#NDF #ပါတီ #ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်း

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ် ( ၁၇/ ၂၀၁၅)
ရက်စွဲ။ ၂၀၁၅ခုနှစ်၊ဧပြီလ(၁၀)ရက်

11011728_884318724943503_9105925602991770932_n

NDF ပါတီ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ ဖွဲ့စည်း
၁၀-၄-၂၀၁၅ ရက်နေ့ နေ့လည် ၁း၀၀နာရီတွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးစည်းရုံးရေးကော်မတီ အစည်းအဝေးမှ ၂၀၁၅ခုနှစ်၊အထွေထွေရွေးကောက်ပွဲ အတွက် ရန်ုကုန်တိုင်းဒေသကြီးရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို အဖွဲ့ဝင် (၁၅)ဦးဖြင့်ဖွဲ့စည်းခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီ
၁။ ဦးသက်ထွန်းမောင် ဥက္ကဌ
၂။ ဦးအောင်ဆန်း
၃။ ဦးမင်းအောင်
၎။ ဦးမြင့်သိန်း
၅။ ဦးမောင်မောင်ကြီး
၆။ ဦးကျော်သူငြိမ်း
၇။ ဦးအောင်မျိုး
၈။ ဦးထွန်းထွန်းဝင်း
၁၀။ ဦးကျော်သူရ
၁၁။ ဦးအောင်ကိုကို
၁၂။ ဒေါ်သိန်းမြင့်
၁၃။ ဒေါ်လှလှမိုး
၁၄။ ဒေါ်နုနုခင်
၁၅။ ဦးထက်အောင်ကျော် အတွင်းရေးမှူး

#update #၈.၂.၂၀၁၅ #White #Card #ကိုင်တဲ့ #သူတွေကို #မဲပေးခွင့် ပြုဖို့ ပြည်ထောင်စု #လွှတ်တော် #ဆုံးဖြတ်လိုက်ပြီ

ယနေ့ ရခိုင်ဓမ္မာရုံ White Cardကိစ္စ
ရခိုင်မိသာစု သာရေးနာရေးအသင်း
မြိုနယ်အသင်းများရခိုင်မျိုးချစ်လူငယ်များ
တွေ့ဆုံ…………….

ရခိုင်လူငယ်မျာူအဖွဲ့
09 420752871

988937_383088098482564_320015076019206829_n

 

White Card Campaign ၏ သဘောထား ကြေညာချက်

WHITE CARD HOLDER

 

နိုင်ငံသားမဟုတ်သည့် ယာယီသက်သေခံကတ်ပြား(White Card)
ကိုင်ဆောင်ခွင့်ရှိသူများအား ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ပြုခြင်းအပေါ်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၏ သဘောထားကြေညာချက်
ကြေညာချက်အမှတ် (၃/၂၀၁၅)ရက်စွဲ။
၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ( ၄)ရက်

10931203_850357951672914_2732738243578493016_o10480950_850357961672913_4365152517090160104_n

 

10984264_1594672704081571_5595930016135240334_n

 

10443990_420371634805794_8854855552029966570_n

 

သမ္မတမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော
ယာယီကဒ်ပြား ( white card ) ကိုင်ဆောင်သူများမဲပေးခွင့်
လွတ်တော်မှ အတည်ပြုခြင်းအဆိုကို ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ

နေ့ရက် 8.2.15 ( တနင်္ဂနွေနေ့ ) မှစ၍ ( 7 ရက်တိုင် )
နေရာ – ရွှေတိဂုံဘုရားအရှေ့မုဒ် ( ကြေးသွန်းဘုရား )
အချိန် – နေ့လည် ( 1 ) နာရီ

မှတ်ချက် – 7 ရက်ဆန္ဒထုတ်ဖော်ညသည့်တိုင် ၎င်းအဆိုကို
မရုပ်သိမ်းက နေပြည်တော်အထိ ဆက်လက်ထုတ်ဖော်သွားမည် ဟုသိရသည်

Credit – Lu Min

10922798_410540699124125_7641216099007048000_n10978599_410540622457466_2421959480076920129_n1514505_410540775790784_9206532989880388407_n

 

ယာယီသက်သေခံလက်မှတ် ဆန္ဒပေးခွင့်ပြုမည်ဟူသော
လွှတ်တော် အတည်ပြုချက် နှင့် ပတ်သက်၍ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ ( Peace & Diversity Party)၏ သဘောထားထုတ်ပြန်ချက်
စာအမှတ် – ၁ / မငပ / ၂၀၁၅
ရက်စွဲ ။ ။ ၄ – ၂ – ၂၀၁၅
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ပြည်လုံးကျွတ်မဲဆန္ဒခံယူပွဲတွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင် သူများအား မဲပေးခွင့်ပြုမည်ဟူ၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုဆုံးဖြတ်လိုက်ကြောင်း ကြားသိရ ပါသည်။
(၂) အဆိုပါ ယာယီသက်သေခံလက်မှတ် ( White Card )၏ နောက်ကျောတွင် (ဤကဒ်ပြားဖြင့် မည်သည့်နိုင်ငံသားဖြစ်သည်ဟု သက်သေခံခြင်း အလျဉ်းမဖြစ်စေရ) ဟု ပါရှိသည်။
(၃) နိုင်ငံရေးရာ အဆုံးအဖြတ်တွင် နိုင်ငံသားမဟုတ်သူများအား ဆန္ဒမဲပေးခွင့်ဟူသည်မှာ မည်သည့်နိုင်ငံတွင်မှ မရှိပါ။
(၄) ကျွန်ုပ်တို့နိုင်ငံ၏ တိုင်းရေးပြည်ရာ ကိစ္စတွင်လည်း မည်သည့်နိုင်ငံသားဖြစ်သည်ဟူ၍ သက်သေခံနိုင် ခြင်း မရှိသူများ၏ ဆန္ဒမဲပေးခွင့်ကို လုံးဝခွင့်မပြုသင့်ပါ။
(၅) အဆိုပါ ဆုံးဖြတ်ချက်အား ကျွန်ုပ်တို့မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီမှ လုံးဝ ကန့်ကွက်ကြောင်း ၊ အမျိုးသားရေး အင်အားစုများနှင့် ၀ိုင်းဝန်း၍ အဆိုပါကိစ္စအတွက် ကန့်ကွက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာလိုက်သည်။
ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်အရ

နေမျိုးဝေ
ဥက္ကဌ
မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ
Peace & Diversity Party

 

10858364_1375701609410412_2222319416427975063_n

“အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့ သဘောထားကြေညာချက်”
===========================================
ကြေညာချက်အမှတ် ၂/မနစ/၂၀၁၅(သဘောထားကြေညာချက်)

