပေါ်မှာ တွေ့ပါတယ်။ အချို့ မိတ်ဆွေများကလည်း message ပို့ပြီး မေးလာပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးသာင်းတင်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဦးသောင်းတင်က ၀န်ကြီးဌာနအနေဲ့ အဲဒီလို ညွှန်ကြားထားတာ လုံးဝမရှိကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါတယ်။
တကယ်တော့ ဒီသတင်းမှာ ရေးထားတဲ့ Source က အင်ဂျင်နီယာချုပ်တစ်ဦးလို့ပဲ ဖော်ပြထားပါတယ်။အမည်ဖော်ပြမထားပါဘူး။ ဒီပုဂ္ဂိုလ်ရဲ့ ပြောကြားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းအတည်ပြုခြင်း၊ ဒါမှမဟုတ် အတည်ပြုရန်လုပ်ဆောင်ခဲ့မှုများကို ဖော်ပြထားခြင်းမရှိပါဘူး။
တကယ်တော့ အမည်မဖော်ပြတဲ့သတင်းအရင်းအမြစ်ကို သုံးမယ်ဆိုရင် လိုက်နာဆန်းစစ်ရမယ့် နိုင်ငံတကာ စံနှုန်းများရှိပါတယ်။ အဲဒီအတိုင်းလုပ်မလုပ်ဆိုတာကတော့ သက်ဆိုင်ရာ အယ်ဒီတာများပဲ အသိဆုံးဖြစ်မှာပါ။
သတင်းမထုတ်ပြန်ခင် သတင်းခိုင်မာမှုကို ပြန်လည်စိစစ်ဖို့လိုတယ်ဆိုတဲ့ အခြေခံ အကျဆုံး လုပ်ငန်းစည်းမျဉ်း ဒါမှမဟုတ် ကျင့်ဝတ် ကို အလေးမထားတဲ့အတွက် ၀န်ကြီးဌာနတွေကလည်း လိုက်ရှင်းရ၊ ပြည်သူတွေကြားမှာလည်း စိုးရိမ်ပူပန်မှုတွေဖြစ်ရပါတယ်။ ဒါ့အပြင် အစိုးရနဲ့ ပြည်သူကြားနားလည်မှုလွဲအောင် ဖန်တီးသလိုလည်းဖြစ်သွားနိုင်တဲ့အတွက် ရေးသူများကလည်း တတ်နိုင်သမျှ စိစစ်အတည်ပြုပြီးမှာ ရေးကြဖို့၊ ဖတ်သူများကလည်း ဝေဖန်ဆန်းစစ်ပြီးမှ ယုံကြည်ကြဖို့ တိုက်တွန်းလိုပါတယ်။
YANGON POLICE : အလုံမြို့နယ်တွင် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိ ရန်ကုန်၊ အောက်တိုဘာ ၁၄
ALL LINKS YANGON POLCE CLICK https://democracyforburma.wordpress.com/?s=YANGON+POLICE
14-10-2013
ကျော်မြတ်ဇံ
ရန်ကုန်၊ အောက်တိုဘာ ၁၃ ။ ။ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်မြို့တော်၏ လုံခြုံရေးကို နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ် သတ်မှတ်ပြီး လုံခြုံရေးကိုအဆင့် နှစ်ဆင့်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိတစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ်သို့ ထုတ်ဖော်ပြောသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအပါအဝင်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူတို့တွင် ယခုရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ညောင်လေးပင်၊ ဖြူးမြို့နယ်တို့တွင် လက်လုပ်မိုင်း၊ ဗုံးများ ဆက်တိုက်နီးပါးတွေ့ရှိနေသဖြင့် ရန်ကုန်ကို ယင်းကဲ့သို့ လုံခြုံရေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ပထမဆင့်အနေဖြင့် မြင်သာမှုရှိသော လှည့်ကင်း၊ ရဲကင်းများဖြင့် ဆောင်ရွက်နေပြီး နောက်တစ်ဆင့်အနေဖြင့် လျှို့ဝှက်ကာစုံစမ်း ထောက်လှမ်းခြင်းများဖြင့် လုံခြုံရေးကို အရေးပေါ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
”ဗုံးကွဲတာနဲ့ပတ်သက်ပြီး မသင်္ကာသူတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲပါ။ လောလောဆယ်တော့ ဘာမှပြောလို့ မရသေးပါဘူး။ လုံခြုံရေးကို နိုင်ငံတော်အဆင့်အနေနဲ့ အရေးတကြီးထားပြီး ဆောင်ရွက်နေပါ တယ်။ လုံခြုံရေးလုပ်ငန်းတွေကိုလဲ အဆင့်နှစ်ဆင့်နဲ့ ဆောင်ရွက်နေပါတယ်” ဟုပြောသည်။
Credit: ပုဂံအွန်လိုင်းမီဒီယာ
အလုံမြို့နယ်တွင် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိ
ရန်ကုန်၊ အောက်တိုဘာ ၁၄
၁၄.၁၀.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် အလုံမြို့နယ် ၊ စောရန်ပိုင်
အနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်မှ စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများအား သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ်
အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းမှ အဆိုပါအထုပ်အား ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင်အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ပါသည်။
ထိုသို့အကြောင်းကြားချက်အရ အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၀၅) စစ်မြေပြင်
အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အားရှင်းလင်းပြီး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိ ပါသည်။
———
_Yangon Police
about an hour ago
လုပ်သားပြည်သူများသို့ အသိပေးနှိုးဆော်ခြင်း
ရန်ကုန်၊ အောက်တိုဘာ ၁၄
လုပ်သားပြည်သူများအနေဖြင့် သီတင်းကျွတ်မီးထွန်းပွဲတော်ကာလနီးလာ၍့
ဗျောက်အိုးများဖေါက်ခြင်း၊ မီးရှုးမီးပန်းပစ်ခြင်းများပြုလုပ်လျက်ရှိနေပါသည်။
လတ်တလောရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းလက်လုပ်ချိန်ကိုက်မိုင်း
ပေါက်ကွဲခြင်း၊ လက်လုပ်မိုင်းများတွေ့ရှိသည့် ဖြစ်စဉ်များလည်းရှိပြီး
ပေါက်ကွဲမှုများ ထင်ယောင်ထင်မှားဖြစ်နိုင်သဖြင့် လုံခြုံရေးကိုရှေ့ရှုကာ
ဗျောက်အိုးဖေါက်ခြင်းများ မပြုလုပ်ကြပါရန်နှင့် တရားဥပဒေစိုးမိုးရေး
