Riots and incidents since new government claim 256 deaths; 541 sentenced- NO GENOCID OR ETHNIC CLEANSING

CREDIT EMG 3.JULY 2013

Myanmar has seen 256 deaths of people who were killed in riots and incidents that happened in the time of the present government, according to the news broadcast of state-run television stations on Tuesday.

Authorities have filed lawsuits against 1,500 suspects involved in those incidents and 541 out of them have received prison sentences.

In the broadcast, six incidents broke out and they include Latpadaungtaung copper mine protests and Moe-hti-moe-mi gold mine protests.

In the two waves of violence that occurred in Rakhine state in June and October last year, 211 people died and 270 others were injured. Authorities opened 279 criminal cases regarding the violence while 1189 suspects were exposed together with 977 home-made guns. Out of the suspects, 507 related to 195 cases were given jail sentences. Eight suspects from 21 cases were acquitted and 662 suspects from 63 cases are still under investigation. Among 507 convicted people, 90 have been released and the remaining 417 are still behind the bars. During criminal hearings, 12 suspects died while 37 others are at large as fugitives, the state-run TVs broadcast.

Those involved in the Latpadaungtaung copper mine protests that broke out in March 2012 were prosecuted with four cases and action was taken against seven suspects. Four suspects from two cases were sentenced while three suspects from two cases are still under interrogation. Fourteen others are on the run, the news broadcast said. Continue reading “Riots and incidents since new government claim 256 deaths; 541 sentenced- NO GENOCID OR ETHNIC CLEANSING”

ပညာရေးနှင့် အမျိုးသား လက္ခဏာ (National Identity)

POSTED BY SHARE ARAKAN NEWS 3.JULY 2013

1011795_549282378461573_909795893_n

ပညာရေးနှင့် အမျိုးသား လက္ခဏာ (National Identity)

နယ်စပ်ဒေသအတွင်း ဖွင့်လှစ်ထားသည့် ရွှေ့ပြောင်းကျောင်းများ၏ သင်ရိုးညွန်းတမ်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲ ဦးဆောင်သူ Burma Migrant Teacher Association-BMTA ၏အတိုင်ပင်ခံ ဆရာသိန်းနိုင်မှ သင်ရိုးညွန်တမ်းနှင့် အမျိုးသား လက္ခဏာ (National l Identity) တို့၏ အဆက်အစပ်ကို ဆွေးနွေးခဲ့သည်။ သင်ရိုး ညွန်းတမ်းဟု ပြောလိုက်သည်နှင့် ကျောင်းရှိကျောင်းသားတို့အား အမျိုးသားသရုပ် လက္ခဏာကို ထင်ဟပ်သည့် သင်ရိုးညွန်တမ်းများကို ပြုစုပေးရန် လိုအပ်လာသည်။ သင်ရိုးညွန်တမ်း မရေးဆွဲမီ နယ်စပ်ဒေသတလျှောက်ရှိ ကျောင်းသားတို့၏ အမျိုးသားရေးလက္ခဏာနှင့် ပကတိအခြေအနေတို့ကို သိရှိရန်လိုအပ်လာခဲ့သည်။

တိုက်ဆိုင်စွာပင် (Natioanl Identity) ၏အရေးပါမှုကို လက်ရှိ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးထံမှ မမျှော်လင့်ဘဲ ကြားခဲ့ရသည်။ မောက္ခ ပညာရေး မဂ္ဂဇင်း ပြည်တွင်း၌ အခြေစိုက်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှု အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနှင့် ခေတ္တတွေ့ကြရာတွင် မဆီမဆိုင် National Identity စကားလုံးဝေါဟာရဘက်ကို ရောက်သွားခဲ့သည်။ ဦးအောင်မင်း၏ အမြင်အရ မြန်မာတို့၏ National Identity ပျောက်ဆုံးသွားသည်ဟု သုံးသတ်သည်။ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးသော အမျိုးသားရေး လက္ခဏာ ပျောက်ဆုံးမှုကို သိသော ဝန်ကြီး အောင်မင်းကို ချီးကျူးမိသည်။ စာရေးသူ၏ အမြင်မှာ တိုင်းရင်းသားပေါင်းစုံ နိုင်ငံတခုလုံး၏ အမျိုးသားရေး လက္ခဏာသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရကတည်းက မရှိခဲ့ဟု ပြောရပေလိမ့်မည်။ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်သော ပြည်ထောင်စုစနစ် တခုတည်ထောင်ရန် ရည်မှန်းထားသည့် ( Federal Union Context) အောက်တွင် အမျိုးသားရေး လက္ခဏာ သတ်မှတ်ရန် မည်ကဲ့သို့ ဖေါ်ဆောင်ကြမည်နည်းဟု မေးခွန်းရှိလာခဲ့သည်။

