MYANMAR: Photo News From Namlimpa Village ,Mansi township 23.11.2013

IDP CAMP

အစိုးရတပ်များ ၀င်ရောက်နေရာယူ တပ်စွဲထားပြီးနောက် မန်စီမြို့ နယ်ထဲ မှ နမ့်လင်းပါ ၊ မုန်းဒိန်ပါကျေးရွာ များမှ စစ်ပြေးဒုက္ခသည်များ၏ နောက်ဆုံးအခြေအနေ

 

ရခိုင်ပြည်နယ် မူလတန်းကျောင်းများ အတွက် ဂျပန် အလှူရှင် တစ်ဦး ကန်ဒေါ်လာ ငါးသောင်း ကူညီ

ရခိုင်ပြည်နယ် မူလတန်းကျောင်းများ အတွက် ဂျပန် အလှူရှင် တစ်ဦး ကန်ဒေါ်လာ ငါးသောင်း ကူညီ

(နိရဉ္စရာ- ၂၃ နိုဝင်္ဘာ ၂၀၁၃)

ရခိုင်ပြည်နယ် အတွင်းရှိ မူလတန်းကျောင်းများ ပြန်လည် တည်ဆောက်ရန် အတွက် ဂျပန်နိုင်ငံမှ အလှူရှင် တစ်ဦးက အမေရိကန်ဒေါ်လာ ငါးသောင်း ကူညီလှူဒါန်းလိုက်ကြောင်း သတင်း ရရှိသည်။

၎င်းအလှူငွေအား ဂျပန်နိုင်ငံ တိုကျိုမြို့နေ အလှူရှင် Mr.IKKA AKINARI ကိုယ်စား Mr.HAN JAEHTEOH က သပိတ်အိုင် သီတဂူဆရာတော် ဒေါက်တာ အရှင် ဥာဏိဿရမှ တဆင့် နိုဝင်္ဘာလ ၁၉ ရက်နေ့က လှူဒါန်းလိုက်ကြောင်း နိုဝင်္ဘာလ ၂၂ ထုတ် ကြေးမုံ သတင်းစာတွင် ဖေါ်ပြသည်။

အလှုငွေ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခွဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူသာသနာ့ ဗိမာန်တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အခမ်းအနားတွင် အလှူရှင် ကိုယ်စား MR. HAN JAEHYEON က မြန်မာနိုင်ငံသည် အလွန် နှစ်သက်စရာ ကောင်းပြီး မြန်မာလူမျိုးတို့သည် ရိုးသားဖြူစင်ကြသဖြင့် ကလေးငယ်များ မူလတန်း ပညာရေး အဆင့် ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်ခုကို တည်ထောင် ရာတွင် ကလေးငယ်များကို ပြုစုပျိုးထောင်ခြင်းသည် အရေးပါအရာရောက်သည့် လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ ကလေးငယ်များ ပညာရည်မြင့်မားမှ တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်းပြောကြားသည်ဟု သိရသည်။

သီတဂူဆရာတော်ကြီးအား အကူအညီနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ရန် အတွက် နိရဉ္စရာက အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုံးပိတ်ထားသည်ဟု အကြောင်းပြန်ပြီး ဆက်သွယ်၍ မရရှိခဲ့ပါ။

၎င်း အလှူရှင် Mr.IKKA AKINARI ယခင်ကလည်း စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးဒေသရှိ မူလတန်းကျောင်း အတွက် ကျပ်သိန်း ၅၀၀ နှင့် ဆေးရုံအတွက် ကျပ်သိန်း ၁၅၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခု အလှူငွေသည် ရခိုင်ပြည်နယ် ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

http://www.narinjara.com/burmese/?p=7907

MYANMAR-BURMA: Dozen arrested in Arakan relating to minor girls’ murders

Dozen arrested in Arakan relating to minor girls’ murders

17-11-2013 An Arakanese young girl aged( 5) was brutally murdered and keep underground . Peolpe found 18-11-2013 10:00 morning at Paut Taw - west phayoungka iland Soe Mea Kyi village .
17-11-2013 An Arakanese young girl aged( 5) was brutally murdered
and keep underground . Peolpe found 18-11-2013 10:00 morning at Paut Taw – west phayoungka iland Soe Mea Kyi village .

