Day: November 6, 2013
MYANMAR-BURMA: MSF-Holland (AZG) Golfing With Generals In Myanmar

On the other side are aid organisations that have chosen to work inside the country. They argue that aid can be delivered responsibly and reach people in need of assistance without undue advantage to the junta.
MSF-France Supporting KNU On Thai-Burma Border
The French section of MSF began working with refugees from the Karen ethnic group in Thailand in early 1984 and was active until the 2000s in villages and camps along the border and in running cross-border operations into territory held by the rebel Karen National Union (KNU).
MSF-Holland (AZG) Supporting Bengali-Muslims on Bangladesh-Burma Border
The common explanation—whispered in the corridors of aid offices in Yangon and throughout the MSF movement—for the Dutch section’s success operating in this authoritarian state is that “the head of MSF-H plays golf with the generals”.
The French section of MSF began working with refugees from the Karen ethnic group in Thailand in early 1984 and was active until the 2000s in villages and camps along the border and in running cross-border operations into territory held by the rebel Karen National Union (KNU).
The Dutch section’s primary rationale for intervening was to investigate health needs in border areas beset by armed conflict, and to be a witness for the outside world of what was going on.

Less was known about the hardships faced in Kachin State bordering China, where the Dutch section initially wished to go. Speaking publicly about the causes of suffering constituted an important element in MSF’s desire to intervene.
Repression elsewhere in Myanmar also “qualified” the country for MSF’s attention. Northern Rakhine State is home to Muslim Rohingyas and smaller Hindu minorities who are denied citizenship, and as such are more vulnerable than most to the arbitrary abuse of power by Myanmar officials.
AZG ဆိုတာကို့လာကြည့်ပါ။_ AZG (ခေါ်) MSF-Holland ရဲ့ မြန်မာနိုင်ငံတွင်း
http://www.mediafire.com/view/p3ex9mmts1zkakd/AZG_MFS_HOLLAND.pdf
ဂီရိမုန်တိုင်း ကျရောက်ခဲ့သော ၂၀၁၀ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်သို့ NGO,INGO အဖွဲ့အစည်းများ စတင် ရောက်ရှိလာပြီး ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခများ ဖြစ်ပေါ်ချိန်တွင်လည်း နိုင်ငံတကာလူမှုရေး အဖွဲ့အစည်းများ ထပ်မံရောက်ရှိလာခဲ့သည်။
မဇ္ဈမ မှဒီလိုရေးထားတယ်။ ဒါပေမဲ့ရခိုင်ပြည်မှာ ကုလားတွေအတွက် လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်ကပင်ရောက်နေတာကိုမသိဘူး၊
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/15463-msf
AZG ဆိုတာကို့လာကြည့်ပါ။
==================
AZG (ခေါ်) MSF-Holland ရဲ့ မြန်မာနိုင်ငံတွင်းကို ၀င်လာရတဲ့အဓိကရည်ရွယ်ချက်ဟာ သူတို့အခေါ် ရိုဟင်ဂျာ ကျွန်တော်တို့အခေါ် ဘင်္ဂါ လီတွေအတွက် အန္တိမရည်မှန်းချက်ထားပြီးဝင်လာတာ ဖြစ်ပါတယ်။ အဲသည် ရည်မှန်းချက်နဲ့ မြန်မာပြည်ကိုသွားစေဖို့ အလှူရှင်တွေရဲ့ ငွေ အားမောင်းနှင်မှုနဲ့ ဒီကိုရောက်လာကြတာဖြစ်ပါတယ်။
