ဘိုးဘွားပိုင်လယ်ယာမြေများပြန်လည်ရရှိရေးကြံခင်းမြို့တွင်ဆန္ဒပြ

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ကြံခင်းမြို့တွင် (20.6.2013) Thursday နံနက် (၁၁) နာရီအချိန်ခန့် ၊ ကြံခင်းမြို့နယ် အပိုင် ဆိပ်သာတိုက်နယ် မက်သနောစက်ရုံ မှ သိမ်းယူထားသော ဘိုးဘွား ပိုင် လယ်ယာမြေများ အား ပြန်လည်ရရှိရေး အတွက် ကြံခင်းမြို့ အ၀င် မှ စတင်၍ အဝေးပြေးကားကြီးဝင်း ၊သိပံ္ပလမ်း ၊ မဟာဗန္ဓုလလမ်း ၊ ဘုရားကြီးလမ်း တို့တွင် စီတန်း လှည့်လည် ၍ ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခဲ့ကြပြီး နေ့လည် (၁၂)နာရီခန့် တွင် ဘိုးဘွားပိုင် လယ်ယာမြေ များ ပြန်လည်ရရှိရေး တရားဝင် ဆန္ဒဖော်ထုတ်ပွဲ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း…. ။
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် (၂၆) မြို့နယ် အတွင်း ကြံခင်းမြို့သည် ပထမဦးဆုံး တရားဝင် ဆန္ဒပြ ဖော်ထုတ်ပွဲ ဖြစ်ကြောင်း သတင်းရရှိပါသည်။
Post by ; Phoe Thee

5919_450130038415665_843413596_n993791_450129941749008_991109710_n1004414_450129585082377_1464997770_n

U WIRA THU: “အမျိုးစောင့်ဥပဒေ ညီလာခံကျင်းပမည်”

“အမျိုးစောင့်ဥပဒေ ညီလာခံကျင်းပမည်”
======================
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက် (၂၇-၆-၂၀၁၃) ရက်နေ့မှာ ကျင်းပ သွားမည်ဖြစ်ပြီး စာသင်တိုက်ဆရာတော်များ ဓမ္မကထိက ဆရာတော်များ ရိပ်သာဆရာတော်များ၊ ဘကပညာရေး၊ သာရေးနာရေးဆရာတော်များ အပါအဝင် အမျိုးဘာသာ သာသနာကို ထိန်သိမ်းစောင့်ရှောက်လိုသော ရဟန်းရှင်လူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။
ပြည်တွင်း ပြည်ပ မည်သည့် မီဒီယာမဆို သတင်းလာယူနိုင်ကြောင်း သိရသည်။

998892_283103268499855_208625233_n922695_283103238499858_872197855_n998258_283103225166526_583476446_n941733_283103138499868_1302976099_n

U WIRA THU : “ဦးဝီရသူထံ Global Post မီဒီယာဂရု လာရောက်အင်တာဗျူး”

Global Post သည် (www.globalpost.com) ဖြစ်ပြီး ၎င်းဌာနမှ Executive Editor နှင့် Vice president ဖြစ်သူ Mr. Charle M. Sennott က ဦးဆောင်မေးမြန်ပြီး သင်တန်းသူ သင်တန်းသားများမှ သိလိုသည်များ ထပ်မံမေးလျှောက်ကြသည်။
ဗုဒ္ဓဘာသာမှာ ဘာသာ လူမျိုး မတူသူကို မပြောနဲ့ တိရစ္ဆာန်တွေရဲ့ အကျိုးစီးပွားကိုတောင် ပြုလုပ်ပေးခွင့် ရှိပါတယ်။ ဒါကို လောကတ္ထစရိယ လို ခေါ်ပါတယ်။
မျက်စိပိတ် နားပိတ် ဝါဒကို ကျင့်သုံးသူတွေသာ ကြောက်စရာကောင်းတာ (အန္တရာယ်ကြီးတာ)။ မျက်စိဖွင့် နားဖွင့် ဝါဒကိုကျင့်သုံးတဲ့ ဘယ်ဘာသာ ဘယ်လူမျိုးမဆို ကြောက်စရာမလိုဘူး။ (အန္တရာယ်မရှိဘူး)။

