#CLIP #ထိုင်းရုပ်မြင်သံကြား #Channel #3 မှ မေးခွန်း ထုတ်လိုက်တဲ့ လိပ်ကျွန်း လူသတ်မှုမှာ စကားပြန် နှစ်ဦးထဲက #ROHINGY #OFFICAL #TRANSLATOR

မန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို
မှန်ကန်တဲ့ ကာကွယ်မှုတွေ ပြုလုပ်ပြီး
သန့်် ရှင်းပြီး တရားမျှတ တဲ့ စစ်ဆေးမှုတွေ
လိုအပ်တယ်လို့  ထိုင်ဝန်ကြီးချုပ် ကို တောင်းဆို
အေပီသတင်းမှ
10710530_10203166361584031_115841519921587087_n

สื่อผู้ดีตีข่าว! พยานคดีฆ่าฝรั่งเกาะเต่า ไม่เชื่อเพื่อนทำ
BzhJZdlCYAAvAM_
BzhNmQQCUAA6Pqs

!!!!!! Koh Tao murder case official translator reveals all confidential information on channel 3 TV now-Appalled Ch3 decision to release this interview with alleged Rohingya Koh Tao case translator. Dangerous, unethical, ethnically insensitive.-Ch 3 presenter finished interview piece saying plain clothed police officer was monitoring interview! So police knew? consented? arranged? CR. ANDY Our team request all incl. translator NHRC relatives media to cease sharing Koh Tao accused confidential comments as can -ve impact defense

Both Koh Tao accused migrants have already now appointed personal Thai lawyers ทางผู้ต้องหาเกาะเต่าทั้งสองคนได้แต่งตั้งทนายส่วนตัวคนไทยแล้ว

ထိုင်းရုပ်မြင်သံကြား Channel 3 မှ မေးခွန်း ထုတ်လိုက်တဲ့ လိပ်ကျွန်း လူသတ်မှုမှာ စကားပြန် နှစ်ဦးထဲက တစ်ဦးဖြစ်ခါ ထပ်တရာ (ရိုတီ) ရောင်းသော ရန်ကုန်မှလာပြီး ထိုင်းနိုင်ငံမှာ ၁၈ နှစ် ကြာပြီဆိုတဲ့ သူ့အကြောင်းအား Channel 3 မှ သွားရောက် တွေ့ဆုံမေးမြန်း ထားတာကို ထပ်ဆင့်မျှဝေ လိုက်ပါတယ်။

Sayar Wai
အမှန်တရားဆို ကြာကြာဖုံးကွယ်လို.မရဘူးဆိုတာမသိလို. လိမ်ညာနေတာလား အောင်ကိုဦး (ခ)ကမာ (ရဲစကားပြန်) ရယ် ..အမှန်တရားပေါ်တဲ့အချိန် မင်းအတွက် လားရာမကောင်းဘူးဆိုတာတော့ သိစေချင်တယ်။

=======================================================
>>>မေးမြန်းခန်အား တတ်သလောက် ကျိုးစားပြီး ဘာသာပြန်ပေးလိုက်ပါသည်။<<<

 

 

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဋ္ဌာနီခရိုင် ကော့တောင်ကျွန်းအင်္ဂလိပ်စုံတွဲ အသတ်ခံရမှု.မှာ စကားပြန်အဖြစ်ပါဝင်ခဲ့တဲ့ ရိုတီရောင်းသူ tourist police အကျီ င်္ ၀တ်ဆင်ထားသူဟာ ဘယ်သူလဲ တရားခံအဖြစ်သတ်မှတ်ခံထားရတဲ့ ၂ ယောက် ဘယ်လောက်ယုံကြည်ရသလဲဆိုတာကို ဦးတည်ပြီးမေးသွားပါတယ်။

ဖြေဆိုသူကတော့ ရန်ကုန်မြို.ကနေ ထိုင်းမှာ ၁၈ အကြာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ ကော့စမွေကျွန်းမှာ ဘုန်းကြီးကျောင်းရှေ. မှာ ပလာတာရောင်းသူ အောင်ကိုဦး(ခ) ကမာ ပဲဖြစ်ပါတယ်။

ရဲအားစကားပြန်သူ ။ ။ နိုင်မောင်(မောင်မောင်) ကတော့ ဓါတ်ပုံ(CCTVမှပုံ) မြင်တာနဲ. အပြည့်အ၀ ၀န်ခံပါတယ်။ သူပြောတာက ပုံထဲ ဆိုင်ကယ်မောင်းသူဟာ ကျနော်ပါ အလယ်ကတော့ အဇော်( ဇော်လင်း) အနောက်ဆုံးကတော့ အ၀င်း (၀င်းဇော်ထွန်း) သူတို.ကျနော့သူငယ်ချင်းတွေပါလို.ပြောပါတယ်။ မင်းတို.ဘယ်သွားကြတာလဲဆိုတော့ 7/11 မှာ ဘီယာသွားဝယ်တာလို.ပြောပါတယ် ကျနော်က အစ်မေးတော သူတို.ဖြေပါတယ်။

