၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းအား ကန့်ကွက်

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းအား ကန့်ကွက်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နေပြည်တော် ဇွန် ၂၃

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် မြန်မာနိုင်ငံမှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူအား မျက်နှာဖုံးတင်၍ “THE FACE OF BUDDHIST TERROR” ဆောင်းပါးအား ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ဘာသာရေးခွဲခြားမှု မရှိဘဲ လွတ်လပ်စွာကိုးကွယ်ခွင့် ပြုထားသည့် နိုင်ငံ ဖြစ် သည်။ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးမြတ်စွာ ကိုးကွယ်ကြသော်လည်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပုဒ်မ ၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာ သာသနာ နှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများ ဟူ၍ အသိအမှတ်ပြုသည်” ဟူ၍ ပြဌာန်းထားသည်။

ဗုဒ္ဓဘာသာသာသနာသည် ကံ ကံ၏ အကျိုးကို လည်းကောင်း၊ ကိုယ်တိုင် ကျင့်ကြံအားထုတ်၍ ရရှိသည့် အသိအမြင်ကို အခြေခံ၍ လည်းကောင်း ရွေးချယ်ဆုံးဖြတ်ခွင့် ပေးထားသည့် မြင့်မြတ်သော ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် ဘာသာတရား ဖြစ်သည်။ ဗုဒ္ဓ၏ သားတော်များ ဖြစ်သည့် သံဃာတော် များသည်လည်း (၂၂၇)သွယ်သော သိက္ခာပုဒ်တို့ကို လိုက်နာစောင့်ထိန်းကြရပြီး သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် နှစ်ပေါင်း ထောင်နှင့်ချီ၍ ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ် ခဲ့ကြသူများ ဖြစ်သည်။

ထို့ပြင် “၉၆၉” အမှတ်တံဆိပ်သည် ဗုဒ္ဓမြတ်စွာဘုရား၏ ဂုဏ်တော်(၉)ပါး၊ ဗုဒ္ဓတရားတော်၏ ဂုဏ်တော်(၆)ပါးနှင့် သံဃာတော်တို့၏ ဂုဏ်တော် (၉)ပါးကို ကိုယ်စားပြုသော၊ ဗုဒ္ဓဘာသာဝင်တို့ ယုံကြည်ကိုးကွယ်သည့် ရတနာသုံးပါးကို ရည်ညွှန်းသည့် သင်္ကေတ အမှတ်တံဆိပ် ဖြစ်ပြီး ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည့် အားလျော်စွာ ဗုဒ္ဓသာသနာတော်ကို ညိုးနွမ်းစေနိုင်မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းများက အလေးထား မေတ္တာရပ်ခံလျက် ရှိသည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီလူ့ဘောင် သို့ အသွင်ကူးပြောင်းစ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း မလိုလားအပ်သော ပဋိပက္ခများ ဆက် လက် ဖြစ်ပေါ်လာခြင်း မရှိစေရန် နိုင်ငံတော်အစိုးရ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ မီဒီယာများနှင့် ပြည်သူများ ပူးပေါင်း၍ ကြိုးပမ်း တည်ဆောက်နေသောအချိန် ဖြစ်သည်။ ကိုးကွယ် ယုံကြည်ချက်ဆိုင်ရာ ကိစ္စရပ်များသည် သိမ်မွေ့နက်နဲသော အကြောင်းခြင်းရာများ ဖြစ်၍ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု၊ ဘာသာသာသနာများအကြား အပြန်အလှန် လေးစားယုံကြည်မှုတို့နှင့်အတူ အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း တွေ့ရသည်။

တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ပြီး မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင်လွဲမှားစေပြီး လက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေခြင်းကိုလည်း ထိခိုက်စေနိုင်ကြောင်း တွေ့ရသည်။

သို့ဖြစ်၍ THE FACE OF BUDDHIST TERROR ဆောင်းပါး ရေးသားဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 အား ကန့်ကွက်ကြောင်း ဖော်ပြအပ်ပါသည်။

[Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/06/23/id-3765]

 
 Image

အမျိုးသားရေးအတွက် စင်ကာပူ နိုင်ငံက လက်ထပ်ခွင့် ဥပဒေ

အမျိုးသားရေးအတွက် စင်ကာပူ နိုင်ငံက လက်ထပ်ခွင့် ဥပဒေ
By မင်းမောင် ( ဆာမူရိုင်း )

စင်ကာပူမှာ မွတ်စလင်နဲ့ အခြားဘာသာဝင်တွေကို လက်ထပ်ခွင့် ပေးမထားပါဘူး။ 
စင်ကာပူမှာ လက်ထပ်မော်ကွန်းရုံးကြီး ၂ ရုံးရှိပါတယ်။

(၁) လက်ထပ်မော်ကွန်းရုံး Registry of Marriages (ROM) 
[http://app.rom.gov.sg/index.asp]

(၂) မွတ်စလင် လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) [http://app.romm.gov.sg/index.asp]

ဆိုပြီး ရုံး ၂ ရုံး ထားရှိပါတယ်။

(၁) လက်ထပ်မော်ကွန်းရုံး Registry of Marriages (ROM) 
[http://app.rom.gov.sg/index.asp]