1000885_283091731834342_1411083471_n1017098_283091698501012_545148024_n-1988502_283091701834345_413749016_n

WIFE OF ARAKAN SINGER STABBED TO DEATH_ဓါတ်ပုံရည်ညွှန်းစာသား – သားသမီး သုံးဦး နှင့် ကွယ်လွန်သူ မဥမ္မာထွန်း။

( Sittwe, 18 June 2013) : The wife of well known Arakanese singer Ko Doe Ree was stabbed to death on Monday in Sittwe, the capital of Arakan, said a family source.

Ma Onmar Tun, 32 died after their neighbour U Maung Took attacked her in the evening nearby her residence and she finally succumbed to the injuries.

According to the family source, the popular Arakanese singer and his wife Ma Onmar Tun  had altercations  with U Maung Took in several occasions before the incident.

On the Monday evening incident, the assailant U Maung Took suddenly stabbed the lady by a knife and fled from the location.

The cremation of Ma Onmar Tun, who is the mother of three children will be held on Wednesday at Manzi graveyard in Sittwe, a family source disclosed.

By Han Maung Thein

ဓါတ်ပုံရည်ညွှန်းစာသား - သားသမီး သုံးဦး နှင့် ကွယ်လွန်သူ မဥမ္မာထွန်း။
ဓါတ်ပုံရည်ညွှန်းစာသား – သားသမီး သုံးဦး နှင့် ကွယ်လွန်သူ မဥမ္မာထွန်း။

စစ်တွေ ၊ ၁၉ ဇွန်လ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ရခိုင်တေးသံရှင် ဒိုးအ်ရီ (Doeree) ၏ ဇနီးကို ဇွန်လ (၁၇) ရက်နေ့ ညနေ ခြောက်နာရီ ခန့်က ထိုးသတ်သွားသူ တရားခံအား အခင်းဖြစ်ပြီး (၂၆)နာရီအကြာ ယမန်နေ့ ညနေ ရှစ်နာရီခန့်တွင် စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းရှိ ဒုက္ခသည်များအိမ်ယာအသစ်တွင် ဖမ်းဆီးရမိခဲ့သည်။

တရားခံ ကိုမောင်တုတ် က ဒိုးအ်ရီ ၏ ဇနီး မဥမ္မာထွန်းအား ထိုးသတ်ရာတွင် အသုံးပြုခဲ့သည့် အသွားကိုးလက်မရှိ ကတ်ကြေး နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည် ဟု ဆိုသည်။ ထိုကတ်ကြေးမှာ ကိုက်ဖြတ်ရန် အတွက် မဟုတ်ဘဲ လက်နက်အဖြစ်အသုံးပြုနိုင်အောင် ချွန်ထက်အောင် သွေးထားသော ကတ်ကြေးဖြစ်သည် ဟု ဆိုသည်။

တမြန်နေ့က (ကို) ဒိုးအ်ရီတို့မိသားစု နှင့် တရားခံမိသားစုတို့ ကတောက်ကဆ ဖြစ်ကြရာမှ တရားခံကိုမောင်တုတ် (၃၂-နှစ်ခန့်) က (ကို) ဒိုးအ်ရီတို့မိသားစု အိမ်ဝင်းခြံများအား လာရောက် နင်းခြေဖျက် ဆီး သည် အထိဖြစ်ပွားခဲ့သဖြင့် (ကို) ဒိုးအ်ရီတို့ ဇနီးမောင်နှံက ရဲစခန်းသို့သွားရောက် တိုင်တမ်းခဲ့ကြ သည့်နောက်၊ အိမ်နီးနားချင်းများဖြစ်ကြသည့် တရားခံ၏ မိသားစုဝင်အများစုတို့ အလျှိုလျှိုပျောက်သွားကြပြီး တရားခံ ကိုမောင်တုတ် တစ်ယောက်သာလျှင် အိမ်ပေါ်တွင် ကျန်ခဲ့သည် ဟု ဆိုသည်။

