“ဦးဝီရသူထံ ဂျပန်သတင်းဌာန လာရောက်အင်တာဗျူး”
^^^^^^^^^^^^^^^^^^^^^^^^^^^^^
21.11.2013 မွန်းလွဲ 1:30 နာရီ ဓမ္မစေတိယစာကြည့်တိုက်မှာ လက္ခံတွေ့ဆုံဖြေကြားခဲ့ပြီး၊ မေးမြန်းလျှောက် ထားသူမှာ ဂျပန်နိုင်ငံ တိုကျိုမြို့ JIN-NET သတင်းဌာနမှ Mr.Masao Edo ဖြစ်ကြောင်း သိရသည်။
ပထမ ကုလား ဗမာအဓိကရုဏ်း ဖြစ်ရခြင်းအကြောင်းမှစ၍ ယနေ့ထိ အရေးအခင်းများအကြောင်း၊ ၉၆၉၏ မဟာဗျူဟာ နည်းဗျူဟာများ ပဋိပက္ခဖြစ်ပွားရာမှာ နိုင်ငံရေးပယောဂ ပါ/မပါ စသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
နိုင်ငံရေးသမားတွေက စစ်အစိုးရတုန်းကလိုပဲ အတွေးအခေါ်ဟောင်းတွေနဲ့ လက်ရှိအစိုးရကို ချင်းကပ်နေတုန်း ပဲ အမှန်တရားနဲ့ မနီးစပ်ဘူးဖြစ်နေတယ်။ တကယ်တော့ နောက်ပြန်လှည့်ရေးအတွက် အဓိကရုဏ်း ဖန်တီးတယ်ဆိုတဲ့ စွဲချက်ဟာ လုံးလောက်သောအကြောင်းပြချက် မဟုတ်ဘူး။
ဟန်နာဘိခ်ျဆိုတာ ဦးဇင်းရဲ့ ချစ်လှစွာသော မိတ်ဆွေရင်းပါ။ စာပေမောင်နှမလိုပဲ ဆိုကြပါတော့။ အရင်တုန်းကတော့ ဟန်နာဘိခ်ျကို မူဆလင်ကမ္ဘာက ငွေပေးရေးခိုင်းတယ်ထင်ခဲ့တာ။ အခုတော့ TIME မဂ္ဂဇင်းအယ်ဒီတာကို မြန်မာလူငယ်နိုင်ငံရေးသမားတစ်ယောက်က ငွေပေးရေးခိုင်းတယ်လို့ သိလာရပြန် ပါတယ်။ အဲဒီနိုင်ငံရေးသမားနောက်ကွယ်မှာ မူဆလင်ကမ္ဘာရှိ/မရှိ ဆိုတာတော့ မသိရသေးပါဘူး။