“လူရွှင်တော်နှုတ်ခမ်းမွှေး ပါပါလေး၏ အသုဘပို့ဆောင်မှု အစီအစဉ်”
====================================
၂-၈-၂၀၁၃-သောကြာနေ့ နေ့(၁း၀၀)နာရီအချိန်တွင် ကွယ်လွန်သွားသော လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေး၏ အသုဘကို ၄-၈-၂၀၁၃ တနင်္ဂနွေနေ့ နေ့(၂း၀၀)နာရီအချိန်တွင် တောင်အင်း-မြောက်အင်း သုဿာန်သို့ ပို့ဆောင်မည်ဖြစ်ပါသည်။
ပို့ဆောင်မည့် အစီအစဉ်မှာ နာရေးမထွက်မီ စိန်ဓူဝံခေါင်းဆောင်သော ပရဟိတရွှေလက်များ အဖွဲ့မှ ဗိုင်းကောက်တီးလုံးဖြင့် ဂုဏ်ပြုနှုတ်ဆက်သွားမည်ဖြစ်သည်။
အခမ်းနားအထူးအစီစဉ် တစ်ရပ်အနေဖြင့် လွန်ခဲ့သော နှစ်(၆၀)ခန့်က အသုဘပို့သည့် ပုံစံများဖြင့် လိုက်ပို့မှာဖြစ်ပြီး မမြင်ဖူးကြသေးသော ခေတ်လူငယ်များ လာရောက်လေ့လာ အတုယူနိုင်စေရန် ရည်ရွယ်ကြောင်း၊ မန္တလေး သဘင်ပညာရှင်များ အဖွဲ့မှ လူရွှင်တော်များမှလည်း ဦးပါပါလေး၏ နောက်ဆုံးခရီးကို လူရွှင်တော်ဝတ်စုံများ တူညီဝတ်ဆင်၍ ၃၉၊ ၈၀x၈၁ကြားရှိ ၄င်း၏ နေအိမ်မှ နှစ်ပြခန့်ထိ လမ်းလျှောက်ပို့ဆောင် ဖြစ်ကြောင်းသိရသည်။


You must be logged in to post a comment.