“အဲသည်အိမ်ပေါ်က မိန်းမနှစ်ယောက်၊ တစ်ယောက်က သူ့မိန်းမပဲ၊ အဲသည် နှစ်ယောက်နဲ့ အဲသည်ကောင်နဲ့ တိုးတိုး တိုးတိုး တိုင်ပင်ပြီး သူတို့အိမ်သားတွေ အိမ်ကနေထွက်သွားကြတယ်။ နောက်ဆုံး အိမ်ရှေ့ တံခါးမကြီးကို ပိတ်တာက သူပဲ။ သူက အကြံနဲ့ကျန်ခဲ့တာ” ဟု ဒိုးအ်ရီ က ဆိုသည်။

ရန်လိုရိုင်းပြနေသည့် (တရားခံ) အိမ်နီနားချင်းများ၏ ရန်မှ အကာအကွယ်ပေးပါရန် အခင်းဖြစ်သည့်နေ့က နှစ်ကြိမ်တောင် ဖုန်းဆက်တိုင်တန်းခဲ့သော်လည်း ဟုတ်ကဲ့ပါ၊ လာပါတော့မယ်၊ ယူနီဖောင်းလဲနေလို့ပါ ဟု ၄င်းအား ရဲစခန်းက အကြောင်းပြန်သည် ဟု ဒိုးအ်ရီ က ဆိုသည်။

မိမိအိမ်မှ အိမ်သူအိမ်သားများကို ကြိုတင်ရှင်းလင်းထားသည့် တရားခံ ကိုမောင်တုတ်သည် ညနေ ခြောက်နာရီကျော်ခန့်တွင် အသတ်ခံရသူ မဥမ္မာထွန်း နေအိမ်မှ ဆင်းလာသည်ကို မြင်သည်နှင့် (သုံးအိမ်ခန့်အကွာရှိ) မိမိအိမ်ပေါ် ၀ရန်တာပေါ်က ထိုင်ချောင်းနေရာမှနေ လမ်းပေါ်သို့ ကမန်းကတန်း ပြေးဆင်းသွားပြီး မဥမ္မာထွန်း သတိမထားအောင် ကျောပြုကာ လမ်းပေါ်ဦးစွာ ရောက်အောင် နေရာယူထားခဲ့သည် ဟု မျက်မြင်တစ်ဦးက ဆိုသည်။

ယင်းမျက်မြင်၏ အဆိုအရ နောက်ဆုံးဖြစ်စဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။ Continue reading “WIFE OF ARAKAN SINGER STABBED TO DEATH_ဓါတ်ပုံရည်ညွှန်းစာသား – သားသမီး သုံးဦး နှင့် ကွယ်လွန်သူ မဥမ္မာထွန်း။”

MYANMAR BURMA SAYS NO TO HIRE WHITE ELEPHANT TO THAILAND

Yangon, 19 June 2013 : The Burmese government has refused  a proposal from its neighbour Thailand to hire its white elephant citing the reason of tricky transportation, said a report in New Light of Myanmar today.

The Thai government earlier wanted to hire the white elephant from Burma (Myanmar) for six months as a goodwill gesture.

Burmese foreign Minister U Wunna Maung Lwin has appraised the decision of his government to his Thai counterpart Surapong Towichchaikul during their meeting in Indonesia on June 13, added the Burmese government controlled daily newspaper.

Earlier the Thai deputy Prime Minister, Surapong Towichchaikul, who also holds the portfolio of foreign ministry, disclosed his government’s interest to hire the white elephant on a rental basis as a sign of 65th anniversary of Thai-Myanmar diplomatic relationship.

Both the ministers met in the sideline of Forum for East Asia- Latin America Cooperation Meeting held in Bali of Indonesia.

The Thai minister revealed that they would keep the Burmese white elephant in the Chiang Mai zoo for public viewing commemorating the goodwill relationship with the people of Burma for more than two centuries.

