U YE HTUT INFORMATION 1.JUNE 2013မလေးရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိ မြန်မာဘုန်းတော်ကြီး
1.JUNE 2013 U YE HTUT
မလေးရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိ
မြန်မာဘုန်းတော်ကြီး
ကျောင်း အနီးမှာ ရိုက်ပွဲဖြစ်တယ်၊ ဆလာရန်းမှာ ရိုက်ပွဲဖြစ်တယ်၊ မြန်မာတွေသေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ တွေ့နေရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် မလေးရှားမှာ ရှိတဲ့ မြန်မာသံရုံးကို ညနေ ငါးနာရီကျော်ကတစ်ကြိမ်၊ အခု ည ၈နာရီကျော်က တစ်ကြိမ်၊အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ပါတယ်။
သံအမတ်ကြီးက အဲဒီဖြစ်စဉ်တွေမှန်ကန်မှုမရှိကြောင်း၊ မြန်မာဘုန်းတော်ကြီးကျောင်းက ဆရာတော်နဲ့လည်း ညနေက စပြီး အဆက်အသွယ်မပြတ်ရရှိနေကြောင်း၊ ဆရာတော်က အဲဒီလို တိုက်ခိုက်မှုများမရှိကြောင်းပြောတယ်လို့ အကြောင်းပြန်ပါတယ်။
အင်တာနက်ပေါ်က သတင်းများကို အလွယ်တကူမယုံကြည်ကြပါနဲ့။မလေးရှားအပါအ၀င် နိုင်ငံ တကာမှာရှိနေတဲ့ မြန်မာသံရုံးများကလည်း မြန်မာနိုင်ငံသားများကို ကာကွယ်ကူညီစောင့်ရှောက် ဖို့ အသင့်ရှိပါတယ်။
LOOK FIRST TO YOUR OIC COUNTRIES !- The secretary general of the OIC discusses discrimination, freedom of expression and religious persecution in the West.
Last week in the UK, a Muslim convert killed a British soldier on a London street, and this was quickly followed by several attacks on mosques in the country.
When events such as these take place, and tensions rise, is there anyone around who speaks on behalf of all Muslims? One man says he does. (JOKE OR)
Ekmeleddin Ihsanoglu is the secretary general of the Organization of Islamic Cooperation (OIC). Headquartered in Saudi Arabia and funded by Islamic nations across the world, the OIC is the second largest inter-governmental organisation after the United Nations and has membership of 57 states spread over four continents.
The OIC has ramped up its public relations efforts in the last year or so, often issuing press releases when violent events take place. For example, it condemned the recent attack on the French embassy in Tripoli; called for the release of abducted Christian archbishops in Syria; and, after the attack at the Boston Marathon, Ihsanoglu expressed, “satisfaction” when the police apprehended the suspects, but he also urged the US authorities to ensure the safety of Muslims from being targeted in response.
Sceptics of the OIC say the organisation is merely a vehicle for empty meetings and rhetoric, but it has had some notable successes. It managed to push through a UN human rights resolution against religious discrimination, and it found a helpful partner in this job: Hillary Clinton, when she was US Secretary of State.
