AHRDO ၏ အမှုဆောင်ဒါရိုက်တာ ရခိုင်ပြည်သူလူထုများနှင့် ဒုတိယအကြိမ်တွေ့ဆုံ

AHRDO ၏ အမှုဆောင်ဒါရိုက်တာ ရခိုင်ပြည်သူလူထုများနှင့် ဒုတိယအကြိမ်တွေ့ဆုံ

မိုးဇော် (သတင်း)

1393398_213273395510861_836209982_n

ရခိုင်လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO) ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦး ရခိုင်ပြည်သူလူထုများနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးကာ ရခိုင်ပြည်၏ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုများ၊ ရင်ဆိုင်ရမည့်အကြောင်းများနှင့် လက်ရှိတွင် ခက်ခဲစွာ ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများ၊ မဖြစ်မနေ ရင်ဆိုင်ဖြတ်သန်းနေရသော စိန်ခေါ်မှုများတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

AHRDO ၏ ဗဟိုဌာနချုပ်သည် ရန်ကုန်မြို့တွင် အခြေစိုက်ပြီး အမှုဆောင်ဒါရိုက်တာ ဖြစ်သော ဦးအောင်မင်းဦးမှာ ရခိုင်ပြည်ကို အောက်တိုဘာလ ၁၂ ကနေ ၂၉ ရက်နေ့ထိ ၂ ပတ်ကျော်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့ပြီး ၎င်းင်းမှာ AHRDO ၏ မူဝါဒများ၊ ရှေးလုပ်ငန်းစဉ်များ၊ အဖွဲ့၏ လက်ရှိရင်ဆိုင်နေရသော အခက်အခဲများကို ဒေသခံပြည်သူ လူထုထံ ချပြခြင်းနှင့် ရခိုင်ပြည်၏ အနာဂတ်အရေးကို ယခုထက်မက ပိုမိုပြည့်စုံလှပသော အနေအထားဖြစ်အောင် ဒေသခံ ရခိုင်ပြည်သူလူထုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အကြောင်း ဆွေးနွေးခဲ့ကြပြီး ဒေသရှိ နိုင်ငံရေးပါတီများ၊ ရခိုင်လူမှုအဖွဲ့အစည်းများ၊ ရခိုင်နိုင်ငံရေး ၀ါရင့်ပုဂ္ဂိုလ်များနှင့် ရပ်မိရပ်ဖများအနေဖြင့်လည်း ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် ရှေ့ဆက် ပူးပေါင်းလက်တွဲ ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း ဦးအောင်မင်းဦးက ဆိုသည်။

ဦးအောင်မင်းဦးသည် ယခုဒုတိယအကြိမ်တွင် မြောက်ဦးမြို့၊ မင်းပြားမြို့၊ ပုဏ္ဏားကျွန်းမြို့နှင့် ပေါက်တောမြို့တို့ကို သွားရောက်ခဲ့ပြီး အဆိုပါ ဒေသတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုဘ၀များကို လေ့လာခွင့်ရရှိကြောင်း၊ ဒေသခံပြည်သူများကလည်း သူတို့၏ နေစဉ် ကြုံတွေ့နေရသော လူမှုဘ၀အခက်အခဲများကို တင်ပြပြောဆိုခဲ့ကြသည်ဟု ၎င်းင်းကပြောသည်။

” ဒေသခံတွေကတော့ သူတို့ရဲ့ နေစဉ်ကြုံတွေ့နေရတဲ့ စားဝတ်နေရေး အဆင်မပြေတာရယ်၊ အလုပ်အကိုင် ရှားပါးတာရယ်၊ သူတို့ရဲ့ လူမှုဘ၀မှာ ဘယ်ဟာတွေက အခက်အခဲ တွေရှိပါတယ်၊ ဘယ်ဟာတွေက အဓိက လိုအပ်နေပါတယ် စတဲ့ အကြောင်းအရာတွေကို ပြောပြကြပါတယ်။ မြောက်ဦးမှာဆိုရင် ဖုန်းလိုင်းမကောင်းလို့ ဖုန်းဆက်ရတာ ဒေသခံတွေ တော်တော် ဒုက္ခရောက်ကြပါတယ်။ ဖုန်းတိုင်တွေက နည်းပြီး ဖုန်းတွေကို အများကြီးချပေးတော့ လိုင်းတွေက ဘယ်လိုလုပ်ကောင်းမှာလဲ။ CDMA 800 ၁၅၀၀ တန်ဖုန်းတွေဆိုရင် လိုင်းလုံးဝမမိဘူး။ ပေါက်တောမြို့မှာ ဆိုရင်လည်း လယ်ယာမြေ ပြဿနာက အမြဲတမ်းဖြစ်နေတယ်။ အစိုးရရဲ့ အသိုင်းအ၀ိုင်း တစုကနေပြီးတော့ ရွာသားတွေပိုင်တဲ့ စားကျက်မြေ (ကျွေးများအစာစားတဲ့ မြေကွက်လပ်) ကို ပိုက်ဆံရှိတဲ့ သူတွေဆီမှာ ငှားရင်ထားတာကြောင့် ရွာသားတွေမှာ ကျွဲ၊ နွားတွေ အစာစားမယ့်နေရာတွေ မရှိတော့ဘူး။ မြေကွက်လပ်မရှိတော့ဘူး။ ရွာသားတွေ တော်တော့်ကို ဒုက္ခရောက်နေ ကြတယ်။ ရွာသားတွေက အဲဒီစားကျက်မြေတွေကို ပြန်လိုချင်နေကြတယ်။ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမှာဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေးတွေ အရမ်းခက်ခဲကြတယ်။ နယ်တွေကဆိုရင် ကလေးတွေ ကျောင်းတက်ဖို့ လမ်းမကောင်းတဲ့အတွက် အခက်အခဲတွေ ဖြစ်နေကြပါတယ်။ နောက်ပြီးတော့ ပညာရေးတွေမှာဆိုရင် စာသင်ခုံကအစ ကျောင်းမှာလိုအပ်နေတဲ့ ပစ္စည်းကိရိယာ တွေ၊ ဆရာ/မတွေ မလုံးလောက်တဲ့ အခက်အခဲကို ကြုံနေကြရတယ်။ ” ဟု မြို့နယ်တွေရဲ့ အခက်အခဲအချို့ကို ပြောပြသွားပြီး ၎င်းအပြင် နောက်ထပ် အခက်အခဲများနှင့် ပြဿနာများ အများကြီးရှိကြောင်း ဦးအောင်မင်းဦးက ဆိုသည်။

ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် ယခင်က ပြည်ပအခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် နိုင်ငံတောင်အစိုးရ ဦးသိန်းစိန်မှ ပြည်ပအခြေစိုက် အဖွဲ့အစည်းများအား ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ကြားခဲ့သောကြောင့် ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် ရခိုင်လူထုနှင့် နီးနီးကပ်ကပ် ရပ်တည် လှုပ်ရှားရန်အတွက် မကြာခင်ကမှ မြန်မာပြည်သို့ တရားဝင်အဖြစ် ၀င်ရောက်လာသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

http://www.arakantimes.net/burmese/index.php/2013-03-09-12-22-21/620-ahrdo-1102012

Leave a comment