၁။ ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်လိုက်သော(၂.၂.၂၀၁၅)(White Card)ကိုင်ဆောင်သူများအား ပြည်လုံးကျွတ်ဆန္ဒခံယူမဲပေးခွင့်ပြုရန် ဆုံးဖြတ်ချက်အား ပြင်းထန်စွာ ရှုံ့ချကန့်ကွက်လိုက်ပါသည်။

၂။ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပေးပို့လာသော ယာယီသက်သေခံလက်မှတ် (White Card)မဲပေးခွင့်သည် နိုင်ငံသားတို့၏ အမြင့်ဆုံးအခွင့်အရေးဖြစ်သော မဲပေးခြင်းကို တရားမဝင် နိုင်ငံခြား သားများအား ပေးအပ်ခြင်းဖြစ်သဖြင့် နယ်စပ်မှ တရားမဝင်နိုင်ငံခြားသားများ ဝင်ရောက်ခြင်းကို ဖိတ်ခေါ်ခြင်း ဖြစ်ပေသည်။

၃။ နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထိခိုက်စေသည့်အပြင် လူမျိုးရေးပဋိပက္ခ ဖန်တီးရာ ရောက်သကဲ့သို့ ဤနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်လာကြသော ဌာနေတိုင်းရင်းသားတို့၏ ကံကြမ္မာ ဖန်တီးနိုင်သည့်အခွင့်အရေးကို ချိုးဖောက်ဖျက်ဆီးရာရောက်နေပါသည်။

၎။ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်၏ (White Card) မဲပေးရေး ဆုံးဖြတ်ချက်သည် ကြီးမားသော အမျိုးသားရေးသစ္စာဖောက်မှုကြီးအဖြစ် သတ်မှတ်ပြီး နိုင်ငံအဝှမ်း ရဟန်းရှင်လူပြည်သူအပေါင်းမှ ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကန့်ကွက်ရှုံ့ချသင့်ပါကြောင်း ကျွန်ုပ်တို့ အမျိုးသားနိုင်ငံရေးစောင့်ကြည့်အဖွဲ့မှ ကြေညာလိုက်ပါသည်။

အမျိုးသားနိုင်ငံရေး စောင့်ကြည့်အဖွဲ့။

10359214_1375637086083531_6284031480417927033_n

 

 

ယာယီသက်သေခံလက်မှတ်(White Card)
ကိုင်ဆာင်သူများဆန္ဒမဲပေးခွင့်ပြုခြင်းအား
ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲ အစည်းအဝေးမှ
အောက်ပါပုဂ္ဂိုလ်များဖြင့်ဦးဆောင်ကော်မတီဖွဲ့စည်း
လိုက်ပါသည်။

သြဝါဒစရိယ ဆရာတော်များ
*************************
၁။ဆရာတော်ဦးပါမောက္ခ ၀၉ ၅၁၇ ၀၃၅၂
၂။ဆရာတော် ဦးကုဝေရ ၀၉ ၄၂၀၀ ၆၀၀၂၃
၃။ဆရာတာ် ဦးဥာဏဓမ္မ ၀၉ ၄၂၀ ၁၆၅၅၆၆
၎။ဆရာတော် ဦးဇာဂရ ၀၉ ၄၂၀ ၁၂ ၃၂၆၉
၅။ဆရာတော် ဦးနာယက ၀၉ ၂၅၀ ၁၉၈၀၄၇

နာယက ဆရာတ်ာများ
************************
၁။ဦးရေဝတ ၀၉ ၄၄၈၀ ၁၁၄၉၉
၂။ဦးတေဇဝန္တ ၀၉ ၂၆၀ ၇၉၁၀၇၇
၃။ဦးသုစိတ္တ
၎။ဦးဝိလာသဂ္ဂ ၀၉ ၃၃၆၅ ၈၈၁၀
၅။ဦးဝီရသစ္စာ
၆။ဦးဝေပုလ္လ
၇။ဦးကေတုမာ
၈။ဦးဥာဏိဿရ ၀၉ ၄၂၀ ၂၆၉ ၁၀၉
၉။ဦးခေမာစာရ ၀၉ ၇၉၅၆၆ ၅၈၇၀
၁၀။ဦးပညာဗလ ၀၉ ၃၀၁၀ ၁၂၉၃

ဦးဆောင်ကော်မတီဝင်များ
*************************
၁။ဦးဝင်းကိုကိုလတ် ၀၉ ၇၉ ၅၂၅ ၄၁၆၈
၂။ဦးချစ်ကိုကို ၀၉ ၅၁၁ ၇၇၄၉
၃။ဦးနောင်တော်လေး ၀၉ ၄၀ ၁၆၀ ၁၂၂၀
၎။ဦးညီညီမောင် ၀၉ ၂၅၂၃ ၂၉၀၉၀
၅။ဦးစောသာမောင် ၀၉ ၃၀၀၀၀၈၉၀
၆။ဦးတင့်လွင် ၀၉ ၃၁၀ ၄၇၂၆၃
၇။ဦးဇော်ဝင်း ၀၉ ၂၅၀ ၁၁ ၃၄၃၅ ၈။ဦးအောင်မျိုးလွင် ၀၉ ၂၅၄၄ ၉၂၃၁၂
၉။ဦးမင်းစနေ ၀၉ ၂၅၀ ၂၉၃၃၃၇
၁၀။ဦးမြင့်ဇော် ၀၉ ၄၃၀ ၉၃၈၄၀
၁၁။ဦးဝဏ္ဏ ၀၉ ၄၂၁၁ ၇၅၅ ၆၆
၁၂။ဦးတင့်လွင်(ဓမ္မဃောသက) ၀၉၄၂၁၁၄၉၅၃၀
၁၃။ဦးပဒေါင်သား ၀၉ ၇၃၀၀ ၁၉၃၆
၁၄။ဦးမိုးမင်းဟိန်း ၀၉ ၂၅၄၄ ၅၀၀၉၉
၁၅။ဦးအောင်စိုးမိုး ၀၉ ၄၂၀၀ ၄၆၅၀၅
၁၆။ဦးဗိုလ်အောင်ဒင် ၀၉ ၇၉၅၅ ၇၉၀၂၄
၁၇။ဦးရွှေဒုံသား ၀၉ ၄၂၈၀ ၂၁၃၉၀
၁၈။ဦးရန်ကုန် ၀၉ ၂၅၃ ၂၆ ၁၄၁၅
၁၉။ဦးသက်မျိုးဦး ၀၉ ၂၅၀ ၆၇၇ ၂၁၂
၂၀။ဦးမင်းသား(MBYG) ၀၉ ၂၅၅ ၈၉၂ ၅၄၉
၂၁။ဦးမျိုးမင်းသူ(ခ)ဟစ်သူ ၀၉ ၂၅၄၄ ၁၃၁၆၅
၂၂။ဦးနေလအောင် ၀၉ ၄၂၁၀ ၈၉၅၅၀
၂၃။ဦးဝင်းအောင် ၀၉ ၂၅၀ ၅၈၈ ၂၇၂
၂၄။ဒေါ်အေးအေးမော် ၀၉ ၂၆၀ ၃၉၁၉၃၈
၂၅။ဒေါ်ခင်မျိုးချစ် ၀၉ ၂၅၀၀ ၁၅၅၄၈
၂၆။ဒေါ်စိမ်းမို့မို့ ၀၉ ၄၂၁၁ ၀၀၀၁၉

