MUST READ :ထောင်ချောက်ထဲ တိုးဝင်တော့မှာလား

6.27.1

Written by သူရိန်လှိုင်ဝင်း

အခုတလောမှာ အင်တာနက် လူမှုကွန်ရက်တွေပေါ်မှာ အမျိုးသားရေးဆန်တဲ့ ဦးဝီရသူကို အကြောင်းပြုပြီး သံဃာထုအပေါ်မှာ ရိုင်းစိုင်းစွာ စော်ကားမှုတွေ အတော်ကြီးကို များပြားလာတာကို တွေ့မြင်ခဲ့ရတယ်။ လစ်ဘရယ်လို့ ကိုယ့်ကိုယ်ကိုယ် အမည်တပ်ထား သူတွေဟာ စည်းလွတ်ဝါးလွတ်ကိုပဲ သံဃာထုအပေါ်ကို တိုက်ခိုက်လာခဲ့တာကို မမြင်ချင်ဘဲ မြင်တွေ့နေရတယ်။ ၀မ်းနည်းစရာ အကောင်းဆုံးကတော့ သံဃာထုအပေါ်မှာ မိုက်ရိုင်းစွာ စော်ကားလာသူတွေဟာ မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့ရဲ့သတင်းတွေ၊ ဓာတ်ပုံတွေကို တင်လေ့ရှိတဲ့ ခွန်ဒီးယမ်၊ ဒီမိုဖက်တီးလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက လူတွေဖြစ်နေတာပါပဲ။ အများအားဖြင့် သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဘော်တွေကိုသာ တင်ပြလေ့ ရှိတဲ့အတွက် ဒီလိုမျိုးသံဃာထုအပေါ် ရိုင်းစိုင်းစွာ စော်ကားပြီး အမျိုးသားရေးကိစ္စနဲ့ ထိပ်တိုက် တွေ့နေတာဟာလည်း ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားလိုမျိုး လူတွေ ထင်မြင်လာကြတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားရေးဝါဒီဆန်တဲ့ အင်စတီကျူးရှင်း နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ စစ်တပ်ပါ။ နောက် တစ်ခုကတော့ သံဃာ့အဖွဲ့အစည်းပါ။ ဘာသာရေး ခေါင်းဆောင်တွေ ဖြစ်နေတဲ့အတွက် သံဃာတော်တွေဟာ အမျိုးဘာသာ စောင့်ရှောက်ရေးအတွက် အမျိုးသားရေးဝါဒီတွေ ဖြစ်လာကြပါတယ်။ သံဃာတော်တွေဟာ တိုက်ရိုက်မဲပေးပိုင်ခွင့် မရှိဘူး၊ ဒါပေမဲ့ ဒီသံဃာတော်တွေဟာ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ရာခိုင်နှုန်း ၇၀ လောက်ထိ ရှိနိုင်တဲ့ ပြည်သူတွေအပေါ်မှာ လွှမ်းမိုးမှု ရှိပါတယ်။ ကျေးလက်တောရွာတွေမှာ သံဃာတော်တွေဟာ ဆုံးမပြုပြင်သူတွေ၊ လမ်းညွှန်သင်ကြားပေးသူတွေပါ။ အရင်တုန်းကတည်းက သံဃာအဖွဲ့အစည်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို လိုလားလက်ခံကြတယ်။ ဒီအကြောင်းဟာ NLD အတွက် ၁၉၉၀ နဲ့ ၂၀၁၂ Landslide နိုင်ရခြင်းရဲ့ အကြောင်းရင်းတွေ ဖြစ်လာပါတယ်။ ဒါပေမဲ့ အခုတော့ NLD နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းဟာ အမျိုးသားရေးဝါဒီဆန်တဲ့ ဦးဝီရသူနဲ့ လစ်ဘရယ်ဝါဒကို အကြောင်းပြုပြီး သံဃာတော်တွေနဲ့ ထိပ်တိုက်တိုးလာတယ်။ မြန်မာပြည်မှာ သံဃာတော် ငါးသိန်းကျော် ရှိပါတယ်။ ဒီထဲမှာ ၀ိနည်းမလေးစား မလိုက်နာတဲ့ သံဃာဟာ ၁၀ ရာခိုင်နှုန်းထက် မပိုနိုင်ပါဘူး။ ဒါ့ကြောင့်သာ အခုချိန်ထိ မြန်မာနိုင်ငံဟာ ထေရ၀ါဒ နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေတာပါ။ အခုလို အနည်းစု သံဃာကိုထောက်ပြီး ဘာသာရေး ပုတ်ခတ်မှုတွေ လုပ်လာတာ၊ သံဃာထုနဲ့ ထိပ်တိုက်တွေ့ဖို့ ကြိုးစားလာတာ၊ အမျိုးသားရေးဝါဒကို အစွန်းရောက်အဖြစ် ပုံဖော်လာတာတွေဟာ NLD အတွက် ကောင်းတဲ့ အလားအလာတစ်ခု မဖြစ်နိုင်ပါဘူး။

ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ မဟုတ်မမှန် ဝေဖန်ထားတဲ့ TIME မဂ္ဂဇင်းနဲ့ ပတ်သက်လို့လည်း NLD ထောက်ခံသူအချို့ရဲ့ သဘောထားဟာ ဗုဒ္ဓဘာသာဝင်အများစု တုံ့ပြန်တဲ့ သဘောထားကို ဆန့်ကျင်နေပြန်တယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် ၈၅ ရာခိုင်နှုန်းကျော် နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံပါ။ TIME မဂ္ဂဇင်းရဲ့ စွပ်စွဲဝေဖန်မှုတွေဟာ ဦးဝီရသူ တစ်ယောက်တည်းသာ မဟုတ်ဘဲ အခြားဗုဒ္ဓဘာသာများကိုပါ နှိမ့်ချသလို ဖြစ်နေတယ်။ ဒီအတွက် ဗုဒ္ဓဘာသာဝင် အများစုဟာ မကျေမနပ်နဲ့ ဆန့်ကျင်ကန့်ကွက်ကြတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာလည်း NLD ထောက်ခံသူတွေဟာ မလိုလားအပ်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုကို ပြုလုပ်ပြီး TIME မဂ္ဂဇင်းကို အားပေးထောက်ခံခဲ့ကာ TIME မဂ္ဂဇင်းကို ကန့်ကွက်တဲ့ Campaign ကိုတောင် ရှုတ်ချပြစ်တင်ခဲ့တယ်။ TIME ကို ကန့်ကွက်ခဲ့ကြတာဟာ ဦးဝီရသူကို ထိခိုက်တာ တစ်ချက်တည်းကြောင့် မဟုတ်ပါဘူး။ နောက်ကွယ်က အကြောင်းရင်းတွေကို မဖော်ပြဘဲ ဗုဒ္ဓဘာသာကိုသာ သေးသိမ်အောင် စော်ကားတဲ့ ပုတ်ခတ်မှုတွေကြောင့်လည်း ပါပါတယ်။ မြန်မာနိုင်ငံဟာ ဘာသာရေးအရ ယုံကြည်မှု ပြင်းထန်ပြီး လူဦးရေ သိပ်သည်းဆလည်း များလွန်းတဲ့ နိုင်ငံတွေကြားက တစ်နိုင်ငံပါ။ ဒီလိုအချိန်မှာ လုံးဝ ဘာသာရေး အမျိုးသားရေးမပါတဲ့ နိုင်ငံရေးဆိုတာဟာ မဖြစ်နိုင်သေးဘူး။ ဒီအတွက် ညှိနှိုင်းယူရမယ့် အစားကို လစ်ဘရယ်လို့ ယူဆထားတဲ့ NLD ထောက် ခံသူတွေဟာ Total Secularism ကိုင်တွယ်ပြီး အမျိုးသားရေးဝါဒီတွေ အပေါ်မှာ အပြင်းအထန် တိုက်ခိုက်နေတာဟာ လူထုအားတွေ အများကြီး ဆုံးရှုံးသွားနိုင်တဲ့အတွက် နိုင်ငံရေးအရ ပါးရည်နပ်ရည် မရှိဘူးဆိုရမယ်ထင်တယ်။ လစ်ဘရယ်တွေဟာ တချို့ကိစ္စတွေမှာ လက်ရှောင်နေသင့်တဲ့အစား မိုက်မိုက်ကန်းကန်းကို ပြည်သူနဲ့ ထိပ်တိုက်တွေ့နေတယ်။


