RSV:ပေါက်တောမြို့နယ်၊ မညှင်းကိုင်းကျေးရွာမှ ဒေါ်လှသန်းစိန်(၄၁)နှစ်အား မုဒိန်းကျင့် သတ်ဖြတ်ခံရခြင်း သတင်းအပြည့်အစုံ

RSV 26.AUGUST 2013

1013294_211627068961458_238714139_n

ပေါက်တောမြို့နယ်၊ မညှင်းကိုင်းကျေးရွာမှ ဒေါ်လှသန်းစိန်(၄၁)နှစ်အား မုဒိန်းကျင့် သတ်ဖြတ်ခံရခြင်း သတင်းအပြည့်အစုံ
————————————————-(သြဂုတ်-၂၆၊ ပေါက်တော)
ရခိုင်ပြည်နယ်၊ ပေါက်တော့မြို့နယ် ၊ မညှင်းကိုင်းကျေးရွာနေ ဒေါ်လှသန်းစိန်(ဘ)ဦးမောင်ကျော်ဦး၊ အသက်(၄၁)နှစ်သည် သြဂုတ်လ (၂၄)ရက်နေ့က မိမိလယ်ထဲ၌ ပျိုးနှုတ်ကောက်စိုက်သွားရာမှ မုဒိန်းကျင့် သတ်ဖြတ်ခံခဲ့ရသည်။ သူမ၏ လယ်မှာ မညှင်းကိုင်းရွာ မြောက်ဖက် (၂)မိုင်ခန့်အကွာ ညောင်ပင်ချိုင်းချောင်း တစ်ဘက်တွင်ရှိပြီး ကြိမ်နီပြင် ဘင်္ဂလီကုလားရွာနှင့်ဆိုလျှင် (၄)ဖာလုံလောက်သာ ဝေးသည်ဟု သိရှိရသည်။ အခင်းဖြစ်သည့်နေ့က လယ်နီးချင်းအဖော်အမျိုးသမီးများနှင့်အတူ ကောက်စိုက်နေခဲ့ရာ ညနေ (၄)နာရီကျော်ခန့်တွင် လယ်နီးချင်းအဖော်များက တခြားတစ်နေရာသို့ ပျိုးထုံးတစ်ချို့ပို့ရန် သွားမည်ဟု သူမအား ပြောခဲ့ကြောင်း၊ သူမကလည်း အဖော်များအား လက်ကျန်ပျိုးထုံးများအား စောင့်ကျန်နေခဲ့မည် ဖြစ်ကြောင်း ပြောကာ ပျိုးစိုက်၍ ကျန်ခဲ့ကြောင်း၊ အဖော်များမှာ ညနေ(၅)နာရီခန့်လောက်တွင် ပျိုးထုံးပို့ပြီး၍ လယ်ထဲသို့ ပြန်လာချိန်၌ သူမအား မတွေ့ကြရတော့ကြောင်း ပြောပြပါသည်။ လယ်နီးဖော်များက ပတ်ဝန်းကျင်သို့ လှမ်းကြည့်ကြရာ ကြိမ်နီပြင် ဘင်္ဂလီကုလားရွာမှ (အမည်မသိ) ဘင်္ဂလီကုလား တစ်ဦးမှ ညောင်ပင်ချုင် ချောင်းထဲမှ တစ်ကိုယ်လုံး ရေစိုလျှက်နှင့် တက်သွားကြောင်းကို မြင်လိုက်ကြကြောင်းလည်း ဆိုပါသည်။ ဘင်္ဂလီ (၃)ဦးလောက်တွင်လည်း လေသံမာမာဖြင့် ပြောသံများကိုလည်း ကြားခဲ့ရကြောင်း၊ ၄င်းတို့မှာ ဒေါ်လှသန်းစိန် ရွာပြန်သွားပြီးဟု ထင်ပြီး ဘင်္ဂလီကုလားများ ရန်ကို စိုးရိမ်သောကြောင်း ရွာကို ပြန်ခဲ့ကြကြောင်း၊ ရွာပြန်ရောက်ပြီး ည(၆)နာရီကျော်အချိန်လောက်တွင် နေအိမ်သို့ ဒေါ်လှသန်းစိန် မရောက်ရှိသေးကြောင်းကို သိရှိခဲ့ရသည်။ မိသားစုမှ စိုးရိမ်းကြောင်းကြသဖြင့် ကျေးရွာမှ ယောက်ကျားလူငယ်များကို စုရုံးပြီး ဒေါ်လှသန်းစိန်အား လယ်ထဲသို့ သွားရောက်ရှာဖွေခဲ့ကြသည်။ ည(၇)နာရီခွဲခန့််တွင် ဒေါ်လှသန်းစိန်အား ညောင်ပင်ချိုင်ချောင်းဖျား