သံတွဲ သတင်း။။။။။ စုစည်းမှု
(7;00 နာရီသတင်း)
—————————
သံတွဲ ရွှေလှေ သဗြူးချိုင်တွင် ကုလားများ အသာစီးရနေကြောင်း
သတင်းရရှိပါတယ်..ကြိုတင်စုဆောင်းထားသော ဗလီထဲမှ လက်နက်ခဲယမ်းများကို
အသုံးချကာ လက်ဦးမှုးရယူသွားပြီဖြစ်ပါကြောင်း..ဓားတုတ်ဆွဲကာ
အမျိုး ဘာသာကို ခုခံကာကွယ်သောကြောင်း လက်ရှိအချိန်တွင်
ရွှေလှေတွင်..ရခိုင် (၅)ဦးထက်မနည်း ကျဆုံးနေကြောင်း သတင်းပေးပို့လာပါတယ်။။။
———————————————(၇း၃၀ နာရီသတင်း)
Photo – Mg Laypyay Aung
RNG Wai Hun Aung
သံတွဲအခြေအနေ ဆက်သွယ်မေးမြန်းနိုင်တဲ့ ဖုန်းနံပတ်များ …
———————————
– ရွှေလှေစခန်း 0949668613
– သဗြုချိုင်ရွာ အုပ်ချုပ်ရေးမှူး 09250124087
– ကိုမြင့်နိုင် 09-421754505
– ကိုသန်းဝင်း 09-421735557
– ခင်မောင်သန်း 09-421754155
– ကိုညီလေး 09-421754234
– သားသား 09-421754166
– ကိုနေဝင်း 09-421762425
– ကိုဋ္ဌေး 09-421737986
Ref: ပရော်ဖက်ဆာဒေါက်တာကြွက်
Breaking News
သံတွဲမြို့နှင့် ကျေးရွာများတွင် နေအိမ်နှင့်အဆောက်အအုံများ မီးရှိုခံရ၊ လုံခြုံရေး ထိန်းမနိုင်
======================
October 1, 2013
သံတွဲမြို့နှင့် ကျေးရွာများတွင် ယနေ့ နေအိမ်၊ ဗလီနှင့်အဆောက်အအုံများ မီးရှို့ခံနေရပြီး လူအုပ်စုဖြင့် လိုက်လံရန်ပြုမှုများ ရှိနေကြောင်း၊ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုကွဲစေရန် ဆောင်ရွက်နေရသော်လည်း လုံခြုံရေး အထူးစိုးရိမ်ရသည့်အခြေအနေရှိနေကြောင်း သတင်းရရှိသည်။
ဧရာဝတီ
———–
သံတွဲတွင် ပုဒ်မ ၁၄၄ အား အချိန်တိုးမြှင့် (ညနေ ၄း၁၀-နာရီ)
=================================
အောက်တိုဘာ၊ ၁
M-Media
ဇာဏီ
သံတွဲမြို့တွင် ပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်) ထုတ်ထားပြီး ည ၉-နာရီအထိ လျော့ချ သတ်မှတ်ထားခဲ့ရာမှ ယခုအခါ ညမထွက်ရအမိန့်ကို ညနေ ၆-နာရီသို့ ပြန်လည် တိုးမြှင့်လိုက်ကြောင်းကို ယနေ့ ညနေ ၄း၁၀-နာရီအချိန်တွင် သံတွဲမြို့ပေါ်၌ အသံချဲ့စက်ဖြင့် လိုက်လံ သတိပေးနေကြောင်း သံတွဲမြို့ခံမှ M-Media ကို သတင်းပေးပို့လာပါတယ်။
သံတွဲမြို့ဟာ ၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကတည်းက ဒေသခံ မွတ်စလင်မ် တို့၏ နေအိမ်များကို အကြမ်းဖက်မီးရှို့မှုများ ဖြစ်ပေါ်မှုကြောင့် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားပေမယ့် ဒေသခံ မွတ်စလင်မ် နေအိမ်များနှင့် ဗလီကျောင်းများကို လူစုလူဝေးနဲ့ မီးရှို့၊ လုယက် အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပါတယ်။
October 1, 2013
သံတွဲမြို့အကြမ်းဖက်မှုများ ဆိုးရွားလာနေ၊ အကြမ်းဖက်သမား ထောင်ချီ ပါဝင်နေပြီး ကမန်တိုင်းရင်းသူ မွတ်ဆလင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့
သံတွဲမြို့ ရွှေလှေသပြုချိုင်ကျေးရွာကို အကြမ်းဖက်သမားများ မီးရှို့ လူသတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း လုံခြုံရေးအင်အား နည်းပါးနေ
သံတွဲ၌ ၃ရက်ကြာ တင်းမာမှုများ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီး ညမထွက်ရအမိန့်ကို ည ၆-မနက် ၆ ပြောင်းလဲထုတ်ပြန်
သံတွဲမြို့၌ အကြမ်းဖက်တိုက်ခိုက်မှုများ နာရီပေါင်းများစွာ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရက ည၉နာရီတွင် သတင်းထုတ်ပြန်မည်ဟုဆို
Kamayut Media
————
သံတွဲမြို့ ညနေပိုင်း အခြေအနေ
==================
နိုင်ဦး – MMM
အောက်တိုဘာ ၁ ၊ ညနေ ၆း၀၀
သံတွဲမြို့ တွင် ယခု အကြမ်းဖက်သမားများက မြို့ပြင်သို့ ထွက်ခွာနိုင်သော လမ်းများ အား ပိတ်ဆို့ထားလျက်ရှိကြောင်း၊ မှောင်လျင်စမည်ဟု မြို့တွင်း လိုက်လံပြောကြားနေကြောင်း သိရှိရပါသည်။
အနီးပတ်ဝန်းကျင်ရှိ ရွာများမှ အကြမ်းဖက်သမားများ စုရုံးနေကြောင်း မြို့တွင်းရှိမွတ်စ်လင်မ်များမှာ မိမိတို့အိမ်များတွင် ရှိနေကြောင်း၊
” သူတို့ ဒ်ီည မြို့ကို ရှင်းမယ်ပြောတယ်၊ ကျွန်တော်တို့ ထွက်ပေါက်မရှိဘူး ထိုင်စောင့်နေကြတယ်၊ ကျွန်တော်တို့ ခုခံလို့ နိုင်ချင်လဲ ခုခံနိုင်မယ် မနိုင်ယင်လဲ အားလုံးကုန်သွားမယ်၊ ဘာပဲ ဖြစ်ဖြစ်ရှိတဲ့သူအားလုံး ခုခံမယ်၊ ကျွန်တော်တို့ အတွက် ဆုပဲတောင်းပေးပါဟူ သံတွဲမြို့တွင်နေထိုင်သူ ကိုမောင်မျိုးမြတ် က မြန်မာမွတ်စလင်မ် မီဒီယာ၏ မေးမြန်းချက်အား ဖြေကြားခဲ့ပါသည်။