MYANMAR-BURMA : ★ကုလသမဂ္ဂ ထုတ်ပြန်ချက်နှင့်စပ်လျဉ်းသည့် ရှင်းလင်းချက်★

★ကုလသမဂ္ဂ ထုတ်ပြန်ချက်နှင့်စပ်လျဉ်းသည့် ရှင်းလင်းချက်★
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကုလသမဂ္ဂ တတိယကော်မတီက ချမှတ်ခဲ့တဲ့ Resolution မှာမြန်မာနိုင်ငံက နိုင်ငံမဲ့ (Stateless) ရိုဟင်ဂျာ (မူလအသုံးအနှုံးအတိုင်း ဖော်ပြခြင်းသာဖြစ်သည်) တွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းရေး ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ တတိယကော်မတီက အင်္ဂါနေ့က အားလုံးသဘောတူ အတည်ပြုခဲ့ပါတယ်။

ဒီအပေါ်မှာ အစိုးရရဲ့ သဘောထားရပ်တည်ချက်ကို ဖြေကြားရာမှာ အေပီသတင်းဌာနက ပြောကြားချက် အပြည့်အစုံကို ဖော်ပြခြင်း မရှိဘဲ ဖြတ်-ညှပ်-ကပ်ပြီး ဖော်ပြထားတာ တွေ့ရှိရပါတယ်။ (အေပီသတင်းထောက်က အပြည့်အစုံတင်ခဲ့ပေမယ့် အေပီရုံးချုပ်က ဖြတ်ချလိုက်တာလည်း ဖြစ်နိုင်ပါတယ်) အေပီသတင်းဌာနနည်းတူ ပြောကြားခဲ့တဲ့ ပြောကြားချက်တွေကို Daily Eleven မှာ အပြည့်အစုံဖော်ပြထားပါတယ်။ ပြောကြားချက်အပြည့်အစုံကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်-

ရိုဟင်ဂျာ မရှိ
————–
♦ အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လုံးဝမရှိကြောင်း ပြောဆိုထားပြီးဖြစ်ချိန်တွင် ကုလသမဂ္ဂက ရိုဟင်ဂျာဆိုသော အသုံးအနှုန်းအား အသုံးပြုပြီး ပြောဆိုခဲ့ခြင်းကို ကန့်ကွက်ကြောင်းနှင့် ဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ ဆောင်ရွက်မည်ဟု သမ္မတရုံး အဆင့်မြင့် အရာရှိတစ်ဦးက နိုဝင်ဘာ ၂၀ ရက်တွင် တုံ့ပြန် ပြောကြားခဲ့သည်။ (Daily Eleven)

♦”ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသား ကျွန်တော်တို့နိုင်ငံမှာ မရှိဘူးဆိုတာ ကျွန်တော်တို့ လူကြီးတွေကလည်း ပြောထားတယ်။ အဲဒီ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသည် ဒီမှာလည်း မရှိဘူး။ လ၀က(လူဝင်မှုကြီးကြပ်ရေး) ဥပဒေနဲ့လည်း မညီဘူး။ အဲဒါကို ကန့်ကွက်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီလူမျိုးတွေနဲ့ ပတ်သက်ပြီး သူတို့တွေရဲ့ နိုင်ငံသား အခွင့်အရေးကို အစိုးရက ငြင်းဆိုနေတာ၊ ကန့်ကွက်နေတာ မဟုတ်ဘူး။ ဒီမှာရှိတဲ့ ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ဒီအတိုင်းတော့ မပေးဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ စိစစ်ပြီး ညီတဲ့သူကို ပေးမယ်” ဟု သမ္မတရုံး အဆင့်မြင့်အရာရှိက ပြောကြားသည်။ (Daily Eleven)

♦ မြန်မာနိုင်ငံ၌ တရားဝင် ထုတ်ပြန်ထားသည့် လူမျိုးစု ၁၃၅ မျိုးတွင် ရိုဟင်ဂျာဆိုသည်မှာ လုံးဝမပါဝင်ကြောင်းနှင့် ဘင်္ဂါလီများ တောင်းဆိုနေသော နိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့်သာ လုပ်ဆောင်မည် ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုဝင်ဘာ ၂၀ ရက်ထုတ် 7 Day သတင်းဂျာနယ် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ (Daily Eleven)