နိုင်မောင်နဲ.အဇော်က ကော့တောင်ကျွန်းမှာဖမ်းမိတာပါ။ အ၀်ငးက ပြေးသွားပြီ စူရတ်ဋ္ဌာနီ ဘက်ကို ည 8နာ၇ီ9နာ၇ီဝန်းကျင်လောက် အဲ့မှာ ဟိုကအဖွဲ.တွေကဖမ်းထားလိုက်တာ ။

သတင်းထောက်။ ။ နိုင်မောင်က သူတို.၂ ယောက် နိုင်ငံခြားသား ၂ ယောက်ကို သတ်တယ်ဆိုတာ မြင်တယ်လို.ပြောသလား။

ရဲစကားပြန်။ ။ အဲ့အချန်မှာက အမောင် မရှိဘူး မောင်မောင်ရှိတာက ဘီယာသောက်တဲ့အချိန်လောက်ပဲ သူက သူ.ကောင်မလေးဆီ သွားတာ။ နောက်ဆက်တွဲဖြစ်တာ ဘာဖြစ်လဲမသိဘူး လို.ပြောတယ်။

သတင်းထောက်။ ။ ဒါဆို မောင်မောင်က ဟို ၂ ယောက် (ဇော်လင်းနှင့်ဝင်းဇော်ထွန်း) ကို တရားခံလို. ပြောလို.မရဘူးလေ ။

ရဲစကားပြန် ။ ။ အဲ့ဒါတော့ကျနော်လဲမသိဘူး သူတို.ပြောတဲ့အတိုင်းပဲ ဘာသာပြန်တယ် ။ မောင်မောင်ပြောတာက ည ၁ နာရီအထိပဲ သူရှိတယ် အဲ့နောက်ပိုင်း သူမရှိဘူး ဘာဆက်ဖြစ်လဲဆိုတာလဲ သူမသိဘူး လို.ပြောတယ်။
စစ်မေးတဲ့နေရာမှာ ၃ ယောက် လုံးထိုင်ပြီးစကားပြောတယ် ၇ဲက ၃ ယောက်လုံးကို တူတူထိုင်ပြီးစကားပြောတာ ဘာပဲပြောပြော ဆိုပြီး ကျနော် (စကားပြန်)လဲ ထိုင်နေတယ်။ အားလုံး ၄ ယောက် ရဲမရှိတော့ဘူး ကျနော်တု.ိ ၄ ယောက်ပဲ စကားထိုင်ပြောတာ ။

သတင်းထောက် ။ ။ ဘာတွေပြောကြလဲ

ရဲစကားပြန် ။ ။ ဘာတွေပြောလဲဆိုတော့ ဟို၂ ယောက်က သူတို.သတ်တာလို. ၀န်ခံတယ် ။ပြောတာက သူတို.တကယ်သတ်တာ။ မင်းတို.တကယ်သတ်တာလား လို. ကျနော်ကထပ်မေးတယ် တကယ်ဆိုလဲ တကယ် မဟုတ်ဘူးဆိုလဲမဟုတ်ဘူး ဘာမှကြောက်စရာမလိုဘူး ကျနော်အကောင်းဆုံးကူညီပေးနေတာပဲ လို.ပြောတော့ သူတို.က တကယ်သတ်တာလို.ပြောတယ်။ အမောင် မရှိတဲ့အချိန် မူးပြီး အင်္ဂလိပ်ရဲ.ခေါင်းကိုအရင်ရိုက်ကြတာ သူတု.ိ ၂ ယောက် သူတို.ဘာသာသူတို.၀န်ခံပြောတာပါ ။

သတင်းထောက်။ ။ ပေါက်ပြားအပြင် ဘာလက်နက်တွေပါသေးလဲ

ရဲစကားပြန် ။ ။ ပုလင်း ၀ိုင်ပုလင်း ကြီးတယ်နော် ၀ိုင်ခွက်အလွတ်နဲ. အရင်ရိုက်တာ ဘယ်လိုဖြစ်လဲဆိုတာ သူတို.ပြောတာက မမှတ်မိတော့ဘူး ဒါပေမဲ့ရိုက်ပြီးပြီ သူတို.မူးနေတယ်လေ။

