SHARE ARAKAN NEWS
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်
6.7.2013 စနေနေ့၌အမျိုးဘာသာသာသနာထိန်းသိမ်း
စောင့်ရှောက်ရေး ရဟန်းပျိုများအဖွဲ့အား အောင်မြင်စွာဖွဲ့စီးပြီးပါ
ကြောင်း သတင်းကောင်းပါးပါ၏
U WI MA LA
BAYDAR LAM
Chairman of Monk Organization from Government , Bamaw Sayatwa and his group apply to Visa England.
But reject answer . They want attend the opening ceremony of new monastery in London.
“TIME မဂ္ဂဇင်းရဲ.ဂယက်ကတော့စပြီထင်တယ်”
နိုင်ငံတော်သံဃမဟာနာယကဥက္ကဌဗန်းမော်ဆရာတော်ကြီးအပါအဝင်နယ်လှည့်ဓမ္မကထိကဆရာတော်များပါဝင်သောအဖွဲ.ကိုဗီဇာငြင်းပယ်ခံခဲ့ရပါသည်။ “မီဒီယာတွေရဲ.ဖော်ပြမှုကတော်တော်သက်ရောက်မှုရှိနေပါတယ်” ဟုပြည်ပတွင်သာသနာပြုနေသောမြန်မာဘုန်းကြီးတပါးကမိန့်ကြားခဲ့ပါသည်။၎င်းအပြင် ပြည်တွင်း၌အကြမ်းဖက်လှုပ်ရှားမှုများနှင့်အတူဗုဒ္ဓဘာသာရဟန်းသံဃာတော်များ၏ပုံများအင်တာနက်စာမျက်နှာများတွင်ပျံနှံနေခြင်း၊ ၉၆၉ လှုပ်ရှားမှုနှင့်မျိုးစောင့်ဥပဒေ၊တိုင်းမဂ္ဂဇင်း၏သတင်းရေးသားဖော်ပြမှုတို့သည်ဗုဒ္ဓဘာသာရဟန်းတော်ကြီးများအားဗြိတိန်ပြည်ဝင်ခွင့်ဗီဇာငြင်းပယ်ခံရမှုနှင့်ဆက်စပ်နိုင်ကြောင်းဆရာတော်များကသုံးသပ်ကြသည်ဟု ယနေ့ ၆-၇-၂၀၁၃ ရက်နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာတွင်ဖော်ပြထားပါသည်။
KIC KAREN INFORMATION CENTER NEWS
လက်နက်ကြီးကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိ
ဇူလိုင်လ ၅ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်း၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်တွင် အစိုးရစစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGFနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့၏ လက်နက်ကြီးများကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။
ယခုနှစ် ဇန်န၀ါရီလ ၁၅ရက်နေ့က မဲဆိပ်စခန်းအခြေစိုက် ဗိုလ်မှူးစောရဲသွေး ဦးစီးသည့် ကရင်နယ်ခြားစောင့်တပ် (၁၀၁၄) တပ်ရင်းမှ တပ်ခွဲမှူးစောဒေးဒေးဆိုသူက ကျေးရွာတစ်ရွာအတွင်း M-79 လက်နက်ဖြင့် ပစ်ခတ်ခဲ့ရာတွင် ၎င်းကျည်ဆံ 40-MM မှာ မပေါက်ကွဲဘဲ အသက် ၂၃နှစ်အရွယ် ကလေးမိခင်တစ်ဦးနှင့် သူမ၏ တနှစ်သားအရွယ် သားယောက်ျားလေးကို ထိမှန်၍ ဒဏ်ရာရရှိခဲ့သည်ဟု KHRG က ထုတ်ပြန်ခြင်း ဖြစ်သည်။
KHRG ၏ သတင်းပြန်ကြားရေး တာဝန်ခံ စောဝေလေးက “ဘီဂျီအက်ဖ်မှ စောဒေးဒေးဆိုတဲ့လူက အရက်မူးပြီး သေနတ်ရမ်းပစ် မိလို့ အဲဒီသားအမိကို သွားရောက်ထိမှန်တာပါ။ ကံကောင်းလို့ ကျည်က မကွဲတာ။ ပေါက်ကွဲလို့ကတော့ အဲဒီသားအမိနှစ် ယောက်စလုံး မတွေးဝံ့စရာပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းပစ်ခတ်မှုကြောင့် ကလေးမိခင်မှာ ဒူးခေါင်းနှင့် ခြေဖနောင့်တို့တွင်လည်းကောင်း၊ ကလေးငယ်မှာ ခန္ဓာကိုယ်အလယ်ပိုင်း တွင်လည်းကောင်း ဒဏ်ရာရှိခဲ့ပြီး ၎င်းတို့ကို ခေါတောပိုဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူရာ မိခင်နှင့် ကလေးကို ၆ချက်နှင့် ၃ချက်စီ ချုပ်ခဲ့ရသည်။ သို့သော် တပ်ကြပ်ကြီး စောဒေးဒေးက ဆေးကုသစရိတ်အဖြစ် ၎င်းသားအမိအား ကျပ်ငွေ ၂သိန်း ၄သောင်းပေးမည်ဟု ပြောသော်လည်း ကျပ်ငွေတစ်သိန်းသာ လက်ခံရရှိခဲ့ကြောင်း KHRG က ဆိုသည်။
