Burma_Myanmar:Farmer Activists Thwe Thwe Win, Phyu Phyu Win, Aye Aye Net released from prison

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ဗဟိုညီလာ ခံကျင်းပရေး စည်းရုံးရေးဆပ်ကော်မတီမှ မုံရွာဦးအောင်ရှင်နှင့်အဖွဲ့သည်၂၀၁၂ခုနှစ်၊စက်တင်ဘာလ (၁၂)ရက်နေ့နံနက်ပိုင်းက မုံရွာမြို့၊မြို့မဂါတ်ကျောင်းဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဆန္ဒပြသူများ နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက်မုံရွာမြို့နယ်မှူးထံသွားရောက်၍ အခြေအနေများကိုမေးမြန်းစုံစမ်းခဲ့ သည်။ညနေ(၄)နာရီခန့်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး အကြမ်းဖက်ဖြို ခွင်းခြင်းမပြုလုပ်ရန်၊ထပ်မံဖမ်းဆီးခြင်းမပြုလုပ်ရန်၊အဖမ်းခံထားရသူများအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုဆွေးနွေးခဲ့သည်။ဝန်ကြီးချုပ်ကအခြေအနေများကိုရ         င်းလင်းပြောပြပြီး အေးအေးဆေးဆေးဖြစ် စေရန်ဆောင်ရွက်ပေးမည့်အကြောင်းပြန်လည်ပြောကြားခဲ့သည်။ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်နှင့်အဖွဲ့သည် ကျေးရွာများကိုသွားရောက်လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။စက်တင်ဘာ(၁၄)ရက် နံနက်ပိုင်းတွင် ၀န်ကြီးချုပ်နှင့်ထပ်မံတွေ့ဆုံဆွေးနွေးခဲ့သည်။ညနေ(၄)နာရီခွဲခန့်တွင် ဖမ်းဆီးခံထားရသူများ ဖြစ်သော မသွဲ့သွဲ့ဝင်း၊မဖြူဖြူဝင်း၊မအေးနက်၊ကိုဝေလုတို့ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၎င်းတို့ကိုအဖွဲ့ ချုပ်အဖွဲ့ဝင်များ၊၈၈ကျောင်းသားများ၊ပြည်သူများက အိမ်တိုင်ရာရောက်လိုက်လံပို့ဆောင်ခဲ့ကြသည်ဟု သိ ရသည်။ by NLD

photo credit facebook

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s