http://www.aljazeera.com/programmes/talktojazeera/2013/05/201353014431119659.html
U WIRA THU “လားရှိုးမြို့ ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်မိသားစု၏ မချွန်းမချန် ပြောဆိုချက်” 1.JUNE 2013
“လားရှိုးမြို့ ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်မိသားစု၏ မချွန်းမချန် ပြောဆိုချက်”
===========================================
ကျိုင်းတုံမြို့မှ အစ္စလာမ်ဘာသာဝင် မောင်နေဝင်း(၄၂)သည် အခင်းဖြစ်ပွားမည့်နေ့ ၂၈-၅-၂၀၁၃-ရက်နေ့ နံက်(၈း၀၀)နာရီ အချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၈) နယ်မြေ(၁၅) နယ်မြေမှူး၏ သမီး မအေးဝင်း(၂၉) ပိုင်ဆိုင်သော ဆီဆိုင်နား၌ အထုပ်ကြီးနှင့် ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက် လုပ်နေပါ သည်ဟု ဆီရောင်းသူ မမြတ်အိဖြူက ပြောပါသည်။ ညနေ (၄း၉၀)မိနစ်တွင် မအေးဝင်း(၂၉)သည် မူဆယ်မှ ခင်ပွန်းသည် ပို့လိုက်သော လေထိုးတံကို စစ်ဆေးရန် ဆီဆိုင်ရှိရာသို့ ဦးတည်လာစဉ် မောင်နေဝင်းသည် ပုဆိုးဝတ်ထားရာမှ ဘောင်းဘီလဲလိုက်သည်ဟု ဆီရောင်းသူ မမြတ်အိဖြူက ပြောပါသည်။
ထိုသို့ လဲလိုက်ပြီး မအေးဝင်း(၂၉)၏ အနားသို့ ချင်းကပ်လာပါသည်။ မအေးဝင်း(၂၉)က ချင်းကပ်လာသော မောင်နေဝင်းအား “ဘာလုပ်ဖို့လဲ”-ဟု မေးရာ မောင်နေဝင်း(၄၀)သည် မအေးဝင်း(၂၉)အား ဝါးစစ်ပိတ် ဒုတ်နှင့် ရိုက်လိုက်သောခါ မအေးဝင်း(၂၉)က ရှောင်လိုက်ရာ မောင်နေဝင်း(၄၀)က ဝါးစစ်ပိတ်ဒုတ်ကို ပစ်ချလိုက်ပြီး၊ အသင့်ပါလာသော အထုတ်ထဲမှ ဓာတ်ဆီဘူးကို ယူပြီး မအေးဝင်း(၂၉)အား လောင်းပါသည်။ မအေးဝင်း(၂၉)က လမ်းမကြီးကို ကျော်၍ လမ်းကြားထဲ ပြေးဝင်းသွားပါသည်ဟု မမြတ်အိဖြူက ပြောပါသည်။
ထိုစဉ် ဆီရောင်းသူ မမြတ်အိဖြူက “ဆီတွေနဲ့ လောင်းနေပြီ၊ ဆီတွေနဲ့လောင်းနေပြီ”ဟု အော်ပါသည်။ ထိုသို့ အော်ရာ ဆီဆိုင်အနီးရှိ ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ထွက်လာပြီး၊ မောင်တင်မိုးမင်းက လိုက်ဖို့ကြည့်လိုက်တော့ ကားရှုပ်နေတာနဲ့ ခဏစောင့်ပြီး လမ်းကူးသွားတော့ လမ်းကြားထဲတွင် မအေးဝင်း(၂၉)အား မတွေ့တော့ပါ-ဟု မောင်တင်မိုးမင်းက ပြောပါသည်။ မအေးဝင်း(၂၉)သည် ဦးဘိုအေး ဝက်ရှော့အိမ်ထဲသို့ ဝင်းပြေးသွားပြီး အဖွားဒေါ်အေးရီအား လူတစ်ယောက် ဓာတ်ဆီနဲ့လိုက်လောင်းနေသည် မိမိ၏ အမေအား ဖုန်းဆက်ပေးရန် ပြောပါသည်။ အဖွားက “နင့် အမေ ဖုန်းနံပါတ်မှ မသိတာ”ဟု ပြန်ပြောပါသည်။