White_Elephant-Myanmar
White_Elephant-Myanmar

However, the Burmese foreign minister pointed out that the task of sending the elephant to Thailand would be difficult and hence U Wunna Maung Lwin proposed his Thai counterpart  to arrange special flights from his country to Burma. It will help the Thai people to witness the white elephant and also assist the Burmese tourism industry to grow in addition to the improvement of Thai-Burma relationship, asserted the Burmese minister.

NARINJARA NEWS

ရဲက စစ်ဆေးရန်ခေါ်ယူသွားပြီး သတ်ပစ်လိုက်သော အမှုတစ်ခု ပုသိမ်တွင်ဖြစ်ပွား

source KHIN SOE

အမှုမှန်ပေါ်ပေါက်ရေးခေါ်ယူစစ်ဆေးရာ အမှုမှန်မပေါ်ဘဲ ရုပ်အလောင်းသာ ပေါ်ခဲ့
ပုသိမ်မြို့  လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာမှ မသန်းသန်းအေးအား ရဲတပ်ဖွဲ့ ဝင် များမှ စစ်ဆေးရန်ခေါ်ယူသွားပြီး မိသားစုဝင်များကို တွေ့ ခွင့်မပေးဘဲ တပတ်ခန့် ကြာသောအခါ လက်ထိပ်နောက်ပြန်နှင့် ရုပ်အလောင်းကို မြစ်တွင်းမှ တွေ့ ရှိခဲ့ ကြောင်း သတင်းရှိသည်။
မသန်းသန်းအေး၏ ရုပ်အလောင်းအား ပုသိမ်မြို့  လူမှုရေးအဖွဲ့ များမှ နေ့ လည် ၂ နာရီ အချိန်တွင် သစ်ညိုကုန်း သုဿန်တွင် မြုပ်နှံလိုက်သည်။
————————————————–
ခိုးမှုသံသယဖြင့် ဖမ်းဆီးခံထားရသူ ပုသိမ်မြို့နယ်မှ အမျိုးသမီးအလောင်း ငဝန်မြစ်တွင် ပြန်လည်တွေ့ရှိမှု ခုံရုံးဖွဲ့စစ်ဆေးမည်-ရန်ကုန်-ဇွန်၂၀
ခိုးမှုကျူးလွန် သံသယဖြင့် ဖမ်းဆီးခြင်းခံထားရသော ပုသိမ်မြို့နယ် လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာမှ မသန်းသန်းအေး၏ အလောင်းကို ငဝန်မြစ်ထဲတွင် ပြန်လည်တွေ့ ရှိခဲ့ခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူတို့ကိုရဲစည်းကမ်းအရ အရေးယူနေပြီဖြစ်ပြီး ယင်းသေဆုံးမှုဖြစ်စဉ်ကိုလည်း ခုံရုံးဖွဲ့စစ်ဆေးသွားမည်ဟု ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးဒုရဲမှူး ကြီးဦးထွန်းမင်းက ပြောသည်။
ဖြစ်စဉ်မှာ ပုသိမ်မြို့ လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာနေ ဒေါ်မြင့်မြင့်ခင်က ယင်း၏နေအိမ်တွင် ထားရှိသောငွေကျပ် ၆၅ သိန်း၊ ၈ သောင်းကျော်တန်ဖိုးရှိ ရွှေထည်များပျောက်ဆုံးသွားခဲ့၍ ပုသိမ်မြို့နယ် သင်္ဘောကျင်းရဲစခန်းတွင် တိုင်ကြားခဲ့ရာ ရဲက ပြစ်မှုကျူးလွန်သူဟု ယူဆရသူ တစ်ရွာထဲနေ ကိုနန်းဝင်းကို ဖမ်းဆီးခဲ့ပြီး ၄င်း၏ထွက်ဆိုချက်အရ ကိုနန်းဝင်း၏မိန်းမ မသန်းသန်းအေးကိုပါ ထပ်မံဖမ်းဆီးကာ ရဲကစစ်ဆေးခဲ့ကြောင်း၊ ထွက်ဆိုချက်များအရ ရွှေထည်များကို သပြေပင်ချောင်းတွင် ငါးကျင်စက် တို့သည့်စက်ထဲ၌ထည့်ကာမြှုပ်နှံခဲ့သည်ဆိုသည့်အတွက် သွားရောက်ရှာဖွေရန် ဇွန်လ ၁၇ ရက်နေ့တွင် ရဲ ၅ ဦး၊ ကျေးရွာတာဝန်ရှိသူ ၊ရေငုပ်သမား ၃ ဦး၊ ရဲ၏အမျိုးသမီးနှင့် မသန်းသန်းအေးပါ စုစုပေါင်း ၁၃ ဦးတို့က ငဝန်မြစ်ကိုဖြတ်ကာ သပြေပင်ချောင်းအတွင်း၌ ရှာဖွေကြောင်း၊ ရှာဖွေသော်လည်း မတွေ့၍ ပြန်လာစဉ် ထိုနေ့ည ၈ နာရီ ၂ဝ မိနစ်ခန့်၌ ငဝန်မြစ်ကြက်တန်းကူးတို့ဆိပ်အနီး၌ မသန်းသန်းအေးက နောက်လှန်၍ မြစ်ထဲသို့ ခုန်ဆင်းသွားခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်ဖြစ်ချင်း ရှာဖွေသော်လည်း မတွေ့ဘဲ ဇွန်လ ၁၉ ရက်နေ့ မနက် ၈ နာရီ ၄ဝ မိနစ်တွင်မှ မသန်းသန်းအေး၏ သေဆုံးရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သင်္ဘောကျင်း စခန်းမှူးရဲအုပ်ကြည်လင်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
”လိုက်ပါသွားတဲ့ ရဲတွေကို တိုင်းရဲတပ်ဖွဲ့ရဲ့အစီအမံနဲ့ ရဲစည်းကမ်းအရ အရေးယူထားပါတယ်”ဟု ၄င်းကပြောသည်။
ပ/၄၂/၂ဝ၁၃ ပုဒ်မ ၃၈ဝ ဖြင့် ကိုနိုင်ဝင်းနှင့် မသန်းသန်းအေး လင်မယားနှစ်ဦးကို သင်္ဘောကျင်းရဲစခန်းက အမှုဖွင့်ထားပြီး ယခုကဲ့သို့ မသန်းသန်းအေး သေဆုံးမှုအဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ခရိုင်ရဲမှူးအဖွဲ့က ခုံရုံးဖွဲ့စစ်ဆေးမည်ဟု ဒုရဲမှူးကြီးဦးထွန်းမင်းက ထပ်လောင်းဆိုသည်။၀၅၁

