အစိုးရတပ်မှတိုက်ပွဲအပြီး ကျောင်းထိုင်ဘုန်းကြီးအား လူဝတ်လဲပြီးဖမ်းဆီးထား

အစိုးရတပ်မှတိုက်ပွဲအပြီး ကျောင်းထိုင်ဘုန်းကြီးအား လူဝတ်လဲပြီးဖမ်းဆီးထား

Saturday, 26 October by Ta’ang Land

TAANG LAND

ယမန်နေ့ ၂၀၁၃ခုနှစ်၊ အောက်တိုလာလ(၂၅)ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း၊ တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော နမ့်ဆန်မြို့နယ်၊ ပန်အလော့ကျေးရွာတွင် နံနက်(၇)နာရီ မိနစ်(၄၀) မှ ၁၀ နာရီ ၂၅ မိနစ်အထိ မြန်မာတပ်ရင်းအမှတ်(၅၀၆)မှ တပ်ရင်းမှူးဇော်မျိုးလတ်နှင့် နမ့်ဆန်ပြည်သူ့စစ်ထွန်းမြတ်လေး ဦးဆောင်သည့်သော အင်အားတစ်ရာတို့ နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)မှ တားအေဲမ်းတမောဝ်းနှင့်တားအလုမ်တို့ ဦးဆောင်သော တပ်ရင်း (၇၁၇နှင့်၂၅၆)တို့စစ်ဖြစ်ပွားကြောင်း ရရှိပါသည်။ ဒဏ်ရာရစာရင်းနှင့် အသေအပျောက် စာရင်းအားသိရှိနိုင်ရန် ဆက်လက်စုံစမ်းနေကြောင်းသိရှိပါသည်။

ထိုကြောင့် အောက်တိုဘာလ(၂၅)ရက် ညနေပိုင်း (၃)နာရီအချိန်မှစ၍ မြန်မာတပ်ရင်း အမှတ်(၅၀၆) တပ်ရင်းမှူးဇော်မျိုးလတ်မှ အိမ်ခြေ(၅၀)ခန့်ရှိ ပန်အလော့ရွာသူ၊သားများအား ရွာပြင်ဘက်သို့ မထွက်ရ၊ ထွက်ပါက အပြစ်ပေး အရေးယူမည်ဟုအမိန့်ထုတ်ပြန်ထားကြောင်းသိရသည်။

ထိုအပြင် အစိုးရတပ်ရင်းဘက်မှ ပန်အလော့ကျေးရွာတွင်းရှိ ဘုန်းကြီးကျောင်းတွင် TNLA တပ်ရင်း၏ ဆိုင်ကယ်အားတွေ့ရှိပြီး စစ်ဆေးရာမှ ဆိုင်ကယ်အတွင်း လက်ပစ်ဗုံးတစ်လုံး ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထိုလက်ပစ်ဗုံးအား ကျောင်းထိုင်ဆရာတော်ပိုင်ဆိုင်သည့် လက်ပစ်ဗုံးဟု စွပ်စွဲကာ ကျောင်းထိုင် ဆရာတော်အား အတင်းလူဝတ်လဲပြီး ဖမ်းချုပ်ထားကြောင်းသိရသည်။

“သူတို့က ဘုန်းကြီးကတအာင်းတပ်မတော်နဲ့ပတ်သက်မှုရှိတယ်၊ ဒီလက်ပစ်ဗုံးကိုလည်း ဘုန်းကြီးပဲ ပိုင်တယ်ဆိုပြီး အတင်းသင်္ကန်းကျွတ်ပြီး ဖမ်းထားတယ်…အခုချိန်ထိတော့ ပြန်မလွတ်ပေးသေးဘူး တကယ်တော့ သူတို့ဟာသူတို့ဆိုင်ကယ်လာထားတာ ဘုန်းကြီးနဲ့ဘာမှမဆိုင်ပါဘူး ’’ ဟုရွာသားတစ်ဦး မှဆိုသည်။

တိုက်ပွဲနောက်ပိုင်း၂၆ရက်နေ့တွင် မြန်မာတပ်ရင်းဘက်မှမိုင်းငေါ့၊ခွန်းခါး၊ကတောဆံင့်နှင့်ကျောက်မဲ ဒေသတို့တွင် နောက်ထပ်တပ်ရင်း ( ၃)တပ်ရင်း ချီတတ်ခဲ့ကြောင်း သိရသည်။

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s