ပလောင်ကျေးရွာ အကြမ်းဖက်မှု ဖြစ်ရပ်မှန် MA SU SU NWAY ACTION ON FARMER PROTEST

ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ် ဆိုတာထက်၊ ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်ခဲ့ရပါတယ်။ ကျမတို့ဒီနေ့မနက်မှာ မအူပင်ဆေးရုံကြီးကို ရောက်ပါတယ်။ ဒဏ်ရာရထားတာတွေ၊အရိုက်ခံထားရတာတွေက မကြည့်ရက်စရာပါ။ မနေ့ညနေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ဒီနေ့မနက်မှာ ကျမတို့တတွေ မအူပင်မြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးနဲ့ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နေရာအထိ သွားရောက်ခဲ့ပါတယ်။ သက်ဆိုင်သူတွေနဲ့တွေ့ဆုံမေးမြန်းပြီး တတ်နိုင်သမျှ ညှိနှိုင်းဖြေရှင်းပေးခဲ့ပါတယ်။ လုံးဝပြေလည်သွားပါပြီလို့တော့ မဆိုနိုင်ပါဘူး။ လောလောဆယ်မှာ မနေ့ကလို အကြမ်းဖက်မှုမျိုး ထပ်မံမဖြစ်ပေါ်အောင်တော့ နှစ်ဖက်စလုံးကို ညှိနှိုင်းပေးခဲ့ပါတယ်။ ကျမသိခဲ့ရသမျှ ဖြစ်စဉ်ကို တင်ပြပါ့မယ်။ဒါပေမယ့် ကျမပြောသမျှသာလျှင် ဧကန်ဖြစ်ရပ်မှန်လို့တော့ တစ်ထစ်ချ မယူဆစေလိုပါဘူး။ ဒီ့ထက်ပိုမို ပြည့်ပြည့်စုံစုံ မေးမြန်းစုံစမ်းခွင့်၊သိရှိခွင့်ရဦးမယ်ဆိုရင် ဒီ့ထက်ပိုမိုတဲ့ ဖြစ်ရပ်မှန်တွေ ပေါ်ပေါက်လာနိုင်ပါသေးတယ်။ ဇာတ်လမ်းအစကတော့ ၂၀၀၆ခုနှစ်က၊မအူပင်မြို့နယ်အုပ်ချုပ်ရေးမှူးကနေ စတင်ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါ။ မအူပင်မြို့နယ်၊မလက်တိုကျေးရွာအုပ်စု၊ပလောင်ကျေးရွာအနီးရှိ မြေလွတ်မြေရိုင်းအများစုနဲ့ ပိုင်ရှင်ရှိလယ်မြေအချို့အပါဝင် လယ်မြေဧက(၅၅၀၀)ကို ရေဆိုးစွန့်ပစ်မြောင်းဖော်ဖို့ဆိုပြီး တရားမ၀င် သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် ရေဆိုးစွန့်မြောင်းစီမံကိန်းအတွက် အသုံးပြုတဲ့မြေက အနည်းအကျဉ်းသာဖြစ်ပြီး၊ မြေအများစုကတော့ ဒေါက်တာဦးမြင့်စိန်ရဲ့ Orchard Company ပိုင် ဖြစ်သွားပါတယ်။ အဆိုပါမြေတွေမှာ ဘာလုပ်ငန်းမှ ကြီးကြီးမားမား လုပ်ကိုင်တာမတွေ့မြင်ရပေမယ့် ထူးဆန်းတဲ့ မွေးမြူရေးလုပ်ငန်းတစ်ခုကိုတော့ ကြားသိခဲ့ရပါတယ်။ အဲဒါကတော့ မြွေတွေနဲ့ကြွက်တွေ မွေးမြူတယ်ဆိုတာပါပဲ။ သိမ်းယူထားခဲ့တဲ့ မြေအများစုဟာ မြေလွတ်မြေရိုင်းတွေအဖြစ်ပဲရှိနေပြီး ချုံနွယ်ပိတ်ပေါင်းတွေသာ ဖုံးလွှမ်းနေခဲ့ပါတယ်။ လယ်မြေအသိမ်းခံခဲ့ရသူတွေအပါဝင်၊ ရွာသူရွာသားအများစုဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ်ဆိုတာထက်၊ငတ်သထက် ငတ်လာကြတာမို့ မိမိတို့ရွာအနီးက ဒီမြေလွတ်မြေရိုင်းတွေနဲ့ အသက်ဆက်ကြဖို့ဟာ ရွေးချယ်စရာမရှိတဲ့ လမ်းတစ်ခု ဖြစ်ခဲ့ရပါတယ်။ တရားဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိသူတွေကိုယ်တိုင်က တရားလက်လွတ် လုပ်လာတဲ့အခါ၊ မိမိတို့အသက်ရှင်ရပ်တည်ရေးအတွက် တခြားရွေးချယ်စရာလမ်းမရှိတော့တဲ့ အငတ်ဘေးဆိုက်နေသူတွေက တရားဥပဒေဆိုတာကို အလေးမထားနိုင်တော့တာ ဘယ်လိုအပြစ်ဆိုဝံ့ကြမလဲ။ ဒီတော့ ကုမ္မဏီပိုင်ဆိုတဲ့မြေလွတ်တွေထဲမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မြေလွတ်မြေရိုင်း နှစ်ဧကလောက်အပေါ်မှာရှိနေတဲ့ ချုံနွယ်တွေကို ၀င်ရောက်ရှင်းလင်းကြပါတယ်။ ချုံနွယ်တွေ ၀င်ရောက်ရှင်းလင်းကြသူ ရွာသားတွေကို ရဲတပ်ဖွဲက လာရောက်တားမြစ်ပြီး၊ ပိုင်နက်ကျူးကျော်သူတွေအဖြစ် ကုမ္မဏီက အမှုဖွင့်