ဒီထောင်ချောက်တွေ အကုန်လုံးဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ရဲ့ Landslide အနိုင်ရလိုက်ခြင်းကြောင့် ၂၀၁၅ မှာ NLD အပေါ် တရားနည်လမ်းနဲ့ အသာရလာဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာကို သိသွားတဲ့ အချိန်ကစပြီး ဖြစ်လာရတာပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ဖြေရှင်းရခက်တဲ့ အကြီးမားဆုံး ထောင်ချောက်တစ်ခုနဲ့ ကြုံတွေ့နေရပါပြီ…


အတိုက်အခံဟာ တိုင်းရင်းသားအရေးတွေနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခုမိခဲ့တယ်။ အစိုးရစီမံကိန်းတွေနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခုမိတယ်၊ နောက်တစ်ခါ ခိုးဝင်ဘင်္ဂါလီအရေးနဲ့ ပတ်သက်လို့ ထောင်ချောက်တစ်ခု ထပ်မိပြန်တယ်။ အခုချိန်ထိတော့ အတိုက်အခံဟာ ဒီထောင်ချောက်တွေ အပေါ်မှာ ခံနိုင်ရည်ရှိသေးတယ်။ လူထုအားကို ရထားတဲ့ အဓိက ပါတီကြီးတစ်ခုအဖြစ် ဆက်လက်ရပ်တည် နေသေးတယ်။ ဒါပေမဲ့ ကိစ္စတစ်ခု ဖြစ်ပြီးတိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာ ယုံကြည် ထောက်ခံမှုတွေ ကျကျလာတာကို တွေ့မြင်နိုင်မှာပါ။ NLD ဟာ ၂၀၁၅ မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ချင်တယ်ဆိုရင် ဒါတွေကို သတိပြုမှ ဖြစ်လိမ့်မယ်။ ဒီထောင်ချောက်တွေ အကုန်လုံးဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ရဲ့ Landslide အနိုင်ရလိုက်ခြင်းကြောင့် ၂၀၁၅ မှာ NLD အပေါ် တရားနည်လမ်းနဲ့ အသာရလာဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာကို သိသွားတဲ့ အချိန်ကစပြီး ဖြစ်လာရတာပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ဖြေရှင်းရခက်တဲ့ အကြီးမားဆုံး ထောင်ချောက်တစ်ခုနဲ့ ကြုံတွေ့နေရပါပြီ။ အခုလို အမျိုးသားရေး ၀ါဒကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် လူကြိုက်နည်းအောင် လုပ်လာတာဟာ ထောင်ချောက်တစ်ခု ဖြစ်တယ်ဆိုတာ အသိသာကြီးပါ။ လက်ရှိမှာလည်း NLD လစ်ဘရယ်များနဲ့ အမျိုးသားရေး ၀ါဒီတွေအကြား အတော်ကြီးကို အမုန်းပွားနေကြပြီ။ အမျိုးသားရေးဝါဒီတွေ အနေနဲ့ NLD အပေါ် ထောက်ခံမှု ကျဆင်းလာနေပြီ။ ဒီအချိန်မှာ NLD အနေနဲ့ ထောင်ချောက်တိုင်းကို ငါအင်အားကြီးတာပဲဆိုပြီး တိုးလို့မရနိုင်ဘူး။ အခုလည်း ဒီအမျိုးသားရေး ထောင်ချောက်ကို NLD ဟာ သိသိကြီးနဲ့ ၀င်တိုးနေပြန်တယ်။ စည်းရုံးညှိနှိုင်း လုပ်ဆောင်ရမယ့်အစား NLD ဘက်တော်သားတွေဟာ အမျိုးသားရေးဝါဒီတွေ အပေါ်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာတယ်။ အထူးသဖြင့်တော့ သံဃာတော်တွေ အပေါ်မှာပါ စော်ကားမှုတွေ ပြုလုပ်လာခြင်းက NLD အနေနဲ့ ထောင်ချောက်ထဲကို တိုးဝင်နေတယ် ဆိုတာကို ပိုသိသာလာတယ်။ အာဏာရှင်တွေ ကိုင်အသုံးချနေတဲ့ အမျိုးသားရေးဝါဒအပေါ် လျှော့တွက်လိုက်ခြင်းဟာ NLD ကျဆုံးခန်း ဖြစ်သွားဖို့အတွက် လမ်းစဖြစ်သွားမှာကို တကယ်စိုးရိမ်မိတယ်။ ကျွန်တော်ဟာ လူမှန်းသိတတ်စ အရွယ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီအပေါ်မှာ စိတ်ရော ကိုယ်ပါ နှစ်သက်သဘောကျခဲ့သူ တစ်ယောက်ပါ။ ကျွန်တော်ဟာ နိုင်ငံရေးကျွမ်းကျင်သူ တစ်ယောက် မဟုတ်ပါဘူး၊ ဘာသာရေး ကျွမ်းကျင်သူ တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒီအဖြစ်အပျက်တွေ၊ ဒီအကြောင်းအရာတွေဟာ လူငယ်တစ်ယောက် အနေနဲ့ မြင်မိတဲ့ အရာတွေပါ။ ဒါပေမဲ့ ကျွန်တော်လို လူငယ်တစ်ယောက်တောင် တွေ့မြင်နိုင်တဲ့ NLD ကို မဲဖယ်နေတာ သိသာလွန်းတဲ့ ထောင်ချောက်တွေကို ဘာ့ကြောင် NLD နဲ့ NLD ဘက်တော်သားတွေ သိသိကြီး တိုးဝင်နေတာလဲ ဆိုတာကိုတော့ တကယ်နားမလည်နိုင်ဘူး။