ဦးဆောင်ကျင်းပရေးကော်မတီ

ဦးဆောင်ကျင်းပရေးကော်မတီအစည်းအဝေးကို
မနက်ဖြန် ၅.၂.၂၀၁၅(ကြာသပတေးနေ့)၊
နေ့လည် ၂ နာရီ တွင် ကျင်းပရန်
ဆရာတော် ဦးပါမောက္ခ မှ မိန့်ကြားပါသောကြောင့်
ကော်မတီဝင်များမပျက်မကွက်တက်ရောက်ပေးကြ
ပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်။

 

10959600_750060988442859_6356385857526161009_n

white card မဲပေးခွင့်မရရေး
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံကို
လွတ်တော်အမတ်၁၀% လက်မှတ်ထိုးတင်
ပြီး အခြေခံဥပဒေနှင့်မကိုက်ညီလျင်ပယ်ဖျက်
ခံရဖွယ်ရှီ။
အတင်းအားဓမ္မလုပ်ရင်တော့ ရခိုင်တွေ
မြန်မာနိုင်ငံထဲက အလိုလို ထွက်ခွါသွား
လိမ့်မယ်။

10941137_384025585112842_6438012706580055464_n

ဆရာတော်များဦးဆောင်

ယာယီသက်သေခံလက်မှတ်(White Card)ကိုင်ဆောင်
ထားသူများမဲပေးခွင့်အား လွှတ်တော်မှ အတည်ပြု
ဆုံးဖြတ်ချက်နှင့်ပက်သက်၍ ဆန္ဒဖော်ထုတ်ပွဲ
ဖြစ်မြောက်ရေးအစည်းအဝေး
ထုတ်ပြန်ကြေညာချက်
************************************
ယနေ့ကျင်းပပြုလုပ်သော မျိုးချစ်ရဟန်းတော်များနှင့်

မျိုးချစ်ပြည်သူများမှယာယီသက်သေခံလက်မှတ်

(White Card)နှင့်ပက်သက်၍ဆန့်ကျင်ကန့်ကွက်

ရှုံ့ချမည့်ဆန္ဒထုတ်ဖော်ပွဲကို

၈.၂.၂၀၁၅(တနင်္ဂနွေနေ့)တွင်

ရန်ကုန်မြို့၊ကြေးသွန်းဘုရား

အချိန် နေ့လည်(၁:၀၀)နာရီ မှစတင်၍

တိုင်းဒေသကြီးလွှတ်တော်အထိ (၇)ရက်တိုင်တိုင်

ချီတက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်သည်။

(၇)ရက်ပြည့်မြောက်သည့်အချိန်အထိ အကြောင်းတစ်စုံ

တစ်ရာထူးခြားမှုမရှိပါက ရန်ကုန်မြို့မှနေပြည်တော်

အထိချီတက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ပြီး

ယာယီသက်သေခံလက်မှတ်(White Card)ကိုင်ဆောင်

သူများမဲပေးခွင့်ကိုရုတ်သိမ်းမပေးမချင်းဆက်တိုက်

အဆက်မပြတ်ဆန္ဒထုတ်ဖော်သွားရန်

ဦးဆောင်ကော်မတီနှင့် တက်ရောက်လာသူများမှ

ဆုံးဖြတ်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်

ပါသည်။

ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်ကော်မတီ

10953233_749879515127673_5109835818956499753_n10603780_749879681794323_8107169953409402024_n

 

 

10463047_410217545823107_2013035414459058263_n-1

Eleven Media Group
နိုင်ငံသားစိစစ်ဆဲ (နိုင်ငံခြားသားများအား) နိုင်ငံသားတို့၏ အမြင့်ဆုံးအခွင့်အရေးဖြစ်သော မဲပေးခွင့်ပေးခြင်းအား Eleven Media Group မှ အပြင်းအထန် ကန့်ကွက်အပ်ပါသည်။

၁။ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပေးပို့လာသော နိုင်ငံသား ယာယီသက်သေခံလက်မှတ် (White Card) ဖြင့် မဲပေးခွင့်ပြုခြင်းကို ပြည်ထောင်စုလွှတ်တော်မှ ဆုံးဖြတ်ခဲ့ခြင်းအား Eleven Media Group မှ ကန့်ကွက်အပ်ပါသည်။

၂။ နိုင်ငံသားစိစစ်ဆဲ နိုင်ငံခြားသားများအား နိုင်ငံသားတို့၏ အမြင့်ဆုံးအခွင့်အရေးဖြစ်သော မဲပေးခွင့် ပေးအပ်ခြင်းမှာ တရားမဝင် နိုင်ငံခြားသားများအား နိုင်ငံသားအဖြစ် သွယ်ဝိုက်အသိအမှတ်ပြု သကဲ့သို့ဖြစ်ပြီး နယ်စပ်ဒေသများမှ တရားမဝင် နိုင်ငံခြားသား အမြောက်အများ ဝင်ရောက်ခြင်းကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေပါသည်။

၃။ ယခုကဲ့သို့ နိုင်ငံသားမဟုတ်သူ၊ တိုင်းရင်းသားမဟုတ်သူများအား မဲပေးခွင့်ပြုခြင်းမှာ နိုင်ငံအတွင်း၌ နှစ်ပေါင်း ထောင်ချီ အတူတကွ နေထိုင်လာခဲ့သော တိုင်းရင်းသား လူနည်းစုများ၏ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့် အခွင့်အရေးအား ဖိနှိပ်ကန့်သတ်သကဲ့သို့ ဖြစ်စေပါသည်။ အထူးသဖြင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ကဲ့သို့ တစ်ဖက်နိုင်ငံမှ တရားမဝင် နိုင်ငံခြားသားများ ဝင်ရောက်မှု များပြားသော ပြည်နယ်များရှိ တိုင်းရင်းသားများ၏ မိမိကံကြမ္မာ မိမိဖန်တီးနိုင်ခွင့်အား နိုင်ငံသားမဟုတ်သူများ၏ ဆန္ဒမဲများဖြင့် ဖိနှိပ်ကန့်သတ်သကဲ့သို့ ဖြစ်စေပါသည်။