တရားစွဲဆိုထားကြောင်း အသိပေးပါတယ်။ ရွေးချယ်စရာ တခြားနည်းလမ်း မရှိတော့တဲ့ ရွာသားတွေအတွက်ကတော့ သေမထူးနေမထူး ဖြစ်နေရပြီမို့ နောက်ဆုတ်စရာလည်း မရှိတော့ပါဘူး။တရားဥပဒေဆိုတာထက် မျှတမှုကိုပဲ မျှော်လင့်မိကြတယ်။ ဒါက အကြမ်းဖက်မှုဖြစ်စဉ်ရဲ့ အခြေခံဇာတ်ပျိုးပါ။ မနေ့ကနေ့လည် မှာတော့ အရေးပေါ်အခြေအနေ ပုဒ်မ(၁၄၄)ထုတ်ပြန်ပါတယ်။ ရွာသားတွေကို ၀င်ရောက်ကျူးကျော်ထားတဲ့လယ်မြေတွေကနေ နောက်ဆုတ်ကြဖို့ ရဲတပ်ဖွဲ့က အသံချဲ့စက်နဲ့ကြေညာပါတယ်။ ဒါပေမယ့် ဘယ်သူမှမဆုတ်ခွာကြတဲ့အပြင် ရွာထဲက ကျန်ရှိနေသူတွေပါ ထပ်မံရောက်ရှိလာကြပါတယ်။ အမျိုးသမီးတွေနဲ့ ခလေးငယ်တွေပါ ပါဝင်လာကြပါတယ်။ စုစုပေါင်းရွာသူရွာသားတွေ(၅၀၀)ကျော် လောက်ဖြစ်လာပြီး၊ တစ်ဖက်မှာ ရဲတပ်ဖွဲ့ဝင်တွေက(၂၀၀)ကျော်လောက် ရှိနေပါတယ်။ နှစ်ဖက်စလုံးကလည်း ရွေ့ရွေ့နဲ့ ရှေ့ကို မျက်နှာချင်းဆိုင် ရွှေ့လာနေကြတာပါ။ ရဲတပ်ဖွဲ့က ရှေ့မတိုးကြဖို့ အသံချဲ့စက်နဲ့အော်တော့၊ရွာသားတွေကလည်း မင်းတို့ရှေ့မတိုးရင် ငါတို့လည်း မတိုးဘူးလို့ သံပြိုင်အော်ကြပါတယ်။ဒါပေမယ့် ဘယ်သူမှ မရပ်ကြတော့ မျက်နှာချင်းဆိုင် ကျွံမိကြတာပါပဲ။ရွာသူရွာသားတွေဖက်က စတင်ကျူးလွန်တယ်၊ကိုမောင်စိုးဆိုတဲ့လူက ဓားနဲ့စတင်တိုက်ခိုက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ မျက်နှာချင်းဆိုင်တိုးမိကြတော့ ရှေ့ဆုံးက ရွာသားတွေက လမ်းဖယ်ပေးလိုက်ကြတယ်။ ရဲတပ်ဖွဲ့ဝင်(၃၀)လောက်က လူအုပ်ထဲ ရောက်သွားတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တော့ နောက်ကအမျိုးသမီးတွေက ရှေ့တိုးလာကြတယ်။ အဲဒီ့မှာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်က