 

Mi Mi Nge,
Mi Mi Nge,

(Sittwe, 21 November 2013) : At least 12 people have been arrested by the Arakan police suspecting their hands with the recent two minor girl murders which took place separately in the State on November 17 and 18 last.

A police officer from Kyauk Taw police station informed that 7 persons were arrested on suspicion for their role in Mi Mi Nge (6 years old) murder case. The daughter of U Shwe Aung and Daw Moe Moe San from Kyar Nyo Byint village under Kyauk Taw township was murdered by the miscreants on November 18, 2013.

“The police personnel from Apauk Wa police station arrested 4 Rakhine residents from Kyar Nyo Byint village and 3 Muslims from a nearer village to Kyar Nyo Byint. We have gathered some important clues relating to the incident and the investigation is hopefully going on in right direction,” said a police officer on duty.

The victim girl (Mi Mi Ngay) went on missing on the night of 18th November after she ran for some grocery items from a shop located at the border of Kyar Nyo Byint village. Her body was recovered next morning from a farm nearby to the village.

The police have also arrested 5 other persons from Soe Mae Kyi village under Pauk Taw township for the other minor girl murder that took place in Soe Mae Kyi village on November 17, 2013.

A local village elder informed Narinjara over phone that at least 5 individuals from their village were picked up by the police and brought them to Pauk Taw police station for investigation process.

All the arrestees are from Khami community who are being identified as Ko Aung Naing Soe, Ko Kar Lu, Ko Khin Tun Aung, Ko Yin Maung and Ko U Kyaw Win, the village elder added.

Mentionable is that Zalattwa (5 years old), daughter of U Shwe Mi and Daw War War Oo from Soe Mae Kyi village under Pauk Taw township was murdered by the unknown assailants on the evening of 17th November, when the minor girl went missing after celebrating the full moon night with her friends .Her body was also recovered next morning.

The Arakan authority confirmed that all these people were arrested in connection with the murder of two minor girls, but it denied that the incidents had any direct link with the sectarian violence that broke out in Arakan few weeks back.

http://www.narinjara.com/main/index.php/dozen-arrested-in-arakan-relating-to-minor-girls-murders/

RNDP: (၆၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မီတီ ၏ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား မြန်မာနိုင်ငံသားဖြစ်ခွင့် အပြည်အ၀ပေးရေး

coral arakan news
(၆၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မီတီ ၏ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား မြန်မာနိုင်ငံသားဖြစ်ခွင့် အပြည်အ၀ပေးရေး တိုက်တွန်းဆုံးဖြတ်ချက်အား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ က ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေငြာချက်။
စာမျက်နှာ- တစ်–(၆၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မီတီ ၏ ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများအား မြန်မာနိုင်ငံသားဖြစ်ခွင့် အပြည်အ၀ပေးရေး တိုက်တွန်းဆုံးဖြတ်ချက်အား ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ က ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေငြာချက်။
စာမျက်နှာ- နှစ်-rndp statement1460990_695517613801149_1329596969_n