၎။ ထို့အပြင် အဆိုပါ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များ၌ လူမျိုးရေးပဋိပက္ခများ ထပ်မံဖြစ်ပွားစေသော အခြေအနေများအား ဖိတ်ခေါ်သကဲ့သို့ ဖြစ်စေပါသည်။

၅။ ထိုကဲ့သို့ နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားများ၏ ဥမကွဲသိုက်မပျက် နေလိုသော စစ်မှန်သည့် ပြည်ထောင်စုဖြစ်ပေါ်ရေးအား အနှောင့်အယှက်ဖြစ်စေသည့် ဤဆုံးဖြတ်ချက်အား ပြည်ထောင်စုလွှတ်တော်မှ ပြန်လည်စဉ်းစားပါရန် အကြံပြုအပ်ပါသည်။

no vote white card

မစ္စရန်ဟီလီ၏ ပြောကြားချက်တွင် သုံးစွဲထားသည့် “ရိုဟင်ဂျာ” စကားလုံး အသုံး အနှုန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် ဤကဲ့သို့အမည်နာမသုံးစွဲမှုကို အတိအလင်း ပယ်ချပါသည်

▄ သတင်းထုတ်ပြန်ချက် ▄
▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ သည် မြန်မာနိုင်ငံသို့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့မှ ၁၆ ရက်နေ့အထိ လာရောက် သည့် ခရီးစဉ်အပြီး၊ ၁၆-၁-၂၀၁၅ ရက်နေ့တွင် သတင်း ထောက်များနှင့် တွေ့ဆုံစဉ် ၎င်း၏ ခရီးစဉ်နှင့်‌ စပ်လျဉ်း၍ သဘောထားအမြင်များ ပြောကြားခဲ့ပါသည်။ ၎င်းပြော ဆိုချက်များတွင် ပါရှိသည့် စိုးရိမ်မှုရှိသည်ဆိုသည့်အချက် အများအပြားသည် လက်ရှိဖြစ်ပေါ်နေသည့် အပြုသဘော ဆောင်သော အခြေအနေများနှင့် ကိုက်ညီမှု မရှိပါ။

အချို့ကိစ္စများတွင် နိုင်ငံတစ်နိုင်ငံ၏ အချုပ် အခြာ အာဏာနှင့် ပြည်တွင်းတရားစီရင်ပိုင်ခွင့်ကို စွက်ဖက်သည်မှာ ထင်ရှားပေါ်လွင်နေပါသည်။ ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် အောက်ပါ အချက်များကို ထုတ်ပြန်အပ်ပါသည်- Continue reading “#update #၈.၂.၂၀၁၅ #White #Card #ကိုင်တဲ့ #သူတွေကို #မဲပေးခွင့် ပြုဖို့ ပြည်ထောင်စု #လွှတ်တော် #ဆုံးဖြတ်လိုက်ပြီ”

U WIRA THU : “ဦးဝီရသူထံ NDF ပါတီလာရောက်ဂါရဝပြု”

10.1.2014 မနက် 10:30 နာရီ ဓမ္မသဟာယကျောင်းမှာ လာရောက်ဂါရဝပြုပူဇော်ကြရာ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ အမျိုးသားလွှတ်တော်အတ် ဒေါ်ခင်ဝိုင်းကြည် အပါအဝင် ပါတီခေါင်းဆောင်များအား ဦးဝီရသူက ရန်သူအောင်ကြောင်း နည်းလမ်းကောင်း သြဝါဒတရား ဟောကြားခဲ့ကြောင်း သိရသည်။
သစ္စံဓမ္မ၊ ဝီရိယနှင့်၊ စာဂဟူသည်၊ ရန်သူအောင်ကြောင်း၊ ကျင့်ကောင်းလေးပါး၊ စသည်အားဖြင့်၊ တရားမလစ် မင်းမူရစ်လော့။(မဃဒေဝ)။
၎င်းနောက် မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံ သွားရောက်ဂါရဝပြုရာ ဆရာတော်က
လယ်သမားအရေး အလုပ်သမားအရေးတွေလုပ်နေတဲ့နေရာမှာ မြေကိုတန်ဖိုးထားဖို့၊ မြေတန်ဖိုးနားလည်စေဖို့ အတွက်ပါ စည်းရုံးသင့်ကြောင်း သြဝါဒပေးတော်မူကြောင်း သိရသည်။
1499452_385529838257197_392433614_n 1604742_385529834923864_2097761335_n

NDF: အမျိုးသားဒီမိုကရေစီအင်အားစုပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့

1236250_343347135799769_826569474_n72947_106310122836806_1574142196_n

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ်(၁၇-၂၀၁၃)
ရက်စွဲ။ ၂၀၁၃ခုနှစ်၊ သြဂုတ်လ(၂၈)ရက်
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီနှင့် KNU /KNLAငြိမ်းချမ်းရေးကောင်စီတို့
ပူးတွင်းကျင်းပသော မြ၀တီမြို့နယ်လူထုနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီနှင့် KNU /KNLAငြိမ်းချမ်းရေးကောင်စီတို့ ပူးတွင်းကျင်းပ
သော မြ၀တီမြို့နယ်လူထုနှင့်တွေ့ဆုံပွဲကို ၂၆-၈-၂၀၁၃ ရက်နေ့တငွ် မြ၀တီမြို့၊ ကရင်စာပေ ယဉ်ကျေးမူ
ခန်းမတငွ် ကျင်းပပြုလုပ်ခ့သဲ ည်။ ထိုတေ့ဆွုံပသွဲို့ NDF ပါတီခေါင်းဆောင်များဖြစ်ကြသော ဒုဥက္ကဌ ဦးစိန်လှဥိး၊
အတွင်းရေး မှူး(၁) ဦးကြည်သန်း၊ ဗဟိုအလုပ်ကော်မတီဝင် ဦးအောင်ဇင်(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)နှင့်
ဦးမင်းမင်း ထွန်း၊ ကရင်ပြည်နယ်တာဝန်ခံ ဦးအောင်ဝင်းလှိုင်နှင့် မြ၀တီမြို့နယ်စည်းရုံးရေးကော်မတီဝင်များ၊
ပါတီဝင်များ၊ KNU /KNLAငြိမ်းချမ်းရေးကောင်စီမှ အမှတ်(၇၀၁)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောထွန်းတင်နှင့်
အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်သတင်းထောက်များ၊ ဒေသခံတောင်သူလယ်သမားများ
စုစုပေါင်း ၃၅၀ ကျော်တက်ရောက်ခြဲ့ကသည်။ Continue reading “NDF: အမျိုးသားဒီမိုကရေစီအင်အားစုပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့”

