ဒါကို Society of Professional Journalists ကျင့်ဝတ်အနေနဲ့ ကတော့ အခုလို ဆိုပါတယ်။ နိုင်ငံတော်သမ္မတရုံးမှ ရှင်းလင်းပြောကြားချက်

နိုင်ငံတကာမှာတော့ ပြောကြားချက်တစ်ခုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကာယကံရှင် ( လူ သို့မဟုတ် ဌာန) ကို ဆက်သွယ်မေးမြန်း အတည်ပြုခြင်းလုပ်ပါတယ်။ မဖြေရင်လည်း မဖြေတဲ့အကြောင်း သတင်းထဲမှာ ထည့်ရေးပါတယ်။

ဒါကို Society of Professional Journalists ကျင့်ဝတ်အနေနဲ့ ကတော့ အခုလို ဆိုပါတယ်။

Seek Truth and Report It

1. Journalists should be honest, fair and courageous
in gathering, reporting and interpreting information.
Journalists should:
— Test the accuracy of information from all sources and exercise care to avoid inadvertent error. Deliberate distortion is never permissible.
— Diligently seek out subjects of news stories to give them the opportunity to respond to allegations of wrongdoing.
— Make certain that headlines, news teases and promotional material, photos, video,
audio, graphics, sound bites and quotations do not misrepresent. They should not
oversimplify or highlight incidents out of context.

ဒီမှာတော့ ကာယကံရှင်ကို ဆက်သွယ်အတည်ပြုခြင်းဆိုတဲ့ အလေ့အကျင့်ကမရှိသလောက်ဖြစ်နေ တော့ ကျွန်တော်တို့မှာ နောက်ကလိုက်ပြီး ရှင်းနေရတော့တာပါပဲ ။ ဘာပဲပြောပြော ရှင်းတာကို ဖော်ပြပေးတာကိုက ကျေးဇူးတင်ရပါတယ်။

“ယခင်အပါတ် ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သော ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက် မှားယွင်းနေကြောင်း နိုင်ငံတော်သမ္မတရုံးမှ ရှင်းလင်းပြောကြား”

နိုင်ငံတော်သမ္မတရုံး၏ ပြောကြားချက်

နိုင်ငံတော်သမ္မတကြီးသည် ဥပဒေပြုရေးကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော်နှင့် ဆက်သွယ် ဆောင်ရွက်သည့်အခါတွင် အောက်ပါအတိုင်း မူဝါဒ ချမှတ် ဆောင်ရွက်လျက် ရှိသည်-

(၁) နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ခိုင်မာသည့် ဥပဒေများ ပြဌာန်းနိုင်ရေး ၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု ရှိရေး၊
(၃) နိုင်ငံတော်မှ ကျင့်သုံးဆောင်ရွက်လျက်ရှိသော ဒီမိုကရေစီ၊ ဈေးကွက်စီးပွားရေး စသည်တို့ နှင့် လိုက်လျောညီထွေ ရှိရေး။

အထက်ပါ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရက လိုအပ်သည့် ဥပဒေကြမ်းများ ရေးဆွဲရာတွင်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်က ဥပဒေကြမ်းများ လက်မှတ် ရေးထိုးနိုင်ရန် ပေးပို့လာလျှင်လည်းကောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ နိုင်ငံတော်သမ္မတ၏ ဥပဒေ အကြံပေးအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်း၊ ကျွမ်းကျင်သူ ဥပဒေပညာရှင်များ၊ သက် ဆိုင်ရာနယ်ပယ်မှ ပြည်သူများ၏ ဆန္ဒသဘောထားများ စသည်တို့နှင့် အသေးစိတ် လေ့လာ သုံးသပ်ပါ သည်။