♦ “ဥပဒေက ဒီအတိုင်း ပြဋ္ဌာန်းထားတယ်။ ကျွန်တော်တို့က အဲဒီဥပဒေကို ဘောင်ကျော်ပြီးတော့ လုပ်လို့မရဘူး။ ဥပဒေကို ပြင်ဆင်ပေးပါ ဆိုတာလည်း လက်ရှိလွှတ်တော်ဆိုတာ သီးခြားမဏ္ဍိုင် ဖြစ်နေပြီ။ လွှတ်တော်က ဒီဥပဒေကို ပြင်မယ်ဆိုရင် အစိုးရက ဒီအတိုင်းလုပ်မယ်။ လွှတ်တော်က မပြင်ဘူးဆိုရင်တော့ ဒီအတိုင်းပဲ သွားရမှာပဲ” ဟု သမ္မတရုံး အဆင့်မြင့်အရာရှိက ပြောကြားသည်။ (Daily Eleven)

နိုင်ငံသားဖြစ်ခွင့် (တိုင်းရင်းသား မဟုတ်)
———————————————
♦ ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့်အတွက် အစိုးရက အထောက်အထား စစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ပြီး ဦးဆုံးတွင် အဆင်ပြေသော်လည်း နောက်ပိုင်းတွင် ရိုဟင်ဂျာဆိုသည်ကို ခွင့်ပြုမှ စစ်ဆေးမှုကို လက်ခံမည်ဟု ပြောလာသောကြောင့် အဆင်မပြေမှုများ ရှိခဲ့ကြောင်း သမ္မတရုံး အဆင့်မြင့်အရာရှိက ပြောကြားသည်။ (Daily Eleven)

♦”နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး ဘယ်သူတွေက ညီတယ်၊ ဘယ်သူတွေက မညီဘူး၊ စိစစ်ဖို့အတွက် Identification လုပ်ဖို့လိုတယ်။ လိုတဲ့ဟာကို ကျွန်တော်တို့ဆီက လ၀ကက လုပ်တယ်။ ပထမပိုင်းမှာ အဆင်ပြေတယ်။ နောက်ပိုင်းမှာ အဆင်မပြေဘူး။ အနှောင့်အယှက်တွေ ဖြစ်လာတယ်။ သူတို့က ရိုဟင်ဂျာဆိုတဲ့ဟာကို ခွင့်ပြုမှ လက်ခံမယ်ဆိုတဲ့ဟာမျိုး ဖြစ်လာတယ်။ ဖြစ်လာတော့ နိုင်ငံရဲ့တည်ဆဲ ဥပဒေအရ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားမရှိတဲ့အတွက် လက်မခံနိုင်တဲ့အခါမှာ ဆန့်ကျင်တာတွေ၊ နှောင့်ယှက်တာတွေ၊ ဆန္ဒပြတာတွေ၊ လုံခြုံရေးအဖွဲ့တွေကို ရန်ရှာတာတွေ ဖြစ်လာတယ်။ အဲဒီတော့ ပွင့်လင်းမြင်သာမှုရှိအောင် အစိုးရက ရခိုင်ပြည်နယ် အစိုးရရယ်၊ လ၀ကရယ် ခေါ်သွားတယ်။ ခေါ်သွားတဲ့အခါမှာ အဲဒီလို ပြဿနာတွေဖြစ်တယ်။ ဖြစ်တော့ ဆက်မလုပ်နိုင်ဘူး။ ရပ်ဆိုင်းထားရတယ်” ဟု သမ္မတရုံး အဆင့်မြင့် အရာရှိက ပြောကြားသည်။ (Daily Eleven)

♦ ဒီနေရာမှာ ကိုယ့်နိုင်ငံထဲပဲ၊ ဒါကို မဖြစ်ဖြစ်အောင် မလုပ်နိုင်ဘူးလား မေးစရာ ရှိပါတယ်။ မှန်ပါတယ်။ လုပ်လို့ရပါတယ်။ ဒါပေမယ့် အစိုးရချည်း လုပ်ရင် ဝေဖန်စွပ်စွဲချက် မျိုးစုံနဲ့ ယုံကြည်ရဖွယ် မရှိဘူး ဆိုတာမျိုးတွေ ဖြစ်လာနိုင်တဲ့ အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဘင်္ဂါလီဘာသာရေးခေါင်းဆောင်တွေပါ Verification Process မှာ ပါဝင်ဖို့ လိုပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ ပါဝင်တဲ့ စစ်ဆေးမှုတွေမှာ အထက်မှာ တင်ပြခဲ့တဲ့ ဖြစ်စဉ်တွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် OIC အပါအ၀င် နိုင်ငံတကာအနေနဲ့ တိုက်တွန်းတာလည်း တိုက်တွန်း၊ နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို ကြည်ကြည်ဖြူဖြူ ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြည်တွင်းပြည်ပဘင်္ဂါလီထောက်ခံသူတွေကို တိုက်တွန်းပေးဖို့ လိုအပ်တယ် ဆိုတာကို အေပီမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