———————

ရဲက စစ်ဆေးရန်ခေါ်ယူသွားပြီး သတ်ပစ်လိုက်သော အမှုတစ်ခု ပုသိမ်တွင်ဖြစ်ပွား
=================================

အမှုမှန်ပေါ်ပေါက်ရေးခေါ်ယူစစ်ဆေးရာ အမှုမှန်မပေါ်ဘဲ ရုပ်အလောင်းသာ ပေါ်ခဲ့
20/6/2013

ပုသိမ်မြို့  လက်ပန်ကျေးရွာအုပ်စု သပြေပင်ကျေးရွာမှ မသန်းသန်းအေးအား ရဲတပ်ဖွဲ့ ဝင် များမှ စစ်ဆေးရန်ခေါ်ယူသွားပြီး မိသားစုဝင်များကို တွေ့ ခွင့် မပေးဘဲ တပတ်ခန့် ကြာသောအခါ လက်ထိပ်နောက်ပြန်နှင့် ရုပ်အလောင်းကို မြစ်တွင်းမှ တွေ့ ရှိခဲ့ ကြောင်း သတင်းရှိသည်။

Heinn Htet

Credit : Myanma Light

936403_630285973649035_273261021_n-11000179_630285930315706_1232952560_n1003103_630286026982363_1075452728_n1010515_630286073649025_1835246600_n

1012192_473218596099515_538623929_n

National Network for Education Reform_ပြည်သူ့လွှတ်တော်သို့တင်သွင်းသည့်အမျိုးသားပညာရေးမူဝါဒ(မူကြမ်း)