အလားတူ မေလ ၁၆ရက်နေ့ကလည်း စောရဲသွေး ဦးဆောင်သော အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့သည် ကေအဲန်ယူ တပ်မဟာ (၅)မှ ဗိုလ်စောဝင်းလွင် (ခ) စောအယ်ရိုး ဦးစီးသည့် အင်အား ၂၀ဦးရှိ KNLA တပ်ဖွဲ့တို့က ရွာတစ်ရွာထဲတွင် ထိပ်တိုက်တိုး၍ M-79 လက်နက်ကြီးဖြင့် KNLA ဘက်မှ ပစ်ခတ်ခဲ့သဖြင့် ၂လသားအရွယ် ကလေးယောက်ျားလေးတစ်ဦးနှင့် ဖခင်ဖြစ်သူတို့မှာ ကျည်ထိမှန်သဖြင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး ခေါတောပိုဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသေးသည်။
“အပစ်အခတ်ရပ်စဲရေးပြီးတဲ့နောက်မှာ အမှန်ဆို ပစ်ခတ်မှုတွေ မဖြစ်သင့်တော့ဘူး။ ဒါမျိုးပစ်ခတ်မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဆက်ဖြစ်နေအုံးမှာပဲ။”ဟု KHRG ၏ သတင်းပြန်ကြားရေးတာဝန်ခံ စောဝေလေးက ထပ်ပြောသည်။
ယခုဖြစ်ပွားမှုနှင့် ပတ်သက်၍ ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက “ပစ်ခတ်တဲ့သူတွေကလည်း ရွာ သားတွေကို ဦးတည်ပြီး ပစ်ခတ်တာ မဖြစ်နိုင်လောက်ပါဘူး။ ဒါပေမယ့် ရွာထဲမှာ ပစ်ခတ်မှု ဖြစ်တဲ့အခါကျတော့ ထိခိုက်မှုရှိမှာ ပေါ့လေ။ ပစ်ခတ်မှုကို ပြန်ကြည့်မယ်ဆိုရင်လည်း ကရင်လက်နက်ကိုင် အချင်းချင်းဖြစ်ပွားတဲ့ကိစ္စပါ။ ရပ်တည်မှုချင်းတော့ မတူ ဘူးပေါ့။ ဒါ့ကြောင့် အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် ကျနော်တို့ အစိုးရနဲ့ ငြိမ်းချမ်းရေးတည်ဆောက်နေပါတယ်။ အဲဒီကတ ဆင့် အရင်ဆုံး ကျနော်တို့ အချင်းချင်း နားလည်မှုတည်ဆောက်ရမယ်။ ဒီလမ်းစဉ်ဟာ ကျနော်တို့ အရင်ဆုံးလုပ်ဆောင်ရမယ့် လမ်းစဉ်ပဲဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။ Continue reading “လက်နက်ကြီးကြောင့် အမျိုးသမီးနှင့် ကလေးငယ်များ ထိခိုက်ဒဏ်ရာရရှိ ဇူလိုင်လ ၅ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ် ၁၅/၂၀၁၃)
၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်
(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်)
ပြည်ထောင်စုငြိမ်းချမ်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း
နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ မေလ ၃ ရက် နေ့စွဲ့ပါ အမိန့်အမှတ် (၁၂/၂၀၁၂) ဖြင့် ဖွဲ့စည်းခဲ့သော ”ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ” ကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်း လိုက်ပါသည်-
၁။ | ဒေါက်တာစိုင်းမောက်ခမ်း | ဥက္ကဋ္ဌ | |