♦ နိုင်ငံမဲ့ ဆိုတဲ့ စကားလုံးထောင်ချောက်
——————————————–
အထူးသတိထားသင့်တဲ့ Stateless Persons ဆိုတာကို အနည်းငယ် ရှင်းပြလိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာ 1961 Convention on the Reduction of Statelessness ဆိုတာ ရှိပါတယ်။ ဒီကွန်ဗင်းရှင်းရဲ့ Article 1(1) မှာ Contracting States shall grant their nationality to persons, otherwise stateless, born in their territory (subject to Article 1(2)). The grant may be by virtue of the birth, or upon application by or on behalf of the person so born. ဆိုပြီး ဖော်ပြထားပါတယ်။ ဒီကွန်ဗင်းရှင်းအရ မိမိနိုင်ငံသားမဟုတ်သော်လည်း မိမိနိုင်ငံ ပိုင်နက်နယ်မြေမှာ မွေးဖွားလာရင် နိုင်ငံသားလက်ခံရမယ် ဆိုတဲ့ သဘောတူညီချက် ဖြစ်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီကွန်ဗင်းရှင်းမှာ ပါဝင်ခြင်း၊ လက်မှတ်ရေးထိုးထားခြင်း လုံးဝ မရှိပါဘူး။ ကုလသမဂ္ဂရဲ့ မူဝါဒအရ မည်သူမျှ နိုင်ငံမဲ့ မဖြစ်စေရ ဆိုတဲ့အတိုင်း ဆောင်ရွက်ဖို့ ဒီကွန်ဗင်းရှင်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မီဒီယာများအပါအ၀င် မြန်မာနိုင်ငံသားများအနေနဲ့ ဒီ Stateless ဆိုတဲ့ အသုံးအနှုံးကို ယောင်လို့တောင် မသုံးနှုံးမိဖို့ အရေးကြီးပါတယ်။ ဒီစကားလုံးရဲ့ ထောင်ချောက်ကို ကောင်းစွာ သိမြင် သဘောပေါက်ဖို့ လိုပါတယ်။ ဒီတော့ Stateless မရှိဘူး၊ မြန်မာနိုင်ငံသား (တိုင်းရင်းသား မဟုတ်) ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အခြားနိုင်ငံသား ဖြစ်ရပါလိမ့်မယ်။ (AP သတင်းမှာ ဒါကို ပြောထားတာ ဖြစ်ပါတယ်) အချို့နိုင်ငံတွေဆိုရင် Boat People လို့ပဲ သုံးနှုံးကြတာ ဖြစ်ပါတယ်။ ဒါကို သတိထားဖို့ လိုပါတယ်။

[ဆိုလိုရင်းက ဒီကနေ့ ဒီအချိန်မှာ မြန်မာနိုင်ငံဟာ ဒီကွန်ဗင်းရှင်းမှာ မပါဘူး။ ဒီကွန်ဗင်းရှင်းကို ၀င်ထားတာ နိုင်ငံပေါင်း (၄၀)ပဲ ရှိပါတယ်။ သို့သော်လည်းပဲ နောင်တစ်ချိန် (ကျွန်တော်တို့ရဲ့ နောင်လာမယ့် မျိုးဆက်တွေလက်ထက်ပဲ ဖြစ်ဖြစ်)မှာ နိုင်ငံတကာ သဘောတူညီချက်တွေ ထပ်တိုးတာပဲ ဖြစ်ဖြစ်၊ လုံခြုံရေးကောင်စီလို Powerfull Organ ကပဲ ဖြစ်ဖြစ် ဒီကွန်ဗင်းရှင်းကို အကုန်လုံးလိုက်နာရမယ့် အခြေအနေမျိုး ဆိုက်ရောက်လာရင် Stateless ဆိုတာကို လက်ခံခဲ့တဲ့ နောက်ဆက်တွဲကို တွေ့ကြုံလာနိုင်ပါတယ်။ အရှည်ကြည့်ပြီး ဆင်ခြင်နိုင်ဖို့ ဖြစ်ပါတယ်။]

ဒါ့ကြောင့် ဘင်္ဂါလီပြဿနာဟာ Immigration Problem သက်သက်သာ ဖြစ်ကြောင်း သိရှိထားရန် လိုအပ်ပါတယ်။