၀၁၃ခုနှစ်၊ ဇွန်လ၊ (၈-၉)ရက်နေ့များတွင် ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ)၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၌ ပညာရေးညီလာခံတစ်ရပ်ကျင်းပခဲ့ပါသည်။ ပညာရေးညီလာခံတက်ရောက်သူစုစုပေါင်းမှာ (၁၂၇၄)ဦးဖြစ်ပါသည်။ တိုင်းနှင့်ပြည်နယ်(၁၄)ခုမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ဆလုံ၊ ဝ၊ တအာင်း(ပလောင်)အစရှိသည့် မျိုးနွယ်စုများအပါအဝင် တိုင်းရင်းသားလူမျိုးများလည်း စုံစုံညီညီတက်ရောက်ကြပါသည်။ အတွေ့အကြုံရင့်ကျက်သည့် အငြိမ်းစားပါမောက္ခများ၊ ပညာရှင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာပုဂ္ဂိုလ်များ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ်ဘာသာမှ ပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများ၊ နိုင်ငံရေးပါတီများမှပုဂ္ဂိုလ်များနှင့် ပြည်သူ့လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီဝင်(၂)ဦးပါဝင်တက်ရောက်ကြပါသည်။

ဤညီလာခံမတိုင်မီ ၂၀၁၂၊ အောက်တိုဘာလတွင် မြန်မာနိုင်ငံခရစ်ယာန်ဓမ္မတက္ကသိုလ်၊ အင်းစိန်တွင် ကျင်းပခဲ့သည့် ပညာရေးဆွေးနွေးပွဲမှ အစပြု၍ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ပညာရေးဆွေးနွေးပွဲစုစုပေါင်း(၂၅)ကြိမ်ကျင်းပခဲ့ပါသည်။ ဒေသဆိုင်ရာဆွေးနွေးပွဲများတွင် တက်ရောက်သူစုစုပေါင်း(၃၂၀၀)ကျော်ရှိပါသည်။ အဆိုပါဒေသဆိုင်ရာဆွေးနွေးပွဲမှ ထွက်ပေါ်လာသောအကြံဥာဏ်များကို ဤညီလာခံကြီးတွင် ပြန်လည်ဆွေးနွေးကြပြီး အမျိုးသားပညာရေးမူဝါဒ(မူကြမ်း)ကို ရေးသားတင်ပြခြင်းဖြစ်ပါသည်။ ဤမူကြမ်းတွင် ပညာရေးမူဝါဒဆိုင်ရာအခြေခံမူများနှင့် ပညာရေးကဏ္ဍ(၁၃)ခုပါဝင်ပါသည်။ အခြေခံမူများတွင် နိုင်ငံသားအားလုံး၏ တန်းတူအခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် ပညာရေးဆိုင်ရာလွတ်လပ်ခွင့်များပါဝင်ပါသည်။

https://www.facebook.com/NNER.mmr

U WIRA THU “Tin May Win- အီးမေးလ် အမည်ဖြင့် ပေးပို့သော စာ”

“Tin May Win- အီးမေးလ် အမည်ဖြင့် ပေးပို့သော စာ”
=============================
(အရှင်ဘုရား……..
ဆရာတော်၇ဲ့ အမျိုး ဘာသာ သာသနာ ချစ်စိတ်ကို လေးစား ဂုဏ်ယူ တန်ဖိုးထားမိပါတယ်။ သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။ ခက်တာက ….အရှင်ဘုရားတို့ရဲ့ စေတနာကို ဘေးလူတွေ(နိုင်ငံခြား
အသံလွှင့် ဌာနတွေ ….တန်ဖိုးနားမလည်တဲ့ မြန်မာ မီဒီယာတွေ လူထုခေါင်းဆောင် အမည်တပ်ထားသော မြန်မာမတွေက အေ၇ာင်ဆိုးနေကြတယ်ဘုရား) နိင်ငံရေးနွှယ်တယ်ဆိုပြီး လုပ်နေကြပြန်ပြီ။
ရိုးရိုးလေးကို ဆန်းဆန်းလေးမြင်ကြတာ တပည့်တော်တို့ မြန်မာဓလေ့ပဲလား တပည့်တော် အကြိုက်ဆုံးစာသားက “ဝေဒနာနဲ့မပြောကြပါနဲ့ ဒေတာနဲ့ ပြောကြပါ”-ဆိုတာပါဘဲ။
သာဓု သာဓု သာဓု ပါဘုရား။
တပည့် တော် ဖေ့စ် ဘွတ်ခ်မှာ သိသိချင်း တင်ထားတာပါ ဘုရား……)