အတွက် လုပ်သားပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြပါရန် အသိပေးနှိုးဆော်မေတ္တာရပ်ခံအပ်ပါသည်။__________________________________ရာဇာဓိ ရာဇာ
တောင်ငူ၊ ဖြူး၊ စော်ဘွားကြီးကုန်း၊ သာကေတ …
ဒီနေ့ မန်းလေး လမ်း၈၀x၁၉လမ်း (ရွှေဘဲ?)၊ သခင်မြပန်းခြံ။
မေမြို့မှာ ကွဲတဲ့ ဗုံး အခုထိ လက်သည် မပေါ်သေးဘူး။ ဆရာတော် ဦးဝီရသူ တရားပွဲမှာ ပေါက်တဲ့ ဗုံး သတင်းကလည်း ထူးမခြားနားပဲ။
တောင်ငူမှာ ပေါက်တဲ့ဗုံးက တည်းခိုခန်းထဲမှာ ပေါက်တာ။ လူအဝင် အထွက် စစ်တာနဲ့ အဖြေက အတော်နီးစပ်နေပြီ။ စော်ဘွားကြီးကုန်းမှာ မကွဲတဲ့ ဗုံးကို စစ်လိုက်ရင် ယမ်းပျော့ ယမ်းမာ ဘာပစ္စည်းတွေ သုံးထားတယ်ဆိုတာနဲ့ လက်ရာကိုကြည့်ပြီး ဗုံးလုပ်သူရဲ့ အတွေ့အကြုံနဲ့ နောက်ကြောင်းကို အကြမ်းဖျင်းတော့ သိနိုင်မယ်။ သာကေတမှာ ကွဲတဲ့ ဗုံးနဲ့လည်း တိုက်ဆိုင် စစ်ဆေးလို့ရတယ်။ အနည်းဆုံးတော့ တစ်ကိုယ်တော်လား အုပ်စုနဲ့လား ဆိုတာ လောက်တော့ ပြည်သူတွေကို ချပြသင့်တယ်။ အုပ်စုလိုက် လှုပ်ရှားနေပုံလည်းရတယ်။ အခုဟာက ခွေးအကြီး လှည်းနင်းထားသလို မခံချိ မခံသာ ဖီလင်ကြီး။
U WIRA THU : “Khin Myo Thant ဆိုတဲ့ မွတ်ဆလင်မ၏ * ဆရာတော်ဦးဝီရသူအား စော်ကားချက်ကို ပြန်လည် ဖြေရှင်းခြင်း”
“Khin Myo Thant ဆိုတဲ့ မွတ်ဆလင်မ၏
******************************
ဆရာတော်ဦးဝီရသူအား စော်ကားချက်ကို ပြန်လည် ဖြေရှင်းခြင်း”
*******************************************
FOR WIRATHU (969)
Khin Myo Thant
ဦးဇင်း ရဲ့  အလုပ် က သာ သနာ ပြု ရ မှာ နိုင် ငံရေး တရား ဥ ပဒေ စိုး မိုး ရေး ဆို တာ လူ သား တွေ ရဲ့ အလုပ်။ကိုယ့်  သာ သနာ ပျံ့ ပွါး ဖို့  တခြား ဘာ သာ တွေ ကို စော် ကား ပုတ် ခတ် ပြီး ဟောရ မယ် လို့  ဂေါ ဓမ ဘုရား ကျင့်  ခဲ့  တဲ့  အထဲ မှာ ပါ သလား ဂေါ ဓမရု့  လမ်း စဉ် မဟုတ် တာ ကို တီထွင် ဖန် တီး သူ ဟာ ဘု ရား ကိုဆန့်  ကျင် တဲ့ ဘုရား ရဲ့  ဟော ကြား တာ ကို မလိုက် နာ သူ ဘု ရား ကို ယှဉ် ပြိုင် သူ သာ သနာ ဖျက် တွေ ရဲ့  အလုပ်ဒါ ငို ကျုးလွန် သူ ဟာ လူ သား ဆို ရင် ကြား လို့  ကောင်း သေး တယ် ဘုရား ရဲ့  သားေ တာ် အမည် ခံ ပြီး ကိုယ် တ်ုင် တရား လမ်း ကြောင်း အမှား များ ကို ဟော ခြင်း ပုတ် ခတ် စော် ကား ခြင်း က နဲနဲ မ အမ ကြည် ညို ချင် စရာ ဗုဒ္ဓဘာသာ က သူ များ ဘာ သာ ကို စော် ကား ပြီး ပြော ဆို သိမ်း သွင်း မှသက် ဝင်ယုံ ကြည် နိုင် မဲ့  ဘာ သာ လို့  ဦး ဇင်း ကိုယ် တိုင် စော် ကား နေ သလို ဖြစ် နေ ပါ တယ်တခြား ဘယ် ဘာ သာ ဝင် ရဲ့  သာ သနာ ခေါင်း ဆောင် မှတခြား ဘာ သာကိုစော်ကား တဲ့  စကား မပါ ပါ ဘူး အထူး သဖြင့်  မြင့်  မတြ် တဲ့  သာသနာ့  စကား ဝိုင်း လို နေရာ မျိုး မှာ ပေါ့  နော် အမြင် မှန် ရှီမယ် ဆို ရင် တခြား ဘာ သာ ရဲ့  အား သာချက် လိုက် နာ ကျင့် သုံး မှူ့  တွေ ကို နမူ နာ ပြ ပြီး ဒို့  လည်း ဒီလိုဖြစ် သင့်  ကေိုး စား ကင့်  ငြံသင့်  တယ် လို့  ဟော ရင် တော့  လေး စား ကြည် ညို မဲ့  ဘာသာခြား တွေ နဲမယ် မထင် ဘူး အခု ဟာ က တရား ဟော တာနဲ မတူပဲ ရပ် ကွက်ထဲ က ပညာ မတတ် အလုပ် ရှိတဲ့  ခပ် ညံ့  ညံ့ မိန်း မ တွေ ရဲ့  အတင်းြေ ပာ နေ သလို ပဲ ဘယ် ပ ရှီမှဒါမျိုး မလုပ် ဘူး ။ အကုန် သိပြီး သား ငါ လုပ် ခြင် လို့  ကို လုပ် တာ ဆိုရင် တော့  ဘု ရား ရား သား တော် မဟုတ် ဘူး ဦး ဇင်း က ဒေဝဒါတ် ကိုယ့် ဟာ ကိုယ် စဉ်း စား အခု မ လေး မှာ ဆယ် ယောက် လောက် သေ တာ ကို တနိုင် ငံ လုံး ကြေ ကွဲ ပြ နေ လိုက် တာ ဒီမှာ သင်္ဃန်း ဝတ် ပြီး သတ် ခဲ့  တဲ့  အချိန် တုန်း ကအရသာ နဲ့ ဘယ့် နဲ့  လဲ သတ် ခံ ရသူ တွေ က ဘယ် ဘာ သာ ဝင် ပဲ ဖြစ် ဖြစ် လူ ဖြစ် နေ တဲ့  အတွက် သူ့  နေရာ မှာ ငါ သာ ဆို ရင် ဆို တဲ့  အ တွေး သာ သ နာ ပြု သူ ဦး ဇင်း တို့  လို ဘု ရား သား တော် တွေ မှာ မှ မရှိ ရင် ဦး ဇင်းတို ရဲ့  တရား ကို နာ ပြီး လိုက် နာ နေ ရမဲ့  သာ မန် လူ တွေ ရဲ့  လား ရာ က နိဗ္ဗာန် တော့  ဟုတ် လိမ့်  မယ် မထင် ။ သိ သိ ကြီး နဲ့  လုပ် နေ တာ ဆို ရင် လည်း တမျိုး ပေါ့ လေ။ (Khin Myo Thant) ရဲ့ စော်ကားချက်ဖြစ်ပါတယ်။
ဖြေရှင်းချက်။ ။ သူများတော့မသိဘူး ဦးဇင်းတော့ သူ(Khin Myo Thant) ဆိုတဲ့ မွတ်ဆလင်မ ရေးထားတာကို တော်တော်လေး မျက်စိရှင်ရှင်ထားပြီးဖတ်ရပါတယ်။ မျက်စိရှင်ရှင်ထားတယ်ဆိုလို့ စာပေ အဆင့်အတန်းမြင့်မားလို့လား လို့ မေးကောင်းမေးနိုင်ပါတယ်။ စာပေအဆင့်အတန်း မမြင့်မားသည့်အပြင် သတ်ပုံမမှန်ဘဲ တချို့စာလုံးများဆို ဖတ်လို့တောင်မရဘူး။
(Khin Myo Thant) နဲ့ သူရဲ့နောက်လိုက်များ သေသေချာချာဖတ်နော်။ အနည်းဆုံးတော့ ငါရေးတဲ့ ပိုစ့်က သတ်ပုံတော့ မင်းတို့ထက် မှန်ကန်လိမ့်မယ်။ အမျိုး ဘာသာ သာသနာတည်တံ့ဖို့အတွက် အမျိုးစောင့်ဥပဒေ ချမှတ်စေတာ သာသနာပြုမဟုတ်ဘူးလား။ ငါတို့ ရဟန်းတော်တွေ ထိန်းသိမ်းထားတဲ့ သိက္ခာပုဒ်တွေမှာ နိုင်ငံရေး မလုပ်ရဘူးဆိုတဲ့ သိက္ခာပုဒ်မရှိပါဘူး။ ကိုယ့်သာသနာတိုးတက်ဖို့ သူတစ်ပါးသာသနာကို စော်ကားပုတ်ခတ်တယ်ဆိုရအောင် ဘယ်လိုအချက်အလက်ကိုကြည့်ပြီးပြောတာပါလဲ။ ဆရာတော်ဟောတဲ့တရားတွေထဲမှာ မွတ်ဆလင်တွေကို သတ်ဖြတ်ပစ်ရမယ်ဆိုတဲ့ အသုံးအနှုန်းမျိုး ပါ-ပါသလား။ မင်းရော ကြားဖူး နာဖူးပါသလား။ မွတ်ဆလင်တွေ ဝတ်ပြုဆုတောင်းလေ့ရှိတဲ့ (ဗလီ)တွေကို ဖြိုဖျက် မီးရှို့ဖျက်စီးပစ်ရမယ်ဆိုတာရော ကြားဖူးပါသလား။ နာဖူးပါသလား။ ဖတ်ဖူး မှတ်ဖူးပါသလား။ မွတ်ဆလင်တွေ လုပ်ကိုင်နေတဲ့ စီးပွားရေးပိုင်ဆိုင်များကို ပိတ်ပစ်ရမယ်၊ ဖျက်စီးပစ်ရမယ်။ မီးရှို့ပစ်ရမယ်ဆိုတဲ့ အသုံးအနှုန်း ကြားဖူးပါသလား။ မွတ်ဆလင်အမျိုးသမီးများကို ယူပြီး ဗုဒ္ဓဘာသာဇာတ်သွင်းပစ်ရမယ်ဆိုတဲ့ စကားလုံးတွေ၊ ဗုဒ္ဓဘာသာကိုလက်မခံတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘာသာခြားများကို နှိပ်ကွက်ဖျက်စီး၊ အကြမ်းဖက်ခိုင်းတဲ့ စကားလုံးအသုံးအနှုန်းတွေ ပါ-ပါသလား။ မင်းမှတ်ထားစေချင်တာက ရဟန်းတော်များရဲ့ ဝိနည်းသိက္ခာပုဒ်များကို ဘယ်လောက်ထိ လေ့လာဖူးပါသလဲ။ ဘယ်လောက်ထိသိထားပါသလဲ။ မြတ်စွာဘုရား လမ်းစဉ်ဆိုတာကို မင်းဘယ်လောက်နားလည်ထားပါသလဲ၊ ဘယ်လောက်နားလည်အောင် ကြိုးစားလေ့လာဖူးသလဲ။ မြတ်စွာဘုရားလမ်းစဉ်မဟုတ်တာကို တီထွင်ဖန်တီးတယ်ဆိုတာ ဘယ်လိုအချက်အလက်တွေကြောင့်ပါလဲ။ ဘယ်လိုအချက်အလက်တွေကို ကြည့်ပြီးပြောတာပါလဲ။ အမျိုး ဘာသာ သာသနာတည်တံ့ဖို့အတွက် ဘာသာတူလူမျိုးတူအချင်းချင်း အရောင်းအဝယ်လုပ်ကိုင်စေခြင်း၊ ပေါင်းသင်းဆက်ဆံစေခြင်း၊ လက်ထပ်စေခြင်းဆိုတဲ့ အချက်အလက်တွေက မြတ်စွာဘုရားလမ်းစဉ်နဲ့ ဆန့်ကျင်နေတယ်လို့ ယူဆထားတာပါလား။ တစ်ခုထပ်ပြောမယ်။
မြတ်စွာဘုရားရှင်ဟောတယ်။ ဟုတ်တယ် မှန်တယ် အကျိုးရှိတယ်။ ဒါပေမယ့် နာကြားသူများ ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဟောပေး ပြောရမယ်။
နောက်တစ်ခု ဟုတ်လည်းမဟုတ်၊ မှန်လည်းမမှန် အကျိုးမရှိတဲ့တရားဆိုရင် နားကြားချင်သူ ရှိသည်ဖြစ်စေ မရှိသည်ဖြစ် မဟောကြားရဘူးတဲ့၊ ဆိုတဲ့အချက်ကို ထောက်ဆကြည့်ရင် ဆရာတော်ဦးဝီရသူ ဟောတဲ့ တရားတော်များမှာ မဟုတ်တဲ့တရား မမှန်တရား အကျိုးမရှိတဲ့တရား ဆိုလို့ ဘာတစ်ခုမှ မပါ-ပါဘူး။ အားလုံးသော ဆရာတော်ရဲ့ အဆုံးအမတရားတော်များမှာ ဟုတ်လည်းဟုတ်တယ်။ မှန်လည်းမှန်တယ်။ အကျိုးလည်းရှိတဲ့ တရားများ အဆုံးအမတော်များပင်ဖြစ်ပါတယ်။ မဟုတ်တာ မမှန်တာ အကျိုးမရှိတာဆိုတဲ့တရားမျိုးက…. ဆန့်ကျင်ဘက်ဘာသာခြားများကိုမျိုးတုန်းသတ်ဖြတ်စေခြင်း၊ မိမိရဲ့ ဘာသာကို မကိုးကွယ်သူများကို ဆန့်ကျင်ဘက်ရန်သူလိုသဘောထားပြီး လည်လှီးသတ်စေခြင်း၊ အုတ်ကျိုး အုတ်ခဲများနှင့် ဝိုင်းဝန်းထုသတ်စေခြင်း၊ မိမိနဲ့ဘာသာမတူသူအိမ်ထောင်ပြုတဲ့အခါ ဘာသာမတူသူရဲ့ ကိုးကွယ်ဆည်းကပ်လိုစိတ်- မရှိကို စမ်းစစ်မနေဘဲ အတင်းအဓမ္မ မိမိဘာသာထဲကို သွတ်သွင်းခြင်း၊ သတ္တဝါတွေရဲ့ အသက်ကို ရက်ရက်စက်စက် ညှဉ်းဆဲ သတ်ဖြတ်တဲ့ အမှုဟာ ကောင်းတဲ့အလုပ်လို့ဆိုပြီး လိမ်ညာဟောကြားခြင်း စတဲ့အချက်တွေကမှ ဟုတ်လည်းမဟုတ်၊ မှန်လည်းမမှန်၊ အကျိုးလည်းမရှိတဲ့ အဆုံးအမများပင်ဖြစ်ပါတယ်။