ထိုစဉ် မောင်နေဝင်းရောက်လာ၍ မအေးဝင်း၏ အင်္ကျီကို ဆွဲကာ လက်ကျန်ဆီတစ်ဝက်ကျော်ကို ခေါင်းမှ လောင်းထည့်လိုက်ပါသည်။ အဖွားက မလုပ်နဲ့ဟု ပြောပြီး ခွဲရာ မောင်နေဝင်းက အဖွားအား တွန်းလိုက်ပါသည်။ အဖွားလဲကျသွားစဉ် မအေးဝင်းအား မီးခြစ်ဖြင့် မီးရှို့ပါသည်။ မအေးဝင်းသည် တစ်ကိုယ်လုံး မီးလောင်းသွားပြီး၊ အိမ်ထဲသို့ ပြေးဝင်သွားရာ အဖွားက ငြိမ်းသတ်ပေးသော်လည်း မရ၊ အဖွားရော မအေးဝင်းပါ အိမ်ပြင်သို့ လိမ့်ကျသွားသောကြောင့် မီးမှာ အနည်းငယ်ငြိမ်းသွားပါသည်။
ထိုအချိန်တွင် ကားဘော်ဒီဆိုင်မှ မောင်တင်မိုးမင်း ရောက်လာပြီး ဆက်လက် ငြိမ်းသတ်လိုက်ကာ မီးရှို့သူ မောင်နေဝင်းအား မောင်တင်မိုးမင်းနှင့်အတူ အနီးအနားမှ လူအများနှင့် လိုက်လံဖမ်းဆီးပါသည်ဟု မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက ပြောပါသည်။
မီးရှို့သူ မောင်နေဝင်းအား ဒေသခံပြည်သူများမှ ဝိုင်းဝန်းရိုက်နက်ကြစဉ် မောင်နေဝင်းက “င့ါကို သတ်ချင်သတ်လိုက်၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက် သတ်ရရင် ကြေနပ်တယ်”ဆိုပြီး ပြောတော့ မအေးဝင်း၏ ညီမဖြစ်သူ မခင်ဝင်းရီက ခြေထောက်ဖြင့် မျက်နှာကို ကန်လိုက်သည်ဟု ကာယကံရှင် မိသားစုမှ မချွန်မချန် ဖြစ်ရပ်မှန်ကို ဖွင့်ဟပြောဆိုပါသည်။
သတင်းအမှန်အတိုင်း ဖြစ်စေလိုကြောင်း ဂျာနယ်များ အင်တာနက်များတွင် မအေးဝင်းက ဆီရောင်းသည်ဟု ပြောဆိုခြင်း၊ မအေးဝင်း(၂၉)နှစ်သည် မောင်နေဝင်း(၄၀)နှစ် အစ္စလမ်ဘာသာဝင်၏ ဇနီးဟု ပြောဆိုခြင်းတို့သည် ကာယကံရှင်မိသားစုမှ လုံးဝလက်မခံနိုင်ကြောင်း သတင်းအမှန်ဖြစ်စေရန် မချွန်းမချန် မအေးဝင်း (၂၉)နှစ်၏ ညီမ မခင်းဝင်းရီ၊ မမြတ်အိဖြူ၊ မောင်တင်မိုးမင်း၊ ဦးကိုကိုဝင်း အဖွား ဒေါ်အေးရီတို့မှ ပြောဆိုပါသည်။
ဆက်သွယ် စုံစမ်းရန်=
မခင်းဝင်းရီ 09-403725028
ဦးကိုကိုဝင်း 09-5351222
မောင်တင်မိုးမင်း 09-36034146
401867_272139869596195_1666568263_n
“ဦးဝီရသူ၏ ပျော်ဘွယ်မြို့နယ်၊ ဓမ္မခရီးစဉ် ကြိုဆိုပွဲ ပုံရိပ်များ”
(၃၁-၅-၂၀၁၃)
970551_272575086219340_1924362996_n426651_272575019552680_1809316586_n296182_272575119552670_1709588172_n7036_272575132886002_772537684_n
The RNDP elaborated 6 points of demands in its statement issued on 29 May-burmese/english
နိုင်ငံသားမဟုတ်သူများ ပါတီထူထောင်ခွင့်နှင့် မေးပေးပိုင်ခွင့်ကို ဖျက်သိမ်းပေးရန် RNDP ပါတီတောင်းဆို
=============(Arakan Times-မိုးဇော်-သတင်း)=====