MSF အပိုင်းအသီးသီးတို့ရဲ့ မြန်မာပြည်ကိုဝင်ရောက်လှုပ်ရှားမှုသမိုင်းအသေးစိတ်ကို MSF ရဲ့ဝက်ဘ်ဆိုဒ်ပေါ်မှာပဲ ရေးတင်ထားတဲ့ ဒေါက် တာ ဖီယိုနာတယ်ရီ (Dr Fiona Terry) ရေးသားတဲ့ Myanmar. “Golfing with the Generals” ဆောင်းပါးမှာ တိတိကျကျ သရုပ်မှန်ကို သိရမှာဖြစ်ပါတယ်။ အဲဒီဆောင်းပါးကိုဖတ်ကြည့်ရင် alibi project (မျက်နှာဖုံး ရုပ်ပြစီမံကိန်း) အစရှိတဲ့ ထူးဆန်းသောဝေါဟာရ အသစ် အဆန်းတွေ တွေ့ရပြီးသကာလ ရေနံငွေကို နောက်ခံပြုထားတဲ့ NGO တွေနဲ့ပတ်သက်လို့ ဗဟုသုတများစွာတိုးပွားမှာ ဖြစ်ပါတယ်။
မြန်မာပြည်ကိုဝင်ရောက်အလုပ်လုပ်ခဲ့ကြတဲ့ MSF ရဲ့ အပိုင်းခွဲ သုံးပိုင်းဖြစ်တဲ့ MSF-France၊ MSF-Switzerland နဲ့ MSF-Holland တို့အ နက်မှာ ပထမဆုံးမြန်မာနိုင်ငံနဲ့ ထိစပ်အလုပ်လုပ်တာက MSF-France အပိုင်းဖြစ်ပါတယ်။ MSF-France ဟာ ထိုင်း-မြန်မာ နယ်စပ်တောက် လျှောက်မှာ မြန်မာနိုင်ငံကိုဝင်မလာပဲ ၁၉၈၄ ခုနှစ်လောက်ကတည်းက နှစ်ပေါင်းများစွာ ကျယ်ကျယ်ပြန့်ပြန့် အလုပ်လုပ်ခဲ့တယ်။ မြန်မာ ပြည်ထဲကိုဝင်လာဖို့ ပထမဦးဆုံးအကြိမ်လျှောက်ထားတဲ့အခါ အောက်ပိုင်းဗျူရိုကရက်တွေက ထောက်ခံပေးလိုက်ပေမယ့် ဗိုလ်ချုပ်ကြီးတွေ က စိစစ်တဲ့အဆင့်ကို ရောက်တဲ့အခါကျတာ့၊ ထိုင်းနယ်စပ် အကူအညီပေးရေးလှုပ်ရှားဆောင်ရွက်မှုတွေ KNU နဲ့ ဆက်စပ်မှုတွေကြောင့် ပယ်ချခြင်းခံရတယ်။
ဒါကြောင့်မို့လို့ MSF-Holland က (ဘင်္ဂါလီ) ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ၀င်ရောက်ဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ သတိကြီးစွာထားပြီးလုပ်ဆောင်ပါတယ်။ ပထမဦးဆုံးအချက်အနေနဲ့ ထိုင်း-မြန်မာနယ်စပ်မှာအလုပ်လုပ်နေကြတဲ့ MSF-France နဲ့ သူတို့ကို ဆက်စပ်မမြင် မိအောင် MSF-Holland ဆိုတဲ့ သူတို့နာမည်အရင်းမသုံးပဲ သူတို့ရဲ့ ဒတ်ခ်ျဘာသာ နာမည် AZG (Artsen zonder Grenzen) ကိုခံယူပါတယ်။ MSF ကိုမသုံးပဲ AZG ဆိုတဲ့နာမည်ကိုသုံးတာကြောင့် MSF အသိုက်အ၀န်းရဲ့ မျက်ခုံးပင့်ကြည့်မှုကို ခံရသော်ငြားလည်း ဒီလိုမျက်နှာ ဖုံးစွပ် လုပ်ရပ်ကြောင့် အောင်မြင်သွားပါတယ်။ AZG လို့ပဲခေါ်ခေါ် MSF-Holland လို့ပဲခေါ်ခေါ် သူတို့အဖွဲ့ဟာ မြန်မာပြည်ထဲကို အောင်အောင် မြင်မြင်ဝင်လာနိုင်ခဲ့တယ်။ ရုံးစိုက်အခြေချမယ့် AZG ရဲ့ ပထမဆုံး တရားဝင်ကိုယ်စားလှယ်တော် ပုဂ္ဂိုလ်မြတ်ဟာ ၁၉၉၂ ခုနှစ် ဇွန်န၀ါရီလမှာ ရန်ကုန်မြို့ကို ဆိုက်ရောက်တော်မူပါတယ်။
UNICEF ရဲ့ ကမကထပြုမှုအားဖြင့် လုပ်ငန်းတွေကို စတင်ချိတ်ဆက်တယ်။ UNICEF နဲ့ အဆောက်အအုံ တစ်ခုတည်းမှာ ရုံးခန်းဖွင့်တယ်။ ကျုပ်တို့ရွာမှာ အရင်ရောက်နှင့်နေတဲ့ UNICEF ကတော့ AZG ကို ရွာကာလသားတွေနဲ့မိတ်ဆက်ပေးပြီး လမ်းကြောင်းရှင်း ပေးတယ် လို့ပဲ ဆိုပါတော့။
AZG က အကွက်ကျကျ ခြေလှမ်းတွေလှမ်းလာပုံကို ဒေါက်တာဖီအိုနာတယ်ရီက ဒီလို ရေးထားတယ်။
During the long period of negotiations to enter the country, AZG’s attention focused on the plight of Rohingyas in Rakhine State, following a government crackdown on dissent in 1991 and 1992 which provoked 250,000 to flee to Bangladesh. But access to Rakhine State was not what the government had in mind, and in its first year AZG was directed towards providing healthcare in Shwepyithar township on the outskirts of Yangon. AZG agreed to this proposal for “strategic” reasons, as a “foot-in-the-door” through which to build relationships of trust with officials, and encourage openings in areas with more pressing needs.
