#ဆုံဆည်းမြိုင်က ကော်သူးလေတပ်မတော်ဆွေးနွေးပွဲ #KNU #ကိုယ်စားလှယ်အဖွဲ့တက်မည် “

” ဆုံဆည်းမြိုင်က ကော်သူးလေတပ်မတော်ဆွေးနွေးပွဲ KNU ကိုယ်စားလှယ်အဖွဲ့တက်မည် ”

အောက်တိုဘာ – ၂၈ – ၂၀၁၄

သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA က ကမကထပြု၍ ကော်သူးလေးတပ်မတော် (KAF) ဖွဲ့စည်းခြင်းနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတရပ်ကို မနက်ဖြန်အောက်တိုဘာလ ၂၉ ရက်နေ့၌ ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြို င်ကျေးရွာတွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲသို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်သင့်မြတ်ရေးကော်မတီ၏ အတွင်းရေးမှူး ပဒိုအောင်မော်အေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စေလွတ်မည်ဟုသိရသည်။

(KAF) ဖွဲ့စည်းတည်ထောင်ခြင်းကို မူအားဖြင့်သဘောတူကြောင်းကို ယခုလ ၂၅ ရက်နေ့က ကျင်းပပြုလုပ်သည့် အရေးပေါ်ဗဟိုကော်မတီ အစည်ူအဝေးတွင် KNU ကဆုံးဖြတ်ခဲ့ခြင်းအပါအ၀င် ကော်သူးလေတပ်မတော်နှင့်ပတ်သက်သည့် မူဝါဒများကို ပဒိုအောင်မော်အေး ဦးဆောင်သည့်အဖွဲ့က လာရောက်ရှင်းလင်းပြောဆိုမည်ဖြစ်သည်။

KNU သည် ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်သင့်မြတ်ရေးကော်မတီကို ၂၀၁၂ ခုနှစ်က ဖွဲ့စည်းခဲ့ရာ ဥက္ကဌဗိုလ်ချုပ်ကြီးဂျော်နီ – ဒုဥက္ကဌဒုဗိုလ်ချုပ်ကြီးဘောကျာ်ဟဲနှင့်အတွင်းရေးမှူးပဒိုအောင်မော်အေးတို့ဖြစ်သည်။

ကရင့်အမျိုးသားရေး လေ့လာသူပညာရှင်အချို့ က KNU မှဖွဲ့စည်းလိုက်သော အဆိုပါကော်မတီ၏ လုပ်ငန်းစဉ်များသည် နိုင်ငံရေးအခြေအနေပေါ်မူတည်၍ အချိန်ကာလနှင့်တပြေးညီလှုပ်ရှားနိုင်ခြင်း မရှိသည့်အတွက်ကြောင့် ကော်သူးလေတပ်မတော်တည်ထောင်သည့်ကိစ္စ ပေါ် ပေါက်လာရခြင်း ဖြစ်နိုင်သည်ဟု ဝေဖန်သုံးသပ်ပြောဆိုကြသည်။

ဒီကေဘီအေအပါအ၀င် ကရင်လက်နက်ကိုင်အဖွဲ့ ၄ ခုက ကော်သူးလေတပ်မတော် တည်ထောက်သည့်အကြောင်းကို ယခုလ ၁၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆုံဆည်းမြို င်တွင် မနက်ဖြန်ကျင်းပမည့်ပွဲသို့ ဒီကေဘီအေအဓိပတိ ဗိုလ်ချုပ်ကြီးစောလားပွယ်၏ ဖိတ်ကြားချက်အရ ကရင်လက်နက်ကိုင်အဖွဲ့အချို့ မှခေါင်းဆောင်များ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ရန်ကုန်အခြေစိုက်သတင်းဌာနများမှ သတင်းထောက်များနှင့် ပြည်ပသတင်းဌာနအချို့ မှသတင်းထောက်များ ယနေ့တွင်ဆုံဆည်းမြိုင်ကျေးရွာသို့ ရောက်ရှိလာကြပြီးဖြစ်သည်။