တစ်နေရာတွင် မှောက်လျှက်လဲ၍ တွေ့ရှိခဲ့ကြသည်။ လူငယ်များမှ ဒေါ်လှသန်းစိန်အား မျက်လျှက်နေရာမှ လှန့်ကြည့်သောအခါ သွေးများ အိုင်ဖွဲ့နေသည်ကို တွေ့ခဲ့ရကြောင်း၊ သူမ၏ ပါးစပ်၊ နှခေါင်း၊ မျက်စေ့များမှာလည်း သွေးများ အဆက်မပြတ်ထွက်နေသည်ကို တွေ့ခဲ့ရကြောင်း၊ မေးစေ့နှင့် မျက်လုံးတို့တွင် ဒဏ်ရာများ တွေ့ရကြောင်း၊ သူမ၀တ်ထားသည့် ထမီမှာ မရှိတော့ဘဲ အတွင်းခံ ဘောင်ဘီတို(ရှော့ပင်)သာ ကိုယ်၌ တွေ့ကြရကြောင်း၊ အတွင်းခံ ဇာဘော်လီမှာလည်း ၀တ်၍မရှိတော့ဘဲ အပေါ်မှ ၀တ်ထားသည့် အင်္ကျီတွင်လည်း ကြယ်သီးများ ပြုတ်နေပြီး အောက်ဘက်မှ ကြယ်သီးနှစ်လုံးတပ်၍ အလောင်းအား ပစ်ထားခဲ့သည် ပုံပေါက်ကြောင်းကို သိရှိရသည်။
သွားရှာသူ လူငယ်များမှ ကြိမ်နီပြင် ဘင်္ဂလီရွာမှ လုံခြုံရေးများအား အကြောင်းကြားခဲ့ပြီး လုံခြုံရေးများ လာရောက် ကြည့်ရှုသောအခါ ရေနစ်သေဆုံးသည်ဟု ပေါ့ပေါ့တန်တန်ပြောခဲ့သည်။ ထို့ပြင် ပေါက်တောမြို့သို့ အကြောင်းကြားရာတွင်လည်း အမျိုးသမီးမှာ ရေနစ်သေဆုံးပြီး အမျိုးသမီးဝတ်ထားသည်မှာ ချို့ပန်သာဖြစ်ကြောင်းကို ဖုန်းဖြင့် လှမ်းအကြောင်းကြားခဲ့သည်။ 
ရဲများနှင့်အတူ ဒေါ်လှသန်းစိန်အား လှေဖြင့် ယူဆောင်လာဏသ်တွင်လည်း သူမ၏ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးများမှ သွေးများ အဆက်မပြတ် ထွက်လျှက်ရှိသည်ဟုလည်း ဒေသခံတစ်ဦးမှ ပြောပြပါသည်။ ဒေါ်သန်းလှစိန်အလောင်းကို နောက်နေ့ နံနက်တွင် ပေါက်တောမြို့ ပြည်သူ့ဆေးရုံးသို့ တင်ဆောင်သွားပြီး နံနက်(၉)နာရီကျော်မှ ပေါက်တောမြို့ ပြည်သူ့ဆေးရုံးသို့ရောက်ရှိခဲ့သည်။ သက်ဆိုင်ရာရဲများနှင့် ဆေးရုံးဝန်ထမ်းတစ်ချို့အား မေးမြန်ကြည့်ရာ ဆေးသုံးသပ်ချက်ကို နောက်နှစ်ရက်ကြာပြီးမှ သိရှိမည်။ ဓာတ်ခွဲခန်းစမ်းသပ်ရမည်ဟု ပြောကြားခဲ့သည်။ နေ့လည် (၂)နာရီကျော်ခန့်တွင် ဆေးရုံးက ပြန်လာခဲ့ကြသည်။ နောက်နှစ်ရက်ကြာသောအခါ ဆေးရုံးမှ ရေနစ်သေဆုံးသည်ဟု မှတ်ချက်ပေးခဲ့သည်။
သေဆုံးသူနှင့် ပတ်သတ်ပြီး သေဆုံးမှုမှာ သွေးရိုးသားရိုးမဟုတ်ဘဲ၊ စေ့စပ်သေချာ စုံစမ်းဖော်ထုတ်မှု မပြုလုပ်ဘဲ အမှုအားပိတ်လိုက်သည်ဟု ဒေသခံများက ယူဆနေကြသည်။ ရွာသူရွာသားများ ၊ ဖရုံးကာကျွန်းသူ ကျွန်းသားများမှ အမှုမှန်ပေါ်ပေါက်နိုင်ရန် နိုင်ငံတော် သမ္မတကြီးဆီး တိုင်းကြားမည်ဟု ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s