၂၀၁၃ ခုနှစ် ဇွန်လ ၆ ရက်နေ့ထုတ် ပေါ်ပြူလာသတင်းဂျာနယ်၊ အတွဲ(၅)၊ အမှတ်(၂၁)၊ စာမျက် နှာ (၁၃)တွင် ဖော်ပြထားသော ခြောက်ကြိမ်မြောက် လွှတ်တော်မှ အတည်ပြုခဲ့သော ဥပဒေကြမ်းအားလုံး သမ္မတ သဘောမတူ သတင်းခေါင်းစဉ်ပါ ဖော်ပြချက်တွင် “ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေး ခဲ့တာ ၈ ခုပဲ။ ပြင်ဆင်ချက်တွေနဲ့ ပြန်ပို့လာတာလည်း ၈ ခုပဲ။ ဥပဒေတစ်ခုရဲ့ အချက်အလက်အားလုံးတော့ မဟုတ်ဘူးပေါ့။ အချို့ အချက်အလက်တွေကို ပြင်ဆင်ဖြည့်စွက်ဖို့ ပြန်ပို့တာပါ။ ဒီဥပဒေတွေကို ပြည်ထောင်စုက ဒီတစ်ခါ ပြန် ဆွေးနွေးဆုံးဖြတ်ပြီး အတည်ပြု့ပီးသွားရင် သမ္မတကြီး လက်မှတ် မထိုးလည်း အတည်ဖြစ်သွားမှာပါ” ဟု ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည် ဟူ၍ ဖော်ပြထားကြောင်း တွေ့ရှိရသည်။ အမှန်ပင် ပြောကြားခဲ့သည်ဆိုပါက နားလည်မှု လွဲမှားစေနိုင်ကြောင်း သိစေလို၍ ရှင်းလင်းရခြင်း ဖြစ်သည်။

အထက်ပါ သတင်းဖော်ပြချက်တွင် သတင်းခေါင်းစဉ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ပြော ကြားချက်များမှာ ပကတိအခြေအနေမှန်နှင့် လွဲချော်နေကြောင်း၊ စာဖတ်သူ ပြည်သူများအကြားတွင် သဘောပေါက်လွဲမှားစရာ အခြေအနေ ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိရသည်။

ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိရသည်။

ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေးကို (၁၀-၁-၂၀၁၃)ရက်နေ့မှ(၂၁-၃-၂၀၁၃)ရက်နေ့အထိလည်း ကောင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေးကို (၉-၁-၂၀၁၃)ရက်နေ့မှ (၂၂-၃-၂၀၁၃)ရက်နေ့ အထိလည်းကောင်း၊ ပထမအကြိမ် အမျိုးသားလွှတ်တော၊် ဆဌမပုံမှန်အစည်းအဝေးကို (၉-၁-၂၀၁၃)ရက်နေ့မှ (၂၂-၃-၂၀၁၃)ရက် နေ့ အထိလည်းကောင်း ကျင်းပခဲ့သည်။

ယင်းအစည်းအဝေးကာလတွင် အသစ်ပြဌာန်းသည့် ဥပဒေကြမ်း (၄)ခု၊ ပြင်ဆင်ချက်ဖြင့် ပြဌာန်း သည့်ဥပဒေကြမ်း (၁၆)ခု၊ ရုပ်သိမ်းသည့်ဥပဒေကြမ်း (၃)ခု၊ စုစုပေါင်း ဥပဒေကြမ်း (၁၂)ခုအား နိုင်ငံတော် သမ္မတက အတည်ပြုပြီး လက်မှတ်ရေးထိုးကာ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့၍ ဥပဒေများ အဖြစ် ပြဌာန်းခဲ့ပြီး ဖြစ်သည်။ အဆိုပါ လွှတ်တော်အစည်းအဝေး ကျင်းပစဉ်ကာလ၌ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီး နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးနိုင်ရန် ဥပဒေကြမ်း (၂၀)ခု ပေးပို့လာခဲ့ ရာ ဥပဒေကြမ်း(၁၂)ခုအား နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ရေးထိုး ပြဌာန်းခဲ့ပြီး ဥပဒေကြမ်း(၈)ခု အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၅(ခ)အရ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည်။