AZG ရဲ့ အဓိကအာရုံစူးစိုက်နေတဲ့ အရေးအရာက ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီ (ရိုဟင်ဂျာ) တွေရဲ့အရေးဖြစ်ပေမယ့်၊ ရခိုင်ပြည်နယ်ဘက်ကို AZG ကို သွားလာဆက်သွယ်ခွင့်ပေးဖို့ကို အစိုးရက စိတ်ကူးထဲမှာတောင် ထည့်မထားတဲ့အချိန်ဆိုတော့ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ ဆေးခန်းတစ်ခန်းဖွင့်တဲ့ ခြေလှမ်းကို “မဟာဗျူဟာမြောက်” ခြေလှမ်းအနေနဲ့ စတင်လှမ်းလိုက်ပါတယ်တဲ့။
ဒါဟာ သူတို့အခေါ် “foot-in-the-door” လို့ခေါ်တဲ့ သက်ဆိုင်ရာအရာရှိများနဲ့ ချစ်ကြည်မှုတည်ဆောက်ရေး ခြေလှမ်းမျိုးဖြစ်တယ်။ ဒါက မှတစ်ဆင့် အရာရှိကြီးတွေနဲ့ ဂေါက်ရိုက်တာတို့၊ အရာရှိကြီးတွေကို လက်ဆောင်ပေးတာ မိတ်ဆွေဖွဲ့တာတို့လုပ်ပြီး မိမိတို့သွားချင်တဲ့ နေရာဆီ တဖြည်းဖြည်းရောက်အောင် သွားနိုင်မှာမို့လို့ဖြစ်တယ်။ Continue reading “AZG ဆိုတာကို့လာကြည့်ပါ။_ AZG (ခေါ်) MSF-Holland ရဲ့ မြန်မာနိုင်ငံတွင်း”
MYANMAR BURMA PROTEST ELECTRIC FEE လျှပ်စစ်ဓါတ်အားခတိုးမြှင့်ံခြင်းအတွက် ဆန္ဒထုတ်ဖော်
yangon press
ဓါတ်ပုံ – ခင်မောင်မြင့်
ယနေ့ညနေ ၆ နာရီအချိန်ခန့်က လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်သည့် Generation Youth မှ ကိုတင်ထွဋ်အောင်ကို ကျောက်တံတားရဲစခန်း ကျောက်တံတားရဲစခန်းက ပုဒ်မ(၁၈) ဖြင့်တရားစွဲဆိုခဲ့ပြီး ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့မှ ကိုသိန်းမြင့်အောင် ကို ပန်းဘဲတန်းရဲစခန်းက ခေါ်ဆောင်သွားသည်ကိုတွေ့ရသည်။
“လျှပ်စစ်ဝန်ကြီးဌာနထုတ်ပြန်ချက် အလိုမရှိ” ဟု ကြွေးကြော်ကာ မြို့တော်ခန်းမရှေ့၊ အနော်ရထာလမ်းမှတစ်ဆင့် ဗိုလ်အောင်ကျော်လမ်းအထိ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့သည်။ ဆန္ဒဖော်ထုတ်သူ တစ်ရာကျော်ခန့်ရှိမည်ခန့်မှန်းသည်ဟု ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးကပြောသည်။

POPULAR MYANMAR NEWS
လျှပ်စစ်ဓါတ်အားခတိုးမြှင့်ံခြင်းအတွက် ဆန္ဒထုတ်ဖော်
ရန်ကုန်-နိုဝင်ဘာ၆
လျှပ်စစ်ဓါတ်အားခများတိုးမြှင့် ကောက်ခံမှုနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သူများသည်
ယနေ့ညနေက ဆူးလေလမ်းမကြီးတလျှောက်ဆန္ဒထုတ်ဖော်ခဲ့သည်။
ဆန္ဒထုတ်ဖော်သူအယောက်၅၀ကျော်ခန့်ရှိကာ
ဆုလေဘုရားတစ်ပတ်ဖယောင်းတိုင်များထွန်းကာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။YN
Ex-PM Thaksin claims anti-amnesty principle twisted
“မြန်မာအလုပ်သမတစ်ဦးအဓမ္မပြုကျင့်ခံရခြင်းကိစ္စအား MAT ညှိနှိုင်းပေးန