U WIRA THU:မန္တလေးတိုင်းဒေသကြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒီကနေ့ (23.8.2013)

မန္တလေးတိုင်းဒေသကြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒီကနေ့ (23.8.2013) နေ့စွဲဖြင့် ပေးပို့သော ကြေညာချက် ဖြစ်ပါသည်။ ပါတီကြီးသည်၊ ငယ်သည်မှာ ပဓာန မကျ၊ အမျိုးသားရေး၊ သွေးမအေးဖို့သာ ပဓာနကျသည်ဟု ခံယူလျက် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ကို လှိုက်လှဲစွာ ကြိုဆိုအပ်ပါသည်။
အားလုံး အမျိုးသားရေးအတွက် ပေးဆပ်နိုင်ကြပါစေ။
971956_314936768649838_1785463527_n-11239857_314936788649836_1270518719_n

“ဒီမိုကရက်တစ်ပါတီ (မြန်မာ) မန္တလေးတိုင်းဒေသကြီး ”
***************************************
သဘောထားထုတ်ပြန်ချက် အမှတ်စဉ် (၂/၂၀၁၃)
1.8.2013 ရက်နေ့တွင် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် သြဝါဒါစရိယ ဖြစ်တော်မူသော ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အလုပ်အမှုဆောင် အဖွဲ့ဝင်များ သွားရောက် သြဝါဒခံယူခဲ့ကြပါသည်။
ဆရာတော်ဘုရားကြီးက ရှင်းပြရာတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော အမျိုးဘာသာ၊ သာသနာ၏ အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ရေး အလို့ငှာ ဆရာတော်ဘုရားကြီးများကိုယ်တိုင် စိုးရိမ်ပူပန်သဖြင့် စုပေါင်း အစည်းအဝေး တိုင်ပင်ခဲ့ရပါကြောင်း၊ ဆရာတော်ကြီးများ၏ ရည်ရွယ်ချက်သည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၊ လူမျိုးခြား၊ ဘာသာခြားနှင့် လက်ထပ်သည့်အခါ မိမိတို့ ယုံကြည်ကိုးကွယ်လျက်ရှိသော ဗုဒ္ဓဘာသာ ကိုးကွယ်မှု ကို စွန့်လွှတ်ကြရန် မလို၊ ထိုသို့ဆောင်ရွက်ရာ၌ မည်သည့်ဘာသာကိုမှ ထိခိုက် နစ်နာစေခြင်းလည်း မရှိပါ။ ၄င်းအပြင် မြန်မာအမျိုးသမီးများ လက်ထပ်သည့်အခါ ဘဝရပ်တည်ရေး အာမခံချက်ရှိစေရန်အတွက် တရားမျှ တသော ပိုင်ဆိုင်ခွင့်များ ရရှိစေရန်ဖြစ်သည်။ ထိုအချက်သည် မြန်မာအမျိုးသမီးများကို စောင့်ရှောက်ခြင်းပင် မက မည်သည့်အမျိုးသမီးများကိုမဆို ဘဝလုံခြုံမှုကို ဖြစ်စေပါသည်။  Continue reading “U WIRA THU:မန္တလေးတိုင်းဒေသကြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒီကနေ့ (23.8.2013)”

NDF will submit the marrige law that the monks propose_မျိုးစောင့်ဥပဒေကို လွှတ်တော် တင်ရန် NDF ပါတီတာဝန်ယူ

NDF will submit the marrige law that the monks propose. They said they will do on behalf of them at parliament.The law will be approve if it is supported by majority.

What will  NLD  do?  DON,T FORGET:  The monks are teachers and mentors to many people in rural areas. As before, the Sangha still wants and accepts the leadership of DASSK. That’s why NLD won landslide in 1990 and 2012. 

မျိုးစောင့်ဥပဒေကို လွှတ်တော် တင်ရန် NDF ပါတီတာဝန်ယူမျိုးစောင့် ဥပဒေကို NDF ပါတီ၏ အမျိုး သားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော် တွင် တာဝန်ယူတင်သွင်း မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ထုတ်ဖော်ပြော ကြားလိုက်သည်…See More
မျိုးစောင့်ဥပဒေကို လွှတ်တော် တင်ရန် NDF ပါတီတာဝန်ယူမျိုးစောင့် ဥပဒေကို NDF ပါတီ၏ အမျိုး သားလွှတ်တော်ကိုယ်စား လှယ် ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော် တွင် တာဝန်ယူတင်သွင်း မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ထုတ်ဖော်ပြော ကြားလိုက်သည်။”တိုင်းပြည်အကျိုးရှိမယ်၊ လူမျိုးကောင်းစားမယ်ဆိုရင်ဘာ မှ နောက်တွန့်နေစရာမလိုဘူး။ အန်တီ ဒီဥပဒေကို လွှတ်တော်မှာ တင်ပေးမယ်။ သတ္တိရှိစွာနဲ့ တင် သွားမှာပါ”ဟု ပြောသည်။

ဆက်လက်ပြီး ယင်းက ”ကန့် ကွက်နေတဲ့သူတွေကိုလဲ ပြောချင် တာက သေချာလေ့လာပြီးမှ ဒါနဲ့ ပတ်သက်တဲ့ မှတ်ချက်ကောင်း တယ် မကောင်းဘူး ပြောကြပေါ့။ အခုတော့ ဘာမှန်းမသိဘဲ ကန့် ကွက်နေကြတယ်”ဟု ပြောသည်။

မြန်မာ အမျိုးသမီး များ၏ ဆုံးရှုံးနစ်နာမှုများကို ကာကွယ် နိုင်ရန်အတွက် သိက္ခာတော်ရ ဆရာတော်ကြီးများ ဦးဆောင်၍ မျိုးစောင့်ဥပဒေ ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်နေ ချိန်တွင် ယင်းဥပဒေနှင့် ပတ်သက် ၍ အရပ်ဘက် လူမှု အဖွဲ့ အစည်း များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူ များ၊ လွှတ်တော်ကိုယ်စားလှယ် များကြား သဘောထား ကွဲလွဲမှု များ ရှိနေသည်။