၂။ | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း | ဒုတိယဥက္ကဋ္ဌ | |
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) | |||
၃။ | ဦးအောင်မင်း | ဒုတိယဥက္ကဋ္ဌ | |
ပြည်ထောင်စုဝန်ကြီး | |||
၎။ | ဦးသိန်းဇော် | ဒုတိယဥက္ကဋ္ဌ | |
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
၅။ | ဦးအုန်းမြင့် | အဖွဲ့ဝင် | |
ပြည်ထောင်စုဝန်ကြီး | |||
၆။ | ဦးစိုးသိန်း | အဖွဲ့ဝင် | |
ပြည်ထောင်စုဝန်ကြီး | |||
၇။ | ဦးသန်းဌေး | အဖွဲ့ဝင် | |
ပြည်ထောင်စုဝန်ကြီး | |||
၈။ | ဦးခင်ရီ | အဖွဲ့ဝင် | |
ပြည်ထောင်စုဝန်ကြီး | |||
၉။ | ဦးဝင်းထွန်း | အဖွဲ့ဝင် | |
ပြည်ထောင်စုဝန်ကြီး | |||
၁၀။ | ဦးခင်မောင်စိုး | အဖွဲ့ဝင် | |
ပြည်ထောင်စုဝန်ကြီး | |||
၁၁။ | တိုင်းဒေသကြီး သို့မဟုတ် | ||
ပြည်နယ်ဝန်ကြီးချုပ်များ | အဖွဲ့ဝင် | ||
(က) | ဝန်ကြီးချုပ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ | ||
(ခ) | ဝန်ကြီးချုပ်၊ ကယားပြည်နယ် အစိုးရအဖွဲ့ | ||
(ဂ) | ဝန်ကြီးချုပ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ | ||
(ဃ) | ဝန်ကြီးချုပ်၊ ချင်းပြည်နယ် အစိုးရအဖွဲ့ | ||
(င) | ဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ | ||
(စ) | ဝန်ကြီးချုပ်၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ | ||
(ဆ) | ဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ | ||
(ဇ) | ဝန်ကြီးချုပ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ | ||
(ဈ) | ဝန်ကြီးချုပ်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ | ||
(ည) | ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ | ||
၁၂။ | တပ်မတော်မှ တိုင်းမှူးများ | အဖွဲ့ဝင် | |
(က) | တိုင်းမှူး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် | ||
(ခ) | တိုင်းမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် | ||
(ဂ) | တိုင်းမှူး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် | ||
(ဃ) | တိုင်းမှူး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် | ||
(င) | တိုင်းမှူး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် | ||
(စ) | တိုင်းမှူး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် | ||
(ဆ) | တိုင်းမှူး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် | ||
(ဇ) | တိုင်းမှူး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် | ||
(ဈ) | တိုင်းမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် | ||
(ည) | တိုင်းမှူး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် | ||
၁၃။ | ဒုတိယဝန်ကြီး | အဖွဲ့ဝင် | |
ပြည်ထဲရေးဝန်ကြီးဌာန | |||
