“သူက ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်သာလျှင် ဖြစ်တယ်။ UN
အလုပ်ပဲ လုပ်ရမယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြင်သင့်တယ်။ ဒါတွေ သူပြောခွင့်မရှိဘူး။ နောက်တစ်ခုက ၈၂ ခုနှစ် ဥပဒေဆိုတာ မနေ့တစ်နေ့က ဆွဲထားတဲ့ ဥပဒေမဟုတ်ဘူး။ စစ်အစိုးရ လက်ထက်က ဆွဲထားတာလည်း မဟုတ်ဘူး။ ဥပဒေဆွဲခဲ့တဲ့သူက ဥပဒေမှာ ဆရာတစ်ဆူလို့ ပြောလို့ရတဲ့ ဒေါက်တာမောင်မောင်ကိုယ်တိုင် မြန်မာနိုင်ငံအနောက်ဘက်က ဘင်္ဂါလီတစ်မျိုးတည်းကို ကြည့်ပြီးတော့ ဆွဲခဲ့တာ
မဟုတ်ဘူး။ အရှေ့ဘက်က တရုတ်ရယ်။ အနောက်မြောက်က အိန္ဒိယ
လူမျိုးတွေ။ မြ၀တီ၊ ကရင်ပြည်နယ်ဘက်က ဆိုလို့ရှိရင် ထိုင်းလူမျိုးတွေ ခိုးပြီးတော့ မတရားဝင်လာတာတွေကို ကာကွယ်ဖို့အတွက် လုပ်ခဲ့တာ။ ဘင်္ဂါလီကိစ္စ တစ်ခုပဲကြည့်ပြီး မြန်မာနိုင်ငံရဲ့ ဥပဒေပြုကဏ္ဍကို လာပြီးပြင်သင့်တယ်။ ဒါတွေလာပြောတာဟာ မှားယွင်းတဲ့ ပြောဆိုမှု
လို့ ပြောလို့ရတယ်။ ကမ္ဘာ့ကုလသမဂ္ဂ လုပ်ပိုင်ခွင့်မှာ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေပြဋ္ဌာန်းရေးကို လာပြီးစွက်ဖက်လို့ မရဘူး”ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့
ရခိုင်တိုင်းရင်းသားရေးရာ
ဝန်ကြီးဦးဇော်အေးမောင်
**************************
မစ္စတာကင်တားနား၏ ကိုးကွယ်သည့်ဘာသာအပေါ် မူတည်ကာ
နှိမ့်ချခွဲခြားမှုမရှိသည့် ဥပဒေအသစ် ပြင်ဆင်သင့်ကြောင်း ပြောကြားမှုနှင့် ပတ်သက်၍လည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားသည့် နိုင်ငံများတွင် မိခင်ဘာသာအပေါ် လွှမ်းမိုးနိုင်သည့် လုပ်ဆောင်ချက်များမှာ လက်ခံနိုင်သည့် အနေအထားမဟုတ်ကြောင်း ဝေဖန်မှုများ ရှိနေသည်။
“သူတို့နိုင်ငံမှာ ဗုဒ္ဓဘာသာ အဆောက်အဦတွေ ဆောက်ခွင့်ရှိပါသလား။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အဆောင်အယောင်ပေါ့။ ဘုရားပုံဖြစ်ဖြစ်။ ဥပမာဆိုပါတော့ သင်္ဃန်းဝတ်ထားတဲ့ ဘုန်းကြီးတစ်ပါးတောင် ကြွချီခွင့်ရှိပါသလား။ သူတို့မက္ကာကို တခြားဘာသာဝင်တွေ ၀င်ခွင့်ပေးသလား။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ပွဲလမ်းသဘင်တွေ ကျင်းပတဲ့အခါမှာ မည်သည့်ဘာသာမဆို ၀င်ခွင့်ရှိတယ်။ အဲဒါမျိုးတွေ လွတ်လပ်ခွင့်ရှိပါတယ်။ အဲဒါကျရင် ဘယ်လိုစံနဲ့ တိုင်းကြမလဲ။ ဘာသာသုံး၊ လေးမျိုးရှိရင် ရှိမယ်လေ။ ကိုယ့်နိုင်ငံနဲ့ ပတ်သက်တဲ့ဟာကို ကိုယ့်လူထုကပဲ ဆုံးဖြတ်ခွင့်ရှိမှာပါ”
ဒေါက်တာ အေးမောင်
*************************
“ဦးဇင်းတို့နိုင်ငံမှာ ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ် လွတ်လပ်စွာကိုးကွယ်ခွင့်
ပေးထားတယ်။ ဒါပေမယ့် လူတိုင်းဟာ ဘယ်နိုင်ငံမှာပဲနေနေ အဲဒီနိုင်ငံက သတ်မှတ်ထားတဲ့ ဥပဒေတွေကိုတော့ လေးစားလိုက်နာရမယ့်အပြင် အဲဒီနိုင်ငံရဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေထိုင်ရပါမယ်။ ဘာသာရေး အဆောက်အဦတွေ ဆောက်လုပ်တဲ့အခါမှာလည်း သက်ဆိုင်ရာက
သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ် ။
သတ်မှတ်ထားတဲ့ ဥပဒေတွေကို မလိုက်နာရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်”
ဦးပဉ္စင်း ဝီရသူ