ယမန်နေ့မွန်းလွဲပိုင်းက ဘန်ကောက်မြို့အနီး စမူပါကန်ခရိုင် ဘန်ဖီးမြို့နယ်တွင်ရှိသော aerosoft ဖိနပ် အလုပ်ရုံမှ မြန်မာအလုပ်သမ တစ်ဦးအား ထိုင်းအမျိုးသားတစ်ဦးက အဓမ္မပြု ကျင့်ရန် ကြံစည်ခဲ့မှုအား ရာချီရှိသည့် မြန်မာ အလုပ် သမားများက မကျေမနပ် ရုန်းရင်း ဆန် ခပ်ဖြစ်နေသည်ကို MAT အဖွဲ့ ကသွားရောက် မေတ္တာရပ်ခံခဲ့သဖြင့် လူစုကွဲသွားခဲ့ကြောင်း သိရှိရသည်။
အသက် ၂၃ နှစ်အရွယ်…….. မ ……..က ပတ်ဝန်းကျင်ကို အော်ဟစ်အကူ ညီေ တာင်းခံခဲ့သဖြင့် သူမ၏ ဦးခေါင်းအား ထိုင်းအမျိုးသားက အုတ်နံရံ
ဖြင့်ဆောင့် ခဲ့သည်။ သူမက ရှိခိုးေ တာင်းပန်သော် လည်း အဓမ္မပြု ကျင့်ခဲ့သည် ဟု သူမက ဆိုသည်။
ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT မှ နာယက ဆရာတော် ဦးဇောတိက နှင့်အတူ သွားရောက် မေတ္တာရပ်ခံခဲ့သဖြင့် လူစုကွဲ သွားခဲ့သည်။
ရာပေါင်းများစွာသော မြန်မာအလုပ်သမားများက အဓမ္မပြုကျင့်သည့် ထိုင်းအမျိုးသားအား ထိရောက်စွာ အရေးယူပေးပါရန် တောင်း ဆိုခဲ့ကြသည်။
နယ်မြေ ရဲအရာရှိကလည်း ဥပဒေအရ ထိရောက်ရောက်စွာ အရေးယူဆောင် ရွက်ပေးမည်ဖြစ်ေ ကြာင်း ကတိပြုသည်။ အဓမ္မပြကျင့်ခဲ့ခဲ့ရသည့် မြန်မာအလုပ်သမ ကိုမူ မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများ မပေါ်ပေါက်စေရန်အတွက် ဆေးဝါးကုသ မှုခံယူစေခဲ့သည်။ အဓမ္မပြုကျင့်သည့် ထိုင်းအမျိုးသားကိုမူ ရဲစခန်းက
ခေါ်ဆောင်သွားခဲ့သည်။ အလုပ်သမားများက မြန်မာသံရုံး အလုပ်သမားအရာရှိကို အကြောင်းကြားထားကြောင်းလည်း ပြောပြကြသည်။ မဟာချိုင်အခြေစိုက် အလုပ်သမားအဖွဲ့ တစ်ခုကလည်း လာရောက်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အလုပ်သမားများကပြောသည်။
————–
Myanmar Burma sends back extradited Chinese citizens after their re-entry
EMG

MANDALAY—Myanmar authorities have returned six Chinese citizens who were found to have re-entered the country via Mandalay International Airport after being extradited to China for violating visa rules, according to a government official.
The director of Mandalay Region’s Immigration and National Registration Department said the Chinese citizens in question were blacklisted for violating visa rules and then extradited. They entered the country again holding new passports, he said.
“These were cases in which some people re-entered the country with news passports pretending not to know about being blacklisted. After inspection, we sent them back from the airport. They were from Kyaukse and Myitha towns in Mandalay region, where they used to engage in agriculture,” said department director Thaung Zaw.
According to the department, five other Chinese citizens were extradited last month after completing their prison terms.