အမျိုးသားရေးဝါဒီဆိုတာ နိုင်ငံတိုင်းမှာ ရှိမှာပဲ။ အမေရိကန်ကို ဒီမိုကရေစီရှေ့ဆောင် နိုင်ငံအဖြစ် သတ်မှတ်မယ်ဆိုရင် အမေရိကန်က ရီပတ်ပလီကန်တွေဟာ အမျိုးသားရေးဝါဒီတွေ များတယ်ဆိုတာ အသိသာကြီးပါ။ ဒါပေမယ့် သူတို့တိုင်းပြည်အတွက် ညှိနှိုင်း ဆောင်ရွက်နေကြတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ဘက်နှစ်ဘက် ရှိနေတယ် ဆိုပေမယ့် အဓိကက နိုင်ငံအတွက်ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် ကျန်တဲ့မတူညီတာတွေကို ညှိနှိုင်းအဖြေရှာရမှာပါ။ ဒါပေမဲ့ တစ်ဖက်တော့ ပြုတ်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အခုလိုမျိုး သံဃာတော်တွေ အပါအ၀င် အမျိုးသားရေး ၀ါဒီတွေအပေါ် ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ရင်း အစွန်းရောက်တွေအဖြစ် ပုံဖော်လာနေတဲ့ NLD ရဲ့ ဘက်တော်သားတွေကြောင့် NLD ဟာ ပုံရိပ်ထိခိုက် လာနိုင်ပါတယ်။ ပြည်သူတွေနဲ့ ထိပ်တိုက်တိုးလာနိုင်တယ်။ ဒါဆိုရင် ၂၀၁၅ အတွက် NLD ရဲ့ မျှော်လင့်ချက်ဟာ ထိခိုက်သွားနိုင်တဲ့အတွက် NLD အနေနဲ့ ထောင်ချောက်ထဲကို မတိုးဝင်သွားဖို့ မျှော်လင့်ပါတယ်။

DASSK, NLD, SANGHA _ FALLING IN TRAP?

6.27.1

CREDIT EMG   Written by Thurein Hlaing Win

For the time being, many rude assaults were found on online social networks against Sangha or the community of ordained Buddhist monks, mainly due to U Withura who seems to be a nationalist.

