“မန္တလေး အာဇာနည်နေ့ NDF ပါတီ အခမ်းအနား ”
*************************************
19.7.2013 ချမ်းမြသာစည်မြို့နယ် ထွန်းတုံးရပ်ကွက်၊ NDF ပါတီရုံးတွင် နေ့ဆွမ်းဆက်ကပ်ပြီး အခမ်းအနားကျင်းပသည်။
ဒီမိုကရက်တစ် (မြန်မာ) နှင့် ၀ံသာနု ဒီမိုကရက်တစ် ပါတီများလည်း တက်ရောက်ကြသည်။
ဦးဝီရသူ သြ၀ါဒပေးရာတွင်-
(က) ချီးကျူးထိုက်သူကိုပဲ ချီးကျူးပြီး ရှုတ်ချထိုက်သူကို မရှုတ်ချသောပုဂ္ဂိုလ်
(ခ) ရှုတ်ချထိုက်သူကိုပဲ ရှုတ်ချပြီး ချီးကျူးထိုက်သူကို မချီးကျူးသောပုဂ္ဂိုလ်
(ဂ) ချီးကျူးထိုက်သူကိုလည်း မချီးကျူး၊ ရှုတ်ချထိုက်သူကိုလည်း မရှုတ်ချပဲ နေသောပုဂ္ဂိုလ်
(ဃ) ချီးကျူးထိုက်သူကိုလည်း မချီးကျူး၊ ရှုတ်ချထိုက်သူကိုလည်း ရှုတ်ချတတ်သောပုဂ္ဂိုလ်- သို့သော် နံပါတ်လေး ပုဂ္ဂိုလ်ကိုသာ မြတ်စွာဘုရား လိုလားတော်မူကြောင်း။
နိုင်ငံရေးသမားကောင်းဆိုတာ ချီးကျူးထိုက်၊ ချီးကျူးသင့်၊ ထောက်ခံသင့်သည့် အချိန်မျိုးမှာ အရှိအမှန်အတိုင်း အူထဲအသည်းထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးတတ်ဖို့ လိုအပ်ပြီး။
ရှုတ်ချထိုက်၊ ကန့်ကွက်ထိုက်သူကို ရှုတ်ချသင့်၊ ကန့်ကွက်သင့်သည့် အချိန်အခါမျိုးမှာ၊ အရှိအမှန်အတိုင်း ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ဖို့ လိုအပ်ကြောင်း အင်္ဂုတ္တိုရ် စတုက္ကနိပါတ်၊ ပေါတလိယ သုတ္တန်ကို မျက်မှောက်နိုင်ငံရေးနှင့် လေ့လာသုံးသပ် ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။
၎င်းနောက် ဝံသာနုဒီမိုကရတ်တစ်ပါတီ အတွင်းရေးမှူး- ဒေါ်နန်းရွှေကြာမှ နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်အောင် လိုက်နာကျင့်သုံးပါမည် ဆိုသည့်အကြောင်းနှင့် အမျိုးစောင့်ဥပဒေကို အပြည့်အဝထောက်ခံပါကြောင်း ပြန်လည်လျှောက်ကြားခဲ့ကြောင်း သိရပါသည်။