နှမသားချင်းမစာနာဘဲ (နင်တို့မိန်းမတွေဟာ ငါတို့ယောက်ျားတွေရဲ့အောက်မှာပဲရှိတယ်ဆိုပြီး)ရိုင်းပြစွာပြောဆိုတော့ မမူမူဝင်းဆိုတဲ့အမျိုးသမီးက နင် မမိုက်ရိုင်းနဲ့ဆိုပြီး ၀င်ပြောပါတယ်။ အဲဒီမှာ ဆဲဆိုတဲ့ရဲတပ်ဖွဲ့ဝင်က သူ့ကို ပြန်ပြောရပါ့မလားဆိုပြီး မမူမူဝင်းကို လက်ကကိုင်လာတဲ့ နံပါတ်တုတ်နဲ့ရိုက်ပါတယ်။ ဒါကိုမြင်တော့ လူငယ်တွေက သည်းညည်းခံပြီး မနေသာတော့ပဲ ၀င်ရောက်ရိုက်နှက် ထိုးခုတ်မှုတွေ စတင်ဖြစ်ပွားရတာပါပဲ။ ဒီလိုရုန်းရင်းဆန်ခတ်တွေဖြစ်ပြီဆိုတော့ သေနတ်ပါလာပါတယ်။ အချက်ပေါင်း(၁၅၀)လောက် ပစ်ခတ်ခဲ့ပါတယ်လို့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ မိုးပေါ်ထောင်ပြီးပစ်တာ ဟုတ်မဟုတ်ကတော့ ဆေးရုံမှာ ရောက်ရှိနေကြတဲ့ သေနတ်ဒဏ်ရာနဲ့ လယ်သမားတွေက သက်သေခံကြပါလိမ့်မယ်။ စတင်ဆဲဆိုခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်လို့ ယူဆရသူကတော့ ပြင်းထန်တဲ့ဓားဒဏ်ရာကြောင့်ကွယ်လွန်သွားရှာပါပြီ။သူတို့လက်ချက်ဖြစ်တဲ့အကြောင်းလည်း ရွာသားတွေက ၀န်ခံပါတယ်။ အခုဆိုရင် ရွာသူရွာသားတွေအများစုက ရွာထဲကို မပြန်ရဲကြပါဘူး။ငတ်လို့ လယ်မြေတွေ ၀င်လုမိတာပါလို့လည်း ကျမကို ၀န်ခံကြရှာ ပါတယ်။ ကျမစကားကိုလည်း နားထောင်ပါ့မယ်တဲ့။ တစ်ခုပါပဲတဲ့။သူတို့ရွာထဲ ပြန်ဝင်ရင် မဖမ်းပါဘူး၊အရေးမယူပါဘူး ဆိုတာကိုတော့ အစ်မတာဝန်ယူပေးပါတဲ့။ ကျမ သူတို့ရဲ့ဆန္ဒအတိုင်း ညှိနှိုင်းကြည့်ပါသေးတယ်။တာဝန်ရှိသူတွေက(တိုင်ချက်ဖွင့်ထားတာမို့ ဥပဒေအရပဲ ဆောင်ရွက်ရမှာပါတဲ့)။ဒါ့ကြောင့် သူတို့ကို ရွာထဲပြန်လာဖို့တော့ ကျမ မတိုက်တွန်းခဲ့နိုင်ပါဘူး။

