ကွမ်တန်းပြည်နယ်တွင် မြန်မာတစ်ဦး ထပ်မံအသတ်ခံရ

8.6.2013 မနက် ကွန်တန်းပြည်နယ် ဂျလန်းမတ်လွတ်စတာ မှာ မြန်မာနိုင်ငံသားတစ်ဦး ဒါးဒဏ်ရာ 10 ချက်နဲ့ သေဆုံးနေတဲ့အကြောင်းကို မလေးရှား သတင်းဌာန ကွာလာလမ်ပူပိုစ့်က ယနေ့ဖော်ပြသွားပါတယ်။

သေဆုံးသူရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ မိန်းခလေးတစ်ဦးအလုပ်ရောက်တဲ့အချိန် နံနက် 7 နာရီမှာ ယခုလို မောင်ပန်းလှိုင် အသက် 41 နှစ် သေဆုံးနေတာကိုသတင်းပို့လာတာပါလို့ ကွမ်တန်းပြည်နယ်ရဲချုပ် Mohd Yusoff မှသတင်းထောက်များကိုပြောကြားခဲ့ပါတယ် ။

Isu-Lahad-Datu-Gambar-Ngeri-Mayat-Penceroboh-300x168

သူလုပ်ဖော်ကိုင်ဖက်ရဲ့ အိပ်ခန်းကို အလုပ်စဖို့ပြောရန် သွားတဲ့ အခါ သေဆုံးရဲ့ အခန်းပတ်ဝန်းကျင်မှာ သွေများတွေ့တော့ အလန့်တကြားဖြစ်ပြီး သူ့အခန်းဖွင့်ကြည့်တဲ့အခါမှာ အသတ်ခံရသူ ရဲ့အလောင်းကို အခန်းအပြင်ဘက်မှ သွေးများနဲ့တွေ့ရတာပါလို့ ပြောကြားသွားခဲ့ပါတယ် ။

ရဲမှူးကဆက်လက်ပြီး ပြီးခဲ့တဲ့ည 12 လောက်မှာ အကြမ်းဖက်မှု့ စတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း လုပ်ဖော်ကိုင်ဖက်များ အိပ်ချိန်မှာဖြစ်ပွားတယ်လို့ယုံကြည်ကြောင်း နဲ့ သူ့အခန်းဖော် 3 ယောက်လက်ချက်နဲ့သေဆုံးနိုင်ကြောင်း ထိုအခန်းဖော် 3 ဦး ဖြစ်တဲ့ အသက် 19 နှစ်တစ်ဦး၊ 26 နှစ်တစ်ဦး ၊ နဲ့ 28 နှစ်တစ်ဦးအား ရှာဖွေနေကြောင်းကို ယနေ့ မလေးရှား Kuala Lumpur Post ရဲ့အင်တာနက်စာမျက်နှာမှာဖော်ပြသွားခဲ့တဲ့ သတင်းအား ဘာသာပြန်တင်ဆက်ပေးရပါတယ် ။

http://www.kualalumpurpost.net/mayat-warga-myanmar-ditemui-dengan-kesan-tikaman/

U WIRA THU (ALJAZEERA) “ဦးဝီရသူထံ အယ်လ်ဂျာဇီးယား သတင်းဌာန လာရောက် အင်တာဗျူး”

“ဦးဝီရသူထံ အယ်လ်ဂျာဇီးယား သတင်းဌာန လာရောက် အင်တာဗျူး”
**************************************************
၇-၆-၂၀၁၃- မွန်းလွဲ (၂း၀၀)နာရီ မစိုးရိမ်တိုက်သစ်၊ ဓမ္မစေတိယကျောင်းမှာ လက်ခံတွေ့ဆုံခြင်း ဖြစ်သည်။
ဘန်ကောက် အခြေစိုက် အယ်လ်ဂျားဇီးယား (ALJAZEERA) သတင်းဌာနမှ Mr. WAYNE HAY-လာရောက် အင်တာဗျူးခြင်း ဖြစ်သည်။
၂ဝဝ၃-ခုနှစ်တုန်းက အဖမ်းခံရပြီး၊ အခု အဖမ်းမခံရခြင်းနှင့် ပတ်သက်ပြီး မေးရာမှာ အခုလို ဖြေကြားခဲ့ပါတယ်။
၂ဝဝ၃-ခုနှစ်မှာ ကျောက်ဆည် အဓိကရုဏ်းဖြစ်တယ်။ ဦးဇင်းအပေါ် သံသယရှိလို့ ခေါ်စစ်တယ်။ ဦးဇင်း ပယောဂ လုံးဝ မပါမှန်း သိသွားလို့ ပြန်လွှတ်ဖို့ စီစဉ်တယ်။ မနက်ဖြန်ပြန်လွှတ်မယ်ဆိုရင် ဒီနေ့လို အကြိုညမျိုးမှာ သံဃာ(၃၀၀၀)လောက် က လမ်းပေါ်ထွက်ပြီး “ဦးဝီရသူ လွတ်မြောက်ရေး ဒို့အရေး” ကြွေးကြော် ဆန္ဒပြလိုက်တော့ အစိုးရက ပစ်ခက်နှိမ်နင်းတယ်။ ခြေထောက်ထိ၊ လက်ထိ၊ မျက်နှာထိ-တဲ့ သံဃာ(၁၇)ပါး ဒဏ်ရာတွေနှင့် ထောင်ထဲရောက်လာတယ်။
ဒီတော့ ဦးဇင်းကို ပြန်လွှတ်လို့ မဖြစ်တော့ဘူး-ဆိုပြီး နန်းတွင်းထောင်ကနေ အိုးဘိုထောင်ကို ပို့လိုက်တော့တာပါပဲ။ ဆူပူမှုကို ဖန်တီးလို့ ဆိုပြီး ၅(ည)တပ်တယ်။ ပြစ်ဒဏ်က (၇)နှစ်၊ တရားခွေတွေ ဖြန့်ချီလို့ ဆိုပြီး ၈(၁)နှင့် (၂)နှစ်။ ခွင့်ပြုချက်မရဘဲ စာအုပ်နှစ်အုပ် ထုတ်ဝေလို့ဆိုပြီး (၁၇/၂၀)နှင့် (၁၄)နှစ်။ သာသနာညှိုးနွှမ်းမှုဆိုပြီး ၂၉၅(က)နှင့် (၂)နှစ် ပေါင်း(၂၅)နှစ် ချလိုက်ကြတယ်။
မိတ္ထိလာဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ မဖမ်းကြတာကတော့ ရွှေဆိုင်မှာ ဖြစ်ကတည်းက တစ်ခြားမကူးစက်အောင် ပူးပေါင်းကာကွယ်ပေးခဲ့တာရယ်။
ပိတ်မိနေတဲ့ ကုလားတွေကို ပူးပေါင်းကယ်တင်ခဲ့တာရယ်။ ဦးသောဘိတ အသက်ခံရလို့သာ အဓိကရုဏ်း ကြီးသွားတာ ထင်ရှားတာရယ်ကြောင့် မဖမ်းကြတာပါ။

936801_275787185898130_1747170131_n945878_275786809231501_289360075_n992922_275786669231515_2079162993_n