သတင်းထောက်။ ။ ဘယ်သူကရင်ရိုက်တာလဲ အင်္ဂလိပ်၂ ယောက်ကရောဘာလုပ်နေကြတာလဲ

ရဲစကားပြန်။ ။ သူတို. ၂ယောက် လိင်ဆက်ဆံနေကြတာ ရိုက်တာ ၀င်ဇော်ထွန်း အင်္ဂလိပ်ခေါင်း(ဒေးဗစ်) ကိုရိုက်တော့ မူးသွားတဲ့အချိန်မှာ ပေါက်ပြားနဲ. ထပ်ရိုက်တာ ဒါတွေအားလုံး ၀င်းတစ်ယောက်ပဲ လုပ်တာ။ ၀င်းဇော်ထွန်းအဲ့လုပ်လုပ်တဲ့အချိန်မှာ ဇော်လင်းက ဟန်နာကို ခေါ်သွားတာ ..

သတင်းထောက် ။ ။ ဟန်နာကမအော်ဘူးလား
ရဲစကားပြန် ။ ။ အော်တာပေါ့ အော်တော့ အသံကျယ်မှာစိုးပြီး ဇော်လင်းက ရိုက်တာ။
သတင်းထောက် ။ ။ ဘာနဲ.လဲ
ရဲစကားပြန် ။ ။ ပေါက်ပြား ပဲ အ၀င်းက ဒေဗစ်ကို သတ်တယ် ဇော် က မိန်းကလေးကို ရိုက်တာ ။ ပေါက်ပြား တစ်ချောင်းတည်းကိုပဲ သုံးတာ ဘာကြောင့်လဲဆိုတော့ ဒေဗစ်သတိမလည်တော့ဘူး အလောင်းကိုသွားဖျောက်တဲ့အချိန် ပေါ့။

သတင်းထောက် ။ ။ အဲ့လိုပြောတဲ့အချိန်မှာ ၄ ယောက်ပဲရှိတာပေါ့
ရဲစကားပြန် ။ ။ ဟုတ်ပါတယ်
သတင်းထောက် ။ ။ သူတို.မပြေးကြဘူးလား
ရဲစကားပြန်။ ။ မပြေးဘူး ဒါပေမဲ့တစ်ယောက်ကတော့ ပြေးဖို.ကြိုးစားတယ် အ၀င်း(၀င်းဇော်ထွန်း)လေ ။ သူတို. ဘာကြောင်မပြေားတာလဲဆိုတော့ ပြေးပေါက်အားလုံး သေသေချာချာ စောင့်ကျပ်ထားပြီး လူဝင်လူထွက် သေသေချာချာ အမြဲစစ်နေလို.ပါ။
အဲ့ဒါကြောင့် မပြေးတာပါ။

သတင်းထောက်။ ။ သူများတွေအပြင်မှာ ဒီကိစ္စကို ယုံတာ တွေမယုံတာတွေ ကြားနေရတော့ ရဲကိုစကားပြန်ပေးတဲ့ တရားခံနဲ.နီးစပ်တဲ့ ဘန် အနေနဲ. ဘယ်လို တကယ်ဖြစ်ရပ်မှန် ဖြစ်ခဲ့တယ်လို. ယုံကြည်သလား ။

ရဲစကားပြန်။ ။ ကြည့်ရတာတော့ DNA လဲ ကိုက်ညီတယ် ။ သူတို.လဲ DNA ယူသွားကတည်းက ၀န်ခံပြီးပြီ .. CCTV မှာ ဘယ်သူပြေးနေတာလဲ လို.ရဲကမေးတော့ ၀င်းဇော်ထွန်းက သူပြေးနေတာလို.ဖြေတယ်။ အားလုံးမေးမြန်းပြီးမှ DNA ယူသွားတာ DNA ကလဲ တူနေတော့ .. (ယုံကြည်တဲ့အမူအယာဖြင့်)

သတင်းထောက်။ ။ အခင်းဖြစ်တုန်းက အ၀တ်အစားတွေရော

ရဲစကားပြန်။ ။ ရပါတယ် အဇော်ရော အ၀င်းရော ရပါတယ် ကျနော်သူတို.ကိုမေးကြည့်တာ အ၀တ်အစားတွေ ဘာလုပ်လိုက်ဆိုတော့ လျှော်လိုက်တယ်လို.ဖြေပါတယ်။

===================================================
မှတ်ချက်။ ။ အဆင်ပြေသလို ဘာသာပြန်ထားခြင်းသာဖြစ်တဲ့အတွက် အမှာအယွင်းများပါခဲ့ ရင် ထောက်ပြကြပါ။

>>>>>လေးစားလျှက် <<<<<

W&M

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s