 

https://www.facebook.com/susu.nway

885852_279673072163819_1944959183_o885852_279673068830486_676117942_o882275_279670272164099_846093033_o859167_279658562165270_1233633899_o

 

MYANMAR-CHINA: GODFATHER OF GOLDEN TRIANGLE Naw Kham and three of his accomplices TO BE EXECUTED MARCH .

CNTV -KUNMING – Myanmar drug lord Naw Kham and three of his accomplices, all of whom wereconvicted of murdering 13 Chinese sailors on the Mekong River in 2011, will be executed bylethal injection on March 1 in the city of Kunming in Southwest China’s Yunnan province, acourt in Kunming said Wednesday.

d4bed9d4d2201244e0d11d

he court upheld death penalties for the case’s prime convicts – the Myanmar drug lord NawKham and three of his right-hand men.

The Provincial Higher People’s Court of Yunnan also sustained sentences for the two otherMyanmar convicts, known by their Chinese names Zha Bo and Zha Tuobo. They were handeda death sentence with two-year reprieve and eight years in prison, respectively.

The six were convicted of intentional homicide, drug trafficking, kidnapping and hijacking by alocal court in Kunming, capital of Yunnan, in November.

Nicknamed “The Godfather,” Naw Kham was the boss of the largest illegal armed drugtrafficking gang on the Mekong River, which flows through China, Laos, Myanmar, Thailand,Cambodia and Vietnam. Continue reading “MYANMAR-CHINA: GODFATHER OF GOLDEN TRIANGLE Naw Kham and three of his accomplices TO BE EXECUTED MARCH .”

တရုတ်က မြန်မာကို စစ်သုံးယာဉ် အစီး ၆ဝဝ ရောင်းပေး

ဝမ်ပေါင် နှင့် ဦးပိုင်တို့ လက်ပန်းတောင်းကြေးနီးစီမံကိန်း ကြောင့် ဒုက္ခရောက်ရတဲ့ လယ်သမားမိဘပြည်သူတွေရဲ့ တိုက်ပွဲက မပြီးသေး ခရိုနီလက်ပါးစေ ပြည်သူရဲတွေ မအူပင်လယ်သမားတွေကို မိုက်ကမ်းစွာ အကြမ်းဖက်သုံး၍ နိမ်နှင်းတာကြောင့် ရဲအချို့ ဒဏ်ရာအနည်းငယ်ရပြီး လယ်သမားများ ဒဏ်ရာပြင်းထန်ရသူကို ရနှင့် သေဆုံးသူတွေလည်း ရှိကြောင်း သတင်းတက်လာတော့ ဖားတပိုင်းငါးတပိုင်း ဗိုလ်ဦးသိန်းစိန် အစိုးရကို အလွန်ဒေါသထွက်မိပါသည်။

m22m66

အခုလည်း တရုတ် က မြန်မာစစ်တပ် ကိုချီးမြှင့်တယ့် အနေနဲ့ လားတော့ မသိ စစ်သုံးကား အစီး ၆ဝဝ ကို ရောင်းပေးလိုက်ပါသည်။ မြန်မာအနေနှင့် အနောက်အုပ်စုနှင့် မည်မျှပေါင်းစီးဖို့ ကြိုးစားကြိုးစား အာဏာရှင် စရိုက် မပျောက်သေး ၍ ဇာတိအမှန် ပေါ်လာစမြဲပါ။ တိုင်းရင်းသားလက်နက်ကိုင်တွေနှင့် တဖွဲ့ ပြီးတဖွဲ့ အပေါ်ယံ အပစ်ရပ် စာချုပ်ချုပ်သယောင်နဲ့ တဖွဲ့ ချင်းခွဲထုတ်ပြီး ပြန်တိုက်နေသည်ပင်။ ၂ဝ၁၂ က တည်းက ပြည်ထောင်စုအဆင့် အပစ်ရပ်ထားတဲ့ RCSS/SSA နှင့် လက်မှတ်ထိုးပြိးကတည်းက ယနေ့ ထိ တိုက်ပွဲ ၈ဝ ကျော်ထက်မနည်းရှိခဲ့ ပြီးဖြစ်သည်။

တရုတ်က ရောင်းပေးတဲ့ စစ်သုံးကားများဟာလည်း တိုင်းရင်းသားပြည်သူတွေကို အနိုင်ကျင့်သည့်နေရာမှာ သုံးမှာ ဖြစ်တယ်။ သမတ ဗိုလ်ဦးသိန်းစိန် ဥရောပ သွားနေချိန်နဲ့ အံကိုက် စစ်ယာဉ် ၁ဝဝ တော့ ယမန်နေ့ တင်္နလာနေ့ (ဖေဖာဝါရီ ၂၅) မူဆယ်ဘက်ကို ရောက်ရှိသွားပြီဟု တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက် ကပေးပို့ လာပါသည်။

myanmar: fire fight 24 February from 2:30 to 3:30 P.M. between the RCSS/SSA and IB 66 based in Kholum

A fire fight broke out on 24 February from 2:30 to 3:30 P.M. between the RCSS/SSA and a column from Burma Army’s IB 66 based in Kholum, Southern Shan State, killing 5, including its leader, Col Kyaw Myint Htun. 8 assorted guns, a walkie-talkie and other military hardware were captured, according to SSA spokesman Sai Hsai Merng.  He said that the RCSS has written to inform President Thein Sein that the intrusion of the Burma Army into its area has triggered the clash and that it is ready to hand over the captured weapons, if the government so desired

———

Renewed armed conflict between the Shan State Progress Party/ Shan State Army (SSPP/SSA) and Burma Army, which started last week continues sporadically even after President Thein Sein ordered its troops to stop offensive last Saturday, according to SSA news sources.