♦ ကုလသမဂ္ဂ တိုက်တွန်းချက်
———————————
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်တဲ့အတွက် အများက ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေကို လေးစား(လေးစား)ရမှာ ဖြစ်ပါတယ်။ အကြွင်းမဲ့ လိုက်နာဖို့ မဟုတ်သလို ကုလသမဂ္ဂမှာ နိုင်ငံတိုင်းရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ ပဋိဥာဉ် ရှိပါတယ်။ ကုလသမဂ္ဂရဲ့ သဘောသဘာဝဟာ သံခင်းတမန်ခင်းအရ သွားရတာ ဖြစ်ပါတယ်။ အထူးသဖြင့် (လုံခြုံရေးကောင်စီကလွဲလို့) UN Organ တွေရဲ့ ဆုံးဖြတ်ချက်တွေဟာ မဖြစ်မနေ လိုက်နာရမယ့် Binding Resolution မဟုတ်ပါဘူး။ သို့သော် လေးစားသမှုတော့ ရှိရမှာ ဖြစ်ပါတယ်။ ဒီလို Non-Binding Resolution တွေကို သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ကန့်ကွက်တာ၊ ပယ်ချတာတွေ လုပ်လေ့ ရှိပါတယ်။ တတိယကော်မတီအစည်းအဝေးက တိုက်တွန်းကြောင်း ဆုံးဖြတ်လိုက်တာနဲ့ မြန်မာနိုင်ငံက လိုက်နာ ဆောင်ရွက်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီသတင်းအပေါ် စိုးရိမ်စိတ်ကြီးမားနေကြသူတွေ သိရှိနားလည်အောင် ရှင်းလင်းရခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုမှာ မြန်မာနိုင်ငံအနေနဲ့ ဒီထက် ဆိုးတဲ့ ဆုံးဖြတ်ချက်တွေကို ရင်ဆိုင်လာခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကြောင့် အပြုသဘော တိုးတက်မှုတွေ များလာတဲ့အခါ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ဒီဘင်္ဂါလီကိစ္စက အာရုံစိုက်စရာ ဖြစ်လာတာ ဖြစ်ပါတယ်။

♦ OIC နဲ့ ဆက်ဆံရေး
————————
တိုက်ကြီး(၄)တိုက်က အဖွဲ့ဝင်နိုင်ငံပေါင်း (၅၇)နိုင်ငံ ရှိတဲ့ OIC ဟာ ငွေကြေးချမ်းသာတဲ့ နိုင်ငံများ ပါဝင်တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အလှူရှင်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ OIC နိုင်ငံအချင်းချင်းမှာပဲ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်တတ်ပေမယ့်လည်း မြန်မာနိုင်ငံအရေးကိစ္စလို ကြားကိစ္စတွေမှာ သူတို့ရဲ့ စုပေါင်းညီညွတ်မှုကို ထုတ်ဖော်ပြသနိုင်မယ့် Common Ground သဘောမျိုး ဖြစ်လာပါတယ်။ အကျိုးဆက်ကတော့ မြန်မာကိစ္စဆိုရင် အသံပိုကျယ်နိုင်တယ် ဆိုတာမျိုး ဖြစ်လာတယ်။ OIC မြန်မာနိုင်ငံ လာရောက်တာနဲ့ ပတ်သက်လို့ သဘောထားအမြင် အမျိုးမျိုး ရှိနေကြတာလည်း တွေ့ရှိရပါတယ်။ တစ်ချို့ကဆိုရင် ထိုင်းတောင်ပိုင်းကိစ္စ ရှိနေတဲ့ ထိုင်းနိုင်ငံနဲ့ OIC ဆက်ဆံရေးနဲ့ ယှဉ်ပြီး ပြောကြတာတွေ ရှိပါတယ်။

ဒါပေမယ့် သိရှိထားဖို့ လိုအပ်တာကတော့ ထိုင်းနိုင်ငံဟာ OIC ရဲ့ Observer State လေ့လာသူ ဖြစ်တာကို သတိမထားမိကြဘူး လို့ ထင်ပါတယ်။ OIC Website ရဲ့ ဒီလိပ်စာ (http://www.oic-oci.org/oicv2/page/?p_id=179&p_ref=60&lan=en) ကို ၀င်ကြည့်ရင် ရှင်းသွားပါလိမ့်မယ်။

ထိုင်းနိုင်ငံဟာ OIC ရဲ့ လေ့လာသူအဆင့်ကို ရောက်နေပါပြီ။ ဘာ့ကြောင့် ထိုင်းနိုင်ငံ OIC ရဲ့ လေ့လာသူ ဖြစ်နေတာလဲ ဆိုတာကိုလည်း ထိုင်းတောင်ပိုင်းနဲ့ ဆက်စပ် စဉ်းစားကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရလောက် မပြတ်သားဘူး ဆိုတဲ့ ပြောကြားချက်တွေကို ချင့်ချိန်နိုင်ဖို့ လိုပါတယ်။

