ကြားဖြတ်သတင်း (Breaking News)
ကနေဒီယံ ပါလီမန် အတိုက်အခိုက်ခံရခြင်း
Oct 22, 2014, 10: 45 a.m.
စောစောက မနက် ၁၀း၀၀ မှာ ကနေဒါနိုင်ငံမြို့ တော်
အော့တာဝါမြို့ လည်က War Memorial Statute မှာ
အစောင့်ချထားတဲ့ စစ်သား နှစ်ယောက်ထဲက တစ်ယောက်
အပစ်ခံလိုက်ရပြီး တစ်ယောက်ကတော့ ထွက်ပြေးလွတ်
.မြောက်သွားခဲ့ပါတယ်။ သည်စစ်သားတွေဟာ ကမ္ဘာလှည့်
ခရီးသည်တွေအတွက် Tourists Attraction ဖြစ်အောင်
အလှပြဓါတ်ပုံရိုက်ဖို့ အတွက်ထားတဲ့ အစောင့်တွေပါ။
သူတို့ ကိုင်ထားတဲ့ သေနတ်တွေကလည်း ပစ်လို့ မရပါ။
အပစ်ခံရတဲ့ အစောင့်စစ်သားတစ်ယောက်ကတော့ ဆေးရုံ
.ရောက်သွားပါပြီ (အခြေအနေကိုမသိရသေးပါ)။
ရိုင်ဖယ်လ်နဲ့ လေးချက်ပစ်တယ်လို့ သိရပြီး ဘယ်လို
ရိုင်ဖယ်လ် အမျိုးအစားဆိုတာလည်း မသိရသေးပါ။
ပစ်ခတ်ခဲ့သူဟာ ကနေဒီယံ ပါလီမန် အဆောက်အဦးထဲကို
ဝင်ပြေးခဲ့ပြီး ပါလီမန်အဆောက်အဦးထဲကနေ သေနတ်သံ
အချက် သုံးဆယ်ကနေ ငါးဆယ်အထိ တိုက်ပွဲဖြစ်သလို
ထွက်နေခဲ့တယ်လို့ သိရပါတယ်။
လောလောဆယ်သတင်းအရ ယ္ခု ဖြစ်ရပ်မှာ အနည်းဆုံး
မသင်္ကာသူ နှစ်ဦး မှ သုံးဦး အထိ ပါဝင်ပတ်သက်နေပြီး
.နောက်ဆုံးသတင်းအရ တစ်ဦးကိုတော့ အသေရလိုက်မိပြီ
လို့ သိရပါတယ်။
တိုက်ဆိုင်တယ်ပဲဆိုရမလား – မနေ့ က .. အော့တာဝါနဲ့ 
ကား နှစ်နာရီပဲမောင်းရတဲ့ မွန်ထရီရယ်မြို့ မှာ အီရတ်နဲ့ 
ဆီးရီးယားကိုသွားပြီး IS နဲ့ ပေါင်းဖို့ လုပ်နေတဲ့ Rouleau
အမည်ရှိ အသက် (၂၅) နှစ်အရွယ်လူငယ်တစ်ဦးကို ရဲတပ်
ဖွဲ့ မှ အသေပစ်သတ်လိုက်ပြီးနောက် သည်နေ့ မနက်မှာ
ကနေဒီယန်ဝန်ကြီးချုပ် ဟားပါး ကိုယ်တိုင် မနက်အစောကြီး
ကတည်းပ ပါလီမန်မှာ ရှိနေခဲ့ပါတယ်။ ပါလီမန်အဆောက်
အဦးထဲမှာ ပစ်ခတ်မူဖြစ်ပွားချိန်မှာ ၀န်ကြီးချုပ်ကိုမြေအောက်
ဥမင်ကနေ လုံခြုံရာကို ဆောင်ကျဉ်းနိုင်ခဲ့တယ်လို့ သိရ။
Note:
( စစ်အေးတိုက်ပွဲဖြစ်စဉ်ကလတုံးကစပြီး အော့တာဝါမြို့ ရဲ့
.အောက်ခြေမှာ မြေအောက်ဥမင်းများ ပိုက်ကွန်ယက်ဆောက်
ထားခဲ့ပြီး အမေရိကန်သံရုံးနဲ့ လည်း မြေအောက်ဥမင်ဆက်
ထားပါတယ် – ကာလ်တန်တက္ကသိုလ်မှာလည်း မြေအောက်
ဥမင်တွေရှိပြီး ကျောင်းသားတွေအတွက် နားနေခန်း၊ စာကြည့်
ခန်း၊ စားသောက်ခန်းတွေကို မြေအောက်ဥမင်တွေထဲမှာ
.ဆောက်ပေးထားခဲ့ပြီး လက်ရှိလည်း သုံးနေပါတယ်)။
ကျန်တဲ့ သေနတ်သမား (များ) ပါလီမန်အဆောက်အဦးထဲမှာ
လွတ်မြောက်နေသေးတဲ့အတွက်… လောလောဆယ် –
ပါလီမန်ကို ပိတ်ထားလိုက်ပြီး မြို့ လည်ခေါင် အချက်အချာလမ်း
.တွေကိုလည်း ပိတ်ထားပြီး တစ်မြို့ လုံးမှာ ရဲ၊ စစ်တပ် ရှုပ်ယှက်
ခတ်နေပါတယ်။
လက်ရှိဖြစ်နေတဲ့ပစ်ခတ်မူများဟာ မနေ့ ကအသတ်ခံလိုက်
ရတဲ့ IS နဲ့ ဆက်သွယ်ခဲ့တဲ့ Rouleau ဆိုတဲ့လူငယ်ကိစ္စနဲ့ ဆက်
နွယ်မူရှိ – မရှိဆိုတာကိုတော့မသိရသေးပါ။ လောလောဆယ်
.တော့မြို့ လည်ခေါင်က အထပ်မြင့်အဆောက်အဦးတွေပေါ်မှာ
.သေနတ်သမား Snipers တွေကိုတင်ထားပြီး မြို့ လည်မှာ
ရှိတဲ့ အဆောက်အဦးတွေရဲ့ ပြူတင်းတံခါးတွေအနားမှာ ဘယ်သူ
မှ မနေဖို့  TV ကနေ ထုတ်လွှင့်ထားပါတယ်။
ကျွန်တော့အိမ်နဲ့  ပါလီမန် ဟာ လမ်းလျှောက်ရင်တောင်
မိနစ် (၃၀) ပဲဝေးတဲ့အတွက် နောက်ဆက်တွက်သတင်းကို
တင်ပေးပါ့မယ် …
လှိုင်ဘွား Hlaing Bwa
You must be logged in to post a comment.