You can see easily on the networks that those who called themselves “liberals” made a lot of those attacks without any control. The most sadly is that they are namely Khun Deram and Demo Fatty believed to be from a group close to NLD and its leader Daw Aung San Suu Kyi (DASSK), and they used to post inside information and photos related to them online. Now people have assumed that they are the voices of NLD and its leader confronting with the national issue and making the rude attacks, as they mostly used to post DASSK’s voices online. These acts of inside persons have made the moral value of DASSK fall down.

There are only two institutions which seem “nationalistic” in Myanmar. The first one is the military. The latter is the Sangha. The Sangha became the nationalists as they have the duty to protect the religion and the national because they are religious leaders themselves. They cannot vote in an election as they are monks, but they can influence the people who represent about 70% of the country’s population. The monks are teachers and mentors to many people in rural areas. As before, the Sangha still wants and accepts the leadership of DASSK. That’s why NLD won landslide in 1990 and 2012. But now, NLD and its close community found themselves confronted with the Sangha, because of U Withura and the liberalism.

There are more than 500,000 Buddhist monks in Myanmar. There could not be more than 10% of them who failed to obey the Buddha’s rules for a monk. That’s why Myanmar is still a Theravada Buddhist country till now. These attacks made mainly due to the acts of a few monks, against the whole Sangha may not be a good prospective for NLD.

The opinions made by some supporters for NLD are once more against the response of Buddhist majority regarding the Time Magazine cover story which attacked the Buddhism incorrectly. Myanmar is a country where more than 85% of the population is Buddhists. The story dishonored not only U Withura, but also other Buddhists. That’s why most of the Buddhists expressed their disagreement on the story. But this time again, NLD supporters made another confrontation by supporting the Time and even condemning the recent campaign against it. The action against the Time was made not only for U Withura. There are reasons behind it. The story dishonored the Buddhism, but did not show enough reasons behind it. Myanmar is a country located between populous countries with strong beliefs. Now is the time when the country’s politics cannot be too far away from the nationalism and the religion. The NLD supporters who took themselves as “liberals” are holding total secularism. They made those strong attacks against the nationalists as they lack the political deftness.  NLD may lose people’s support largely as a result. The “liberals” confronted with the people unwisely, rather than they stay away from some cases.

The opposition was caught in a trap as regards with the ethnic issues. They fell into the trap again regarding to the government projects. Again, they were trapped when the Bengali issue arose. Until now, the opposition is resistant to these traps. They still stand as a political party supported by the majority of people. However, it is witnessed the people’s trust and support for Aung San Suu Kyi and NLD have dropped each time it went into traps. NLD should take caution if it wants to win the nation-wide votes in 2015 election. In fact, all these traps were laid because it is clear that NLD cannot be defeated in a fair way, after it won the landslide votes in 2012 by-election. Now has come another biggest trap for Aung San Suu Kyi and NLD. It is apparent that nationalism has been used as a tool to make Aung San Suu Kyi and NLD to become unpopular. There is growing hatred between NLD liberals and the nationalists. Nationalists’ support for NLD has now fallen. By this time, NLD should not go into the trap just because it is strong. However, NLD is still voluntarily going into the trap of nationalism. NLD’s components attack nationalists, rather than negotiating with them. Their insult to Buddhist monks is further pushing NLD into the trap. I feel really worried that underestimating the dictators’ nationalism will lead to the fall of NLD. Since my childhood, I have become a strong supporter of NLD. I am not a political expert, nor a religious expert. These are the things I see as a young man. What I cannot understand is why NLD is going into these traps that even a young man can see clearly. Continue reading “DASSK, NLD, SANGHA _ FALLING IN TRAP?”

KNOWLEDGE!! Universal Declaration of Human Rights_ OIC adopt only CDHRI declartion-analysis _

On the 64th anniversary of the adoption of the Universal Declaration of Human Rights (UDHR), LSE Masters student Jonathan Russell explores the differences between the UDHR and the Organisation of Islam Cooperation’s Cairo Declaration of Human Rights in Islam (CDHRI) and argues that the CDHRI limits the universal rights enshrined in the declaration six decades ago today.