♦ နိုင်ငံတော်သမ္မတ၏ သဘောထား
—————————————
မြန်မာနိုင်ငံအနေနဲ့ကတော့ အချုပ်အခြာအာဏာကို ထိပါးမယ့် အရေးကိစ္စတွေကို ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။ နိုင်ငံတော်သမ္မတကြီးရဲ့ နိုင်ငံခြားရေးမူဝါကိုလည်း အခိုင်အမာ ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ OIC ခရီးစဉ် အပြီး ထုတ်ပြန်ခဲ့တဲ့ “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ပူးတွဲကြေညာချက်” မှာလည်း ” မြန်မာနိုင်ငံ၏ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုနှင့် အချုပ်အခြားအာဏာ၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ခြင်းမှ ရှောင်ကြဉ်သည့် အခြေခံ မူတို့ကို အပြည့်အဝ လေးစား၍ ဆောင်ရွက်သွားမည် ဖြစ်သည်။” ဆိုပြီး ထည့်သွင်းကြေညာ ထားတာ ဖြစ်ပါတယ်။ (http://www.president-office.gov.mm/zg/?q=issues%2Frakhine-state-peace-and-stability%2Fid-4783)

နိုင်ငံတော်သမ္မတကြီးရဲ့ သဘောထားကို အတိအလင်းကြေညာထားပြီး ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ပေးလိုတဲ့ OIC ရဲ့ ဆန္ဒကိုလည်း လက်ရှိ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတာအဖွဲ့အစည်းတွေနည်းတူ လက်ခံပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူမျိုး၊ ဘာသာ မခွဲခြားဘဲ နှစ်ဘက်စလုံးကို တန်းတူရည်တူ ပေးအပ်ရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း တရားဝင် ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းထားပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် ဝေဖန်နေကြသူများ၊ စိုးရိမ်နေကြသူများအနေနဲ့ လက်ရှိအနေအထားကို သိမြင်နားလည်နိုင်စေဖို့ အသေးစိတ် ရှင်းလင်းရခြင်း ဖြစ်ပါတယ်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အထက်ပါ ရှင်းလင်းချက်ဟာ အေပီသတင်းနဲ့ ကွဲလွဲနေသလိုမျိုး၊ ပြည်တွင်းမှာ တစ်မျိုး ပြည်ပမှာ တစ်မျိုး ဖြစ်နိုင်သလိုမျိုး ဝေဖန်ပြောကြားတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ ရပ်တည်ချက်ကို တရားဝင် ကန့်ကွက်ထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် (ကုလသမဂ္ဂသံအမတ်ကြီး) ဦးကျော်တင်ရဲ့ ကန့်ကွက်ချက်ကို အောက်ဖော်ပြပါ လင့်မှာ လေ့လာ ကြည့်ရှုနိုင်ပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂမျက်နှာစာမှာလည်း တရားဝင် ကန့်ကွက်ထားတာကို သိမြင်စေလိုခြင်း ဖြစ်ပါတယ်။

http://www.myanmargeneva.org/pressrelease/EoP%20after%20the%20adoption%20of%20the%20resolution%20at%203rd%20Com%20of%2068%20UNGA.pdf
▬▬▬▬▬▬▬▬▬▬▬▬▬▬▬

THAILAND: Protest leader vows to eliminate Thaksin regime

BANGKOK, Nov 21 – The leader of the Democrat-led Democracy Monument rally declared yesterday that the group’s demonstration will not end unless the Thaksin regime is totally wiped out.
 
13849988288598-640x390x2-1
Former Democrat MP Suthep Thaugsuban, who has led the three-week rally, said the movement will not be called off on Sunday – the big day when a million people have been urged to join a massive show of force against the Yingluck Shinawatra government.
 
Mr Suthep has led the rally since October 31, starting with a demand to reject the controversial amnesty bill which sought to pardon former prime minister Thaksin Shinawatra and a several other senior officials from criminal and corruption charges.
 
The three-week rally has escalated to a movement to eliminate the Thaksin regime and an impeachment of 310 MPs and senators who voted in favour of charter amendment.
 
Mr Suthep and his compatriots met with the Senate speaker yesterday to present documents carrying the signatures of 115,500 people who advocated impeachment.
 
The documents were contained in 77 boxes, each with signatures and documents of 1,500 people.  (MCOT online news)

THAILAND : Hollywood movie set in Lampang destroyed by fire

LAMPANG, 21 November 2013 (NNT) – Lampang police have launched an investigation into a fire that broke out at the set of a Hollywood film ‘The Coup’ in the northern province.