မြန်မာနိုင်ငံအတွင်း ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသော နိုင်ငံသားမဟုတ်သူများအား ပါတီထူထောင်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့်နှင့် ဆန္ဒမေးပေးပိုင်ခွင့် ရရှိနေခြင်းကို အမြန်ဆုံး ဖျက်သိမ်းပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)မှ မေလ ၂၇ ရက်နေ့က အမ်းမြို့တွင်ကျင်းပသော ပထမအကြိမ် ဗဟိုကော်မတီ နှစ်ပတ်လည် မျက်နာစုံညီအစည်းအဝေးမှ တောင်းဆိုလိုက်သည်။
အဆိုပါ နှစ်ပတ်လည် မျက်နာစုံညီအစည်းအဝေးကို မေလ (၂၇)မှ (၂၉)ရက်နေ့ထိ (၃)ရက်တိုင်တိုင် ကျင်းပကာ အချက်(၆)ချက်ပါသော ၁/၂၀၁၃ သဘောထား ထုပြန်ကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက် အပုဒ်(၂)တွင် ပါရှိသည့် ယာယီသက်သေခံကပ် ကိုင်ဆောင်၍ ပါတီထူထောင်ခွင့်နှင့် မဲပေးပိုင်ခွင့်ကို ပယ်ဖျက်ပေးရေး ကိစ္စနှင့် ပါတ်သက်၍ RNDP ပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုက အာရ်ကန်တိုင်းမ်စ်သို့ ယခုလိုပြောသည်။
“၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီမှာ ဘူးသီးတောင်၊ မောင်တော ဘက်ကတက်တဲ့ လွှတ်တော် အမတ်တွေဟာ နိုင်ငံသားမဟုတ်၊ သူတို့ မိဘတွေကလည်း နိုင်ငံသားမဟုတ်ဆိုတာကို ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်လောင်း နာမည်စာရင်း အမည်ပေးရပါတယ်။ စာရင်းလည်းသွင်းပြီးရော ဒီလူတွေဟာ နိုင်ငံသား မိဘနှစ်ပါးက မွေးဖွားလာတဲ့ လူတွေမဟုတ်ဆိုတာကို ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ တိုင်းရင်းသားတွေ၊ မောင်တောမြို့နယ်မှာရှိတဲ့ တိုင်းရင်းသားတွေက လက်မှတ်ထိုးပြီးတော့ စာတင်ခဲ့ကြတယ်။ ကျနော်တို့ ယင်းဒေသက ကိုယ်မရှင်နှင့် ခရိုင်ကော်မရှင်ကပါ
ကန့်ကွက်ခဲ့ပါတယ်။ ဒါတောင်မကလို့ ပြည်နယ် ကော်မရှင်ကလည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သို့သော် ပြည်ထောင်စု ကော်မရှင်က ဒီကိစ္စကို ဘာတစ်ခုမှ အဖြေမပေးခဲ့ဘဲနဲ့ ဗဟိုရဲ့ အမိန့်နဲ့ လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် အမည်သွင်းခွင့်ကို ခွင့်ပြုလိုက်ပါတယ်။ ဒီလိုလုပ်တာဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ ကိုက်ညီမှုမရှိဘူး။ ဒါကြောင့် ကျနော်တို့က လုံးဝပယ်ဖျက်ပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်။ ” ပြောသည်။
383468_269074506571619_1279884727_n