Most Muslim-majority countries including Egypt, Iran and Pakistan signed the UDHR in 1948, but crucially Saudi Arabia, where the King must comply with Shari’a and the Qur’an, did not sign the declaration, arguing that it violated Islamic law and criticising it for failing to take into consideration the cultural and religious context of non-Western countries. Saudi Arabian law is completely at odds with the UDHR as all citizens are required to be Muslim. Therefore, non-Muslims risk everything from arrest to torture and the death penalty for their beliefs. Women are prohibited from voting or driving a car.

45-member states of the Organisation of the Islamic Conference (OIC, now Organisation of Islamic Cooperation) adopted the Cairo Declaration of Human Rights in Islam (CDHRI) on 5 August 1990 which, despite its claim to be a general guidance for member states of the OIC and complement the UDHR, undermines many of the rights the UDHR is supposed to guarantee. When implemented, the CDHRI essentially removes the universality that underpins the UDHR, providing the 45 signatories and all of their citizens with a set of human rights based on an undefined interpretation of Shari’a law. The CDHRI clearly limits the rights enshrined in the UDHR and the International Covenants and cannot be viewed as complementary to the Universal Declaration.

READ ALL THERE

http://blogs.lse.ac.uk/mec/2012/12/10/1569/

11473_143766365804969_1427207436_n

Leading Monks in Rangoon Deny 969 Involvement in Campaign for Anti-Interfaith Marriage Bill_video

Published on 28 Jun 2013

မျိုးစောင့်ဥပဒေကြမ်းလှုပ်ရှားမှု ၉၆၉အဖွဲ့နဲ့ လုံးဝမသက်ဆိုင်ကြောင်း ဆရာတော် ဦးဒေဝိန္ဒာဘိဝံသ မိန့်ကြား

အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကိုဖွဲ့စည်­းလိုက်ပြီး မျိုးစောင့်ဥပဒေကြမ်း လှုံ့ဆော်မှုဟာ ၉၆၉ လှုပ်ရှားမှုနဲ့ လုံးဝမဆိုင်ဘူးလို့ အင်းစိန်မြို့နယ် တောရတပ်ဦးကျောင်းတိုက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆရာတော် ဦးဒေဝိန္ဒာ ဘိဝံသက ဇွန်လ ၂၇ရက်နေ့မှာ မိန့်ကြားလိုက်ပါတယ်။

Thitagu Sayadaw speech_အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူလူထုနှင့် လက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း သီတဂူဆရာတော် တိုက်တွန်း -VIDEO

complete speech

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော်မှ သြ၀ါဒစကား မိန့်ကြားစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲဆောင်ရွက်သွားရန် ဇွန် ၂၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်ရွာမရှိ အောင်ဆန်းတပ်ဦး ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော် ဘုရားကြီးက တိုက်တွန်းခဲ့သည်။

”အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဆိုတဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ အမျိုးစောင့်၊ ဘာသာစောင့်၊ သာသနာစောင့်ရုံတင် မကဘဲ နိုင်ငံပါ စောင့်ရှောက်နိုင်ဖို့ အတွက် ငုံမိ၊ ခြုံမိတဲ့ စကားလုံးရွေးဖို့တော့ လိုပါတယ်။ ဦးဆောင်ကော်မတီတစ်ခု ဖွဲ့စည်းပြီးတော့ ဖွဲ့စည်းပုံရယ်၊ အခြေခံစည်းမျဉ်းရယ်၊ စကားလုံး ရွေးချယ်ပုံရယ်၊ အဖွဲ့ရဲ့ အမည်နာမရယ်၊ စနစ်တကျ ပြန်လည်စိစစ် ဆောင်ရွက်ဖို့ သံဃာတော် အရှင်သူမြတ်အားလုံးရဲ့ ရှေ့မှောက်မှာ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကို တပည့်တော် လျောက်ထားပါတယ်။ ဂိုဏ်းဂဏပေါင်းစုံ ညီညွတ်ခြင်းနဲ့ ဖွဲ့စည်းထားတဲ့ သံဃမဟာနယက အဖွဲ့ကြီးနဲ့ မျိုးစောင့် သံဃ၀ံသာနုရက္ခိတ အဖွဲ့နဲ့ ဘယ်လို လက်တွဲမလဲ၊ ဘယ်လိုသဘောထား ညီညွတ်အောင် လုပ်မလဲ၊ နှစ်ဘက် ဘယ်လို ညှိနှိုင်းမလဲ ပေါင်းစည်းညီညွတ်မှုက အရေးကြီးပါတယ်” ဟု သီတဂူဆရာတော် အရှင်ဥာဏိဿရက မိန့်ကြားခဲ့သည်။