Police said the fire reportedly started on Wednesday night at a three-storey building which is the location of the thriller film starring Owen Wilson and Pierce Brosnan. Despite damages, no one was harmed by the blaze.

The set of the film, which is located inside the building and was scheduled to be shot during November 20-22, was torched after a scene using special effects. However, according to the film crew, the special effects did not involve any fire.

After the accident, the crew has confirmed that the set will remain in Lampang and only a new building will be needed. The shooting schedule will also be unaffected.

The film is about an American family living in Southeast Asia that gets caught in the middle of a coup.

11 political parties included 7 ethnic and 4 democratic parties arrived for meeting at Chiang Mai

11 political parties included 7 ethnic and 4 democratic parties arrived to have a historic meeting with armed ethnic organizations in Chiang Mai tomorrow 11 political parties included 7 ethnic and 4 democratic parties arrived to have a historic meeting with armed ethnic organizations in Chiang Mai tomorrow .CREDIT NYO OHN MYINT

 

 

MPC CHIANG MAIMPC CHIANG MAI

EMG : Twelve political parties from Myanmar have been invited to meet with social organizations in Thailand and the United Nationals Federal Council (UNFC), and so far all but one of the parties have submitted their names to attend the meeting, according to an official at the Myanmar Peace Centre.

Among the parties listed to attend the meeting in Chiang Mai, the ruling Union Solidarity and Development Party is included. The meeting will last from November 21-24.

“The main reason for holding this meeting is that political meetings will soon be held in Myanmar. Ethnic armed forces and political parties are also dialogue partners. To know more about each other and gain understanding among them, to realize each other’s difficulties, is an important part of learning how to work together to change the entire nation,” said Aung Naing Oo of the Myanmar Peace Centre, concerning the trip.

Union Minister Aung Min invited the political parties to attend the meeting after discussions with Union Ministers and political parties on November 10 in Yangon. He said the political parties can discuss any topic without any limits during the meeting with ethnic armed groups and social organizations.

深挖洞 广集弹 不上当-KIA, သည် ဗမာအစိုးရ၏ ထိုးစစ်ကို

KACHIN ARMY

KIA, သည် ဗမာအစိုးရ၏ ထိုးစစ်ကို (၂) နှစ်ကျော် ဆက်တိုက် အပြင်းအထန် ခုခံကာကွယ်နေ ရသော်လည်း တဖက်တွင် အများပြည်သူတွေ အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများအား နေ့မအား ညမနား အရှိန်အဟုန်ဖြင့် ဤကဲ့သို့ ဆောင်ရွက် လျှက်ရှိပါသည်။

credit blog sina cn

就昂山·素姬力主修宪一事,密支那谈判和拉咱峰会可谓非常给力!而敏昂莱代表缅族军方发表的顽固态度给和平希望大打折扣……

经过两年多的克缅战争,缅军实现了打停中国在克钦邦境内超级水电项目的战略目标!瑞丽谈判、密支那谈判和拉咱峰会使克钦问题国际化迅速升级,中国判明缅军的真实意图后,采取了一系列外交措施,致使缅族军人集团开始陷入内外交困的境地。因此,缅军企图打停中缅油气管道的战略目标已显得十分渺茫!

KACHIN ARMY

002sMf5egy6EeUY9Udh0f&690

002sMf5egy6EeV6oguFad&690

002sMf5egy6EeVgocyo24&690

002sMf5egy6EeVtkCKf5b&690

2013119日,恩版·腊将军视察了克钦军某新建基地时再次强调:人民群众渴望和平,厌恶战争!面对毫无诚信,擅长诡道的缅军,我们必须提高警惕,保卫家园,时刻准备着痛击来犯之敌!维护和平必须靠武装力量!!!全体军民务必贯彻落实“深挖洞,广集弹,不上当”的战略方针。

 002sMf5egy6EeVBG9E63a&690002sMf5egy6EeVGerX54b&690002sMf5egy6EeVLSAJ117&690002sMf5egy6EeVSGVvie8&690002sMf5egy6EeVY4HfU86&690

U WIRATHU : “ဦးဝီရသူထံ ဂျပန်သတင်းဌာန လာရောက်အင်တာဗျူး”JIN-NET သတင်းဌာနမှ Mr.Masao Edo