NAY MYO ZIN : တသက်လုံး အမှောင်ထုတွင်သာ နေခဲ့ရသော သူတို့ ဘ၀ ယနေ့ည မှ စ လင်း

တသက်လုံး အမှောင်ထုတွင်သာ နေခဲ့ရသော သူတို့ ဘ၀ ယနေ့ည မှ စ လင်းထိန်သော ဆိုလာ အလင်းမီးချောင်းဖြင့် ခန့်ခန့်ထည်ထည် နေသွားနိုင်ပြီမို့ ပျော်နေသော သူတို့ အပြုံးများမှသည် အလှူရှင်များ အတွက် ကြည်နူးမှုများ ဆက်ကာဆက်ကာ ဖြစ်လာပါစေသတည်း
—————————————-
လှည်းကူးမြို့နယ် အတွင်းရှိ ပန်းခြံဆိုသော ကျေးရွာစုလေး အတွင်း ရွာလုံးကျွတ် မီးလင်းရေး အလှူအဖြစ် ဆိုလာအလင်းမီးချောင်း ဘက်ထရီ အစုံပေါင်း လေးဆယ် ကို ယနေ့ သွားရောက်လှူဒါန်းပေးခဲ့ရာ ဒေသခံ တောင်သူလယ်သမား ခေါင်းဆောင် ပရဟိတ စိတ်ထက်သန်သူ လယ်သမား လုပ်ငန်းရှင် ဦးကိုကိုနိုင် မှ လှူဒါန်းသော အလှူငွေ ကျပ် နှစ်သိန်း နှင့် ဆိုလာ အလင်း မီးချောင်းများ အလှူလက်ခံသူ ကျေးရွာသားများ က တပိုင်တနိုင် တတ်နိုင်သမျှ ( ငွေ မတတ်နိုင်သူ တကျပ်မှ လှူရန် မလိုသောကြောင့် ) ပြန်လည် လှူဒါန်းပေးရာ ကျပ် တစ်ထောင်မှ အထက် တတ်နိုင်သမျှ ပြန်လည် လှူဒါန်းသည့် စုပေါင်း အလှူငွေ ကျပ် တစ်သိန်း လေးသောင်းလေးထောင် ကျပ် စုစုပေါင်း သုံးသိန်းလေးသောင်းလေးထောင်ကျပ် ကို ပြန်လည် လက်ခံ ရရှိခဲ့သည်။၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း မှ ကိုစိုးထွန်းသို့ ပြည်သူလူထုက လှူဒါန်းပေးထားသော အလှူငွေ ကျပ် ငါးသိန်းကိုလည်း မိမိထံသို့ ပေးလှူပါသဖြင့် စုစုပေါင်း အလှူငွေ ရှစ်သိန်းလေးသောင်းလေးထောင်ကျပ် အလှူလက်ခံ ၇၇ှိခဲ့ရာ ယနေ့ လှူဒါန်း ခဲ့သည့် ဆိုလာ အစုံပေါင်း လေးဆယ် အတွက် စုစုပေါင်း ကုန်ကျငွေမှာ ကျပ် ကိုးသိန်းခုနှစ်သောင်းငါးထောင် (၉၇၅၀၀၀) ကုန်ကျရာ တစ်သိန်းသုံးသောင်း တစ်ထောင်သာ ယနေ့ မိမိတို့ အဖွဲ့မှ စိုက်ထုတ်လှူဒါန်းပေးခဲ့ရသဖြင့် နောက်ထပ် ကျေးရွာလုံးကျွတ် မီးလင်းရေး လုပ်ဆောင်ပေးရန် ဆက်လက် စီစဉ်ရမည်ဖြစ်ပါသည်။

မကြာမှီ ရက်ပိုင်း အတွင်း ကျေးရွာလုံးကျွတ် မီးလင်းရေး အလှူများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး အိမ်ခြေ သုံးဆယ်ရှိသည့် ကျေးရွာ တရွာ ရွာလုံးကျွတ် မီးလင်းရေး အတွက် ကျပ် ခုနှစ်သိန်း ခန့်သာ ကုန်ကျသည် အတွက် အလှူရှင် အစုအဖွဲ့လိုက် ကူညီလှူဒါန်း ပေးနိုင်လိမ်မည်ဟု ယုံကြည်ပါသည်။

မိမိတို့ အဖွဲ့မှလည်း ကျေးလက် ဒေသ အနှံ့ ရွာလုံးကျွတ် မီးလင်းရေး လူမှု ဘ၀များ မြင့်မားတိုးတက်လာစေရေး တာဝန်ရှိသူများ နှင့် အတူ လက်တွဲပြီး အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

မိမိတို့ အဖွဲ့အစည်း အလိုက် ကျေးရွာလုံးကျွတ် မီးအလင်းဓါတ် အလှူ ပြုလိုသော အဖွဲ့များ အနေဖြင့် ကျေးရွာမှ တပိုင်တနိုင် ပြန်လည် လှူဒါန်းငွေ ၊ ဒေသခံ လုပ်ငန်းရှင်များက ပံ့ပိုးငွေ၊ အလှူရှင်များက လှူဒါန်းငွေ အားလုံး စုဆောင်း စီစဉ်ပြိး စေတနာ ထပ်ပေါင်း အကြောင်းဆုံသော အခါ ရွာလုံးကျွတ် ဆိုလာ စနစ်ကို အသုံးပြုသည့် အိမ်တိုင်းစေ့ မီးချောင်း အလင်း အသုံးပြုနိုင်သည့် ဖွံ့ဖြိုးသော လူနေမှု ဘ၀များစွာ ထပ်မံ ပေါ်ထွက်လာမည်မှာ သေချာနေပေတော့သည်။