Nations State တခုအနေဖြင့် အမျိုးသားရေး လက္ခဏာကို ဖေါ်ဆောင်ကြရာတွင် ကျောင်းများမှ စတင်အကောင်အထည် ဖေါ်ကြသည်ကို တွေ့ရသည်။ ဗြိတိသျှ လက်အောက်သို့ ကျရေက်ခဲ့သည့် တရုတ်နိုင်ငံပိုင် ဟောင်ကောင်သည် အင်္ဂလိပ် အုပ်ချုပ်ရေး အောက်တွင် တရုတ်အမျိုးသားရေး လက္ခဏာ ပျောက်ကာ ဟောင်ကောင်လူထု၏ သီးသန့်ဆန်သော အမျိုးသားရေး လက္ခဏာတရပ် ပေါ်ပေါက် လာခဲ့သည်။ အထူးသဖြင့် ဗြိတိသျှတို့သည် ဟောင်ကောင်နေ မျိုးဆက်သစ်များကို National Education ကိုမပေးဘဲ လူသားဆန်သော Civil Education ကိုသာအဓိကထား သင်ကြားပေးခဲ့သည်။ ၁၉၉၇ ဟောင်ကောင်ကို ဗြိတိသျှတို့ လက်အောက်က လွှဲပြောင်းယူသောအခါ တရုတ်နိုင်ငံအဖို့ ဟောင်ကောင် လူထု၏ တရုတ်နိုင်ငံနှင့် ဆက်ဆံလိုမှု မရှိသည့် အမျိုးသားရေး လက္ခဏာ တစ်ရပ်ကို တွေ့ရှိလာခဲ့သည်။ ထို့ကြောင့် တရုတ်အစိုးရသည် ဟောင်ကောင်လူထုအနေဖြင့် တရုတ်နိုင်ငံ၊ တရုတ်ယဉ်ကျေးမှု၊ တရုတ်ပြည်ကြီးအပေါ် သစ္စာရှိသည့် အမျိုးသားလက္ခဏာ တရပ်ပေါ်ပေါက်လာရန် အားထုတ်မှုများကို တွေ့ရသည်။ အထူးသဖြင့် ပညာရေးစနစ်၏ သင်ရိုးညွန်တမ်းတွင် National Education ကိုကြောရိုးအဖြစ် ထည့်သွင်းဖေါ်ပြလာခဲ့သည်။ အမေရိကန်တို့၏ အမျိုးသား ပညာရေးတွင် အမေရိကန် ဖြစ်ရသည်ကို ဂုဏ်ယူသကဲ့သို့ ကိုးရီးယားတို့သည်လည်း ကျောင်းသွားသည့် ပထမရက်မှ စတင်ကာ ကိုးရီးယား နိုင်ငံတော် သီချင်းကို သီဆိုရင်းဖြင့် ပညာတတ် ဖြစ်လာသည်ကို အမျိုးသားရေးဂုဏ် အဖြစ်ဝင့်ကြွားလေ့ ရှိသည်။ Continue reading “ပညာရေးနှင့် အမျိုးသား လက္ခဏာ (National Identity)”

political suicide_ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၀၈ ဥပဒေအရ ပါတီကို မှတ်ပုံတင်ခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ခြင်း၊ လွှတ်တော်ကို ဝင်ခြင်းမှာ နိုင်ငံရေးစွန့်စားမှုတစ်ခု ဖြစ်တယ်။

