မန္တလေး၊ ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက် ၃၆ လမ်း ၈၄x၈၅ လမ်းကြား တွင် ဇူလိုင်လ၂၁ ရက်နေ့က ကျင်းပသော မစိုးရိမ်ကျောင်းတိုက် ဆရာတော်ဦးဝီရသူ တရားပွဲ တွင် လက်လုပ်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) အထက် မြန်မာနိုင်ငံ က အဆိုပါ ဗုံးခွဲမှုလုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ သည်ဟု ယင်းပါ တီ ဗဟိုကော်မတီဝင် ဦးမြင့်ဦးက ပြောကြားသည်။
ယင်းကြေညာချက်တွင် နိုင်ငံရေး မတည်ငြိမ်စေရန် ခုတုံးလုပ် လုပ်ကြံခြင်းဖြစ်စေ၊ အစွန်းရောက် ဘာသာရေး အကြမ်းဖက်သမားများ၏ လုပ်ရပ်ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်များ တရားပွဲ ကျင်းပသည့် နေရာတွင် ဗုံးဖောက် ခွဲမှုဖြစ် ရပ်ကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အထက်မြန်မာပြည်က ပြင်းထန်စွာ ကန့် ကွက် ရှုတ်ချကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
အဆိုပါ ဆန့်ကျင်ရှုတ်ချခြင်း ကြေညာချက်ကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၈ နာရီပတ်ဝန်းကျင် အချိန် မှစ၍ ပုသိမ်ကြီးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ လူစည် ကားရာ နေရာများတွင် ပြည်သူများထံသို့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ဦမြင့်ဦးက ထပ်မံပြောကြားသည်။
မူရင်း link- http://www.todaymyanmar.net/2013/07/ndf_26.html
ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခန့် က မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက်၊ ၃၆လမ်း၊ (၈၄x၈၅) လမ်းကြား၊ အေးမေတ္တာဆေးခန်းရှေ့ လမ်းဘေးတွင် ရပ်ထားသည့် ယာဉ်ပိုင်ရှင် ဒေါက်တာတင်မြင့်၏ ၇က/၃၀၂၀ တိုယိုတာကိုရိုလာ အဖြူရောင်ယာဉ် အနီးမှ ဗြောက်အိုးကွဲသံ ကဲ့သို့ အသံဖြစ်ပေါ်ပြီး ယာဉ်၏ နောက်ဘီးနှစ်ဘီးနှင့် ရှေ့ယာဘက်ဘီးတို့ ဘီးပေါက်ခဲ့ကာ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးလေးဦး အမျိုးသားတစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ဒဏ်ရာရရှိခဲ့သည်။
———————–
===========================================
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ မှော်ရှန်ရပ်ကွက်မှာ (၂.၅.၂၀၁၃) ရက်နေ့ ညနေ (၃း၃၀) ခန့်မှာ ဖြစ်ပွားခဲ့တဲ့ အမှုလေးပါ။
၎င်းမတိုင်မီက ဖားကန့်မြို့နယ်၊ ယူမာရွာမှာ ရွာဘုန်းကြီးက ယဉ်ကျေးမှုသင်တန်း ပို့ချနေတာပါ။ အဲဒီအချိန်မှာ ကုလားနှစ်ယောက်လာပြီးကြည့်နေတာ ကြာလို့ ကျောင်းထိုင်ဆရာတော်က ကလေးတွေကို ပြန်ခေါ်ကြဖို့ မိဘတွေထံ အကြောင်းကြားလိုက်ပါတယ်။