994047_635059883198815_443427229_n1472070_635059306532206_1346431671_n

 1463725_635047659866704_1215201087_n

U WIRA THU : “သင်္ဃန်းကျွန်း အငြင်းပွားဖွယ် စာသင်ကျောင်းသတင်း”

“သင်္ဃန်းကျွန်း အငြင်းပွားဖွယ် စာသင်ကျောင်းသတင်း”
^^^^^^^^^^^^^^^^^^^^^^^^^^^^^
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ င/ကရပ်ကွက်၊ ဝေဇယန္တာလမ်း၊ အစ္စလာမ့်လင်းရောင်ခြည် စာသင်ကျောင်း ဆောက်လုပ်သည်ကို ရပ်ကွက်သူ/သားများက ကန့်ကွက်စာတင်ထားသည်မှာ ကြာခဲ့ပြီဖြစ်သည်။
ပြန်လည်စစ်ဆေးခြင်းစသည့် အရေးတယူပြုသင့်သည်များကို တာဝန်ရှိသူများက မလုပ်ဆောင်ကြသောကြောင့် ရပ်ကွက်သူ/သားများက မကျေမနပ်ခဲ့ကြသည်မှာလည်း ကြာခဲ့ပြီဖြစ်သည်။
ထင်သာမြင်သာမရှိသော အကာအရံမြင့်မားစွာ လျှို့ဝှက်တည်ဆောက်နေမူကြောင့် ရပ်ကွက်နေပြည်သူများ သံသယကြီးထွားကာ စိုးရိမ်သောကကြီးမားလာရခြင်းကြောင့် သက်ဆိုင်ရာကို စာတင်ခဲ့ရသည့်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
သတ်မှတ်အကျယ်အဝန်းထက်ပိုမိုဆောက်လုပ်သည်ဟု ထင်မှတ်နေခြင်း၊ တင်ပြသည့်စာသင်ကျောင်း မဟုတ်ဘဲ ဗလီဆောက်သည်ဟု ထင်မြင်လာကြခြင်းကြောင့် ဝိုင်းဝန်းကန့်ကွက်တားမြစ်လာရခြင်းဖြစ်ပေသည်။
ဆရာတော် တစ်ပါးကိုယ်တိုင် ဝင်ကြည့်၍ ဓာတ်ပုံမှတ်တမ်းများရိုက်ယူခြင်း၊ မူလအဆောက်အအုံဟောင်း အတိုင်း ဟုတ်/မဟုတ် တိုင်းတာခြင်းတို့ကို ပြုလုပ်ပြီးနောက် ခွင့်ပြုမိန့်ပါစည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီသောကြောင့် ထပ်မံမကန့်ကွက်တော့ပေ။
ရပ်ကွက်မှ ကန့်ကွက်သောကြောင့် တစ်ပိုင်းတစ်စကြီး ရပ်တန့်ထားရာမှ ယခုအခါ ပြန်လည်ဆောက်လုပ်ခြင်း ဖြစ်သည်။
အစ္စလာမ့်လင်းရောင်ခြည် အာရဗီစာသင်ကျောင်းဥက္ကဋ္ဌ ဦးယာရှင်က စည်းကမ်းနှင့်အညီ ဆောက်လုပ်ခြင်းဖြစ် ကြောင်း လုံးဝအာမခံခဲ့ပြန်သည်။
ယနေ့ 22.11.2013 မွန်းလွဲ 1:00 နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော် သံဃာတော်များက ပြန်လည်စိစစ်ပေးဖို့ ယဉ်ကျေးသိမ်မွေ့စွာ ကြည်ညိုဖွယ်ဆောင်သော အသွင်အပြင်ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးထံသို့ ချီတက်၍ စာတင်တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ပြန်လည်စိစစ်ပေးရေး၊ စိစစ်ပြီးပါက ဥပဒေဘောင်အတွင်းမှ တည်ဆောက်ခွင့် ပြုသင့်/မပြုသင့် ဆုံးဖြတ် အရေးယူရေးတို့က အဓိကဖြစ်ခဲ့သည်။
အစိုးရအနေဖြင့် သာကေတဗလီပုံစံမျိုး မရိုးသားမှုများကို တွေ့ရှိရပါက ပြတ်ပြတ်သားသား အရေးယူဆောင် ရွက်ဖို့ လိုကြောင်းနှင့်၊ အမှန်တကယ် ရိုးသားပြီး စည်းကမ်းချက်များနှင့် ညီပါကလည်း ရဲရဲတင်းတင်း ခွင့်ပြုပေးဖို့ လိုပေသည်။
အရေးယူတားမြစ်သည်ဖြစ်စေ၊ ဆက်လက်ခွင့်ပြုသည်ဖြစ်စေ-ရဟန်းရှင်လူပြည်သူအများကို ပွင့်လင်းမြင်သာ ရှင်းပြ ချပြပြီးမှ ဆောင်ရွက်ရမည်ဖြစ်ပေသည်။
စိုးရိမ်မှု ကြီးမား၍ တားမြစ်သည်ဖြစ်စေ၊ အမှန်တကယ် အန္တရာယ်ရှိသောကြောင့် တားမြစ်သည်ဖြစ်စေ သံဃာထုနှင့် လူထု၏ နိုးကြားမှုကို အသိအမှတ်ပြုရမည်ဖြစ်သည်။
ရခိုင်နှစ်ကြိမ် အကြမ်းဖက်ခံရမှု၊ ဘင်္ဂလားဒေ့ရှ်တစ်ကြိမ် အကြမ်းဖက်ခံရမှုတို့ကြောင့် တစ်နိုင်ငံလုံး နိုးကြားတက်ကြွလာခြင်းဖြစ်ရာ-R.S.O များကို ကျေးဇူးအထူးတင်ရမည်ဖြစ်ပေသည်။ ၄င်းတို့သာ ဂျီဟဒ် မလုပ်လျှင် မြန်မာပြည်သူတို့ အိပ်မောကျနေပေဦးမည်။ ထိုအခါ ရခိုင်ပြည်ကို အသာတကြည် သိမ်းပိုက် နိုင်မည်ဖြစ်သည်။
အခုတော့…..R.S.O ရေ တာ့တာပဲကွာ။ တစ်လက္မတောင် မရစေရဘူး-မှတ်ထားလိုက်ပါ။