ယင်းဥပဒေအား လွှတ် တော်တွင် တာဝန်ယူတင်ပြပေး မည့် လွှတ်တော်ကိုယ်စားလှယ် မရှိဟု သတင်းများထွက်ပေါ်နေ သော်လည်း ယခုယင်းဥပဒေအ တွက် လွှတ်တော်တွင် ရဲဝံ့စွာတင် ပြပေးမည့် လွှတ်တော်ကိုယ်စား လှယ် ထွက်ပေါ်လာသည့်အတွက် ယင်းဥပဒေဖြစ်မြောက်ရေး ဆောင် ရွက်နေသော ဆရာတော်များက ဝမ်းသာစွာ ကြိုဆိုနေကြောင်း မိန့်ကြားသည်။

အရှင်စန္ဒာသီရိက ”ဒီလိုမျိုး တာဝန်သိစွာနဲ့ လုပ်ဆောင်ပေး မယ့်သူရှိလာတော့ ဦးဇင်းတို့အ နေနဲ့ဝမ်း သာတယ်။ ကျေးဇူးလဲ တင်တယ်။ ကြိုလည်းကြိုဆို ပါ တယ်။ ဦးဇင်းတို့ စလုပ်တုန်းက လဲ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီအတွက်မှ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။

နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် တစ်ဖက် တစ်လမ်းက အထောက် အကူပြုမယ်ထင်လို့ သံဃာတော် တွေ ဦးဆောင်ခဲ့တာပါ”ဟု မိန့် ကြားသည်။

အဆိုပါဥပဒေနှင့်ပတ်သက် ၍လည်း အမျိုးဘာသာ၊ သာသ နာထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ နိုင်ငံရေးပါတီမှတာ ဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်း များ၊ ဘာသာပေါင်းစုံချစ်ကြည် ရေး အဖွဲ့မှ ခေါင်းဆောင်များနှင့် ဆွေးနွေးမှု များကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။

”ဘာသာပေါင်းစုံ ချစ်ကြည် ရေးက ခေါင်းဆောင်တွေ နဲ့ ဆွေး နွေးမှုလုပ်တဲ့အခါမှာလဲ သူတို့က ဒီဥပဒေဘာကြောင့် လုပ်ဆောင် ရလဲဆိုတဲ့ ရည်ရွယ်ချက်ကို ရှင်း ပြတဲ့အခါကျတော့ သူတို့အနေနဲ့ လက်ခံတယ်။ အားလုံးတန်းတူညီ မျှတဲ့ အခွင့် အရေး အတွက် ဖြစ်သင့် တယ်လို့ ပြောကြတယ်”ဟု အမျိုး ဘာသာ၊ သာသနာထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ရုံးအဖွဲ့မှူးက မိန့်သည်။

မျိုးစောင့်ဥပဒေကို ထောက် ခံသည့် ပြည်သူများ၏လက်မှတ် သုံးသန်းကျော်ကို ပြည် သူ့ လွှတ် တော်ရုံး သို့ ပေးပို့ခဲ့သည်မှာ နှစ် ကြိမ်ရှိပြီးဖြစ်ပြီး ဆက်လက်၍ လည်း ပြည်သူ့လက်မှတ်များကို ကောက် ခံပေး ပို့သွားဦးမည် ဖြစ် ကြောင်း အမျိုးဘာသာ၊ သာသ နာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ပြောကြားချက်အရ သိရ သည်။

ရွှေရည်မဉ္ဇူ
Yangon Media Group

 553040_538611176188813_526656417_n

U WIRA THU :26.JULY “ဦးဝီရသူတရားပွဲ ဗုံးပေါက်ကွဲမှု NDF ပါတီ ကြေညာချက်ထုတ်”

မန္တလေး၊ ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက် ၃၆ လမ်း ၈၄x၈၅ လမ်းကြား တွင် ဇူလိုင်လ၂၁ ရက်နေ့က ကျင်းပသော မစိုးရိမ်ကျောင်းတိုက် ဆရာတော်ဦးဝီရသူ တရားပွဲ တွင် လက်လုပ်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) အထက် မြန်မာနိုင်ငံ က အဆိုပါ ဗုံးခွဲမှုလုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ သည်ဟု ယင်းပါ တီ ဗဟိုကော်မတီဝင် ဦးမြင့်ဦးက ပြောကြားသည်။

ယင်းကြေညာချက်တွင် နိုင်ငံရေး မတည်ငြိမ်စေရန် ခုတုံးလုပ် လုပ်ကြံခြင်းဖြစ်စေ၊ အစွန်းရောက် ဘာသာရေး အကြမ်းဖက်သမားများ၏ လုပ်ရပ်ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင်များ တရားပွဲ ကျင်းပသည့် နေရာတွင် ဗုံးဖောက် ခွဲမှုဖြစ် ရပ်ကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အထက်မြန်မာပြည်က ပြင်းထန်စွာ ကန့် ကွက် ရှုတ်ချကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အဆိုပါ ဆန့်ကျင်ရှုတ်ချခြင်း ကြေညာချက်ကို ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၈ နာရီပတ်ဝန်းကျင် အချိန် မှစ၍ ပုသိမ်ကြီးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ လူစည် ကားရာ နေရာများတွင် ပြည်သူများထံသို့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ဦမြင့်ဦးက ထပ်မံပြောကြားသည်။
မူရင်း link- http://www.todaymyanmar.net/2013/07/ndf_26.html

ဇူလိုင်လ ၂၁ ရက်နေ့ ည ၉ နာရီခန့် က မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိ အနောက်ရပ်ကွက်၊ ၃၆လမ်း၊ (၈၄x၈၅) လမ်းကြား၊ အေးမေတ္တာဆေးခန်းရှေ့ လမ်းဘေးတွင် ရပ်ထားသည့် ယာဉ်ပိုင်ရှင် ဒေါက်တာတင်မြင့်၏ ၇က/၃၀၂၀ တိုယိုတာကိုရိုလာ အဖြူရောင်ယာဉ် အနီးမှ ဗြောက်အိုးကွဲသံ ကဲ့သို့ အသံဖြစ်ပေါ်ပြီး ယာဉ်၏ နောက်ဘီးနှစ်ဘီးနှင့် ရှေ့ယာဘက်ဘီးတို့ ဘီးပေါက်ခဲ့ကာ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးလေးဦး အမျိုးသားတစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ဒဏ်ရာရရှိခဲ့သည်။

 