Monthly, about 500 Chinese citizens arrive in Mandalay region on business visas. They usually work in oil and gas, mining and agriculture. With business visas, they can stay in Myanmar for up to 70 days.
INTERVIEW ရခိုင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် တွေ့ဆုံခြင်း
မြန်မာနိုင်ငံတွင် သက်တမ်းအနုဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်း ယာယီဌာနချုပ် ဖွင့်လှစ် တည်ထောင်ထားသော ရခိုင်တပ်မတော် (AA) ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် The Voice သတင်းအဖွဲ့ လိုင်ဇာမြို့၌ တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။
Voice : ရခိုင်တပ်မတော် အကြောင်းကို အနည်းငယ် ပြောပြပေးပါ။
UTMN : ကျွန်တော်တို့ ရခိုင်တပ်မတော် (Arakan Army )က ရခိုင်ပြည် ထဲမှာတော့ တက္ကသိုလ်ကျောင်းသား တွေနဲ့ နေရာအနှံ့အပြား တည်ဆောက်တာတော့ ကြာပါပြီ။ ပြည်တွင်းစစ် အစိတ်အပိုင်းမှာ ကျွန်တော်တို့ ရခိုင်တွေကတော့ မပါဘူးဗျ။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်တွေက အရမ်းဆင်းရဲတယ်။ သယံဇာတ တွေလည်း အများကြီးရှိတယ်။ အလားအလာကောင်း တွေ အများကြီး ရှိပေမယ့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ အကုန်လုံးက အနိမ့်ဆုံးကို တဖြည်းဖြည်း ဆင်းသွားတော့ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား အရွယ်တုန်းက ဒါတွေကို မြင်လာတယ်။ အဲဒီတုန်းက ကရင်ပြည်တို့ ဘာတို့ဆိုတာ တိုက်ပွဲ ပြင်းထန်တယ်လေ။ ကရင်ပြည်က ကလေးတွေရော၊ ကလေးမ တွေရော အပြင်တွေ ရောက်ကုန်တယ်။ ဒုက္ခ ရောက်ပြီးမှပေါ့။ ဒါက ဘယ်လိုဖြစ်တယ် ဆိုတာ အကျိုးအကြောင်း ဆက်စပ်ယူလို့ ရတယ်လေနော်။ ဘာကြောင့် ဆင်းရဲနေတာလဲ။ ဘာကြောင့် ခက်ခဲနေတာလဲ။ စစ်ဖြစ်နေလို့ ခက်ခဲရတယ်။ စစ်ဖြစ်နေလို့ ဒုက္ခရောက်ကြတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်မှာ ကျတော့လည်း ဒီ့ထက်တောင် ပိုဆိုးနေတယ်။ အဲဒီအခြေအနေတွေဟာ ဘာကြောင့်လဲပေါ့။ ဒါတွေဟာ ဖိနှိပ်မှု ကြောင့်ပေါ့။
တကယ်ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း အားမနာစတမ်း ပြောရ ရင်တော့ ကျွန်ပြုတာပေါ့ဗျာ။ ကျွန်တော်တို့ သွေးစုပ်ခံရတယ်လို့ပဲ မြင်တယ်။ ဥပမာ- လမ်းတစ်လမ်း ဖောက်ဖို့အတွက် ကျောက်တုံးတွေကို သယ်တဲ့နေရာက လမ်းဟာ အရမ်းဆိုးတယ်။ ဒါပေမဲ့ အဲဒီနေရာက ကျောက်တုံးတွေနဲ့ပဲ တခြားနေရာမှာ လမ်းတွေဖောက်သွားတယ်။ အဲလိုအနေ အထားမျိုးတွေ။ လျှပ်စစ်မီးတို့ ဘာတို့ ဆိုတာလည်း မရှိဘူးလေ။ ကျွန်တော် ရန်ကုန်ကို ပထမဆုံး ရောက်ဖူးတုန်းကဆိုရင် ၉၆ လောက်တုန်းက ဖြစ်မယ်ထင်တယ်။ အဲဒီတုန်းက ကျွန်တော်တို့ စစ်တွေမှာ ဆိုရင် လျှပ်စစ်မီးက တစ်နေ့လုံးမှ နှစ်နာရီလောက် ပဲရတယ်။ ပြီးရင် တစ်ယူနစ်ကို ၄၀၀ ကျော်လောက် ပေးရတယ်။ ရန်ကုန်မှာ ၂၅ ကျပ်ပဲ ပေးရတယ်။