ဗုဒ္ဓဘာသာ ရဟန်းတော်များ အနေနှင့် လက်ရှိဖြစ်ပျက်နေသော အခြေအနေများအား ဗုဒ္ဓ၏ လမ်းညွန်မှုဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ညီညွတ်ခြင်းဖြင့် မိမိအလုပ်ကို မိမိဆက်လက် လုပ်ဆောင်ရန် သီတဂူဆရာတော်က တိုက်တွန်းခဲ့သည်။


အစိုးရနှင့် တိုင်းရင်းသားများကြား ငြိမ်းချမ်းရေးရရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း ယခုကဲ့သို့ ဘာသာရေး ဆန့်ကျင်ဘက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းသည် ထိုလမ်းကြောင်းမှ သွေဖည်သွားစေရန် ရည်ရွယ်သည်ဟု ထင်မြင်ယူဆကြောင်းနှင့် ထိုသို့လာ၍ လှုပ်တိုင်း မလှုပ်မိစေဖို့ရန်၊ လှုံ့ဆော်သူများ၏ လက်သုံးမဖြစ်ဖို့ရန်…


သီတဂူဆရာတော်က အခမ်းအနားရှိ သံဃာတော်များအား ”သေးငယ်တဲ့ မတော်တဆ ဖြစ်တာတွေကို အကျယ်မချဲ့မိဖို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ မူဆလင်ဘာသာ စတဲ့ ဘာသာဝင်အားလုံးကို ဒီနေရာကနေ တောင်းပန်ပါတယ်။ ဒီအရိပ်ကိုခိုပြီး ဒီသစ်ပင်ကို မဖျက်ဆီးကြဖို့ ဒီသစ်ပင်ကို စောင့်ရှောက်ကြဖို့ တောင်းပန်ပါတယ်။ ရန်ငြိုးမဖွဲ့သင့်သည်ကို အကျယ်မချဲ့မိဖို့ လိုအပ်ပါတယ်။ အကျယ်ချဲ့ခြင်းက ငြိမ်းချမ်းရေး ပျက်စီးခြင်းရဲ့ အကြောင်း၊ ညီညွတ်မှု ပျက်စီးခြင်းရဲ့ အကြောင်းပါပဲ။ ဒီနေ့ တပည့်တော်တို့ နိုင်ငံမှာ ဒါမျိုးတွေ ခဏခဏ ဖြစ်နေတယ်။ အဲဒါတွေကို တပည့်တော်တို့တွေက ၀င်မပါမိစေဖို့ ၀င်ထိန်းပေးဖို့၊ တပည့်တော်တို့ အားလုံး ဆောင်ရွက်ကြရမှာဖြစ်တယ်။ အဲဒါမျိုးတွေမှာ ၀င်ပါရင် တိုင်းမ်မဂ္ဂဇင်းက စွပ်စွဲတဲ့ သွေးပူအောင်၊ လုပ်တဲ့အထဲ တပည့်တော်တို့ ရောက်သွားလိမ့်မယ်” ဟု မိန့်ကြားခဲ့သည်။

အမြင်ကျယ်ကျယ်ဖြင့် အလုပ်လုပ်ဖို့ လိုအပ်ကြောင်းကိုလည်း ဟောပြောခဲ့ပြီး သံဃာတော်များ အနေနှင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၏ နောက်တွင် မည်သူရှိနေသည်ကို သိမြင်ဖို့ လိုသည်ဟုလည်း မိန့်ကြားခဲ့သည်။