ဒီနေ့ ကျွန်မတို့ အလုပ်မှာဂျာနယ်ဖတ်တဲ့ သူတစ်ဦးက အော်ကြီး ဟစ်ကျယ် ပြောတယ်… ဆရာတော်ဦးဝီရသူ ပြောကြားတော်မူတယ်..ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးများက နိုင်ငံခြား (ဘာသာခြား)အမျိုးသားများနှင့် လက်ထပ်ရင် အမျိုးသားက ဗုဒ္ဓဘာသာဝင်အဖြစ် လက်ခံပြီးမှ လက်ထပ်ခွင့်ပြုခွင့်ကို လွှတ်တော်မှာ တောင်းဆိုမယ်တဲ့ ..ဆိုပြီး ပြောကြားရာမှာ ..တခြားသူတွေ ရုတ်ရုတ်သဲသဲနဲ့ အမြင်တွေပြောကြပါတယ် ..တစ်ယောက်က ဒါကို အောင်မြင်မယ် မထင်ဘူးတဲ့….မေတ္တာ တရားကို ဒီလို အကန့်အသတ် လာလုပ်လို့ ဘယ်ရမလဲတဲ့ ….သူမ လက်မခံဘူးတဲ့…အေး ….အဲလို ပေါပေါ လောလော ဗမာမတွေ လုပ်နေကြလို့လည်း ဆရာတော်တွေက ပျူလူမျိုးလို အမျိုးဘာသာသာသနာ ပျောက်မှာ စိုးလို့ ..စိုးရိမ်တော်မူကြလို့ ….အရှည်တွေးပြီး မိမိလူမျိုးဘာသာ သာသနာကို ကာကွယ် ပေးနေကြတာပါ ..သို့ပေတဲ့ ….ဗမာ က များသောအားဖြင့် ပေါ့ပေါ့နေ ပေါ့ပေါ့ပြော ….ထမင်း စားဖို့ ကိုပဲ အာရုံစိုက် နေရတဲ့ သူများတယ် ..အတွေးအခေါ် ရင့်ကျက်သူ နည်းပါးတယ်။(တခြား ဘာသာဝင် တွေနဲ့ ယှဉ်ရင် ).. ဒါကိုပဲ ဆရာတော်တွေက စိုးရိမ်တာပါ… အခုလည်း လူအခွင့်အေ၇းကို ထိပါးပါတယ်ဆိုပြီး….လူထု ခေါင်းဆောင် လို့ အမည်တပ်ထားသူတွေက ပြောမှာ စိုး၇ိမ်မိပါသေးတယ်။
ကျွန်မ နားလည်သလောက် ပြောပြချင်ပါတယ်……….မြန်မာနိင်ငံမှာ ဘာသာကြီး လေးခုရှိတယ် … ဗုဒ္ဓဘာသာ …အစ္စလာမ် ..ခရစ်ယာန် …ဟိန္ဒူတွေပေါ့ ကျွန်မတို့ဘာသာက လွဲလို့ တခြားဘာသာတွေက သူတို့နဲ့ မတူသော ဘာသာနဲ့ လက်ထပ်ခြင်းကို တရားဝင်ခွင့်မပြုပါဘူး ……ဥပမာ ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးတစ်ယောက်က အစ္စလာမ်နဲ့ပဲ အိမ်ထောင်ပြပြု …ခရစ်ယာန် နဲ့ပဲပြုပြု … ဟိန္ဒူနဲ့ပဲပြုပြု လက်ထပ်ခြင်း မမြောက်ပါဘူး …ကျွန်မတို့ ဘာသာမှာက အရှေ့ခုနှစ်အိမ် အနောက် ခုနှစ်အိမ်လောက် အသိအမှတ်ပြု ရုံနဲ့ လက်ထပ်ခြင်းမြောက်ပါတယ်။
