ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဆိုသည်မှာ…..
ဒီ ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကို လူအများစုက ဘာမှန်း သေခြာမသိကြဘူး…. လူတစ်ချို့က လူသားခြင်း စာနာမှုနဲ့ ရောချကြတယ်၊ လူတစ်ချို့က လူ့အခွင့်အရေး၊ လူတစ်ချို့က သူ့ဟာသူနေတာပဲ ထားလိုက်ပါလို့ ပြောကြတယ်…… ကဲ ဒါဖြင့် ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဆိုတာ ဘာလဲ၊ ဘယ်လောက်အထိ ဘာတွေ ဖြစ်သွားနိုင်လဲ၊ လူသားခြင်း စာနာထောက်ထားရမယ့် အရာလား၊ လူ့အခွင့်အရေးနဲ့ ဆိုင်သလား စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်ပါမယ်…..
ထူးခြားသည့် သမိုင်း၊ မြင့်မားသည့် ယဉ်ကျေးမှုနှင့် နေထိုင်လာသည
့် ရခိုင်လူမျိုးများ ပြယုဂ်
ကျွန်တော် ပထမ ရေးထားတဲ့ စာကို ဖတ်ပီးသူတိုင်း ဘင်္ဂါလီ ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံမှာ ရှေးယခင်ကပင် တည်ရှိနေတဲ့ တိုင်းရင်းသား မဟုတ်ဘူး ဆိုတာ နားလည် သဘောပေါက် လက်ခံမှာပါ….. ဒီလောက် ကမ္ဘာမှာ စည်းနဲ့ စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်တွေရဲ့ မှတ်တမ်း မှတ်ရာတွေမှာ ရိုဟင်ဂျာဆိုတာ တစ်လုံး တစ်ပါဒမျှ မတွေ့ရပဲ လွတ်လပ်ရေးနှောင်းပိုင်းမှ မူဂျာဟစ်တွေ တောင်းဆိုမှုနဲ့ ရိုဟင်ဂျာတွေ ထောင်းလမောင်းထလာတာကို ကြည့်ခြင်းအားဖြင့် ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့ တိုင်းရင်းသား မဟုတ်မှန်း သိကြမှာ ဖြစ်ပါတယ်….
ဒီနေရာမှာ ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ Origin မူဂျာဟစ်တွေကို လေ့လာကြည့်ပါ……. အင်္ဂလိပ်တွေ စစ်ပြေးတော့ သူတို့ အိန္ဒိယက (အဲ့ဒိတုန်းက အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် မကွဲပြားသေးပါဘူး… တစ်ပေါင်း တစ်စည်းတည်းကို အိန္ဒိယလို့ ခေါ်ပါတယ်…) ခေါ်လာတဲ့ စစ်ဗာရီတွေကို လက်နက် တပ်ဆင်ပေးခဲ့တော့ နဂိုကတည်းက မြန်မာပြည်ကနေ ခွဲထွက်ချင်တဲ့ မူဂျာဟစ် ခေါ်တောတွေဟာ ရခိုင်ရွာတွေ၊ မြို့တွေကို ဓါးပြတိုက်၊ ရွာလုံးကျွတ် မီးရှို့၊ လူမျိုးတုန်း အစုလိုက် အပြုံလိုက် သတ်ဖြတ်၊ ရခိုင် အမျိုးသမီးတွေကို မုဒိမ်းကျင့်ပီး သတ်ဖြတ်ခြင်း အစရှိတဲ့ လူမဆန်တဲ့ ရက်စက် ယုတ်မာမှုတွေကို ကျူးလွန်ခဲ့ကြပါတယ်….
၁၉၄၅ အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို ပြန်ဝင်လာတဲ့ အခါကြတော့လည်း အဲ့ဒိ မူဂျာဟစ် ခေါ်တောတွေဟာ ဘူးသီးတောင်၊ မောင်းတော ဒေသတွေကို ကြိုဝင်လာကြတယ်…. အတွင်းအထိလည်း ၀င်နိုင်သမျှ ၀င်လာခဲ့ကြတယ်….. အိန္ဒိယကနေ ပါကစ္စတန် ခွဲထွက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဘူးသီးတောင်၊ မောင်းတောကို ပါကစ္စတန်ထဲ ပေါင်းထည့်ဖို့ ပါကစ္စတန် ခေါင်းဆောင် အလီဂျင်းနားကို တောင်းဆိုခဲ့တာမှာ အလီဂျင်းနားဟာ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုတဲ့အတွက် လက်မခံဘူးဆိုတဲ့ ကတိကြောင့်သာ မြန်မာနဲ့ ပါကစ္စတန် နယ်နိမိတ် အရေး စစ်မခင်းခဲ့ရတာပါ…..
ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ်ရယ်လို့ ခွဲထွက်ပီးတဲ့ အခါမှာတော့ ဘူးသီးတောင်၊ မောင်းတောကို အာသာငန်းငန်းနဲ့ လိုချင်ဇော ပြင်းပြလာတဲ့ ဘင်္ဂလားဒေ့ရှ်တွေဟာ မူဂျာဟစ်တွေကို လက်နက်ထောက်ပံ့ပေးပီး တကျော့ပြန် သောင်းကျန်းမှုကို အစပြုစေခဲ့ပါတယ်……. မြန်မာကမ်းရိုးတန်း ဒီလောက် ရှည်လျားတာမယ် ဘူးသီးတောင် မောင်းတောမှာသာ ဒီလူမျိုးရေး ပြဿနာ ဖြစ်နေ တာကို သတိထားမိရင် ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ပါတ်သက်မှုတွေကို အထင်အရှားတွေ့နိုင်မှာ ဖြစ်ပါတယ်……
လူမျိုးတစ်မျိုးမှာ စာပေ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်း ဆိုတာ အတိအကျကို ရှိပါတယ်…. အခုလက်ရှိ ရိုဟင်ဂျာတွေ သုံးနှုန်းသော ဘာသာစကား၊ စာပေ အတိအကျ ခိုင်ခိုင်မာမာ မရှိပါဘူး…. အာရပ်တွေ သင်္ဘောပျက်လို့ ရောက်လာလျင် အာရပ်စကားသာ သုံးနှုန်းရမှာ ဖြစ်ပါတယ်…. သိုရာတွင် ယခု ဘင်္ဂါလီ ရိုဟင်ဂျာတွေ သုံးနှုန်းနေသည်မှာ ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီတို့ သုံးနှုန်းတဲ့ ဘာသာစကားသာ ဖြစ်ပါတယ်….. ယဉ်ကျေးမှု အနေနဲ့လည်း မယ်မယ် ရရ ပြစရာ မရှိသလို၊ သမိုင်း ဆိုသည်မှာလည်း လိမ်လည်ရေးသား နေကြသဖြင့် တစ်ယောက် တစ်ပေါက်နှင့် အမြှီးအမေါက် မတည့်တာကို ကြည့်ခြင်း အားဖြင့် ရိုဟင်ဂျာဆိသည့် လူမျိုးသည် ဘင်္ဂလားဒေ့ရှ်မှ လာသော ဘင်္ဂါလီ လူမျိုးများသာ ဖြစ်တယ်ဆိုတာ ငြင်းလို့ မရပါဘူး….
ဒါဆိုရင် ဘင်္ဂါလီ ရိုဟင်ဂျာအရေးဟာ လူသားခြင်း စာနာထောက်ထား သင့်တယ်လို့ပြောလာတယ်…. သူတို့ကော လူမဟုတ်ဘူးလားလို့ ပြောလာကြတယ်….. အခုလည်း လူသားခြင်း စာနာထောက်ထား တဲ့အပြင် ဘူးသီးတောင် မောင်းတော ဒေသဟာ မြန်မာပြည်မှာ INGO တွေ ဒုတိယ အများဆုံး ရုံးစိုက်ရာ ဒေသလို့တောင် သတ်မှတ်လို့ ရလောက်အောင် နိုင်ငံတကာက အကူအညီပေးရေး အဖွဲ့တွေ ရုံးစိုက် လုပ်ကိုင်နေတာ အထင်အရှားပါ….. ဒီနေရာမှာ ဘာလို့ သူတို့ကို ပန်းရောင် မှတ်ပုံတင် ပေးမကိုင်သလဲ….. ရှင်းနေပါတယ်… ဘင်္ဂလားဒေ့ရှ်က ဆင်းသက်လာတဲ့ မူဂျာဟစ်က အသွင်ပြောင်း ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ ကျွန်တော်တို့ တိုင်းရင်းသား မဟုတ်တဲ့အတွက် သူတို့ကို နိုင်ငံသား မှတ်ပုံတင် မပေးနိုင်ပါဘူး…..
နိုင်ငံသား မှတ်ပုံတင်ဆိုတာ နိုင်ငံတိုင်းမှာ တိုင်းတပါးသား လူမျိုးခြားတွေကို အလွယ်တကူ ထုတ်ပေးရိုးလည်း ထုံးစံ မရှိပါဘူး…. လူ့အခွင့်အရေးကို အင်မတန်လေးစားပါတယ် ဆိုတဲ့ အမေရိကန် နိုင်ငံမှာတောင် Green Card ပေါက်တိုင်း Citizen တန်းဖြစ်တာ မဟုတ်ပါဘူး….. ဒါကို မေ့ထားလို့ မရပါဘူး…. ဒီနေရာမှာ နိုင်ငံသား လျှောက်ထားချိန်မှာ မိမိလျှောက်ထားတဲ့ နိုင်ငံအပေါ်ကို သစ္စာစောင့်သိရမှာ ဖြစ်ပါတယ်….. အဲ့ဒိအတွက် သမိုင်းကြောင်းတွေအရ မြန်မာနိုင်ငံကို လွတ်လပ်ရေး မရခင်ကတည်းက ခွဲပီး ဖဲ့ထုတ်ဖို့ ကြိုးစားခဲ့တဲ့ မူဂျာဟစ်တွေရဲ့ မျိုးဆက်၊ အခုလက်ရှိလည်း တိုင်းပြည်အပေါ်မှာ သစ္စာစောင့်သိခြင်း အလျဉ်းမရှိ၊ ဘင်္ဂလားနဲ့ မြန်မာ ရေပိုင်နက် ကိစ္စမှာ ဘင်္ဂလားကို Gratifying လှမ်းလုပ်တဲ့ လူမျိုးတွေကို ကျွန်တော်တို့နိုင်ငံအနေနဲ့ လွယ်ကူစွာ နိုင်ငံသားဖြစ်ခွင့် ပေးဖို့ရန် မဖြစ်နိုင်ပါဘူး….. Continue reading “BURMA ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဆိုသည်မှာ…..James Mmt”
You must be logged in to post a comment.