ALERT!! NAY MYO ZIN ARRESTED BY POLICE -VIDEOS

230344_485044568200348_2036726151_n

ပုဒ်မ ၁၈ သည် မြန်မာလူမျိုး အပေါင်းကို ယခု ကဲ့သို့ ခြိမ်းခြောက် လျှက် ရှိနေသေးပါသဖြင့် ဥပဒေ ကို အမြန်ဆုံး ပြင်ဆင်ပေးပါရန် လွှတ်တော်ကို တောင်းဆိုပါသည်။

သို့မဟုတ်ပါက ဥပဒေကို လိုသလို အသုံးချနေသော ရဲများ ကြောင့် နိုင်ငံရေး မငြိမ်မသက်မှုများ ဖြစ်ပွားလာပါက တိုင်းပြည် အသွင်ပြောင်းလဲရေး ဖြစ်စဉ်များအတွက် အနှောက် အယှက်ဖြစ်လာနိုင်ပေသည်။

လူထု အတွက် လွတ်လပ်ခွင့် မရအောင် လမ်းဘေးမှာ လူစုစု တွေ့လို့မှ ခွင့်ပြုချက် မရပဲ စကား ၀င်ပြောခဲ့လျှင် ပုဒ်မ ၁၈ ဖြင့် ယခုလို လက်ထိပ်ခတ် ဖမ်းဆီးလို့ ရသည်ဟု ဧရာဝတီတိုင်းမှ ရဲတို့က နားလည်နေကြသည်။

ထို့ကြောင့် ထိုသို့သော ရဲများ လူထုကို ဖိစီးနှိပ်စက်မှုဖြစ်နေစေသော ၀န်ထမ်းများကို ကို အမြန်ဆုံး ပြုပြင်ပြောင်းလဲ လေ့ကျင့် ပုံပြောင်း အစားထိုး တည်ဆောက်ပေးရန် အကြီးမားဆုံးသော လူထု တောင်းဆိုပွဲကြီးတရပ်ကို ဖေဖေါ်ဝါရီ (၁၃) တွင် ကျင်းပရန် ပြင်ဆင်မည်ဖြစ်ပါသည်။

BY NAY MYO ZIN

ထို လက်ထိပ်တို့သည် အများပြည်သူ ကောင်းကျိုး စဉ်ဆက် မပြတ် ထမ်းဆောင်နေသူတို့ အတွက်ဖြစ်ပြီး၊ တိုင်းပြည် ကို ဖျက်ဆီးခဲ့သူ ဥပဒေ အထက်က ထင်သလို လုပ်ပြီးကိုယ်ကျိုးရှာခဲ့သူတို့ အတွက်မူ

528945_506338262737645_464158427_n

လိုင်ဇာမြို့အ၀င်ဝ ဆိုင်းဘုတ်ထိ အစိုးရတပ်သိမ်းပိုက် Friday, 01 February 2013

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ဌာနချုပ်အနီး
လိုင်ဇာမြို့  အ၀င်ဝ မုခ်ဦးနေရာထိ အစိုးရတပ်တွေက သိမ်းယူ
တပ်စွဲထားလိုက်ပြီလို့ ကေအိုင်အေဘက်ကအတည်ပြု ပြောကြား
လိုက်ပါတယ်။

14971_123251457851336_1944312846_n521627_123214204521728_910622915_n

ဇန်န၀ါရီ ၁၈ ရက်နေ့ကတည်းက လဂျားယန်ဒေသကို အစိုးရတပ်တွေက လက်နက်ကြီးတွေနဲ့ မြေပြင်ကရော ဝေဟင်ကပါ အပြင်းအထန်တိုက်ခိုက်
စဉ်မှာ လိုင်ဇာမြို့ အ၀င် ဆိုင်းဘုတ်အထိ အစိုးရတပ်တွေက သိမ်းယူ
ခဲ့တာလို့ ကေအိုင်အေ ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်းက ပြောပါတယ်။

“ဇန်န၀ါရီ ၁၈ ရက်မှာ သူတို့ လက်နက်ကြီးတွေနဲ့ရော၊ လေယာဉ်
တွေနဲ့ ပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်တဲ့အတွက် အဲဒီ ဆိုင်းဘုတ်ရဲ့  အပြင်ဘက်မှာ ကျနော်တို့ရဲ့  ကေအိုင်အေ ဆက်ဆံရေးရုံးရှိတယ်။ အဲကနေ နောက်ဆုတ်ပေးလိုက်ရတယ်။ မုခ်ဝအပါအ၀င်ပေါ့။ အဲဒီနေ့ကတော့ လဂျားယန်ဒေသအတွက် အပြင်းထန်ဆုံးတိုက်ပွဲလို့
ပြောရမယ်။ လိုင်ဇာမှကြိုဆိုပါ၏ မုခ်ဝမှာ အခုသူတို့ တပ်စခန်းတွေ အထိုင်ရှိတယ်။” Continue reading “လိုင်ဇာမြို့အ၀င်ဝ ဆိုင်းဘုတ်ထိ အစိုးရတပ်သိမ်းပိုက် Friday, 01 February 2013”