1450750_359597167517131_1793168788_n1458636_359597137517134_321475283_n1453542_359597110850470_136296494_n

မလေးရှားရောက်မြန်မာများဧရာဝတီစေတနာ့ဝန်ထမ်းအဖွဲ့သစ် မလေးရှားတွင်ဖွဲ့စည်း

 

myanmar in malaysia

ဧရာဝတီစေတနာ့ဝန်ထမ်းအဖွဲ့သစ် မလေးရှားတွင်ဖွဲ့စည်း
************************************

23.11.2013 (Malaysia)

မလေးရှားရောက် မြန်မာများအားလုံးသိပြီးသည့်အတိုင်း မလေးရှားတွင် ဖြစ်ပျက်ခဲ့သမျှ လူမှု့ရေးအခက်အခဲများ ၊ ဒုက္ခရောက်သူများ နှင့် သာရေးနာရေး မှန်သမျှကို မလေးရှားရှိ လူမှု့အဖွဲ့အစည်း များ နှင့် ပရဟိတ အဖွဲ့အစည်းများက ယနေ့အထိ တတ်နိုင်သရွေ့ ကူညီဖြေရှင်းပေးနေခဲ့သည် ။
ပြီးခဲ့သည့် မြန်မာနိုင်ငံသားများကြားဖြစ်ပွားခဲ့သော ပြဿနာများအတွင်း မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ၊ အသင်းအဖွဲ့များ ၊ ဖောင်ဒေးရှင်းများ မှ ကူညီမှုသည် ယနေ့မလေးရှားရောက် မြန်မာများ သမိုင်းတွင် မှတ်တမ်းတင်နိုင်သည်အထိ ထိရောက်စွာကူညီပေးသွားခဲ့ကြသည် ။ ကျွန်တော်တို့ ကျေးဇူးအထူးတင်သည် ။