လင်ကွဲမယားကွဲ ဖြစ်လာတဲ့အခါ ……ဥပမာ ဗမာမ တစ်ယောက်က မွတ်ဆလင်နဲ့ လက်ထပ်၊ မွတ်ဆလင်က နောက်အိမ်ထောင်ပြုဖို့ ကွဲခွင့် တောင်းလာလို့ တရားဥပဒေ ရင်ဆိုင်ရင် ဗမာမက ဘာအခွင့်အရေးမှ မရပါဘူး။ လက်ထက်ပွားပစ္စည်းကော သားသမီးကော ဘာလို့ဆို အစ္စလာမ် ပြဌာန်း အက် ဥပဒေအရ လင်မယားအရာ မမြောက်ခဲ့လို့ပါဘဲ။ ဥပဒေခြင်း ယှဉ်တဲ့အခါ တခြားဘာသာဝင်များရဲ့  ဥပဒေက လွှတ်တော်မှာ ပြဌာန်းခဲ့သော ဥပေဒေဖြစ်ပြီး ကျွန်မတို့ ဗုဒ္ဓဘာသာဝင် ဥပဒေက ဓလေ့ ထုံးထမ်း ဥပဒေမို့လို့ပါ။ ဒီတော့ကာ ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုးသမီးများသည် ဘာသာခြားကို ယူပြီးအကွဲခံရလျှင်အတိဒုက္ခရောက်ကြရပါတယ်…….မိမိအခွင့်အရေးတွေ ဆုံးရူံးခံရပါတယ်။
အဲဒီလို မဖြစ်ချင်ရင် အစ လက်ထပ်ကတည်းက ဘာသာခြားက သူတို့ အသိုင်းအ၀န်းက အသိအမှတ်ပြုဖို့ အကြောင်းပြရင်း ဆွဲဆောင်ရင်း မြန်မာမတွေ ဘာသာခြားနဲ့လက်ထပ်က automatic ဘာသာခြား ဖြစ်သွားတာပါဘဲ။
ဗုဒ္ဓဘာသာဝင် ဗမာ လူမျိုး များဟာ ကိုယ့်နိင်ငံမှာကိုယ်နေရင်း ကိုယ့်ဥပေဒေ ကိုယ်နားမလည်လို့ ဘာသာခြားတွေရဲ့  အနိင်ကျင့်တာခံရပါတယ်။ ခု ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာကို ကာကွယ်ဖို့ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများကို ကာကွယ်ဖို့ ဗုဒ္ဓဘာသာဝင် လက်ထပ် ထိမ်းမြှားခြင်း ထုံးထမ်း ဥပဒေကို လွှတ်တော်က အတည်ပြုတဲ့ ပြဌာန်းဥပဒေဖြစ်အောင် ကြိုးပမ်းပေးနေကြတာပါ ကိုယ့်နိင်ငံ ကိုယ့်မြေမှာ နေရင်း ကိုယ့်ရေ ကိုယ်သောက်ပြီး ကိုယ့်အခွင့်အေ၇း ကိုယ်ခံစားရင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သံဃာ စစ် ဆရာတော်များက ရှေ့တန်းက အကျိုးဆောင်ပေးနေတယ်ဆိုတာကို မြန်မာတမျိုးသားလုံးက နားလည် ပေးကြပါ။ အတွေးအခေါ်တွေမြင့်မား လာစေလိုပါတယ်…..လူအခွင့် အရေးဆိုပြီး မဖြစ်သင့်ဘူး ဆိုပြီး လိုက်မယောင် ကြပါနဲ့ ……………………………………
Tin May Win

8442_283020131841502_526643690_n