14.11.2013 ရက်နေ့မှာ OIC အကြီးအကဲများ မြန်မာပြည်လာမည်ဟု သိရသော ရဟန်းရှင်လူ ပြည်သူများက OIC ကို ပေးချင်သည့် မက်ဆေ့ခ်ျများပေးကြတော့မည်ဖြစ်ကြောင်း သိရသည်။
OIC အကြီးအကဲများ ၄င်းတို့လူမျိုး ၄င်းတို့ ဘာသာဝင်များကို လာရောက်တွေ့ဆုံ အားပေးကြသည်ကို လက်ခံကြောင်း၊ ရိုဟင်ဂျာကို အသက်သွင်းခြင်း၊ ၈၂-ဥပဒေကို ဖျက်ဆီးခြင်း၊ အစိုးရအား အတင်းအကြပ် ဖိအားပေး အနိုင်ကျင့်ခြင်း၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းများကို လုံးဝ (လုံးဝ) အလိုမရှိကြောင်း၊ စစ်တွေ၊ ရန်ကုန်၊ မိတ္ထီလာ မြို့ကြီးများမှ ဆန္ဒထုတ်ဖော်ပြည်သူများက ဆိုင်းဘုတ်များကိုင်ကာ OIC ကို ကြိုဆိုနေကြတော့မည်ဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (ဗဟို) နှင့် မန္တလေး အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးရှိ ရဟန်းသံဃာများက OIC အဖွဲ့ ပြဿနာများယူလာ-မလာ။ ပြဿနာများ ဖန်တီးခဲ့-မခဲ့ အကဲခတ်လေ့လာကာ လိုအပ်သော တုန့်ပြန်မှုများကို မဆိုင်းမကွ တုန့်ပြန်ဖို့ရန် အဆင်သင့်ပြင်ထားကြကြောင်း သိရသည်။
Wira Thu