ဤ မျက်နာစုံညီ အစည်းအဝေးမှ မေလ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်သည့် ကြေငြာချက်မှာ “ RNDP ပါတီနှင့် ALD ပါတီတို့ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောက်ရွက်ရေး၊ တရားမဝင်နိုင်ငံသားမဟုတ်သူ ဘင်္ဂလီများမှာ အစိုးရ၏ လုပ်ငန်းလိုင်စင်များကို ဆွဲယူခွင့်နှင့် မြေယာလုပ်ပိုင်ခွင့်များ ရရှိနေခြင်းကို အမြန်ဆုံးပယ်ဖျက်ပေးရေး၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ဒေသခံများမှာ စီမံကိန်းကြောင်း ဆုံးရှုံးနစ်နာမှုများ မရှိရအောင် အခိုင်အမာ ရပ်တည်ကာကွယ်ပေးရေး၊ ရွှေသဘာဝဓါတ်ငွေ့ကို ရခိုင်တစ်ပြည်နယ်လုံး လျှပ်စစ်မီး ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲခွင့်ရရှိရေး၊ ပြည်ထောင်စု ကော်မရှင်မှ အကြံပြုတောင်းဆိုထားသည့် အချိုးကျကိုယ်စားလှယ်ပြု စနစ်(PR) ဖြင့် ပြောင်းလဲကျင့်သုံးခြင်းကို လုံးဝကန့်ကွက်ရေး။ ” ဖြစ်ကြောင်း ကြေငြာချက်တွင် ပါရှိသည်။
( Ann, 1 June 2013) : A three day long annual central committee meeting of Rakhine National Development Party (RNDP), which won 34 Parliamentary seats in 2010 general election in Burma, concluded Wednesday with a charter of demands with six  points.
RNDP-billborad-Arakan
The RNDP elaborated 6 points of demands in its statement issued on 29 May just after the central committee meeting was concluded. The demands include a) to hold a discuss meeting between RNDP and Arakan League for Democracy (ALD) immediately to merge a solo largest political party of Arakan; b) to abolish the rights of establishing political party, voting and candidate rights by none citizens who hold temporary National ID cards; c)  to abolish the rights for  illegal migrants from government auction, owner rights of land, d) to protect the people in Mrdae island from the affect of their livelihoods by gas and oil project ; e) to try electricity in the whole Arakan state by Shwe Gas with cheap price; f) to oppose the RP electoral system. Continue reading “The RNDP elaborated 6 points of demands in its statement issued on 29 May-burmese/english”
အမျိုးသားအရေး တမျိုးသားလုံးဝိုင်းဝန်းကူညီနိုင်ခွင့်ရှိမှဖြစ်မည်
” သို့ မှသာဘင်္ဂလားဒက်ရှ်နိုင်ငံမှတိုက်ရိုက်ရာထောင်ချီ၍လစဉ်
ထွက်ခွာနေသောမြန်မာဘာသာစကားတစ်ခွန်းမှနားမလည်သော