ကျွန်တော်တို့ ဆယ်တန်းအောင်စ ၁၉၉၆ တုန်းက ရန်ကုန်ကို လာကြတော့ ကျွန်တော်တို့ ရခိုင်ပြည်လေ အရမ်းမှောင်တာ။ အရမ်းမှောင်ပြီးမှ ပဲခူးရိုးမ ထိပ်ကို ရောက်တာနဲ့ ဟိုးဘက်မှာ လင်းပြီးမှ သစ်ပင်တွေ မှာတောင် လျှပ်စစ်မီး ထွန်းထားတယ်။ ဒါတွေဟာ ကွာခြားချက်တွေ၊ ခြားနားချက်တွေပဲ။ ဒီလိုမျိုး အကြောင်းတရားတွေပေါ့ အများကြီးပါ။ ဒါတွေဟာ ငါတို့ အခွင့်အရေးတွေ ဆုံးရှုံးနေ တာပဲပေါ့။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတယ်။ သို့သော် ကျွန်တော်တို့ မပါသလိုပဲပေါ့။ ကျွန်တော်တို့ ရပိုင်ခွင့် အခွင့်အရေးတွေကို ဆုံးရှုံးနေတယ်ပေါ့။ ဒီလိုမျိုး အကြောင်းတရား တွေကြောင့် ကျွန်တော်တို့ ရခိုင်တပ်မတော်ဟာ မွေးဖွားလာခဲ့တာပါ။
Voice : ရခိုင်တပ်မတော် ဖွဲ့ပြီးနောက်ပိုင်း အစိုးရနဲ့ တပ်ချင်းထိတွေ့မှု တွေရှိလား။
UTMN : ထိတွေ့မှုဆိုတာတော့ ကျွန်တော်တို့ ရခိုင်တပ်မတော်က အဓိက ကချင်ပြည်နယ်မှာ လှုပ်ရှားတာ များတယ်။ တခြားနယ်မြေ တွေမှာလည်း အများကြီးရှိတယ်။ တိုက်ပွဲကာလ မှာဆို ရှေ့တန်းတွေမှာ တပ်ရင်းအလိုက်တော့ မဟုတ်ဘူးပေါ့ ။ စစ်ကြောင်းအလိုက် ခံစစ်စခန်းတွေမှာ နေပြီးမှ လှုပ်ရှားတာ ရှိတယ်။ နောက်ပြီးမှ ရန်သူစစ်ကြောင်းတွေ ဝင်လာရင် လှုပ်ရှားထွက်ပြီးမှ ဖြတ်တောက်တာတွေ ရှိတယ်။ တိုက်ပွဲတွေကတော့ အများကြီးပါပဲ။
Voice : လက်ရှိ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေအနေအပိုင်းရော ဘယ်လိုရှိလဲ။
UTMN : အစိုးရက ကျွန်တော်တို့နဲ့တော့ ငြိမ်းချမ်းရေးကိစ္စ ဘာမှမပြော သေးဘူးဗျ။ ကျွန်တော်တို့က ကချင်ပြည်မှာ အခြေစိုက်ထားတယ် ဆိုတော့ သူတို့ အမြင်မှာ KIO/KIA နဲ့ ဆွေးနွေးလို့ အဆင်ပြေရင် အကုန်လုံး ပြီးသွားမယ်လို့များ ထင်လား မသိဘူးလေ။ ကျွန်တော်တို့ အမြင်ကျပြန်တော့ နောက်တစ်မျိုး ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာက နက်နက်ရှိုင်းရှိုင်း ရှိတယ်လေ။ အဲဒါကို တကယ်တမ်း တိုင်းရင်းသား တန်းတူအခွင့်အရေးတွေနဲ့ နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုရင် အကုန်လုံးနဲ့တော့ ဖြေရှင်းဖို့ လိုပါလိမ့်မယ်။ ကချင်နဲ့ အပစ်ရပ်လိုက်လို့ ရခိုင်နဲ့ ပြဿနာ ပြီးသွားမယ်လို့တော့ မဟုတ်ဘူးလေ။ သူတို့ဘက်ကလည်း အကြောင်းပြချက်တွေ ကတော့ အများကြီးပေါ့ဗျာ။
Voice : ငြိမ်းချမ်းရေးဆွေး နွေးမှု မရှိသေးဘူးဆိုတော့ အစိုးရဘက်ကို ဘယ်လိုဖြစ်စေချင်လဲ။ Continue reading “INTERVIEW ရခိုင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် တွေ့ဆုံခြင်း”
You must be logged in to post a comment.