ဂျာနယ်တွင် ဖော်ပြပါရှိသော ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦး၏ ပြောကြားချက်အရ ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးမှ ဥပဒေကြမ်း(၈)သာ အတည်ပြု ပေးခဲ့ပြီး နိုင်ငံတော်သမ္မတက ယင်းပေးပို့လာသည့် ဥပဒေကြမ်း(၈)ခုစလုံးအား အတည်ပြု လက်မှတ် ရေးထိုးခြင်း မပြု ဟူသော ပြောကြားချက်မှာ လွဲမှားနေကြောင်း၊ ယင်းပြောကြားချက်အရ စာဖတ်ပရိသတ် ပြည်သူများအနေဖြင့် နိုင်ငံတော်သမ္မတသည် လွှတ်တော်မှ တင်သမျှဥပဒေအားလုံးကို သဘောမတူ ဟူသော အဓိပ္ပါယ် သက်ရောက်နေကြောင်း၊ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေး မဏ္ဍိုင်ကြီး(၂)ရပ်အကြားတွင် လည်းကောင်း၊ ပြည်သူများအကြားတွင်လည်းကောင်း အထင်အမြင် လွဲမှားစေနိုင်သော ပြောကြားချက်များ ဖြစ်နေကြောင်း၊ ယင်းလွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ထိုသို့ ပြောကြားခဲ့သည် မှန်ပါက ဥပဒေ ပြုရေးကိစ္စရပ်များကို မှန်ကန်စွာ သိရှိမှု အားနည်းနေကြောင်း တွေ့ရှိရသဖြင့် ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဌမပုံမှန် အစည်းအဝေးကာလအတွင်း နိုင်ငံတော်သမ္မတ၏ ဥပဒေပြုရေး ဆိုင်ရာ ဆောင်ရွက်ချက်များ ဖော်ပြထားသော ပူးတွဲပါ ဇယားကို အများပြည်သူတို့ မှန်ကန်စွာ သိရှိစေရန် အတွက် ယခု ပေးပို့ချက်နှင့်အတူ ယှဉ်တွဲ၍ ဖော်ပြနိုင်ရန်အတွက် လေးစားစွာဖြင့် ပေးပို့အပ်ပါသည်။

1788_671075739574891_1697292300_n-1

1788_671075739574891_1697292300_n

482485_671075762908222_1971109773_n969892_671075472908251_725179593_n

Aung San Suu Kyi to run for president

Naypyidaw – Myanmar opposition leader Aung San Suu Kyi on Thursday declared her intention to run for the presidency as she sets her sights on elections due to be held in 2015.

Addressing world leaders and heads of business at a major forum in the capital Naypyidaw, the Nobel Peace laureate called for the amendment of the military-drafted constitution which prevents her from leading the country.

CREDIT U THUN WAI
CREDIT U THUN WAI

“I want to run for president and I’m quite frank about it,” the veteran democracy activist told delegates at the World Economic Forum on East Asia.

“If I pretended that I didn’t want to be president I wouldn’t be honest,” she added.

A major hurdle to her presidential ambitions is the current constitution, which blocks anyone whose spouses or children are overseas citizens from leading the country.

Suu Kyi’s two sons with her late husband Michael Aris are British and the clause is widely believed to be targeted at the Nobel laureate.

President Thein Sein’s quasi-civilian government has surprised the world since coming to power two years ago with dramatic political and economic changes that have led to the lifting of most Western sanctions.

Hundreds of political prisoners have been freed, democracy champion Suu Kyi has been welcomed into a new parliament and tentative ceasefires have been reached in the country’s multiple ethnic civil wars.

Suu Kyi, who was herself locked up by the former junta for a total of 15 years, remains hugely popular in Myanmar and her National League for Democracy party is widely expected to win the elections if they are free and fair.
http://www.news24.com/World/News/Aung-San-Suu-Kyi-to-run-for-president-20130606-3?