U WIRA THU “တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းတော့မည်”

602633_260805497396299_728687607_n525169_260805484062967_1833266236_n

“တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းတော့မည်” ================================================= မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများကြောင့် နှစ်ဦးနှစ်ဘက်ဆုံးရှုံး နစ်နာမှုများကို မရှုမြင် မခံစားနိုင်သော ဆရာတော်ကြီးများက မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးတို့အတွက် လူထုအခြေပြု ဟောပြောပွဲများတွင် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ရန် ရည်သန်လျက် “မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကြီး” ဖွဲ့စည်းရေး အကြိုအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိ စာသင်တိုက်၊ ပဓာန နာယက တိုက်အုပ်ဆရာတော်ကြီး၏ စံကျောင်းတော်တွင် ၆-၅-၂၀၁၃ မွန်းလွဲ ၁း၃၀ နာရီ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်၊ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသ၊ မရမ်းကုန်းမြို့နယ်၊ စံပြသာသနာပြုကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တကောသလ္လ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ ဖြစ်ကြသော မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ ရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊ ဓမ္မဒူတ ဆရာတော် အရှင်ပညာဝရ (မုဒုံ)၊ မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ဝီရသူနှင့် သံဃာတော်များ၊ ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။ အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ကြီးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ဆောက်ဖွဲ့စည်းနိုင်ရန်…. အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးက စာသင်တိုက်ကြီးများ၏ အဓိပတိဆရာတော်များကိုလည်းကောင်း၊ မော်ကျွန်းဆရာတော်နှင့် ရမ္မာဝတီဆရာတော်တို့က သြဇာတိက္ကမ ကြီးမားသော ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများနှင့် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များကိုလည်းကောင်း၊ အရှင်ပညာဝရနှင့် အရှင်ဝီရသူတို့က နိုင်ငံကျော်ဓမ္မကထိက ဆရာတော်များကိုလည်းကောင်း၊ ပါဝင်ကူညီ ဆောင်ရွက်နိုင်စေရန် ဖိတ်ကြားလျှောက်ထားသွားမည့် တာဝန်အသီးသီးကို သတ်မှတ်ခွဲဝေ ခဲ့ကြပါသည်။ ထိုသို့ ဖွဲ့စည်းဆောင်ရွက်ရာတွင် အမျိုးဘာသာ သာသနာ အစော်ကားမခံရစေရန်နှင့် နှစ်ဦးနှစ်ဘက်လုံး အကြမ်းဖက်နည်းကို မသုံးကြဘဲ တရားဥပဒေဖြင့်သာ ဖြေရှင်းကြရန် အဓိကထား စည်းရုံးဟောပြောကြမည် ဖြစ်ကြောင်း သိရပါသည်။

942945_260805727396276_2099140812_n

Leave a comment