U WIRA THU : “မန္တလေး အာဇာနည်နေ့ NDF ပါတီ အခမ်းအနား “

“မန္တလေး အာဇာနည်နေ့ NDF ပါတီ အခမ်းအနား ”
*************************************
19.7.2013 ချမ်းမြသာစည်မြို့နယ် ထွန်းတုံးရပ်ကွက်၊ NDF ပါတီရုံးတွင် နေ့ဆွမ်းဆက်ကပ်ပြီး အခမ်းအနားကျင်းပသည်။
ဒီမိုကရက်တစ် (မြန်မာ) နှင့် ၀ံသာနု ဒီမိုကရက်တစ် ပါတီများလည်း တက်ရောက်ကြသည်။
ဦးဝီရသူ သြ၀ါဒပေးရာတွင်-
(က) ချီးကျူးထိုက်သူကိုပဲ ချီးကျူးပြီး ရှုတ်ချထိုက်သူကို မရှုတ်ချသောပုဂ္ဂိုလ်
(ခ) ရှုတ်ချထိုက်သူကိုပဲ ရှုတ်ချပြီး ချီးကျူးထိုက်သူကို မချီးကျူးသောပုဂ္ဂိုလ်
(ဂ) ချီးကျူးထိုက်သူကိုလည်း မချီးကျူး၊ ရှုတ်ချထိုက်သူကိုလည်း မရှုတ်ချပဲ နေသောပုဂ္ဂိုလ်
(ဃ) ချီးကျူးထိုက်သူကိုလည်း မချီးကျူး၊ ရှုတ်ချထိုက်သူကိုလည်း ရှုတ်ချတတ်သောပုဂ္ဂိုလ်- သို့သော် နံပါတ်လေး ပုဂ္ဂိုလ်ကိုသာ မြတ်စွာဘုရား လိုလားတော်မူကြောင်း။
နိုင်ငံရေးသမားကောင်းဆိုတာ ချီးကျူးထိုက်၊ ချီးကျူးသင့်၊ ထောက်ခံသင့်သည့် အချိန်မျိုးမှာ အရှိအမှန်အတိုင်း အူထဲအသည်းထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးတတ်ဖို့ လိုအပ်ပြီး။
ရှုတ်ချထိုက်၊ ကန့်ကွက်ထိုက်သူကို ရှုတ်ချသင့်၊ ကန့်ကွက်သင့်သည့် အချိန်အခါမျိုးမှာ၊ အရှိအမှန်အတိုင်း ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ဖို့ လိုအပ်ကြောင်း အင်္ဂုတ္တိုရ် စတုက္ကနိပါတ်၊ ပေါတလိယ သုတ္တန်ကို မျက်မှောက်နိုင်ငံရေးနှင့် လေ့လာသုံးသပ် ဟောကြားခဲ့ခြင်း ဖြစ်ပါသည်။
၎င်းနောက် ဝံသာနုဒီမိုကရတ်တစ်ပါတီ အတွင်းရေးမှူး- ဒေါ်နန်းရွှေကြာမှ နိုင်ငံရေးသမားကောင်း တစ်ယောက်ဖြစ်အောင် လိုက်နာကျင့်သုံးပါမည် ဆိုသည့်အကြောင်းနှင့် အမျိုးစောင့်ဥပဒေကို အပြည့်အဝထောက်ခံပါကြောင်း ပြန်လည်လျှောက်ကြားခဲ့ကြောင်း သိရပါသည်။
21394_297130597097122_167813041_n64840_297131457097036_544296243_n1003139_297130033763845_177376689_n602972_297130023763846_1103994166_n 999478_297129950430520_1114188864_n1002853_297129940430521_2136238779_n1075728_297132827096899_1242535610_n

 

DASSK SPEECH MARTYR DAY NLD AND PEOPLE __အမေစု ၏ အာဇာနည်နေ့ ရုံးအတွင်းမိန့်ခွန်း..VIDEOS

410764_534098579990430_534098389990449_9167_630_b

KO MAW PYAY အမေစု ၏ အာဇာနည်နေ့ ရုံးအပြင် မိန့်ခွန်း…
ယခု မူဘီဖိုင်ကတော့ အမေစု ၏ အာဇာနည်နေ့ ရုံးအပြင် မိန့်ခွန်း ပါခင်ဗျာ… ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးအတွင်းမှာ မိန့်ခွန်းပြောကြားပြီးနောက်ရုံးရှေ့ရှိ ထောက်ခံအားပေးသူများ၏ တောင်းဆိုမှု့ကြောင့် အဖွဲ့ချုပ် ရုံးပြင်မှာ တစ်ကြိမ် ထပ်မံ မိန့်ခွန်းပြောကြားခဲ့တာလဲ ဖြစ်ပါတယ်… ဒီကနေ့ အာဇာနည်နေ့ မှာ အမေစု က လူထုကို မိန့်ခွန်း နှစ်ကြိမ်ပြောကြားပါတယ်… ရုံးတွင်းမိန့်ခွန်းကို ဒီလင့်မှာ သွားကြည့်ပါ.