On 23 February, the Shan State Progress Party/ Shan State Army (SSPP/SSA) sent a letter to the President, containing six points, after which the Burma Army began to posture as if it was withdrawing, when in reality it was not doing anything of that nature.

Following the letter to the President, head of the north-eastern military command sent a message to Lashio SSPP/SSA liaison officer that the SSA should not ambush the Burma Army, while they collect their deaths.

“They were not just collecting their deaths and wounded but closing in on SSA positions. Also troops under the Military Operation Command 2 were reinforcing the area around Mong Awt, Mong Hsu Township. At the moment, military tension is on the rise around Wan Loi village and if armed conflict occurs it could be prolonged”, according to a SSPP/SSA officer.

http://www.english.panglong.org/index.php?option=com_content&view=article&id=5276:despite-presidents-new-ceasefire-directive-burma-army-continues-offensive-on-ssa&catid=86:war&Itemid=284

PRESIDENT U THEIN SEIN MEETS WITH PROTESTER -ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေလေးနာရီခွဲကျော်မှာ နိုင်ငံတော်သမ္မတကြီး ဟာ နော်ေ၀၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးအပြီး တည်းခိုတဲ့ The Continental Hotel ကို ပြန်လာပါတယ်။

75200_336128856500723_1401276706_n

President said go and talk to the demonstrator and explain what them and listen them. The two person met with president and one ask constitution change. The other one never been to burma, she is karen grown up in camp. They offer her to visit to see change in Burma cause she’s never been burma before For constitution, they said should be change through parliament according to the section 122 in constitution. THey said they never said we can’t amend constitution , you can do it according to the law. They said they are showing their praticing dialouge culture through different groups.

 

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေလေးနာရီခွဲကျော်မှာ နိုင်ငံတော်သမ္မတကြီး ဟာ နော်ေ၀၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးအပြီး တည်းခိုတဲ့ The Continental Hotel ကို ပြန်လာပါတယ်။

ကျွန်တော်တို့ ယာဉ်တန်းဟိုတယ်ရှေ့ရောက်တော့ လမ်းတစ်ဖက်မှာ လူသုံးဆယ်၊ လေးဆယ်လောက် ဆိုင်းဘုတ်များထောင်ပြီး ဆန္ဒပြနေတာ ကို တွေ့ရပါတယ်။

ဒါကိုတွေ့တဲ့ သမ္မတကြီးက ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကို အဲဒီ ဆန္ဒပြသူ တွေထဲက ဦးဆောင်သူအချို့နဲ့တွေ့ ပြီး သူတို့ ပြောချင်တာကို နားထောင်ဖို့ ၊ ပြီးရင် မိမိတို့လုပ်ဆောင်နေတာတွေကို ရှင်းပြဖို့ မှာပါတယ်။

ဒါ့ကြောင့် ဦးစိုးသိန်းနဲ့ ကျွန်တော်က ကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ ဦးမြင့်အေး နဲ့ ဒေါ်နန်းကြည်အေးကို တစ်နာရီကျော် တွေ့ဆုံခဲ့ပါတယ်။

သူတို့နှစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် သူတို့ အမြင်တွေ ကိုပြောပါတယ်။ ဦးမြင့်အေးက မြေသိမ်းဆည်းမှုများနဲ့ပတ်သက်ပြီး သူ့ခံစား ချက်များကို သီးခြားပြောသလို ဒေါ် နန်းကြည်အေးကလည်း ကရင်တိုင်းရင်း သားများအခြေအနေနဲ့ပတ်သက်ပြီး သူ့ခံစားချက်များကို သီးခြားပြောပါတယ်။  Continue reading “PRESIDENT U THEIN SEIN MEETS WITH PROTESTER -ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေလေးနာရီခွဲကျော်မှာ နိုင်ငံတော်သမ္မတကြီး ဟာ နော်ေ၀၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးအပြီး တည်းခိုတဲ့ The Continental Hotel ကို ပြန်လာပါတယ်။”

MYANMAR BURMA Police Maubin Township shot and wounded farmers VIDEOS

photo credit Irrawady  news65526_420186388072900_97874334_n166743_420186568072882_1869766990_n

Police in southwest Burma on Tuesday shot and wounded at least nine farmers who were among hundreds trying to take back land they say was confiscated by a private company without compensation, according to police and activists.

The violence erupted in a cluster of villages in Ayeyarwady division’s Maubin township after about 300 to 500 farmers defied police warnings and moved to furrow some 500 acres (200 hectares) of land they say were seized over a decade ago. Continue reading “MYANMAR BURMA Police Maubin Township shot and wounded farmers VIDEOS”