ပထမ ROM လက်ထပ်မော်ကွန်းရုံးက မွတ်စလင်မှ လွဲလို့ 
အခြားသော ဘာသာဝင်တွေအားလုံးကို လွတ်လပ်စွာ လက်ထပ်ပေးတဲ့ 
တရားရုံးပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အချင်းချင်းသော်လည်းကောင်း၊ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန်သော်လည်းကောင်း၊ ခရစ်ယာန်နဲ့ ဟိန္ဒူကိုသော်လည်းကောင်း … ကျန်ဘာသာတွေအားလုံး လွတ်လွတ်လပ်လပ် လက်ထပ်ခွင့် ရှိပါတယ်။ 
Women’s Charter [http://www.scwo.org.sg/index.php/resources ] အတိုင်းဆောင်ရွက်ကာ တစ်လင်တစ်မယားစနစ် ဥပဒေကို ပြဌာန်းတယ်ဆိုပါတော့ဗျာ။ အခြားဘာသာဝင်အားလုံး တစ်လင်တစ်မယားစနစ်ပဲ ကျင့်သုံးခွင့်ပေးထားပါတယ်။ 
ဒါပေမယ့် ဒီတရားရုံးမှာ လက်ထပ်မယ်ဆိုရင် မိမိဟာ မွတ်စလင်မဟုတ်ကြောင်း ထွက်ဆိုရပါတယ်။ မောင်နှံ နှစ်ယောက်စလုံး တစ်ယောက်မှ မွတ်ဖြစ်လို့ မရပါဘူး။ 
မွတ်အ၀င် မခံဘူးလို့ အလွယ်ပြောလို့ရပါတယ်။ 

(၂) မွတ်စလင် လက်ထပ်မော်ကွန်းရုံး Registry of Muslim Marriages (ROMM) [http://app.romm.gov.sg/index.asp]

ဒုတိယ ROMM မွတ်စလင်လက်ထပ်မော်ကွန်းရုံးကတော့ မွတ်စလင်အချင်းချင်းကိုပဲ လက်ထပ်ပေးပါတယ်။ အခြားဘာသာဝင်အမျိုးသမီး ခေါ်လာလို့ မရဘူးပေါ့ဗျာ။ 

(ဒီလင့်မှာလည်း [http://en.wikipedia.org/wiki/Matrimonial_law_of_Singapore] လေ့လာနိုင်ပါတယ်။)

အခြားအသေးစိတ် အချက်အလက်တွေကို 
ဒီလင့်မှာ [http://policy.mofcom.gov.cn/english/flaw!fetch.action?id=bfd32cf9-e1e7-4378-8455-beb6d4f28c16&pager.pageNo=7#934446910-002016] ဖတ်ကြည့်နိုင်ပါတယ်။ 

၁၉၆၆ မှာ စတင်ပြီး တင်းကျပ်စွာရေးဆွဲကာ ကျပ်ကျပ်မတ်မတ်ဆောင်ရွက်လိုက်တာ 
၁၉၇၀ နဲ့ ၁၉၇၄ အကြားမှာ လက်ထပ်ကြတဲ့ မွတ်အတွဲပေါင်း ၁၃,၁၂၃ မှာ ၃၅ ယောက်ပဲ မိန်းမတစ်ယောက်ထက်ပိုယူပါတော့တယ်။ 

ယနေ့အခါမှာ တော့ မိန်းမတစ်ယောက်ထက်ပိုယူတဲ့ စင်ကာပူမွတ်စလင်ဆိုတာ မရှိသလောက်တောင် ရှားသွားပြီ ဖြစ်ပါတယ်။

By မင်းမောင် ( ဆာမူရိုင်း )

 

ALERT!! HOT ISSUE!! Impact of White Cards holders on Election (Burmese and English)

Impact of White Cards holders on Election

In accordance with the international standards, anyone who hasn’t got the citizenship cannot vote. The white card is the temporary registration card and it means there are people who are living in Burma, but their status of citizenship are still not decided yet.

It is wrong to give White card holders rights to vote. We should stop White card holders rights to vote until their status of citizenship are verified in line with 1982 Burma Citizenship Law.

According to the mechanism of UK government census collection system, British government collect all the data of people living in UK, but they give only British citizens rights to vote but not to guests.

အင်္ဂလန်နိုင်ငံသန်းခေါင်စာရင်းကောက်ယူပုံမှာ၎င်းတို့သည်၎င်းတို့နိုင်ငံအတွင်းတွင်နေထိုင်သောသူများအားလုံးကိုစာရင်းကောက်သောလည်းနိုင်ငံသားမဟုတ်သူများအားမဲပေးပိုင်ခွင့်မပေးပဲနိုင်ငံသားများသာမဲပေးခွင့်ရှိပါသည်။

ထိုကြောင့်အဖြူရောင်ကဒ်ပြားကိုင်ဆိုင်သူများမဲပေးခွင့်ပေးထားခြင်းကို၎င်းတို့နိုင်ငံသားဟုတ်မဟုတ်ကို၁၉၈၂မြန်မာနိုင်ငံသားဖြစ်ခွင့်ဥပဒေအရဆုံးဖြတ်ပြီးသည်အထိရပ်ဆိုင်းထားရပါမည်။ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၆ တွင် ဖော်ပြထားသည်ကိုပြင်ကိုပြင်ဖို့လိုပါတယ်

———

With what criteria did the ministry issue over 500,000 White Cards (temporary national registration cards) for Bengalis in 2010? Was there any assessment over the citizenship rights in line with 1982 Myanmar citizenship law?

With what decree and limitations did the ministry issue the White Cards, through which votes could be cast in elections according to Section 6 of Lowe House Election Law passed in March, 2010?

As the guest citizens and those holding White Cards had the equal voting of right of a national citizen, millions of eligible voters lost their voting right at that time. If that law continues to exist till 2015, the 1982 citizenship law will be nothing more than a torn paper.

How will the ministry mainly responsible for the issuance of the White Cards address the issue of Rohingya or Bengali?

For Immigration and Population Minister Khin Yi, who was the second most responsible official in the Home Affairs Ministry, does he have plans to legalize the White Cards or give the voting right to the Bengalis or regard them as citizens? This question is more important than whether the 1982 citizenship law will be amended or not.
Were there any corruption cases in issuing the White Cards?

images