ထို့နောက် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ရန် အတွက် သံဃာထု၏ နောက်တွင် International Outlook ရှိသော ပုဂ္ဂိုလ်များ၊ ဥပဒေ ပညာရှင်များပါ ရှိရန်လိုအပ်ပြီး အစိုးရ အပါအ၀င် ပြည်သူများပါ ပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

MORE   http://news-eleven.com/local/20516

936439_286298304847018_1398897349_n

Netizens report on local Islamic extremists on Facebook

CREDIT EMG 27.JUNE 2013

MUSLIM EXTREMIST ON FB
MUSLIM EXTREMIST ON FB

 

Myanmar Internet users have been alarmed by a growing number of local Muslim extremists who use social media to incite religious riots and spread hate speech against Buddhism.

Popular Facebook names and pages like Maung Thitsar, Modh Tauki, Myanmar Muslim Media, NY Kogyi, Mg Mg, M Media, Thamein Pawthuk Lovers, Oo Oo Steven and Muslim Heroes are among the extremists who are intent on spreading hate speech, inciting riots, and making attacks on the ‘969 movement’ and anyone who object to the TIME magazine’s article “The Face of Buddhist Terror” in its July issue.

The extremists have also been spreading rumours about murders of Muslims and alleged genocide against Rohingyas in Myanmar by manipulating the pictures of the dead, some of whom had been killed in incident that is not related to racial violence. Many assumed that their intent was to incite riots and mislead the international community.

A post written by one of the extremist, Oo Oo Steven, titled “Myanmar Muslims Should Rise”, has been shared by over 100 people, and one of the Internet users using the name ‘Lynn Hpone Thant’ has commented, “I’ve been wanting to take revenge on those idiots from the other side. I’m completely filled with hatred.”

On his Facebook page, Thamein Pawthuk Lovers wrote “Most Buddhists supported violence [against Muslims] and ignored [the violence] so it’s no wonder Buddhism has been labeled [as radical].” This page has now been removed.

Although these Muslim extremists have various names on Facebook, they all give similar messages on inciting racial violence and spreading hate speech.

On the other hand, names such as Ludu Maung Karlu, a well known pen-name used for government propaganda in past, as well as Facebook pages such as “We Love True” are also intent on spreading religious extremism and took up ultra-nationalist views against Muslims.

“Extremism is really bad. We shouldn’t separate people based on their religions but rather on whether they are extremists or not. I’m against extremism. We need more people to write with unbiased views. Now, online pages are like a war between extremists from different sides,” said Nay Phone Latt.

“We won’t accept any kind of extremists. We have different religious based on different family backgrounds, but we are all citizens of this country. I only see a person as a person,” said Pa Shee, a former political prisoner who is a Muslim.

“Every religion has extremists. In America, they have both Muslim extremists and Christian extremists, but the public don’t accept any extremists. The [US] government also handles these extremists properly in accord with the law. The world does not support extremists. No government official support Al-Qaeda,” said Maung Maung Kyaw, who lives in the United State.

General Secretary of Shan National League for Democracy Sai Nyut Lwin said not to be deceived by the writings of the extremists and religious propagandas. He urged people to read with common sense.

The existing laws in Myanmar can be used to take action against the use of expressions on religious extremism and incitements. In the Penal Code of Myanmar, Chapter XXII states charges of criminal intimidation, insult and annoyance in its Section 505 (C).

Section 505 clearly states that whoever makes, publishes or circulates any statement, rumour or report intentionally to incite, or which is likely to incite, any class or community of persons to commit any offence against any other class or community, shall be punished with imprisonment which may extend to two years, or with fine, or with both.

Additionally, charges against offending religions are already stated in Chapter XV, Section 295. “Whoever destroys, damages or defiles any of worship, or any object held sacred by any class or person with the intention of thereby insulting the religion of any of person or with the knowledge that any class of likely to consider such destruction, damage or defilement as insult to their religion, shall be punished with either description for a term which may extend to two year or with fine, or with both,” according to the law.

Myanmar internet users comment that such kinds of incitements are clear to be seen as immoral writings when the truth is revealed.