ဘင်္ဂလီများထိုင်းနှင့် မလေးရှားနိုင်ငံတွေမှာခိုလှုံခွင့်ရကြမှာဖြစ်သည်။ ထို့ ကြောင့်မြန်မာပြည်မှာဘာသာရေးပဋိပက္ခဆက်ရှိနေဘို့ လိုအပ်ပါသည်။
ယခုဤ “ဆင်ကွက်” ထည်းမှာမြန်မာလူထုနဲ့ မြန်မာအစိုးရမိနေသည်။ ”
10507_198620050273098_696326275_n
ထိုင်းနိုင်ငံတွင်ဆွမ်းခံကြွမည့်သံဃာများကိုဘာသာရေးအစွန်းရောက်များကချောင်းမြောင်းလုပ်ကြံမည့်ဘေးမှကာကွယ်မှုပြုပေးနေပုံ
ကျောက်နီမော်မှမသီတာထွေးကွယ်လွန်သည့်တနှစ်ပြည့်မြောက်ဝမ်းနည်း ခြင်းအခမ်းအနားကိုရခိုင်ပြည်နယ်မှလွဲ၍
မည်သည့်နေရာတွင်မျှကျင်းပခဲ့သည်ဟုမကြားရပေ။အနောက်ကမ္ဘာဖြစ်သောဥရောပနှင့်မြောက်အမေရိကတို့ တွင် မိမိကိုယ်ကိုယ်ကိုကာကွယ်နိုင်စွမ်းမရှိသူ (vulnerable person) တစ်ဦးအားဤသို့ စော်ကားပြီးရက်ရက်စက်စက် သတ်ဖြတ်ခံရလျှင်နှစ်ပါတ်လည်အခမ်းအနားများကျင်းပ၊ နိုင်ငံခေါင်းဆောင်(သမတ/၀န်ကြီးချုပ်) များတက်ရောက် ကာဝမ်းနည်းကြေကွဲစကားပြောခြင်း၊ ကျန်ရစ်သူမိသားစုကိုနှစ်သိမ့်ခြင်းများ ပြုလုပ်ကြသည်ကိုတီဗီ၊သတင်းစာများ
တွင်တွေ့ ရမည်ဖြစ်သည်။
မြန်မာပြည်တွင်ထိုကဲ့သို့ သောနိုင်ငံရေးယဉ်ကျေးမှု (political culture) မရှိသေးသည်မှာဝမ်းနည်းစရာကောင်းသည်။ သမတဦးသိန်းစိန်ကောငြိမ်းချမ်း ရေးနိုဗယ်ဆုရှင်အောင်ဆန်းစုကြည်ပါမိမိတို့ နှင့်မဆိုင်သလိုနေခဲ့ကြသည်။
အထူးသဖြင့်နောက်ဆက်တွဲဖြစ်ရပ်ဖြစ်သောတောင်ကုတ်တွင်အခြားအပြစ်မဲ့လူဆယ်ဦးအသတ်ခံရသောအခါ၌
သက်ဆိုင်သူပူဆွေးနေသူများ (mourners) အားကိုယ်ထိလက်ရောက်နှစ်သိမ့်မှုပေးခဲ့သောအောင်ဆန်းစုကြည်သည် ကံဆိုးရှာသူတိုင်းရင်းသူမိန်းခလေး၏နှစ်ပါတ်လည်၌မိမ္မသားချင်းဖြစ်ပါလျှက်ကိုယ်နှင့်မဆိုင်သလိုနေသည်မှာအကျည်း
တန်လှသည်။
ဤအချက်သည်သူမအားသူမ၏နောက်လိုက်များက“လူထုခေါင်းဆောင်”ဟုတဖွဖွအမွှမ်းတင်နေသော်လည်း
ဤသို့ ဟုတ်မဟုတ်ရခိုင်လူထုကိုမေး ကြည့်ပါဟုစောဒကတက်စရာဖြစ်နေသည်။
သမတဖြစ်စေ-အောင်ဆန်းစုကြည်ဖြစ်စေယခုကဲ့သို့ ဗုဒ္ဓဘာသာနှင့်မူဆလင်ဘာသာဝင်များနှစ်ဘက်ပဋိပက္ခဖြစ်နေသော အချိန်မျိုးတွင်ဤအခမ်းအနားမျိုးကိုအားပေးလျှင်နိုင်ငံရေးအရမှားယွင်းသည် (politically incorrect) ဟုဆင်ခြေပေးနိုင်ကြ
ပါသည်။နိုင်ငံရေးအရမှား/မှန်ပြဿနာ (political correctness) သည်ကိုယ်ကျိုးစီးပွား(self-interest) အပေါ်အခြေတည်၍ ဆုံးဖြတ်ကြသောကိစ္စမျိုးဖြစ်သည်။ ပိုကျယ်ပြန့် သောလူသားအားလုံး၏ကောင်းကျိုး (humanitarian interest) ကိုနှလုံးသွင်း၍စဉ်းစားခြင်းမဟုတ်ခြေ။