“ဦးဝီရသူထံ ဂျပန်သတင်းဌာန လာရောက်အင်တာဗျူး”
^^^^^^^^^^^^^^^^^^^^^^^^^^^^^
21.11.2013 မွန်းလွဲ 1:30 နာရီ ဓမ္မစေတိယစာကြည့်တိုက်မှာ လက္ခံတွေ့ဆုံဖြေကြားခဲ့ပြီး၊ မေးမြန်းလျှောက် ထားသူမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ JIN-NET သတင်းဌာနမှ Mr.Masao Edo ဖြစ်ကြောင်း သိရသည်။
ပထမ ကုလား ဗမာအဓိကရုဏ်း ဖြစ်ရခြင်းအကြောင်းမှစ၍ ယနေ့ထိ အရေးအခင်းများအကြောင်း၊ ၉၆၉၏ မဟာဗျူဟာ နည်းဗျူဟာများ ပဋိပက္ခဖြစ်ပွားရာမှာ နိုင်ငံရေးပယောဂ ပါ/မပါ စသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
နိုင်ငံရေးသမားတွေက စစ်အစိုးရတုန်းကလိုပဲ အတွေးအခေါ်ဟောင်းတွေနဲ့ လက်ရှိအစိုးရကို ချင်းကပ်နေတုန်း ပဲ အမှန်တရားနဲ့ မနီးစပ်ဘူးဖြစ်နေတယ်။ တကယ်တော့ နောက်ပြန်လှည့်ရေးအတွက် အဓိကရုဏ်း ဖန်တီးတယ်ဆိုတဲ့ စွဲချက်ဟာ လုံးလောက်သောအကြောင်းပြချက် မဟုတ်ဘူး။
ဟန်နာဘိခ်ျဆိုတာ ဦးဇင်းရဲ့ ချစ်လှစွာသော မိတ်ဆွေရင်းပါ။ စာပေမောင်နှမလိုပဲ ဆိုကြပါတော့။ အရင်တုန်းကတော့ ဟန်နာဘိခ်ျကို မူဆလင်ကမ္ဘာက ငွေပေးရေးခိုင်းတယ်ထင်ခဲ့တာ။ အခုတော့ TIME မဂ္ဂဇင်းအယ်ဒီတာကို မြန်မာလူငယ်နိုင်ငံရေးသမားတစ်ယောက်က ငွေပေးရေးခိုင်းတယ်လို့ သိလာရပြန် ပါတယ်။ အဲဒီနိုင်ငံရေးသမားနောက်ကွယ်မှာ မူဆလင်ကမ္ဘာရှိ/မရှိ ဆိုတာတော့ မသိရသေးပါဘူး။

1393703_358870157589832_955646400_n1475908_358870194256495_1288579478_n1476402_358870150923166_710872886_n

KIA orders troops not to respond after Burma army captures IDP camp

KNG NEWS 20.NOV.2013

The Burma Army soldiers (pictured here at Nam Lim Pa village) are currently occupying both Nam Lim Pa village and Nam Lim Pa IDP camp
The Burma Army soldiers (pictured here at Nam Lim Pa village) are currently occupying both Nam Lim Pa village and Nam Lim Pa IDP camp

Senior officials at the Kachin Independence Army’s (KIA) Laiza headquarters issued instructions on Tuesday ordering troops in the field not to respond militarily to the Burma army’s recent capture of the Nam Lim Pa internally displaced people camp in southern Kachin state, the Kachin News Group has learned.

These orders are likely directly related to the visit this week to Yangon by the Vice Chief of Staff of KIA, Maj-Gen Sumlut Gun Maw, according to Major Labang Jawn Awng, a commander with KIA battalion 12.

Located in territory held by the KIA’s Battalion 12, Nam Lim Pa was home to more than 2,000 IDP until it was captured by the Burma army over the weekend.  Jawn Awng and his colleagues accuse the army of taking advantage of an aid convoy to seize the camp.  According to Jawn Awng, shortly after the aid convoy was allowed to proceed to the camp the military dispatched a large number of troops to seize the camp which put many civilians at risk.

Heavy fighting erupted in the vicinity of the camp shortly after it was captured and this fighting continued for three straight days, said Lahpai La Doi, a villager from Nam Lim Pa.  The fighting largely stopped after KIA headquarters issued instruction ordering their troops on the ground not to attack the military, said the villager who fled the fighting.

More than 50 clashes between government troops and the KIO have taken place in Battalion 12 territory since June, according to Commander Jawn Awng. He estimates that the Burma army suffered more than 100 casualties (injured and dead) during this period.  Four KIA soldiers were also lost and more than 10 were seriously injured during the same time, says Jawn Awng.