အခု မ လေး မှာ ဆယ် ယောက် လောက် သေ တာ ကို တနိုင် ငံ လုံး ကြေ ကွဲ ပြ နေ လိုက် တာ ဒီမှာ သင်္ဃန်း ဝတ် ပြီး သတ် ခဲ့  တဲ့  အချိန် တုန်း ကအရသာ နဲ့ ဘယ့် နဲ့  လဲ သတ် ခံ ရသူ တွေ က ဘယ် ဘာ သာ ဝင် ပဲ ဖြစ် ဖြစ် လူ ဖြစ် နေ တဲ့  အတွက် သူ့  နေရာ မှာ ငါ သာ ဆို ရင် ဆို တဲ့  အ တွေး သာ သ နာ ပြု သူ ဦး ဇင်း တို့  လို ဘု ရား သား တော် တွေ မှာ မှ မရှိ ရင် ဦး ဇင်းတို ရဲ့  တရား ကို နာ ပြီး လိုက် နာ နေ ရမဲ့  သာ မန် လူ တွေ ရဲ့  လား ရာ က နိဗ္ဗာန် တော့  ဟုတ် လိမ့်  မယ် မထင် ။ သိ သိ ကြီး နဲ့  လုပ် နေ တာ ဆို ရင် လည်း တမျိုး ပေါ့ လေ ။ (Khin Myo Thant)
မလေးမှာ ဆယ်ယောက်လောက်သေတာက အမှန်ဖြစ်နေတဲ့ ဖြစ်စဉ်ပဲလေ။ ဆိုလိုတာက တကယ်အသတ်ခံရတာ၊ အဲဒီလိုအသတ်ခံရတာကလည်း တရားသောနည်းနှင့် အသတ်ခံရခြင်းမျိုးမဟုတ်ဘဲ မတရားသောနည်း၊ ကလိမ်ကကျစ်နည်း၊ မြန်မာနိုင်ငံမှာမွေး၊ မြန်မာနိုင်ငံမှာကြီးပြင်း၊ မြန်မာနိုင်ငံက ဆန်၊ ရေ၊ စပါးတို့ကို စားသောက်ပြီး မြန်မာနိုင်ငံသားများကို ပြန်ပြီး သစ္စာဖောက်တဲ့ လူမဆန်တဲ့ တိရစ္ဆာန်ထက်ရိုင်းပြ ကောက်ကျစ်တဲ့ နည်းတွေးနဲ့ အသတ်ခံရတာ။ ဒါကို မြန်မာတစ်နိုင်ငံလုံးမဟုတ်ဘူး၊ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတိုင်းကြေကွဲနေကြတာ။
မင်းတို့ ဘာသာဝင်တွေလို မမှန်တဲ့နည်းတွေနဲ့ နိုင်ငံတကာကို ငိုပြနေတာမဟုတ်ဘူး။ တကယ်မဟုတ်တဲ့ လုပ်ကြံဇာတ်တွေခင်းပြီး(ဥပမာ) ၄၈လမ်းဗလီမီးလောင်တုန်းက ကိုယ့်ဘာကိုရှို့ပြီး ဗမာတွေ ရှို့သယောင်၊ မိတ္ထီလာအရေးမှာလည်း ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ဗမာတွေမီးရှို့သယောင်ယောင်၊ ရခိုင်အရေးအခင်းမှာ ကိုယ့်အိမ်ကိုယ် မီးရှို့ထွက်ပြေးပြီး ဗမာတွေ ရခိုင်တွေကပဲ မီးရှို့သယောင်ယောင်၊ တခြားနိုင်ငံက ကပ်ဘေးအမျိုးမျိုးနဲ့ သေဆုံးသွားတဲ့ အလောင်းကောင်တွေကို ဓာတ်ပုံရိုက်ပြီး ဗမာတွေကပဲ သတ်သလိုလို လုပ်ကြံဇာတ်ခင်းပြီး ကြေကွဲပြတာမဟုတ်၊ နိုင်ငံတကာ အထောက်အပံ့တွေရအောင် အမျိုးမျိုး ကလိမ်ကကျစ်ကျနေတာမဟုတ်ဘူး။ မလေးကိစ္စက အမှန်ဖြစ်နေလို့ အမှန်ကြေကွဲတာ မဆန်းဘူး။ သင်္ကန်းဝတ်နဲ့ လူသတ်တာကို မင်းဘယ်တုန်းက မြင်ဖူးထားလဲ။ သင်္ကန်းဝတ်ထားတဲ့ ရဟန်းတော်များမှာ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မရှိဘူး။ ဆန့်ကျင်ဘက်ရန်သူတွေကို သတ်ဖြတ်ဖို့ ဓာတ်ဆီတွေလည်းသိုလှောင်မထားဘူး၊ အက်ဆစ်တွေလည်း သိုလှောင်မထားဘူး။ လက်နက်တွေလည်း စုဆောင်းထားတာမျိုးမရှိဘူး။