၁၄။ | ဗိုလ်ချုပ်ဇော်ဝင်း | အဖွဲ့ဝင် | |
ဒုတိယဝန်ကြီးနယ်စပ်ရေးရာဝန်ကြီးဌာန | |||
၁၅။ | ဦးထွန်းထွန်းဦး | အဖွဲ့ဝင် | |
ဒုတိယရှေ့နေချုပ် | |||
၁၆။ | ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | ||
တိုင်းရင်းသားများ | အဖွဲ့ဝင် | ||
(က) | ဒေါ်ဒွဲဘူ | ||
ကချင်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(ခ) | ဦးစိုးရယ် | ||
ကယားတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(ဂ) | ဦးစောသိန်းအောင် | ||
ကရင်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(ဃ) | ဦးခွန်လိန်း | ||
ချင်းတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(င) | ဒေါ်မိယဉ်ချမ်း | ||
မွန်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(စ) | ဦးဘရှိန် | ||
ရခိုင်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(ဃ) | ဦးခွန်လိန်း | ||
ချင်းတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(င) | ဒေါ်မိယဉ်ချမ်း | ||
မွန်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(စ) | ဦးဘရှိန် | ||
ရခိုင်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(ဃ) | ဦးခွန်လိန်း | ||
ချင်းတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(င) | ဒေါ်မိယဉ်ချမ်း | ||
မွန်တိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(စ) | ဦးဘရှိန် | ||
ရခိုင်တိုင်းရင်းသား၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် |
|||
(ဆ) | ဦးစတီဖန် | ||
ရှမ်းတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(ဇ) | ဦးလှထွန်း | ||
နာဂတိုင်းရင်းသား၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် | |||
(ဈ) | ဦးကျင်ဝမ်း | ||
” ဝ ” တိုင်းရင်းသား၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် |
|||
၁၇။ | အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | ||
တိုင်းရင်းသားများ | အဖွဲ့ဝင် | ||
(က) | ဦးစခုန်တိန့်ယိန်း | ||
ကချင်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(ခ) | ဦးဆန်းရယ် | ||
ကယားတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(ဂ) | ဦးစောထွန်းမြအောင် | ||
ကရင်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(ဃ) | ဦးပေါ်လျှံလွင် | ||
ချင်းတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(င) | ဦးစောအုန်း | ||
မွန်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(စ) | ဦးအုန်းတင် | ||
ရခိုင်တိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(ဆ) | ဦးစိုင်းကျော်ဇောသန်း | ||
ရှမ်းတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(ဇ) | ဦးမြတ်ကို | ||