According to KIA Battalion officials there are currently at least 20 battalions with more than 1,000 Burma army troops operating against KIA in the battalion 12 area.  The troops who are from Military Operation Command 21 (MOC-21) under Northern Regional Military Command and MOC-16 under Northeastern Regional Military Command were deployed to the area in October.

Burma army forces now control about 20 villages in the Mansi area that were previously controlled by the KIA.

ASHIN PINNASUKHA :အရုဏ်ဦး ဆွမ်းကြီးလောင်းလှူနှင့် မဟာဒုဂ်ဆွမ်းကပ်ကြွ ညောင်လေးပင်ဝိနည်းစာပြန်ပွဲမှ သံဃာတော်များ ကျူချောင်းကရင်ရွာကြီး၌ နှစ်သက်ဖွယ် ပုံရိပ်များ

အရုဏ်ဦး ဆွမ်းကြီးလောင်းလှူနှင့်
မဟာဒုဂ်ဆွမ်းကပ်ကြွ ညောင်လေးပင်ဝိနည်းစာပြန်ပွဲမှ
သံဃာတော်များ ကျူချောင်းကရင်ရွာကြီး၌ နှစ်သက်ဖွယ် ပုံရိပ်များ

1454738_320834514723897_1052715802_n943021_320833568057325_1395236089_n

MYANMAR: Government, political parties and MPs object to UN call for Rohingya citizenship rights

EMG

Officials taking population survey at Sit Ke Pyin Village in Rakhine State (Photo-EMG)
Officials taking population survey at Sit Ke Pyin Village in Rakhine State (Photo-EMG)

The Myanmar government, supported by the political opposition and various MPs, has objected to the United Nations human rights committee’s call to grant equal access to citizenship for Rohingya people, saying that the country’s 1982 Citizenship Law will be used to decide the issue.

Earlier this week, the United Nations General Assembly’s human rights committee passed a resolution urging Myanmar to give equal access to citizenship to the Rohingyas, the Associated Press reported on Tuesday.

The government, political parties, and members of parliament have expressed disagreement with the UN resolution.

“We oppose the use of the term ‘Rohingya’ by the United Nations as the government has already announced there are no Rohingyas in Myanmar. Citizenship rights for the Bengalis will be determined by the 1982 Myanmar Citizenship Law,” said a senior official from the President’s Office, who requested not to be named. Continue reading “MYANMAR: Government, political parties and MPs object to UN call for Rohingya citizenship rights”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ကုလသမဂ္ဂအတွင်း ကန့်ကွက်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ကုလသမဂ္ဂအတွင်း ကန့်ကွက်ချက်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအစိုးရက ကန့်ကွက်တာနဲ့ ပတ်သက်လို့ ( အေပီသတင်းဌာနရဲ့ အပြည့်အစုံမဖော်ပြမှုကြောင့်) ပြည်တွင်းမှာ တစ်မျိုး ပြည်ပမှာ တစ်မျိုး ပြောနေသလို ဝေဖန်ပြောကြားတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ တရားဝင် ကန့်ကွက်ချက်ကို ပြောကြားထားပြီး ဖြစ်ပါတယ်။

ကုလသမဂ္ဂစနစ်အရ “တိုက်တွန်းအပ်ပါသည်” ၊ “တောင်းဆိုလိုက်ပါသည်” စသည်ဖြင့် ဆုံးဖြတ်တာတွေ ရှိပါတယ်။ ဒီထက်ပိုဆိုးတဲ့အခါမျိုးမှာတော့ “ကန့်ကွက်ပါသည်” ၊ “ရှုတ်ချလိုက်သည်” စသည်ဖြင့် ရှိတတ်ပါတယ်။ အထွေထွေညီလာခံ တတိယကော်မတီရဲ့ ဆုံးဖြတ်ချက်ဟာ Non-Binding ဆိုတာကိုပဲ သတိချပ်သင့်ပါတယ်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် (ကုလသမဂ္ဂသံအမတ်ကြီး) ဦးကျော်တင်ရဲ့ ကန့်ကွက်ချက်ကို အောက်ဖော်ပြပါ လင့်မှာ လေ့လာ ကြည့်ရှုနိုင်ပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂမျက်နှာစာမှာလည်း တရားဝင် ကန့်ကွက်ထားတာကို သိမြင်စေလိုခြင်း ဖြစ်ပါတယ်။

http://www.myanmargeneva.org/pressrelease/EoP%20after%20the%20adoption%20of%20the%20resolution%20at%203rd%20Com%20of%2068%20UNGA.pdf

1454590_10201146748734972_397847820_n1003548_10201146748814974_1232533658_n1459082_10201146748854975_1441577852_n1460308_10201146748894976_62319977_n