သူ့နေရာမှာ ငါသာဆိုတဲ့ စကားလုံး မင်းအရင်ဆင်ခြင်ပါ။ မင်းပြောတဲ့ မလေးမှာ ဆယ်ယောက်လောက် အသတ်ခံရတာကို တစ်နိုင်ငံလုံးကြေကွဲပြနေလိုက်တာဆိုတဲ့ စကားလုံးက ကိုယ်ချင်းစာတရားရှိတဲ့ စကားလုံးမျိုးမဟုတ်ဘူး။ စာကို ရှေ့စကားနောက်စကားညီအောင်ရေးပါ။ သတ်ပုံအမှားတွေထဲက မင်းသိအောင် တစ်ခုတော့ထောက်ပြမယ်နော်။ (တနိုင်ငံလုံး) ဆိုရင် မှားပါတယ်။ (တစ်နိုင်ငံလုံး) ဆိုမှမှန်ပါတယ်။
အချုပ်အားဖြင့် အမျိုးဘာသာ သာသနာ တည်တံ့တိုးတက်ပြန့်ပွားစေရန် အမျိုးစောင့်ဥပဒေ ချမှတ်စေခြင်း၊ ဘာသာတူလူမျိုးတူ အချင်းချင်း ရောင်းဝယ်ဖောက်ကားစေခြင်း၊ ပေါင်းသင်းဆက်ဆံစေခြင်း၊ အိမ်ထောင်ပြုစေခြင်းသည် မြတ်စွာဘုရားအဆုံးအမဖြစ်တဲ့ အပရိဟာနိယတရား(၇)ပါး
“အဌအပရိဟာနိယဓမ္မ=အပရိဟာနိယတရား” ခုနှစ်မျိုးသည် မြတ်စွာဘုရားရှင်မှ နိုင်ငံရေးနှင့် ပတ်သက်၍ ဟောပြောသင်ပြချက် ဖြစ်ပါသည်၊၊ “အပရိဟာနိယ”ပုဒ်ကို ပါဠိသဒ္ဒါနည်းဖြင့် (အ+ပရိ+ဟာ+ဣယ)ဟုလေးပုဒ်ခွဲပြီး အဓိပ္ပါယ်ဖွင့်ရပါသည်၊၊
ဟာ=ဆုတ်ယုတ်ခြင်း၊ အ=မရှိခြင်း၊ဟု အဓိကကျသည့်ပုဒ်ရင်းနှစ်ပုဒ်မှ အနက်ပြန်လိုက်လျင် မဆုတ်ယုတ်ခြင်း၏အကြောင်း၊ သို့မဟုတ် “တိုင်းပြည် တိုးတက်ခြင်း၏ အကြောင်းခုနှစ်မျိုး”ဟု အဓိပ္ပါယ် ရပါသည်၊၊
“အပရိဟာနိယတရား(၇)မျိုး”
(၁) အမြဲမပြတ်စည်းဝေးတိုင်ပင်ခြင်း၊
(၂) အလုပ်ကို ညီညီညာညာလုပ်ခြင်း၊
(၃) မြင်သာခိုင်မာသည့် ဥပဒေရှိခြင်း၊
(၄) ကြီးသူကို ရိုသေလေးစားခြင်း၊
(၅) အမျိုးသမီးများကို မစော်ကားခြင်း၊
(၆) ရိုးရာကိုးကွယ်ပသမှုကို မစော်ကားခြင်း၊
(၇) ပညာရှင်၊ သူတော်ကောင်းများကို ဖိတ်ခေါ်ခြင်းနှင့်၊
နိုင်ငံတွင်းရှိပညာရှင်နှင့် သူတော်ကောင်းများကို ပျော်ရွှင်အောင်ထားခြင်း၊ နှင့်ပြည့်စုံပါသဖြင့် မြတ်စွာဘုရားအဆုံးအမနှင့် ညီညွတ်ပါကြောင်း၊ ပညာမဲ့ဆန်ဆန် ပေါက်ကရအရေးအသားများနှင့် ဆရာတော်ဦးဝီရသူအား စွပ်စွဲပုတ်ခတ်သူအား ပြန်လည်ရှင်းပြလိုက်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
Blast kills two, injured one in Myanmar
Two people were killed and one was injured in a blast occurred in Myanmar’s Bago Region on October 11, according to local sources.
