ကိုယ့် အလုပ် ကိုယ်လုပ်ကြ သည်မို့ လိုရာပန်းတိုင်ကို ညီညွတ်စွာလှမ်းနိုင်ပါသည်။
ဆိုင်းထိုးတဲ့ သူတွေက ထိုး…
သွားပို့မယ့် သူတွေက သွားပို့…
ဆန္ဒ ပြတဲ့ သူတွေက ပြ…. PHOTO CR. BBC JERSEY
တကမွာလုံးမှာ ပြန့်နှံ့ ရောက်ရှိနေသော မြန်မာလူမျိုးများရော၊ မြန်မာပြည်ထဲ၌ရှိသော မြန်မာလူမျိုးတိုင်းကို ဖိတ်ခေါ်ပါတယ်။ ဒီမတရားစွတ်စွဲခံနေရသော မြန်မာလူငယ်နှစ်ဦးမှ၊ ဗြိတိသျှ လူမျိုးစုံတွဲ ၂ ဦးကို သတ်ပါသည်ဆိုသည့်အမှု သည် အမှုသွားအမှုလာအရရော၊ မှုခင်းဆရာဝန်မကြီး၏ မှတ်ချက်များအရရော၊ မြန်မာရှေ့နေ ဦးအောင်မျိုးသန့်၏ အင်တာဗျူးများအရရော၊ ထို လူငယ်လေး ၂ ယောက်၏ မိဘများ၏ ရင်ဖွင့်ချက်များအရရော ဒီလူငယ်လေး ၂ ယောက် ဟာ လူသတ်သမား ၂ ယောက် ဘယ်လိုမှ ဖြစ်နိုင်ချေ မရှိပါဖူး။ သို့ဖြစ်ပါသောကြောင့် မြန်မာလူမျိုးတိုင်းမှ မိမိတို့ ရောက်ရာတိုင်းပြည်မှာလည်း အမှန်တရားပေါ်ပေါက်ရေးတောင်းဆို ကြပါ။ အင်္ဂလန်အပါအဝင် ယူကေ တွင်ရှိနေသော မြန်မာလူမျိုးများလည်း ၁၇ ရက်၊ အောက်တိုဘာလ၊ ၂၀၁၄ ခုနှစ် သောကြာနေ့ တွင် ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ၏ နေအိမ်ရှေ့ နံပါတ် ၁၀၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့သို့ နေ့လည် ၁၂ နာရီမှ ၂ နာရီ အတွင်း ကြွရောက်ကာ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးများအတွက် စည်းလုံးညီညွတ်စွာ လာရောက်အားပေးကြပါဟု ဖိတ်ခေါ်ပါတယ်။ ကြင်နာတတ်သော မိသားစုများမှလည်း ကြိုက်နှစ်သက်ရာ၊ အဆင်ပြေရာ မြန်မာစားသောက်စရာများ ချက်လာပြီး တက်ရောက်လာသူများကို အလှူ စတုဒီသာ ကျွေးမွေးနိုင်ပါတယ်။ မတရားမှုတွေကို လက်မခံတဲ့၊ အပြစ်မဲ့သူများကိုစာနာတတ်တဲ့ မျိုးချစ်စိတ်ရှိသူ ဘုန်းကြီးကျောင်းများမှ ဆရာတော်များ၊ ဘုန်းဘုန်းများ၊ မြန်မာသင်းအုပ်ဆရာများ၊ အခြားဘာသာရေးဆရာများ ကိုလည်း ဖိတ်ခေါ်ပါတယ်။ အစားအစာအလှူ၊ အချိုရေအလှူ များအတွက် အသိပေးလိုပါက အောက်ပါဖုန်းနံပါတ်နှင့် Emails များကို ဆက်သွယ်နိုင်ပါတယ်။ မြန်မာလူမျိုးများ ဘေးရန်ကင်းကြပါစေ။ ငြိမ်းချမ်းကြပါစေ။ ဆင်းရဲ နှင့် ငရဲ ကင်းကြပါစေ။
(မပေါ့ကြပါနဲ့။ အမှုကအချိန်မရွေးပြန်စနိုင်ပါတယ်။ ဒီလူငယ်တွေကို တရားသေ မလွှတ်သေးပါဖူး။ ထိုင်းရဲကိုဘယ်လိုမှ ယုံလို့မရသေးပါဖူး။ အားလုံး သတိရှိကြပါ။)
Continue reading “#ကိုယ့် အလုပ် ကိုယ်လုပ်ကြ သည်မို့ လိုရာပန်းတိုင်ကို ညီညွတ်စွာလှမ်းနိုင်ပါသည်။”
You must be logged in to post a comment.