995706_10200952112704058_1284039443_n

POST BY VEN RAVIKA

political suicide…

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၀၈ ဥပဒေအရ ပါတီကို မှတ်ပုံတင်ခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ခြင်း၊ လွှတ်တော်ကို ဝင်ခြင်းမှာ နိုင်ငံရေးစွန့်စားမှုတစ်ခု ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်းမှာ စွန့်စားမှုတစ်ခု မဟုတ်တော့ပါ။ မိမိကိုယ်ကို ဓားစာခံအဖြစ် သတ်မှတ်ပြီး political suicide တစ်ခုကို လုပ်လိုက်ခြင်းဖြစ်တယ်။ စစ်အုပ်စုကို စိန်ခေါ်လိုက်တဲ့စကား ဖြစ်သလို နောင်ရိုးစကားတစ်ခွန်းလည်း ဖြစ်ကြောင်း သတိထားမိတယ်။

အဘယ်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတရာထူး လိုကိုလိုတယ်။ နောက်ဆုတ်စရာ ခြေတစ်လှမ်းမျှတောင် မရှိ။ အသေခံမဲ့စကား၊ အရှက်ကို အသက်နဲ့လဲမဲ့စကား၊ အန္တိမစကားတစ်ခွန်းဖြစ်လို့ပါပဲ။

 

Is That True? ၂၉.၆.၂၀၁၃ စနေနေ့က ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ Myanmar Peace Center တွင် ကျင်း

source WHON THAR NU

၂၉.၆.၂၀၁၃ စနေနေ့က ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ Myanmar Peace Center တွင် ကျင်းပပြုလုပ်သော ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ စာရင်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်မှ တင်သွင်းရာ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့၍ ဖမ်းဆီးထောင်ချခြင်း ခံရသူ ဘင်္ဂလီလူမျိုး ဒေါက်တာထွန်းအောင်အား နိုင်ငံရေးအကျဉ်းသား စာရင်းတွင်ထည့်သွင်းဖော်ပြသဖြင့် ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်၊ ဦးလှမောင်ရွှေနှင့် ဇာဂနာတို့မှ ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင်

than larwaddy times

 

ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင့်ရိုက်

မုံရွာမြို့နယ်၊ ဇလုပ်ကျေးရွာ၊ သီရီမင်္ဂလာသုဓမ္မာကျောင်းတိုက်တွင် နှစ်လည်ဆွမ်းကျွေးတရားနာပွဲ ကျင်းပပြုလုပ်နေသည့်အချိန်တွင် အမျိုးသမီးလူအုပ်စုတစ်စု ရောက်ရှိလာပြီး တရားဟောဆရာတော်များနှင့် ပဋိပက္ခဖြစ်ပွားရာမှတစ်ဆင့် အမျိုးသမီးတစ်ဦးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင့်ရိုက်ခဲ့သော အမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ (၂၈.၆.၂၀၁၂)နေ့တွင် အဆိုပါကျောင်းတိုက်တွင် ပျံလွန်တော်မူသွားသော ကျောင်းထိုင်ဆရာတော် ဥူးဥာဏောဘသ၏ တစ်နှစ်ပြည့် ဆွမ်းကျွေးတရားတော်နာပွဲအား နံနက်(၆း၃၀)အချိန်မှစ၍ မုံရွာမြို့နယ် သံဃနာယကဆရာတော် ဦးဝိဇ္ဇောဘာသအပါအ၀င် ပင့်သံဃာ(၇)ပါးတို့အား ပင့်ဖိတ်ပြုလုပ်ခဲ့သည်ဟု သိရသည်။ ထိုအချိန်တွင် ဇလုပ်ကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် အရေအတွက် (၂၈)ဦးပါဝင်သည့် ရွာသူအုပ်စုတစ်စုသည် သံတူရွင်း၊တုတ်၊ခဲ အစရှိသည်တို့အား ကိုင်ဆောင်ပြီး ဝင်ရောက်လာကာ သံဃာတော်များအား ဆဲရေးတိုင်းထွာခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။ ထိုအချိန်တွင် သံဃာတော်တစ်ပါးမှ အဆိုပါဖြစ်စဉ်အား လက်ကိုင်ဖုန်းဖြင့် ရိုက်ကူးနေစဉ်တွင် ဇလုပ်ရွာသူ မဇင်မာအေးမှ ထိုလက်ကိုင်ဖုန်းအား လုယူခဲ့ကြောင်း၊ ထိုသို့ပြုလုပ်သည်ကို ဆရာတော်ဦးဏ္ဍန္ဒကနှင့် ဦးဇင်းဦးဝါသေဌတို့မှ ဝင်ရောက်တားမြစ်ရာမှတစ်ဆင့် မရွှေမုန်းက အနီးရှိ ဘုရားပန်းအိုးအား ကောက်ယူကာ ဦးဝါသေဌအား ရိုက်လိုက်သဖြင့် ဦးဝါသေဌ နဖူးကွဲသွားခဲ့ကြောင်း သိရသည်။ ထို့နောက် မမြင့်မြင့်သန်းဆိုသူက သူမစီးလာသောဖိနပ်ဖြင့် ဆရာတော် ဦးဏ္ဍန္ဒက အားရိုက်ရာ ဆရာတော်၏ ဂုတ်ပိုးကို ထိမိခဲ့သည်။