969766_300956150047900_1866174367_n

———————–

“ကောလာဟလကို သတင်းထင်ပြီး ဥပဒေမဲ့လုပ်မိခဲ့သည့် မြန်မာများ ထောင်ချခံရပြီ”
===========================================

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ မှော်ရှန်ရပ်ကွက်မှာ (၂.၅.၂၀၁၃) ရက်နေ့ ညနေ (၃း၃၀) ခန့်မှာ ဖြစ်ပွားခဲ့တဲ့ အမှုလေးပါ။
၎င်းမတိုင်မီက ဖားကန့်မြို့နယ်၊ ယူမာရွာမှာ ရွာဘုန်းကြီးက ယဉ်ကျေးမှုသင်တန်း ပို့ချနေတာပါ။ အဲဒီအချိန်မှာ ကုလားနှစ်ယောက်လာပြီးကြည့်နေတာ ကြာလို့ ကျောင်းထိုင်ဆရာတော်က ကလေးတွေကို ပြန်ခေါ်ကြဖို့ မိဘတွေထံ အကြောင်းကြားလိုက်ပါတယ်။
မိဘတွေရောက်လာပြီး ကလေးတွေပြန်ခေါ်ကြရာမှ ကောလာဟလတွေ ပေါ်ပေါက် လာပါတယ်။ ကလေးတွေ အဆိပ်ခတ်ခံရလို့တဲ့ ပြောကြားရာမှ ဥရုချောင်းထဲမှာ သံဃာတစ်ပါးအသတ်ခံရတယ်တဲ့- တွေ ကြီးထွားလာပြီး စိတ်မထိန်းနိုင်တဲ့လူငယ်တွေ ကုလားဆိုင်ဖျက်ဆီးပစ်လိုက်ကြတာပါ။
ဆိပ်မူကျေးရွာ၊ မှော်ရှန်ရပ်ကွက် “မလိခ” အိမ်ဆောက်လျှပ်စစ်ပစ္စည်းဆိုင်၊ “ကမ္ဘာကျော်” လျှပ်စစ် ပစ္စည်းဆိုင်၊ “ဝင်းမေတ္တာ” ကားပစ္စည်းဆိုင်-အားလုံး (၃) ဆိုင် အဖျက်ခံလိုက်ရတာပါ။
အဖမ်းခံရသူ (၁၂) ဦးရှိပါတယ်။ သိန်းတန်၊ အားဖုန်၊ မဲကြီး၊ အောင်နောင်နောင် (၄) ယောက်တို့ကို ၄၂၇။ ၄၄၀။ ၃၈၂-ဖြင့် ထောင်ဒဏ် (၁၅) နှစ်စီ။
ေ အးဆန်း၊ ဇင်ကိုကိုအောင်၊ နိုင်မင်းကို၊ သန်းဝင်း၊ မျိုးသူ- (၅) ယောက်တို့ကို ၄၂၇။ ၄၄၀။ ဖြင့် ထောက်ဒဏ် (၅) နှစ်စီ။
မျိုးကိုကို၊ ဇော်ဇော်ဝင်း၊ အေးနိုင် (၃) ယောက်တို့ကို ထောင်ဒဏ် (၄) နှစ်စီ ချမှတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။
၂၃.၇.၂၀၁၃ ရက်နေ့မှာ ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကောလာဟလကို ကင်မရာတစ်လုံးနှင့် ဦးဏှောက်သုံးပြီး သတိကြီးကြီးထား စောင့်ကြည့်ဖို့ လိုကြောင်း အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုကြောင်း ပြသသွားတဲ့ အမှုလေးပါ။
တကယ်လို့ သတင်းမှန်ဖြစ်နေဦးတော့ ဥပဒေမဲ့တုန့်ပြန်တာမျိုးတွေ မလုပ်ခဲ့ဘူးဆိုရင် အခုလို ဘယ်ဖြစ်နိုင်ပါ့မလဲ။
မြန်မာ့လူ့အဖွဲ့စည်းဆိုတာ သူများတွေလို အမြင်ကျယ်ကြတာလဲမဟုတ်၊ စည်းလုံးကြတာလဲမဟုတ်ကြလို့ ကိုယ်ဖြစ် ကိုယ်ခံ စနစ်နဲ့ပဲ နှစ်ပါးသွားခဲ့ကြတာ မဟုတ်လား…?။
အခုတော့ သူများတွေလို ထောက်ပံ့မည့်သူလည်းမရှိ၊ ကူညီမည့်သူလည်းမရှိနဲ့ မိုးညှင်းရဲစခန်းမှာ အတိဒုက္ခရောက်ကြရပြီး၊ နောက်ဆို မြစ်ကြီးနားထောင်ထဲမှာ ဆက်လက် ခံကြရဦးမှာပါ။
ဒီ(၁၂) ယောက်ထဲမှာ မကျူးလွန်သူတွေလည်း ပါတယ်လို့ ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ သူတို့အားလုံးကို ကူညီဖို့ ကယ်တင်ဖို့ မြန်မာ့လူ့ဘောင် အဖွဲ့အစည်းတစ်ခုခုက တာဝန်ယူသင့်တယ် မဟုတ်လား….?။
အမျိုးဘာသာ သာသနာချစ်မြတ်နိုးစိတ်ကို လေးစားပါတယ်။ ဒါပေမဲ့ ဥပဒေမဲ့ အကြမ်းဖက်တုန့်ပြန်တာမျိုးကို အားမပေးပါ။
ဒါဟာ ၉၆၉ ရဲ့ မူဝါဒပဲ ဖြစ်ပါတယ်။
မိုးညှင်းရဲစခန်း ဖုန်းနံပါတ် 074-60012