ယခင်ယခင် ဖြစ်ပျက်နေသော လူမှု့ ပြဿနာများ ၊ အလုပ်သမားပြဿနာများအတွက် မည်သည့်ဖြေရှင်းမှု့မျိုး မှ မရခဲ့သော်လည်း ယခုအခါ အစိုးရသစ်၏ စီမံချက်များကလည်း တစ်ဘက်တစ်လမ်းမှ ထိရောက်လာခဲ့သည် ။

မြန်မာသံရုံးတွင် ယခုအခါ အလုပ်သမားရေးရာ တာဝန်ခံ ဦးစိုးဝင်သည် ကျွန်တော်တို့ မြန်မာအလုပ်သများ၏ မတရားခံရမှုများ ၊ နစ်နာကြေးများ ၊ ထိခိုက်ဒဏ်ရာရရှိမှုများအတွက် တာဝန်ခံဆောင်ရွက်ပေးနေသာအခါ နစ်နာသော အလုပ်သမားများအတွက် အားကိုးရာ တစ်ခုအနေဖြစ်လာခဲ့ရသည် ။ ကျွန်တော်တို့ မလေးရှားရောက် မြန်မာများသည် ယခု အားကိုးရာမဲ့ သလိုမခံစားရတော့ … မိမိနိုင်ငံသားများအရေးကို ထိထိရောက်ရောက် ကာကွယ်ပေးမှုများ စီမံမှုများအားလုံးကို ကြိုဆိုသည် ။

ထို့အတူ မလေးရှားနိုင်ငံတစ်ဝန်းလုံးရှိ လူမှု့အဖွဲ့အစည်းများအားလုံးအတွက် ကျွန်တော်တို့ မလေးရှားရောက် မြန်မာများစာမျက်နှာမှ အစဉ်တစိုက် အားပေး ကူညီသွားမည်ဖြစ်သည် ။

ယခု တစ်ဖန် မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ပြီးခဲ့သည့် မြန်မာနိုင်ငံသားများမြန်မာပြည်ပြန်ရေး တာဝန်ယူ လုပ်အားပေးသွားသော သူများမှ ဆက်လက်ပြီး ဧရာဝတီစေတနာ့ဝန်ထမ်းအဖွဲ့ -မလေးရှားကွန်ယက် ကို ဖွဲ့စည်းကြောင်း သိရသည် ။

ထိုအဖွဲ့၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ၊ စီမံမှုများ ၊ ပူးပေါင်းဆောင်ရွက်မှုများ ၊ ရည်ရွယ်ချက်များကို လာမည့် ၂၄.၁၁.၂၀၁၃ (တနင်္ဂနွေနေ့) တွင် ကပုန်းဘုန်းတော်ကြီးကျောင်း၌ ဖွင့်ပွဲအခမ်းအနားအဖြစ် ဖွင့်လှစ် ပြီး မလေးရှားမှ လူမှု့ဝန်ထမ်းများ ၊ ဖိတ်ကြားထားသူများ ၊ နိုင်ငံသားများ နှင့် မြန်မာပြည်မှ အထူးဖိတ်ကြားထားသော ဧည့်သည်များ နှင့်အတူ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည် ။

မည်သို့ဖြစ်စေ အကူညီပေးမည့် လက်တစ်ဘက်တိုးလာနိုင်စေကြောင်းမလေးရှားရောက် မြန်မာများ အဖွဲ့မှ မျှော်လင့်သည် ။

AYEYARWADDY VLOUNTEER ASSOCIATION(AVA)
ခေါ် လူမှု့ဝန်းထမ်းအဖွဲ့အစည်းမှ မလေးရှားရောက် မြန်မာများကို – မလေးရှားရောက်မြန်မာများ facebook စာမျက်နှာမှတဆင့် အောက်ပါအတိုင်းဖိတ်ကြားကြောင်း အသိပေးတင်ဆက်ရပါသည် ။

နေ့ရက် – ၂၄.၁၁.၂၀၁၃ (တနင်္ဂနွေနေ့)
အချိန် – နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီင်္
နေရာ – ကပုန်းဘုန်တော်ကြီးကျောင်း
NO – 19 , JALAN 38 , DESA JAYA , KEPONG.

1453266_241997855968550_283336034_n
မလေးရှားရောက် မြန်မာများ facebook fun page
www.facebook.com/mmrinmy