Anti-Labor Strike in Prison Memorial Honors in Yangon -VIDEO

Published on 1 Feb 2013

သာယာဝတီထောင် လေဘာတိုက်ပွဲ အထိမ်းအမှတ် ကျင်းပ

သာယာဝတီအကျဉ်းထောင်အတွင်း ၁၉၈၉ခုနှစ် လေဘာတိုက်ပွဲအမှတ်တရ အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ဖေဖော်ဝါရီ ၁ရက်နေ့က ကျင်းပခဲ့ပါတယ်။

Air Bagan Crash Caused by Human Error, Black-box Result Reveals-VIDEO

အဲပုဂံပျက်ရခြင်း လေယာဉ်မှူးဆုံးဖြတ်ချက်မှားယွင်­းလို့ ဖြစ်ရဟု ဆို

 

အဲပုဂံလေယာဉ် ပျက်ကျရတဲ့အကြောင်းရင်းဟာ စက်ချို့ယွင်းမှုကြောင်းမဟုတ်ဘဲ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက် အားနည်းမှုကြောင့်ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁ရက်နေ့မှာ စုံစမ်းစစ်ေ…

Attention !! BURMA: Ministry of Immigration don,t expel Mr Peburelelde Chassey Christophel, a French globetrotter

Nay Pyi Taw, 31 Jan- Immigration and National Registration Department under the Ministry of Immigration and Population has denied some media reports saying that it will expel Mr Peburelelde Chassey Christophel, a French globetrotter who accompanied peace marchers walking from Yangon to Laiza of Kachin State.
 
While the 43-member group was lodging at the church in No. 7 Ward in Toungoo, personnel from Toungoo Township Autho r i t ies met Mr Peburelelde Chassey Christophel, 44, holding tourist visa and passport PPNo. P 10 CT 52036 to tell him that his actions had broken visa regulations and sent him back to Yangon.
 
Then, Deputy Head of Yangon Region Immigration and National Registration Department handed over the French man to Mr Xavierd Argueuver, counselor of French Embassy on 30 January evening.
 
Although the French man was to be expelled for breaking visa regulations, he was just sent to embassy of his motherland without abolishing original rights embodied in entry visa in consideration of friendship between Myanmar and France.

mr.christofa,french reporter
mr.christofa,french reporter

ဦးသိန်းစိန် အစိုးရသည် ကေအိုင်အေနှင့် စပ်လျှဉ်း၍ ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှု ကျူးလွန်ခြင်း LEGAL AID NETWORK

ဦးသိန်းစိန် အစိုးရသည် ကေအိုင်အေနှင့် စပ်လျှဉ်း၍ ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှု ကျူးလွန်ခြင်း

ကေအိုင်အေက မိုင်းခွဲသဖြင့် ဆိုင်ကယ် ၃စီး ပျက်စီးကာ အရပ်သားသေဆုံးခဲ့သည် ဟူသော သတင်းကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၈ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် ဖေါ်ပြခဲ့သည်။ ယင်းနှင့် ပတ်သက်၍ သတင်းဓါတ်ပုံ မှားယွင်း ဖော်ပြကြောင်း ပြည်သူတဦးက ဖေါ်ထုတ်လာသည့်အတွက် ဇန်န၀ါရီလ ၃၁ ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ပြန် လည်တောင်းပန်စာ ထည့်သွင်းခဲ့ရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ၀ါရင့် သတင်းစာဆရာ ဦးဖိုးသောကြာက “မှားတတ် ကြပါတယ်။ဒါပေမဲ့ မှားပုံမှားနည်းက ၂ ချက်ရှိတယ် တမင်တကာ မှားတာနဲ့ မတော်တဆ မှားတာ။ တိုင်းပြည်နဲ့ ဆိုင်တဲ့ ကိစ္စဆိုတော့ တမင်တကာ မှား တတ် ကြတာပေါ့ ။ ဒီ မှားယွင်းမှုနဲ့  ပတ်သက်ပြီး တာဝန်အရှိ ဆုံးသူကတော့  အယ်ဒီတာချုပ်ပါ။” ဟု ပြောကြောင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ (၃၁) ရက်နေ့တွင် မဇ္ဇိမ အင်တာနက်သတင်းစဉ်၌ ဖေါ်ပြ ထားခဲ့သည်။ စင်စစ်အားဖြင့်မူ အယ်ဒီတာချုပ်မှာ ဒုတိယ တာဝန်အရှိဆုံးပုဂ္ဂိုလ် ဖြစ်ပါမည်။ မှားယွင်းမှုကို တမင်တကာ ကျူးလွန်ရန်ညွှန်ကြားသည့် ဦးသိန်းစိန်အစိုးရသည် ပထမ တာဝန်အရှိဆုံးဖြစ်သည်။

ဦးသိန်းစိန်အစိုးရသည် ကေအိုင်အိုဌာနချုပ်လိုင်ဇာအခြေပြုရာဒေသတ၀ိုက်တွင် အကြီးအကျယ် ထိုးစစ်ကြီးများ ဆင်နွှဲ နေကြောင်း တပြည်လုံးအသိ၊ တကမ္ဘာလုံးအသိ ဖြစ်သည်။ သတင်းစာဆရာ ဦးဖိုးသောကြာ ပြောသကဲ့သို့ပင် တိုင်း ပြည်နှင့် ဆိုင်သော ကိစ္စတွင် အစိုးရသည် ကေအိုင်အေနှင့် စပ်လျှဉ်း၍  တမင်တကာ သတင်းမှားဖေါ်ပြကြောင်း ပေါ်လွင်နေသည်။

Legal

လူသေဆုံးသည့်ပုံနှင့် ဆိုင်ကယ်ပျက်စီးသည့်ပုံ တသီးတခြားဖြစ်နေသည်။ လူတစ်ဦးသေနေသည့်ပုံကို တနေရာမှ ယူ ထားပြီး ဆိုင်ကယ်ပျက်စီးသည့် ပုံကို အခြားတနေရာမှ ယူကာ တွဲစပ်ဖေါ်ပြထားကြောင်းပေါ်လွင်သည်။ ယင်းသို့ သတင်းမှားကို လုပ်ကြံဖေါ်ပြခြင်းဖြင့် ကချင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ၏ ဂုဏ်သိက္ခာကို ထိပါးစေရန် တမင်ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ ဦးသိန်းစိန်အစိုးရ၏ စစ်တပ်သည် မိမိဘာသာ ပြစ်မှုကျူးလွန်ပြီး ကေအိုင်အေကို ပြည်သူအများ အထင်လွဲမှားစေရန် ရည်ရွယ်လုပ်ဆောင်သည့် သဘောလည်း ဆောင်သည်။ အောက် တွင် ဖေါ်ပြထားသော ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၉၉ အရ ဦးသိန်းစိန်အစိုးရသည် အသရေဖျက်မှုကို ကျူးလွန်ခြင်းဖြစ် သည်။

” မည်သူမဆို နုတ်ဖြင့် ဖြစ်စေ၊ ဖတ်ရှုစေရန်ကြံရွယ်သည့်စကားဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံ သဏ္ဍာန်ဖြင့် ဖြစ်စေ၊ လူတဦးတယောက်၏ အသရေကို နစ်နာစေရန်အကြံဖြင့်သော်၎င်း၊ ထိုသူနှင့် စပ်လျှဉ်းသော စွပ်စွဲ ခြင်းသည် ထိုသူ၏ အသရေကို နစ်နာစေမည်ဟု သိလျှက်နှင့် သော်၎င်း၊ ထိုသို့ယုံကြည်ရန်အကြောင်းရှိလျှက်နှင့် သော်၎င်း၊ ထိုသူနှင့် စပ်လျှဉ်းသောစွပ်စွဲချက်ကိုပြုလျှင် သို့တည်းမဟုတ် ကျေညာလျှင် အဆိုပါလူ၏ အသရေကို ဖျက် သည် မည်၏။ ”

ဦးသိန်းစိန်အစိုးရက ယင်းသို့မဟုတ်မမှန်လုပ်ကြံစွပ်စွဲခြင်းမှာ အသရေဖျက်မှုမြောက်ရုံသာမက ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုကို ထိခိုက်စေသဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပါ ပြိုကွဲအောင် လုပ်ဆောင်ခြင်းဖြစ်သည်။

အသေးစိပ်သိလိုလျှင် ဆက်သွယ်ရန်။             ဦးအမ်နော်မိန်း (ရှေ့နေ) (၉၅) (၀) ၉ ၄၇ ၆၀ ၆၆ ၈၆

Febuary 1,2013 by Myitkyina blog news