ပုံစာ – ပဒိုအောင်မော်အေး။

1654833_557752701036780_4415790332627602135_o

#UNFC #အဖွဲ့ဝင်အဖြစ်မှ မနုတ်ထွက်သေးဘဲ #ညှိနှိုင်းမှုများပြုလုပ်သွားမည်ဟု #KNU #ဆုံးဖြတ် “

CR. ကရင်အမျိုးသား- မီဒီယာ
(UNFC) အဖွဲ့ဝင်အဖြစ်မှ မနုတ်ထွက်သေးဘဲ ညှိနှိုင်းမှုများပြုလုပ်သွားမည်ဟု KNU ဆုံးဖြတ် ”

အောက်တိုဘာ – ၂၈ – ၂၀၁၄

သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)

ယနေ့ဆက်လက်ပြုလုပ်သည့် KNU အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ အဖွဲ့ဝင်အဖြစ်အပြီးသတ် နုတ်ထွက်ခြင်းမရှိသေးဘဲ အမြင်မတူညီမှုများနှင့်သဘောထားကွဲလွဲမှုများကို (UNFC) တာဝန်ရှိသူများနှင့် KNU တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန် အစည်းအဝေးက ယနေ့တွင်ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ဘားအံခရိုင်လေးဝါးစခန်းတွင် ယခုလ ၂၃ ရက်နေ့က စတင်ပြု လုပ်ခဲ့သည့် အရေးပေါ်ဗဟိုကော်မတီ အစည်းအဝေးကို မနက်ဖြန်တွင် ဆက်လက်ပြုလုပ်မည်ဟုလည်း သတင်းရရှိသည်။

အစည်းအဝေးသို့ KNU ဗဟိုကော်မတီဝင် ၅၀ ဦးရှိသည့်အနက် ရာနှုန်းပြည့်နီးပါး တက်ရောက်ခဲ့ကြသည်။

ပုံစာ – ဘားအံခရိုင်လေးဝါးစခန်းတွင်ပြုလုပ်နေသည့် ကေအင်န်ယူ

1901849_557826041029446_3190957783851351825_n

#နမ့်ခမ်းမြို့နယ် မိုင်းဝီးအခြေစိုက် မြန်မာတပ်ကို #TNLA #တပ်မတော်မှ ၀င်ရောက်ပစ်ခတ်

Pslf-Tnla

နမ့်ခမ်းမြို့နယ် မိုင်းဝီးအခြေစိုက် မြန်မာတပ်ကို TNLA တပ်မတော်မှ ၀င်ရောက်ပစ်ခတ်
အောက်တိုဘာလ ၂၈ ရက် ၂၀၁၄

နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာတွင် အခြေစိုက်လှုပ်ရှားသည့် မြန်မာစစ်တပ်အား TNLA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၄၇၈)မှ ယနေ့ နံနက် ၀၆း၁၅ မှ ၀၆း၄၅ အထိ မိနစ်သုံးဆယ်ကြာ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဝင်ရောက်ပစ်ခတ်ရာတွင် လက်နက်ငယ်များအပြင် လက်နက်ကြီး ၅ လုံးကျော်ဖြင့် ပစ်ခတ်ခဲ့ပြီး မြန်မာတပ်မှ ထိခိုက်မှုအခြေအနေကိုမူ အတိအကျ မသိရသေးကြောင်း TNLA တပ်ရင်းအရာရှိမှ တိုက်ပွဲအစီအရင်ခံသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ ဖဒဲန်အုပ်စု၊ မန်လုံအုပ်စု၊ ကောင်းဝိုင်းအုပ်စုရှိ ရွာများအတွင်း မြန်မာစစ်တပ်မှ နေရာယူထား သည့်အပြင် ကျရာမ်းရွာဘက်သို့လည်း စစ်အင်အားများ ဖြည့်တင်းထားသည်။ မြန်မာစစ်တပ်တို့သည် TNLA တပ်ဖွဲ့များ ရှိမည်ဟုထင်သည့် တောထဲသို့ ပတ်စိပ်တိုက် ရှာဖွေလျက်ရှိကြောင်း ရွာသားများကိုလည်း ဖိနှိပ်အနိုင်ကျင့်မှုများ လုပ်နေသည်ကို တွေ့ရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈

10710928_731561173590751_6222472229552090552_n