“အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (အင်းစိန်-ဗဟို) အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး အရှင်တိလောကာဘိဝံသ၏ လက်ရာတော်တစ်ပုဒ်ပါ”
***************************************************************
အမျိုးစောင့်ဥပဒေပေါ်ပေါက်ရေးအတွက် ကြိုးပမ်းမှုထဲမှာ ထိပ်ဆုံးက ဦးဆောင်နေသည့် ဆရာတော်ကြီးပါ။ သက်တော်ရွယ်တော်အရ ကိုယ့်တရားနှင့်ကိုယ် နားအေးပါအေးနေရမည့် အချိန်ရောက်နေပြီ ဖြစ်သော်လည်း အမျိုးဘာသာ သာသနာအတွက် ရတက်မအေးရှာ၍ ဇရာ-ဒုဗ္ဗလ (အိုးမင်းမစွမ်း) လောကဓံကို အန်တုလျက် ချီတက်နေတော်မူသော ဆရာတော်ဘုရားကြီး၏ စေတနာကို ခံစားနားလည်ကြည့်စေချင်ပါတယ်။
(နေ့စဉ် ဆက်လက် တင်ပြသွားပါ့မယ်။)
“နိုင်ငံ့သစ္စာစောင့်သိသူ (၁)”
******************
အရှင်တိလောကာဘိဝံသ (အင်းစိန်)ဇွန် ၁၁၊ ၂၀၁၃
မိမိနေထိုင်ရာ နိုင်ငံ၏ ကျေးဇူးသစ္စာကို လိုက်နာသူ စောင့်ထိန်းသူ ကာကွယ်သူများကို နိုင်ငံ့သစ္စာစောင့်သိသူဟု ဆိုရမည်။ နိုင်ငံသားတိုင်းသည် မိမိနေထိုင်ရာနိုင်ငံ၏ အချုပ်အခြာအာဏာကို၊
အမျိုးဘာသာ သာသနာကို၊
ယဉ်ကျေးမှုကို
လိုင်နာဖို့၊ စောင့်ထိန်းဖို့ ကာကွယ်ဖို့ သစ္စာစောင့်ဖို့ တာဝန်ရှိသည်။ ထိပါးနှောင့်ယှက်သူများကိုလည်း တွန်းလှန်ဖို့ တာဝန်ရှိသည်။
“နိုင်ငံ့ သစ္စာဖောက်သူများ (၁)”
အရိပ်နေနေ အခက်ချိုးချိုး၊ သားရေပေါ်အိပ် သားရေနားစား လုပ်သူများသည် တိရစ္ဆာန်စိတ်မွေးသူများဖြစ်သည်။ နိုင်ငံ့သစ္စာဖောက်သူများသည်၊ မိမိက မြန်မာနိုင်ငံမှာနေ၊ မြန်မာ့ရေသောက်၊ မြန်မာ့ဆန်စား၊ မြန်မာ့အရိပ်ခိုနေပါလျက် အခြားနိုင်ငံ အခြားလူမျိုး အခြားဘာသာအတွက် အကျိုးဆောင်နေသူများသည် နိုင်ငံ့သစ္စာဖောက်ဖျက်သူများဖြစ်သည်။
နိုင်ငံ့သစ္စာဖောက်သူများကို အားပေးနေသူ ကူညီနေသူ ဖေးမနေသူ စောင့်ရှောက်ပေးနေသူများသည်လည်း ရဟန်းဖြစ်စေ၊ ရှင်ဖြစ်စေ၊ လူဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ၊ စီးပွားရေးသမားဖြစ်စေ၊ နိုင်ငံ့ခေါင်းဆောင်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ၊ အနုပညာရှင်ဖြစ်စေ၊ ဘယ်သူမဆို နိုင်ငံ့သစ္စာဖောက်သူများဖြစ်သည်။
ထိုသူများကို ဝိုင်းပယ်ဖို့ အားမပေးဖို့ မဲမပေးဖို့ အမျိုးဘာသာ သာသနာချစ်သူတိုင်း နိုင်ငံချစ်သူတိုင်း တာဝန်ရှိသည်၊ တာဝန်ယူကြရမည်။ Continue reading “U WIRA THU: “အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (အင်းစိန်-ဗဟို) အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီး အရှင်တိလောကာဘိဝံသ၏ လက်ရာတော်တစ်ပုဒ်ပါ””
You must be logged in to post a comment.