နာဂတိုင်းရင်းသား၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် | |||
(ဈ) | ဦးဆိုင်ပေါင်းနပ် | ||
” ဝ ” တိုင်းရင်းသား၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် |
|||
၁၈။ | ဦးဇော်သန်းသင်း | အတွင်းရေးမှူး | |
ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး |
|
|
|
|
(ပုံ)သိန်းစိန် |
|
|
|
|
နိုင်ငံတော်သမ္မတ |
|
|
|
|
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် |
Time မဂ္ဂဇင်း၏ ဘုန်းကြီးဦးဝီရသူအပေါ် Terror ဟု ရေးသားဖော်ပြချက်နဲ့ ပတ်သက်ပြီး ဤသို့ စောဒက တက်ချင်သည်။ ခေတ်နောက်ကျတယ်ပြောပြော Time မဂ္ဂဇင်းကို တစ်ခါမှ မဖတ်ဖူးပါ။ ကြားတော့ ကြားဖူးသည်။ ဘယ်ကမှန်းလည်း မသိပါ။ ဘယ်မဂ္ဂဇင်းမှလည်း စွဲစွဲမြဲမြဲမဖတ်ပါ။ ဘာရယ်မဟုတ်ပေ။ ဘယ်မီဒီမှ ထာဝရမမှန်သောကြောင့် (သို့) ဘက်လိုက်ပြီး မိမိလိုရာ ရေးသားတတ်သောကြောင့် အစွဲ အမြဲမဖတ်ပါ။ ယခုမီဒီယာမပြောနဲ့ သမိုင်းသုတေသီများတောင် သဘောအမျိုးမျိုး အယူအဆအမျိုးမျိုးရှိတတ်တာကြောင့် ကွဲလွဲချက်အမျိုးမျိုး စာအုပ်အမျိုး မူအမျိုးမျိုးနဲ့ ဘာကို အတိအကျမှတ်သားရမည်မသိ သိချင်လွန်းလို့သာ လိုက်ဖတ်ရသည် အကုန်ဖတ်ပြီးလျှင် ယောင်ချာချာဖြင့် နဂိုသိပြီးသားတောင် ဘယ်ရောက်ကုန်ပြီ မသိတော့ပေ။ သိပ္ပံတွေ့ရှိချက်များလည်း ထိုနည်း၎င်း။ ဆေးဂျာနယ်များမှာလည်း အမျိုးမျိုးပြောင်းလဲတတ်သည်။ ယနေ့ ရေသောက်တာကောင်းသည် တော်ကြာသောက်လျှင် ဘာဖြစ်တတ်သည် ညာဖြစ်တတ်သည် ဖြစ်ပြန်ပါရော။ ထို့ကြောင့် ဘာကိုမျှ အယုံအကြည် အစွဲအလမ်းမထားတော့ပါ။
“ကလေးတစ်ယောာက်၏ စိန်ခေါ်သံ”
ယခု Time မဂ္ဂဇင်းက ဦးဝီရသူအား Terror တဲ့။ သူတို့၏မဂ္ဂဇင်း ကမ္ဘာပေါ်တွင် တွင်ကျယ်နိုင်မှု၊ ငွေကြေးတတ်နိုင်မှုကို အသုံးချပြီး အချိန်ကိုက် နှိမ့်ချလိုက်သည် ဟု ပဲ မြင်ပါသည်။ ဦးဝီရသူ၏ လုပ်ကိုင်ဆောင်ရွက်နေမှုများကို မြန်မာများက Time မဂ္ဂဇင်းထက် ပိုသိပါသည်။ မိမိပိုသိပြီးသား ရင်းနီးကျွမ်းဝင်ပြီးသား လူတစ်ယောက်၏လုပ်ဆောင်ချက်များကို အခြားအဝေးတစ်နေရာမှ ကြားလူတစ်ယောက်ဝင်ပြောပြတာကို အလေးထားနေစရာမလိုပေ။ ဦးဝီရသူအကြောင်းကို တိုင်းမ်မဂ္ဂဇင်းနှင့် ကျွန်ုပ် ဘယ်သူကပိုသိသည်ကို အချိန်မရွေး နေရာမရွေး Pubblic ရှေ့တွင် ပြောကြေးလုပ်မလားဟု ကလေးဆန်ဆန် စိန်ခေါ်လိုက်ချင်သည်။ ပြိုင်ချင်ရင်အချိန်မရွေး Time ရေ ဝဲလ်ကမ်း…။
“နှလုံးသားနှင့် ရင်းခဲ့ရသော ခံစားချက်များ”
ဘာကြောင့်အချိန်ကိုက် နှိမ့်ချသလဲ စော်ကားသလဲ ဆက်လက်ပြီး ဝေဘန်ပါဦးမည်။ ယခုအချိန်တွင် ဦးဝီရသူသည် မြန်မာပြည်မှာ မျိုးစောင့်ဥပဒေ ပေါ်ပေါက်ဖို့ ကြိုးစားနေချိန်ဖြစ်သည်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး ကြိုက်/မကြိုက် သူများ၏ ချီးကျူးသံများ ဆဲသံများ မိုးမွှန်နေချိန်ဖြစ်သည်။ ဥပဒေ၏ အကြမ်းဖျင်း အနှစ်သာရမှာလဲ ဗုဒ္ဓဘာသာအမျိုးသမီးများ အခြားဘာသာများနှင့် လက်ထပ်လျှင် ဘယ်လိုလက်ထပ်ရမည်ဟူ၍ဖြစ်သည်။ အချို့အမျိုးသမီးများက ဒို့တာဝန်ဒို့သိသည်။ ဒါလူ့အခွင့်အရေး ချိုးဖောက်တာ၊ ဒီမိုကရေစီနဲ့ မညီဟု လက်တွေ့မကျသော စကားလုံးများဖြင့် ကန့်ကွက်ကြတာလည်းတွေ့ရသည်။ ဦးဝီရသူ မှာကား နှလုံးသားနဲ့ရင်းပြီး ခံစားခဲ့ရသော အတွေ့အကြုံများစွာရှိပါသည်။ မြန်မာနှင့် ကုလား လက်ထပ်ပြီး ဒုက္ခရောက်ခဲ့ရသော အမျိုးသမီးများ၏ ဝေဒနာများ၊ ကုလားနှင့် မြန်မာအမှုခင်းဖြစ်ပြီး တရားရင်ဆိုင်ရသောအခါ မြန်မာဘက်က မှန်နေပါလျှက် ငွေဖြင့်အနိုင်ယူခံလိုက်ရရှာသော မိမိလူမျိုးများ၏ မျက်ရည်များ၊ ပြောပြ၍မဆုံးနိုင်လောက်အောင် နှိပ်စက်အနိုင်ကျင့် ခံရသူများ၏ ဝေဒနာများကို ရင်နှင့်အမျှ နားထောင်ခဲ့ရပါသည်။ ကူညီခဲ့ရပါသည်။ ဖြေရှင်းပေးခဲ့ရပါသည်။ တစ်စတစ်စ ဤအရာ များနှင့်ပတ်သက်လာလျှင် ဤဘုန်းကြီးလေးက ကူညီသတဲ့ ဟုအဆင့်ဆင့် သိကြသောအခါ ဤကဲ့သို့သော ပြဿနာကြုံလေတိုင်း အကူအညီတောင်းကြတော့သည်။
သို့ဖြင့် နောင်တစ်ချိန် ဒို့အမျိုးသားများ ဒီဒုက္ခမျိုးမှ ကင်းဝေးကြပါစေတော့ဟု နှလုံးပိုက်ပြီး လက်တွေ့ဖြစ်ပျက်ပုံပြင်များရော အတိတ်ပုံပြင်များပါ ဆောင်ပြီး ဟောပြောရတဲ့အဆင့်ရောက်ခဲ့ရသည်။ ဟေရုံတင်မလုံလောက်မှန်းသိရသောအခါ ရေးရလေတော့သည်။ လူ့အခွင့်အရေးချိုးဖောက်တာပဲဟု တစာစာအော်နေသော ပုဂ္ဂိုလ်များ ဤလိုဝေဒနာများ ဘယ်နှစ်ကြိမ်ကြားဖူးကြသနည်း ဘယ်နှစ်ကြိမ်ဖြေရှင်းပေးဖူးကြသနည်း ၎င်းလူ့အခွင့်အရေးသမားဆိုသူများ မသိရှိ မခံစားဖူးသည်ကို အပြစ်မဆိုချင်ပေ။ လူဆိုသည်မှာ ကိုယ့်ဝေဒနာနဲ့ကိုယ် ကိုယ်သန်ရာသန်ရာ ထူးချွှန်တတ်ကြသော သတ္တဝါများဖြစ်သည်။ ခက်နေသည်မှာ ဤကဲ့သို့ ကုလားနဲ့မြန်မာ ဖြစ်ပွားခဲ့ကြသော ပြဿနာ အသေးအကြီးများကို လက်တစ်ဖက်ပြည့်အောင် မကြားဖူးကြပါပဲလျက် အမြဲတမ်း လေ့လာဖြေရှင်း ကူညီနေသူကို အပြစ်ပြောတာကိုပဲ ဖြစ်သည်။
“သံမဏိစိတ်ဓါတ်ပိုင်ရှင်များ ဖြစ်စေဖို့”
ထိုလူ့အခွင့်အရေးသမားများ အခြားနေရာမှာ တော်ကြတတ်ကြပါလိမ့်မည်။ ဤနေရာမျိုးတွင် သုတေသီ တစ်ဦးသဖွယ် လေ့လာလိုက်စားထားသော ဦးဝီရသူကို မယှဉ်သင့်ဟုပင် ပြောချင်ပါသည်။ ကိုယ်တိုင်ခံစားဖူးမှ နားလည်ပါလိမ့်မည်။ စီးပွားရေးအားဖြင့် အလွန်နိမ့်ကျလျက်ရှိသော မိမိလူမျိုးများမှာ ထိုအားနည်းချက်ကို အကြောင်းပြုပြီး အနိုင်ကျင့်ခံရမှုများ အနှိပ်စက်ခံရမှုများ များစွာဖြစ်ခဲ့ရပါသည်။ ဆင်းရဲသောကြောင့် သူများဆီမှာ အောက်ကျနောက်ကျ အလုပ်လုပ်ကြရသည်။ ထိုအခါ အနှိမ်ခံရသည်။ အနိုင်ကျင့်ခံရသည်။ ထိုပြဿနာများအတွက် ဦးဝီရသူဖြေရှင်းပေးနိုင်သောအရာမှာ စည်းကမ်းရှိအောင်နေဖို့ စိတ်ဓာတ်မြင့်မားဖို့ ကိုယ့်အမျိုးစောင့်ဖို့ဤစိတ်ဓာတ်များသာပေးနိုင်သည်။ ထိုကဲ့သို့သော သံမဏိစိတ်ဓာတ်ပိုင်ရှင်များ ဖြစ်လာကြလျှင်ကား အတော်သက်သာပါဦးမည်။ Continue reading “U WIRA THU “ကျွန်ုပ်သိသော ဦးဝီရသူ” 6.JULY”
You must be logged in to post a comment.