The blast hit a local guest house, Chan Myae, at around 8pm on that day in Taungoo, a town in the region, killing a man on the spot. Two seriously injured women were sent to a hospital in the town.
The blast erupted as the man opened a yellow package seen in the room they’re staying.

Policeman Nay Myo Kyaw (aged 29) from Taungoo Township Railways Police Department was speaking with Yu Yu Khine (aged 23) and Nyein Thida (aged 27) when they saw the package in their room. The package burst into a blast when the policeman tried to open it, killing him on the spot.
Yu Yu Khine died later at the hospital due to the injuries she got. And Nyein Thida is now in stable condition, the hospital officials said.

YANGON POLICE : သာကေတမြို့နယ်၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖေါင်း အနီး ပေါက်ကွဲမှုဖြစ်ပွား
သာကေတမြို့နယ်၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖေါင်း
အနီး ပေါက်ကွဲမှုဖြစ်ပွား
ရန်ကုန်၊ အောက်တိုဘာ ၁၃
၁၃.၁၀.၂၀၁၃ရက်နေ့ ၁၇၄၀နာရီအချိန် သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖေါင်းအနီးရှိ သစ်လုံးတင်ယာဉ် (ကားဘော်ဒီ ကားခေါင်းမပါ)၏အောက်တွင် အမဲရောင်ကြွပ်ကြွပ်အိတ်နှင့်
ထည့်ထားသော အထုပ် (၁)ထုပ်အား ဒေါပုံမြို့နယ်၊ သင်္ဘောကျင်း
ရပ်ကွက်နေသူများဖြစ်သည့် ထက်အောင်နိုင်(၁၄)နှစ်၊(ဘ)ဦးလှထွန်းနှင့် ၀င်းမင်းထွေး(၁၄)နှစ်၊ (ဘ)ဦးနုပိန်တို့နှစ်ဦးမှ ကောက်ယူ၍ အိတ်အတွင်းတွင် ပါရှိသော အနီရောင်စားပွဲတင်နာရီ၏
လက်တံအားလှည့်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထက်အောင်နိုင်တွင် ယာလက်ချောင်း၊ ယာလက်မောင်း၊ ၀ဲခြေသလုံး၊ ၀ဲလက်မောင်းတို့တွင်
သွေးထွက်ဒဏ်ရာ (မစိုးရိမ်ရ)နှင့်ဝင်းမင်းထွေးတွင် ယာခြေသလုံး
သွေးထွက်ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့ပါသည်။
အခင်းဖြစ်နေရာသို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်အေး၊ အမှတ် (၉၀၅) စစ်မြေပြင်
အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်မှူး မျိုးဟိန်းစိုးအပါအ၀င် တပ်ဖွဲ့ဝင်များ၊ သာကေတမြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ အခင်းဖြစ်နေရာသို့ ရောက်ရှိစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိ ပါသည်။
You must be logged in to post a comment.