မိဘတွေရောက်လာပြီး ကလေးတွေပြန်ခေါ်ကြရာမှ ကောလာဟလတွေ ပေါ်ပေါက် လာပါတယ်။ ကလေးတွေ အဆိပ်ခတ်ခံရလို့တဲ့ ပြောကြားရာမှ ဥရုချောင်းထဲမှာ သံဃာတစ်ပါးအသတ်ခံရတယ်တဲ့- တွေ ကြီးထွားလာပြီး စိတ်မထိန်းနိုင်တဲ့လူငယ်တွေ ကုလားဆိုင်ဖျက်ဆီးပစ်လိုက်ကြတာပါ။
ဆိပ်မူကျေးရွာ၊ မှော်ရှန်ရပ်ကွက် “မလိခ” အိမ်ဆောက်လျှပ်စစ်ပစ္စည်းဆိုင်၊ “ကမ္ဘာကျော်” လျှပ်စစ် ပစ္စည်းဆိုင်၊ “ဝင်းမေတ္တာ” ကားပစ္စည်းဆိုင်-အားလုံး (၃) ဆိုင် အဖျက်ခံလိုက်ရတာပါ။
အဖမ်းခံရသူ (၁၂) ဦးရှိပါတယ်။ သိန်းတန်၊ အားဖုန်၊ မဲကြီး၊ အောင်နောင်နောင် (၄) ယောက်တို့ကို ၄၂၇။ ၄၄၀။ ၃၈၂-ဖြင့် ထောင်ဒဏ် (၁၅) နှစ်စီ။
ေ အးဆန်း၊ ဇင်ကိုကိုအောင်၊ နိုင်မင်းကို၊ သန်းဝင်း၊ မျိုးသူ- (၅) ယောက်တို့ကို ၄၂၇။ ၄၄၀။ ဖြင့် ထောက်ဒဏ် (၅) နှစ်စီ။
မျိုးကိုကို၊ ဇော်ဇော်ဝင်း၊ အေးနိုင် (၃) ယောက်တို့ကို ထောင်ဒဏ် (၄) နှစ်စီ ချမှတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
၂၃.၇.၂၀၁၃ ရက်နေ့မှာ ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကောလာဟလကို ကင်မရာတစ်လုံးနှင့် ဦးဏှောက်သုံးပြီး သတိကြီးကြီးထား စောင့်ကြည့်ဖို့ လိုကြောင်း အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုကြောင်း ပြသသွားတဲ့ အမှုလေးပါ။
တကယ်လို့ သတင်းမှန်ဖြစ်နေဦးတော့ ဥပဒေမဲ့တုန့်ပြန်တာမျိုးတွေ မလုပ်ခဲ့ဘူးဆိုရင် အခုလို ဘယ်ဖြစ်နိုင်ပါ့မလဲ။
မြန်မာ့လူ့အဖွဲ့စည်းဆိုတာ သူများတွေလို အမြင်ကျယ်ကြတာလဲမဟုတ်၊ စည်းလုံးကြတာလဲမဟုတ်ကြလို့ ကိုယ်ဖြစ် ကိုယ်ခံ စနစ်နဲ့ပဲ နှစ်ပါးသွားခဲ့ကြတာ မဟုတ်လား…?။
အခုတော့ သူများတွေလို ထောက်ပံ့မည့်သူလည်းမရှိ၊ ကူညီမည့်သူလည်းမရှိနဲ့ မိုးညှင်းရဲစခန်းမှာ အတိဒုက္ခရောက်ကြရပြီး၊ နောက်ဆို မြစ်ကြီးနားထောင်ထဲမှာ ဆက်လက် ခံကြရဦးမှာပါ။
ဒီ(၁၂) ယောက်ထဲမှာ မကျူးလွန်သူတွေလည်း ပါတယ်လို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ သူတို့အားလုံးကို ကူညီဖို့ ကယ်တင်ဖို့ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းတစ်ခုခုက တာဝန်ယူသင့်တယ် မဟုတ်လား….?။
အမျိုးဘာသာ သာသနာချစ်မြတ်နိုးစိတ်ကို လေးစားပါတယ်။ ဒါပေမဲ့ ဥပဒေမဲ့ အကြမ်းဖက်တုန့်ပြန်တာမျိုးကို အားမပေးပါ။
ဒါဟာ ၉၆၉ ရဲ့ မူဝါဒပဲ ဖြစ်ပါတယ်။
မိုးညှင်းရဲစခန်း ဖုန်းနံပါတ် 074-60012