——————–

U WIRA THU : “မန္တလေး အာဇာနည်နေ့ NDF ပါတီ အခမ်းအနား “

“မန္တလေး အာဇာနည်နေ့ NDF ပါတီ အခမ်းအနား ”
*************************************
19.7.2013 ချမ်းမြသာစည်မြို့နယ် ထွန်းတုံးရပ်ကွက်၊ NDF ပါတီရုံးတွင် နေ့ဆွမ်းဆက်ကပ်ပြီး အခမ်းအနားကျင်းပသည်။
ဒီမိုကရက်တစ် (မြန်မာ) နှင့် ၀ံသာနု ဒီမိုကရက်တစ် ပါတီများလည်း တက်ရောက်ကြသည်။
ဦးဝီရသူ သြ၀ါဒပေးရာတွင်-
(က) ချီးကျူးထိုက်သူကိုပဲ ချီးကျူးပြီး ရှုတ်ချထိုက်သူကို မရှုတ်ချသောပုဂ္ဂိုလ်
(ခ) ရှုတ်ချထိုက်သူကိုပဲ ရှုတ်ချပြီး ချီးကျူးထိုက်သူကို မချီးကျူးသောပုဂ္ဂိုလ်
(ဂ) ချီးကျူးထိုက်သူကိုလည်း မချီးကျူး၊ ရှုတ်ချထိုက်သူကိုလည်း မရှုတ်ချပဲ နေသောပုဂ္ဂိုလ်
(ဃ) ချီးကျူးထိုက်သူကိုလည်း မချီးကျူး၊ ရှုတ်ချထိုက်သူကိုလည်း ရှုတ်ချတတ်သောပုဂ္ဂိုလ်- သို့သော် နံပါတ်လေး ပုဂ္ဂိုလ်ကိုသာ မြတ်စွာဘုရား လိုလားတော်မူကြောင်း။
နိုင်ငံရေးသမားကောင်းဆိုတာ ချီးကျူးထိုက်၊ ချီးကျူးသင့်၊ ထောက်ခံသင့်သည့် အချိန်မျိုးမှာ အရှိအမှန်အတိုင်း အူထဲအသည်းထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးတတ်ဖို့ လိုအပ်ပြီး။
ရှုတ်ချထိုက်၊ ကန့်ကွက်ထိုက်သူကို ရှုတ်ချသင့်၊ ကန့်ကွက်သင့်သည့် အချိန်အခါမျိုးမှာ၊ အရှိအမှန်အတိုင်း ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ဖို့ လိုအပ်ကြောင်း အင်္ဂုတ္တိုရ် စတုက္ကနိပါတ်၊ ပေါတလိယ သုတ္တန်ကို မျက်မှောက်နိုင်ငံရေးနှင့် လေ့လာသုံးသပ် ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။
၎င်းနောက် ဝံသာနုဒီမိုကရတ်တစ်ပါတီ အတွင်းရေးမှူး- ဒေါ်နန်းရွှေကြာမှ နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်အောင် လိုက်နာကျင့်သုံးပါမည် ဆိုသည့်အကြောင်းနှင့် အမျိုးစောင့်ဥပဒေကို အပြည့်အဝထောက်ခံပါကြောင်း ပြန်လည်လျှောက်ကြားခဲ့ကြောင်း သိရပါသည်။
21394_297130597097122_167813041_n64840_297131457097036_544296243_n1003139_297130033763845_177376689_n602972_297130023763846_1103994166_n 999478_297129950430520_1114188864_n1002853_297129940430521_2136238779_n1075728_297132827096899_1242535610_n

 

တိုင်းမဂ္ဂဇင်းပါဆောင်းပါးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစု ၏ ကြေငြာချက်။ NDFနော် NLDမဟုတ်ဘူး မှားမဆို.လို.။

တိုင်းမဂ္ဂဇင်းပါဆောင်းပါးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစု ၏ ကြေငြာချက်။
NDFနော် NLDမဟုတ်ဘူး မှားမဆို.လို.။
တိုင်းမဂ္ဂဇင်းပါဆောင်းပါးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစု ၏ ကြေငြာချက်။ NDFနော် NLDမဟုတ်ဘူး မှားမဆို.လို.။
တိုင်းမဂ္ဂဇင်းပါဆောင်းပါးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစု ၏ ကြေငြာချက်။
NDFနော် NLDမဟုတ်ဘူး မှားမဆို.လို.။

U WIRA THU “အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားကြေညာချက်”

 “အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားကြေညာချက်”

“အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားကြေညာချက်”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏                    အမျိုးဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအပေါ် သဘောထားကြေညာချက်

 

ကြေညာချက်အမှတ် (၈/၂၀၁၃)

ရက်စွဲ။ ၂၀၁၃ခုနှစ်၊ ဇွန်လ(၂၄)ရက်

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် ဤပြည်ထောင်စုမြန်မာနိုင်ငံအတွင်း လူမျိုးပေါင်း စုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးတို့ကို အမျိုးသားအကျိုးစီးပွားနှင့် ယှဉ်၍ အစဉ်တစိုက် ရှေ့ရှု ဦးတည်မည် ဖြစ်သည်။

ထို့ပြင် ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုများ၊ ဘာသာ ရေးလူမျိုးရေးတို့နှင့် ဆက်နွယ်သော အကြမ်းဖက်မှုများနှင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့် အရေးနှင့် လူ့ဂုဏ်သိက္ခာ၊ လူ့တန်ဖိုးများကို အလေးမထားဘဲ ခွဲခြားဆက်ဆံမှုမှန်သမျှကို လုံးဝလက်မခံပါ။

ထို့အပြင် လွတ်လပ်စွာကိုးကွယ်ခွင့်ကို တန်ဖိုးထားသော မြန်မာနိုင်ငံမှ ဆရာတော်ဦးဝီရသူ၏ပုံကို တိုင်း(မ်)မဂ္ဂဇင်းမျက်နှာဖုံးတွင် ဗုဒ္ဓဘာသာအကြမ်းဖက်သမား( THE FACE OF BUDDHIST TERROR) အဖြစ် မှားယွင်းစွာစွပ်စွဲရေးသားဖော်ပြမှုကို ပြင်းထန်စွာ ကန့်ကွက်သည်။ ထို့ကြောင့် ၂၀၀၈-အခြေခံဥပဒေပုဒ်မ ၃၆၅ ပါ “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့ အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုး ထောင်ဆောင်ရွက်ခွင့် ရှိသည်” ဟူသော ပြဋ္ဌာန်းချက်နှင့် အခြေခံဥပဒေပုဒ်မ ၃၆၀(ခ)ပါ “ဘာသာ သာသနာနှင့် စပ်လျဉ်း၍ လွတ်လပ်သောအခွင့်အရေးများကို ပေးထားသော်လည်း အများပြည်သူ အကျိုးကိစ္စနှင့် ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေပြုခြင်းတို့ကို မတားမြစ်ရ” ဟူသည် ပြဋ္ဌာန်းချက်တို့ကို အလေးမူ၍ ယခုအခါ ဆရာတော်၊ သံဃာတော်များ ကြိုးပမ်းနေသည့် အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းရပ်များနှင့်ကြိုးပမ်းမှုများကို ကိုလိုနီခေတ်အခါက အမျိုးသားရေး စိတ်ဓာတ်မြင့်မားစေရေး ဆောင်ရွက်ခဲ့ကြသည့် ကောင်းမြတ်သောအစဉ်အလာကို အတုယူ၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ကြိုဆိုပါကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ                                                                   အမျိုးသားဒီမိုကရေစီအင်အားစု