အထူးအရေးပေါ် အသိပေး ထုတ်ပြန်ကြေငြာချက်
မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ မျက်နှာလွှဲခဲပစ် သိက္ခာမဲ့လုပ်ရပ်များ ကျူးလွန်နေခြင်း
မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ {မလေးရှားနိုင်ငံ}
Myanmar Nationalistic Social Network Committee, Malaysia
စာအမှတ်။ ။ ၃ / ၂၀၁၃
နေ့စွဲ။ ။ ၁၈.၆.၂၀၁၃
မလေးရှားရောက် မြန်မာနိုင်ငံသားအတော်များများသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ဒုအ
လုပ်သမားဝန်ကြီး၊ဒုနိုင်ငံခြားရေးဝန်ကြီးတို့ စီစဉ်ပေးခဲ့သည့်အတိုင်း မြန်မာပြည်သို့ပြန်ရန်
မလေးရှားရှိနေရာဒေသအသီးသီးမှ အားကိုးတကြီးဖြင့် မြန်မာသံရုံးသို့သွားရောက်၍မိခင်
တိုင်းပြည်သို့ပြန်ရန် ကြိုးပမ်းအားထုတ်နေကြသော်လည်း ယခုအခါ ထိုသူတို့သည် မလေး
ရှားနိုင်ငံဆိုင်ရာမြန်မာသံရုံး၏ မျက်နှာလွှဲခဲပစ် သိက္ခာမဲ့လုပ်ရပ်များကို အောက်ဖော်ပြပါအ
ချက်များဖြင့် အခက်အခဲတွေ့ကြုံနေရကြောင်း ကြားသိနေရပါသည်။၎င်းတို့မှာ
(၁) သံရုံးမှ တနေ့လျှင် မြန်မာနိုင်ငံသို့ပြန်မည့် လူဦးရေ၂၀ ကိုသာလျှင် ကန့်သတ်၍ CI
(Certificate of Identity) ထုတ်ပေးနေခြင်း။
(၂) ပြည်တော်ပြန်ရန်အတွက် မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၊အေးဂျင့်တို့အား သံရုံးကိုယ်စား
ဆက်သွယ်ဆောင်ရွက်ပေးနေသည်ဟု တိကျသည့်စီစဉ်ထုတ်ပြန်မှုမရှိခြင်း။
(၃) သံအမတ်၊စစ်သံမှူး၊ဒုဝန်ကြီးနှစ်ဦးနှင့်မလေးရှားအစိုးရတို့ မြန်မာနိုင်ငံပြန်မည့် မြန်မာနိုင်ငံသား
များအတွက်တိကျသည့် အစီအစဉ်ဆောင်ရွက်ထားမှုများ ကတိက၀တ်များကို အများပြည်သူသိ
အောင် ယနေ့အချိန်ထိ သံရုံးမှ ထုတ်ပြန်ကြေငြာချက် မရှိသေးခြင်း။
(၄) အချို့မြန်မာနိုင်ငံသားများသည် CI ရရှိ၍ ပူထရာဂျာယာရှိ မလေး လ၀ကရုံးချုပ်သို့ သွားရောက်
၍ အကြောင်းကြား၊ဓာတ်ပုံရိုက်၊လက်ဗွေနှိပ်၊Overstay ကြေးRM400 ပေးဆောင်ရမည်ဆိုသည့်
လုပ်ရိုးလုပ်စဉ်များကို သံရုံးနှင့်သတင်းမီဒီယာများထံမှ သိရှိရသော်ငြားလည်းဘဲ အမှန်တကယ်
သွားရောက်လုပ်ဆောင်သည့်အခါ တိုကင်နံပါတ်ပြားတခုပေါ်တွင် သက်ဆိုင်သည့်နံပါတ်ရိုက်
နှိပ်၍ နောက်ထပ်သုံးလကြာမှ မလေးရှား လ၀ကရုံးချုပ်သို့ ပြန်လည်လာရောက်ရန်ဟူသည့် အ
ခက်အခဲတို့ဖြင့် တားဆီးခံနေရခြင်း။
(၅) မလေးရှားလ၀ကမှ တိုကင်နံပါတ်မှလွဲ၍ အထူး Special Pass စာရွက် မထုတ်ပေးသဖြင့်
သုံးလဆိုသောအချိန်ကာလအတွင်း အချိန်မရွေးဖမ်းဆီးထောင်ချခံရမည့်အရေးကို ရင်ဆိုင်
တွေ့ကြုံနေရခြင်း။
(၆) မလေးရှားရောက် မည်သို့သောမြန်မာနိုင်ငံသား အမျိုးအစားအမျိုးမျိုးအပေါ် မည်သို့သောအဖွဲ့
အစည်း လူပုဂ္ဂိုလ်တို့ဖြင့် မည်သို့မည်ပုံချိတ်ဆက်ဝန်ဆောင်မှုပေးရမည်ကို မြန်မာသံရုံးကိုယ်
တိုင်က မသိကျိုးကျွန်ပြုလစ်လျူရှုနေခြင်း၊ ညွန်ကြားလမ်းညွှန်မှုမရှိခြင်း၊ ကြော်ငြာသင်ပုန်းကပ်
၍ ဆောင်ရွက်မှုမပေးသည့်အပြင် သံရုံးပွဲစားများဖြင့် ပြည်တော်ပြန်မည့်သူများအား ရက်ပိုင်းအ
တွင်းပြန်လိုပါက RM 1400 မှ 1500 ထိ တောင်းခံနေခြင်း စသည့်အရေးတို့ကို ရင်ဆိုင်ကြုံတွေ့
နေရကြောင်း သိရှိရပါသည်။
မြန်မာ့အမျိုးသားရေးလူမှုကွန်ရက်ကော်မတီ {မလေးရှားနိုင်ငံ}
Myanmar Nationalistic Social Network Committee, Malaysia
အထက်ပါဖြစ်ရပ်နှင့်ပတ်သက်၍
မိတ္တူကို
နိုင်ငံတော်သမ္မတရုံး၊ အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊
မလေးရှားနိုင်ငံမြန်မာသံရုံးသို့ လိပ်မူပေးပို့ထားပါသည်။
SOURCE SA MAUNG MALAYSIA

You must be logged in to post a comment.