ထိုကဲ့သို့ ပြုမူမှုများကြောင့် တရားနာပွဲအား ရပ်ဆိုင်းလိုက်ရပြီး ဆရာတော်များ ပြန်လည်ကြွချီရာတွင် ထိုအမျိုးသမီးအုပ်စုမှပင် အမျိုးမျိုးညစ်ညမ်းစွာ ဆဲရေးတိုင်းထွာခဲ့သည်ဟုဆိုသည်။ သံဃာတော်များဘက်မှ ငြိမ်းချမ်းစွာဖြင့် မည်သည့်တုံ့ပြန်မှုကိုမျှ မပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ ယင်းနောက် အာဏာပိုင်များနှင့် ရဲများရောက်ရှိလာပြီးနောက် လူစွဲကွဲသွားခဲ့ပြီး ကျောင်းတိုက်ကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး သံဃာတော်များဘက်မှ ဦးဇာဂရမှ မုံရွာအမှတ်(၁) ရဲစခန်းတွင် တိုင်ကြားခဲ့သည်ဟု ထပ်မံသိရှိရသည်။

အဆိုပါရွာသည် အုပ်စုနှစ်ခြမ်းကွဲနေပြီး ယခုပြဿနာမှာ သူ့ဆရာတော်၊ ငါ့ဆရာတော် ကျောင်းထိုင်နေရာ လုရာမှတစ်ဆင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရွာခံများကို မေးမြန်းမှုများအရ သိရသည်။ ယခုအမျိုးသမီးများ၏နောက်ကွယ်တွင် အားပေးလှုံ့ဆော်သူ ရွာခံမျက်နှာဖုံး အချို့လည်းရှိနေပြီး လက်ရှိကျောင်းထိုင်အဖြစ် သီတင်းသုံးနေသောဆရာတော်သည် အဆိုပါရွာခံလူပုဂ္ဂိုလ်များ ကိုးကွယ်လိုသည့် ဆရာတော်မဟုတ်သည့်အတွက် ယခုကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်နိုင်ကြောင်း ရွာခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ Connection နှေးသောကြောင့် ဗီဒီယိုဖိုင်အား တင်မရဖြစ်နေပါသည်။ မကြာခင်တင်ပေးသွားမည် ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင်

ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင်
ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင်
ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင်
ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင်
ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင်
ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင်
ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင်
ဗုဒ္ဓဘာသာဝင်အမျိုးသမီးက ဘုန်းကြီးတစ်ပါး၏ခေါင်းအား ပန်းအိုးဖြင်